7 Grammar သင်လေချာ

တလောက TheWeek.com မှာ ပူပန်နေဖို့ မထိုက်တဲ့ ထင်ယောင်ထင်မှား ဂရမ်မာ အများများ ဆောင်းပါး အဆက်ဖြစ်ပါ။ တန်ဖိုးရှိပြီး လေးစားလိုက်နာရမည့် သဒ္ဒါစည်းကမ်းများစွာ ရှိပါတယ်။ သူတို့နောက် မလိုက်လို့ လူဆိုး၊ စာရေးမသာ ဖြစ်သွားစရာတော့ မရှိဘူး။ တချိန်မှာ အဲဒီသဒ္ဒါစည်းကမ်းတွေကို Henry James, Henery Adams နဲ့ အခြားထင်ရှားသော ဟင်နရီအမည်တပ် စာရေးဆရာများစွာ ချိုးဖောက်ခဲ့ဖူးတာ သေချာပါတယ်။ ဒါ့အပြင် သဒ္ဒါစည်းကမ်းသည် ဖြစ်သလို ရေးနေကြတဲ့ ယနေ့ခေတ် စာအရေးအသားမှာ အားအနည်းဆုံး ထောက်ပြဝေဖန်ခံရတဲ့ ပြသနာတခု ဖြစ်နေပါပြီ။ ကျနော့်စာအုပ်အသစ် How to Not Write Bad: The Most Common Writing Problems and the Best Ways to Avoid Them, မှာ စာလုံးဖောင်းပွမှု၊ စကားလုံး အရွေးချယ် မတတ်မှု၊ ကပျက်ကချော် အရေးအသား၊ စာလုံးပေါင်းအမှား စသဖြင့် သဒ္ဒါစည်းကမ်းနဲ့ အပြင်က အရာတွေကို အသားပေး ရေးထားပါတယ်။

ဘာပဲဖြစ်ဖြစ် လူအများဖတ်ဖို့ စာရေးပြီဆိုရင်တော့ သဒ္ဒါစည်းကမ်းများ သတိပြု လိုက်နာရပါမယ်။ (အခုလို ရေးနေတာတောင် စိုးရိမ်တယ်၊ စကားပြောနွယ် ရေးနည်းက တမျိုးလေ)  အကယ်၍ အဲဒီအမှားမျိုး လုပ်မိခဲ့ရင် ကိုယ့်စာတည်းဖြတ်သူ အယ်ဒီတာ၊ အလုပ်လျောက်လွှာဖတ်သူ အရာရှိ၊ စာဖတ်ပရိတ်သတ်တွေရဲ့ အရင်စလို ကောက်ချက်ချ မကောင်းမြင် ခံရဖို့များတယ်။ အဲဒီမျိုးတွေမှာ ခေါင်းမာမနေဘဲ ယာယီပြင်ဆင် ရေးသားပါ။ လူဂျီးတွေပြောတာ ဘာတဲ့….. “စည်းကမ်းလိုက်နာ ဘေးကင်းကွာ”

1. The subjunctive

ဒီဟာက ရိုးရိုးလေးပါ။ တကယ်မဟုတ်တဲ့ အခြေအနေတခု ဖော်ပြချင်ရင် (များသောအားဖြင့် စာလုံး if or တြိယာ wish) အနောက်မှာ verb to beအတွက် were သုံးပါတယ်။ ငါသာသူဌေးဆိုရင် * If I was were a rich man. ငါဖြစ်ချင်သလို Oscar Mayer wiener သာငါဆိုရင် * I wish I was were an Oscar Mayer wiener. ဟီလာရီကလင်တန်သာ သမတဆိုရင် အခြေအနေတွေ လုံးဝလောက်ကို ခြားနားနေလိမ့်မယ်။ * If Hillary Clinton was were president, things would be a whole lot different. အခြားဟာအတွက် If ကို (စိတ်ကူးမှန်းဆချက်၊ မေးခွန်း) သုံးတာဆိုရင် subjunctive မလုပ်ပါနဲ့။ သတင်းထောက်က သူ့ကို ပျော်နေခဲ့ သလားမေးတယ်။ * The reporter asked him if he were was happy. အကယ်လို့ လူစိမ်းတဦး ဒီမှာ မနေ့ညက ရှိနေခဲ့ရင် လက်ဗွေရာ သူကျန်ခဲ့ရမှာပေါ့၊ ကဲ.. အပြင်ဖက်မြေ ငါတို့ သွားကြည့်ရအောင် * If an intruder were was here last night, he would have left footprints, so let’s look at the ground outside.

2. Bad parallelism

များအားဖြင့် မှားတတ်တာ အစဉ်လိုက် ပြောတဲ့အခါမျိုးတွေမှာပါ၊ ဥပမာ: သူငယ်ချင်းက တို့စရာအနှစ်တွေ လုပ်ခဲ့တယ်၊ အားလူးကြော် ယူလာခဲ့တယ်။ My friend made salsa, guacamole, and brought chips.  အကယ်၍ ပထမနှစ်ခုအတွက်  တြိယာ made သုံးခဲ့ရင် နောက်ဟာလည်း အကြုံးဝင်တယ်။ စာချောအောင် များသောအားဖြင့် ဒီလိုလေး ပြန်ပြင်လိုက်ပါ။ သူငယ်ချင်းက တို့စရာအနှစ်တွေ လုပ်ထားပြီး တွဲဖက်စားဖို့ အာလူးကြော်ပါ ယူလာတယ်။ My friend made salsa and guacamole and brought chips to go with them.
3. Verb problems

အမြဲလိုလို မှားကြတာမို့ သတိပြုထားဖို့က… ပင်ပန်းတယ်ကွာ၊ လှဲအိပ်လိုက်အုံးမယ်။ * I’m tired, so I need to go lay lie down. ကောင်တာပေါ်မှာ ငါးရှိတယ်၊ အသားလွှာ သန့်ပြီးသား ကင်ဖို့အဆင်သင့်ပဲ။ * The fish laid lay on the counter, fileted and ready to broil. ဒီသုံးခုကတော့ လူအများ past နဲ့ participle လွဲချော် သုံးတတ်ကြတဲ့ ဟာတွေပါ။ * Honey, I shrunk shrank the kids. * In a fit of pique, he sunk sank the toy boat. * He seen saw it coming.

4. Pronoun problems

စာလုံးလေးသုံးလုံး ကြည့်ပါအုံးစို့ရဲ့။ နင့်ကိုငါချစ်တယ် I love you မထင်လိုက်နဲ့နော်။ ငါ့ကို၊ ငါကိုယ်တိုင်၊ ငါ တို့ကိုပြောမှာ.. ဂရမ်မာအရ သူတို့ကို object, reflexive, subject လို့ခေါ်တယ်။ သူတို့အတိုင်း ရှိနေသ၍ အပြုခံ object နဲ့ ပြုလုပ်သူ subject တို့သည် ဘာပြသနာမှ မရှိဘူး။ အင်္ဂလိပ်စာကို ကိုယ့်စကားအဖြစ်သုံးတဲ့ အရွယ်ရောက်ပြီးသား ဘယ်သူမှ I အစား Me မှားမသုံးဘူး။ Me walked to the bus stop or He gave the book to I. သို့ပေသိ တခုခုအတွက် နာမ်စားနဲ့ နာမ်တွဲသုံးတဲ့အခါ  ကွိကနဲ ဂွိတတ်တယ်။ ဥပမာ – Fred and I… အစား Me and Fred had lunch together yesterday, လို့ပြောတာ ကျုပ်တို့ကြားနေရတာပဲ။  မိမိကိုယ် ရည်ညွှန်းရင်း ဘာရယ်မသိ နှုတ်ကလှစ်ကနဲ ထွက်သွားတာ။ ပုံနှိပ်စာမျိုး စာချောရေးတဲ့အခါ မသုံးရလို့တော့ ကျနော်တို့ သိထားကြတယ်နော်။ ပညာရှိ သတိဖြစ်ခဲ အလုပ်အင်တာဗျူးမှာ ယောင်မှားမသုံး မိစေနဲ့ပေါ့ဗျာ။

အလားတူပဲ အပြုခံရသူ object နေရာ ပြုသူ subject သုံးမိတာလည်း ရှိသဗျ။ အယ်ဂိုးနဲ့ငါ I မဲပေးကြပါလို့ Me အစား မှားသုံးတာ ၁၉၉၂ခုနှစ်မှာ သမတ ကလင်တန်တောင် လုပ်ခဲ့သးတယ်။  when he asked voters to give Al Gore and I [instead of me] a chance to bring America back. ဘာသာဗေဒနဲ့ သဒ္ဒါဆရာ အချို့ကတော့ အဲဒီအသုံးနှုန်းကို အပြင်းအထန် ကာကွယ်နေတုံးပဲ။ ဘာပဲဖြစ်ဖြစ် ယေဘူယျအားဖြင့် မှားတယ်၊ ရှောင်သင့်တယ်လို့ လက်ခံထားပါတယ်။

နောက်ပိုင်း ခေတ်စားလာတဲ့စာလုံးက ကိုယ်တိုင် myself ဖြစ်ပါတယ်။ I နဲ့ me အကြား အလယ်အလတ် စာလုံးဖြစ်လို့ ထင်ရတာပဲ။ ဒါပေမဲ့ Myself and my friends went to the mall or They gave special awards to Bill and myself ကြတော့ သိပ်မနိပ်ဘူး။ အဲဒီအစား My friends and I… နဲ့ Bill and me. လို့ ပြောင်းရပါမယ်။


5. The ‘dangling’ conversation

အတန်းထဲက ကျောင်းသားတွေကို လက်လီ ကုန်ပစ္စည်းတခု လေ့လာခိုင်းဖူးတယ်။  ဗစ်တိုးရီးယား စီးကရက် အမှတ်တံဆိပ် ရွေးတဲ့ကျောင်းသူရေးတာ… အတန်းထဲ ထိုင်နေရင်း၊ ဘားမှာ ကနေရင်း ဘရာက ဘာပြသနာမှ မလုပ်ဘူး၊ သိပ်ကောင်းတယ်၊ ဈေးနည်းနည်းမြောက်ပေမဲ့ ရင်နှစ်မွှာက သင့်ကို ကျေးဇူးတင် နေမယ်။ Sitting in a class or dancing at the bar, the bra performed well…. Though slightly pricey, your breasts will thank you. စာနှစ်ကြောင်းလုံး ကို့ယို့ကားယား အထူးပြုပုံစံနဲ့ မှားနေတယ်၊ (ရိုင်းသွားရင် ခွေးလွှတ်) အတန်းထဲမှာ ဘရာ ထိုင်မနေ၊ ဘားထဲ ကမနေဘူး။ ပြီးတော့ ရင်သားတွေ ဈေးလေးနဲနဲ ကြီးတာ မဟုတ်ဘူး။ ပုံပျက်ပန်းပျက် အရေးသားတွေက ဘာရယ်မှန်းမသိ ဆွဲဆောင်အား ကောင်းတယ်။ စနစ်တကျ ရေးသူတောင် သည်လိုအမှား အတော်လုပ်တယ် …. စာချေ မတည်းဖြတ်ခင် အထိပေါ့။ အဲလိုမဖြစ်ဖို့ အကြံပေးရမယ်ဆိုရင် ပထမဆုံး Modifier- Comma-Subject- Verb စာကြောင်းတည်ဆောက်ပုံ ကြိုတွေးပါ။ နောက်… Modifier- Comma -Subject- Comma- Verb သို့ပြောင်းပါ။ စာချောသွားရင် အိုကေ..။ နို့မို့ရင် စာထဲ ကို့ယို့ကားယား တခုခု ရှိနေပြီ။ အပေါ်က စာကြောင်း ပြင်ရေးတဲ့အခါ ဘရာက အတန်းထဲထိုင်ရင်း၊ ဘားထဲမှာကရင်း ပြသနာ မဖြစ်ဘူး၊ သိပ်ကောင်းတာပဲ။ The bra, sitting in a class or dancing at a bar, performed well. လို့မှား ရေးကောင်းရေးမိမယ်။ အမှန်က စာလုံးအနည်းငယ် ထပ်ဖြည့်ရပါမယ်။ မင်းအတန်းထဲထိုင်ထိုင် ဘားမှာကက ဘရာက ပြသနာ မရှိဘူး၊ သိပ်ကောင်းတယ်။ Whether you’re sitting in a class or dancing at the bar, the bra performs well.

6. The semicolon

Semicolon လို punctuation မျိုးကို  ပုံစံနှစ်မျိုးမှာပဲ တကယ်မှန်မှန် သုံးခွင့်ရှိတယ်။ တခုက ပြည့်စုံတဲ့ clause နှစ်ခုကို ခွဲခြားတဲ့အခါ (ကလော့စ်မှာ ပြုလုပ်သူ subject နဲ့ တြိယာ verb ပဲပါတယ်၊ ပြုခံရသူ object မလို..) ကျနော် တံခါးခေါက်တော့၊ ဘယ်သူမှ မထူး။ ဒုတိယတခုက သူ့ဟာသူ ဖြတ်တောက်ထားတဲ့ အမယ်တွေကို ခွဲခြားစာရင်း ပြုတဲ့အခါ … မေမြို့၊ မန္တလေးတိုင်း.. ကသာ စစ်ကိုင်းတိုင်းတို့မှာ တီးဝိုင်းတီးခဲ့သည်။ Colon သုံးရမည့် နေရာမှာ semicolon မသုံးရ။ ဥပမာ – ယိုကိုဒါကိုက ညအိမ်မက်ဆိုး မက်စေတဲ့ တခုတည်းသော အဖြတ်အတောက် punctuation သည် semicolon..။

7. Words

ပြီးခဲ့တဲ့ ဆောင်းပါးမှာ ပြောထားသလို စာလုံးများ အဓိပ္ပါယ်သည် အချိန်ကာလ ကြာမြင့်တဲ့အခါ မလွဲမသွေ ပြောင်းပါတယ်။ အများသူငှာ ကျယ်ကျယ်ပြန့်ပြန့် မသိခင် သုံးရင် ဂွကျတတ်တယ်။ တခါတရံလည်း စာလုံး အသွားအလာကြည့်ပြီး အလွယ်နားလည်နိုင်တယ်။ ဖတ်သူ ဇဝေဇဝါစေတဲ့ အနည်းနဲ့အများ မူလအဓိပါယ်မှ ဆန့်ကျင် အနက်ထွက်တဲ့ စကားလုံးတွေ အသုံးများ လာနေပြီ။။ စာထဲ ပုံနှိပ်ဖို့တော့ အချိန်မကျသေးဟန် မတူဘူး (unfazed အစား unphased သုံးတာမျိုးပါ)။ အခြားတဖက်မှာလည်း အံ့အားသင့်သည် astonish ကို ကျောက်ခဲဖြစ်သွားသည် (ရွာသားဦးကျောက်ခဲ မဟုတ်ပါ) turn to stone လို့ ဒီခေတ် ဘယ်သူမှ မထင်ကြ တော့ဘူး၊ အဲလိုမူရင်း အဓိပါယ် မထွက်ရကောင်းလား သွားပြောရင် ဝိုင်းဟားကြလိမ့်မယ်။ ဒါပေမဲ့ ဟိုမကျ ဒီမကျ အလယ်ရောက်နေတဲ့ စာလုံးနဲ့ စကားစုတွေ အများအပြားရှိတယ်။

ဒါကတော့ လူရှေ့သူရှေ့ ပြောရင် သိပ်မနိပ်တော့တဲ့ စကားအသုံးအနှုန်းအချို့ စာရင်းပြုထားတာပါ….

* Don’t use begs the question. Instead use raises the question.

* Don’t use phenomena or criteria as singular. Instead use phenomenon or criterion.

* Don’t use cliché as an adjective. Instead use clichéd.

* Don’t use comprised of. Instead use composed of/made up of.

* Don’t use less for count nouns such people or miles. Instead use fewer.

* Don’t use penultimate (unless you mean second to last). Instead use ultimate.

* Don’t use lead as past tense of to lead. Instead use led.

တခုခုလို့ သိသာအောင် ဖော်ပြရတာ ကျနော် အားနာတတ်တယ် (မြန်မာစကား အားနယ်တယ် ကို hesitate အဖြစ် ဖလှယ်သုံးလို့ ဖြစ်နိုင်မယ်ထင်တယ်)၊ ဒါပေမဲ့ ရံဖန်ရံခါ ပေါ်လွင်ထင်ရှားအောင် လုပ်ဖို့လိုအပ်ပါတယ်။ အဲဒီအခါ   its, your or whose ကဲ့သို့ ပိုင်ဆိုင်မှုပြတဲ့ နေရာမှာ it’s, you’re or who’s လို အတိုချုပ်ထားတာ မသုံးမိပါစေနဲ့။ ဟိုဖက်ဒီဖက် အပြန်အလှန်ပေါ့နော်။

မှတ်ချက်။ အင်္ဂလိပ်စာ ဆရာမဟုတ်၍ ဘာသာပြန် အမှားအယွင်းများ ရှိနိုင်ပါဂျောင်းနဲ့ တော်ယုံအမှားဆိုလျင် ခွေးလွှတ်ပါရန်၊ အတိအကျ သိလိုပါက ကော်ပီကက် မူရင်းစာအား ဖတ်ရှုပါရန် လေးစားစွာ ကျားပံအပ်သည်။

ကွန်ကရစ်ကြမ်းပေါက် ကျမ်းပြုဆရာ ဒေါက်တာကြောင်ကြီး (Phd; ပုဒ်ထီး ပုဒ်မ 376 – 377)

ငါတုံးကြောင်း စာလုံးပေါင်း
ငါတုံးကြောင်း စာလုံးပေါင်း

7 grammar rules you really should pay attention to

By Ben Yagoda | The Week – Thu, Mar 14, 2013

Semicolons should be used rarely, if at all. And beware dangling modifiers!

I recently wrote an article for TheWeek.com about bogus grammar “rules” that aren’t worth your time. However, there are still plenty of legitimate rules that you should be aware of. Not following them doesn’t make you a bad person or even (necessarily) a bad writer. I’m sure that all of them were broken at one point or another by Henry James, Henry Adams, or some other major author named Henry. Moreover, grammar is one of the least pressing problems when it comes to the poor state of writing today. In my new book, How to Not Write Bad: The Most Common Writing Problems and the Best Ways to Avoid Them, things like wordiness, poor word choice, awkwardness, and bad spelling — which have nothing to do with grammar — take up the bulk of my attention.

Nevertheless, anyone who wants to write in a public setting has to be aware of grammar. (And I’m concerned with writing here; talking is a whole different ballgame.) If you make these errors, you’re likely to be judged harshly by an editor you want to publish your work; an executive who, you hope, will be impressed enough by your cover letter to hire you; or a reader you want to persuaded by your argument. In each case, there’s a pretty easy workaround, so better safe than sorry.

1. The subjunctive
This one is pretty simple. When you’re writing about a non-true situation — usually following the word if or the verb wish — the verb to be is rendered as were.So:

* If I was were a rich man.

 

* I wish I was were an Oscar Mayer wiener.

* If Hillary Clinton was were president, things would be a whole lot different.

If you are using if for other purposes (hypothetical situations, questions), you don’t use the subjunctive.

* The reporter asked him if he were was happy.

* If an intruder were was here last night, he would have left footprints, so let’s look at the ground outside.

2. Bad parallelism
This issue comes up most often in lists, for example: My friend made salsa, guacamole, and brought chips. If you start out by having made cover the first two items, it has to cover subsequent ones as well. To fix, you usually have to do just a little rewriting. Thus, My friend made salsa and guacamole and brought chips to go with them.

3. Verb problems
There are a few persistent troublemakers you should be aware of.

* I’m tired, so I need to go lay lie down.

* The fish laid lay on the counter, fileted and ready to broil.

* Honey, I shrunk shrank the kids.

* In a fit of pique, he sunk sank the toy boat.

* He seen saw it coming.

(The last three are examples of verbs where people sometimes switch the past and participle forms. Thus, it would be correct to write: I have shrunk the kids; He had sunk the boat; and He had seen it coming.)

4. Pronoun problems
Let’s take a look at three little words. Not “I love you,” but me, myself and I. Grammatically, they can be called object, reflexive, and subject. As long as they’re by themselves, object and subject don’t give anyone problems. That is, no one who’s an adult native English speaker would say Me walked to the bus stop or He gave the book to I. For some reason, though, things can get tricky when a pronoun is paired with a noun. We all know people who say things like Me and Fred had lunch together yesterday, instead of Fred and I… Heck, most of us have said it ourselves; for some reason, it comes trippingly off the tongue. We also (most of us) know not to use it in a piece of writing meant to be published. Word to the wise: Don’t use it in a job interview, either.

There’s a similar attraction to using the subject instead of object. Even Bill Clinton did this back in 1992 when he asked voters to give Al Gore and I [instead of me] a chance to bring America back. Or you might say, Thanks for inviting my wife and I, or between you and I… Some linguists and grammarians have mounted vigorous and interesting defenses of this usage. However, it’s still generally considered wrong and should be avoided.

A word that’s recently become quite popular is myself — maybe because it seems like a compromise between I and me. But sentences like Myself and my friends went to the mall or They gave special awards to Bill and myself don’t wash. Change the first to My friends and I… and the second to Bill and me.

 

5. The ‘dangling’ conversation
In a class, I once assigned students to “review” a consumer product. One student chose a bra sold by Victoria’s Secret. She wrote:

Sitting in a class or dancing at the bar, the bra performed well…. Though slightly pricey, your breasts will thank you.

The two sentences are both guilty of dangling modifiers because (excuse me if I’m stating the obvious), the bra did not sit in a class or dance at the bar, and “your breasts” are not slightly pricey.

Danglers are inexplicably attractive, and even good writers commit this error a lot … in their first drafts. Here’s a strategy for smoking these bad boys out in revision. First, recognize sentences that have this structure: MODIFIER-COMMA-SUBJECT-VERB. Then change the order to: SUBJECT-COMMA-MODIFIER-COMMA-VERB. If the result makes sense, you’re good to go. If not, you have a dangler. So in the first sentence above, the rejiggered sentence would be:

The bra, sitting in a class or dancing at a bar, performed well.

Nuh-uh. The solution here, as it often is, is just to add a couple of words: Whether you’re sitting in a class or dancing at the bar, the bra performs well.

6. The semicolon
I sometimes say that when you feel like using a semicolon, lay lie down till the urge goes away. But if you just can’t resist, remember that there are really only two proper uses for this piece of punctuation. One is to separate two complete clauses (a construction with a subject and verb that could stand on its own as a sentence). I knocked on the door; no one answered. The second is to separate list items that themselves contain punctuation. Thus, The band played Boise, Idaho; Schenectady, New York; and Columbus, Ohio.

Do not use a semicolon in place of a colon, for example, There is only one piece of punctuation that gives Yagoda nightmares; the semicolon.

7. Words
As I noted in my previous article, the meaning of words inevitably and perennially change. And you can get in trouble when you use a meaning that has not yet been widely accepted. Sometimes it’s fairly easy to figure out where a word stands in this process. It’s become more common to use nonplussed to mean not bothered, or unfazed, but that is more or less the opposite of the traditional meaning, and it’s still too early to use it that way when you’re writing for publication. (As is spelling unfazed as unphased.) On the other hand, no one thinks anymore that astonish means “turn to stone,” and it would be ridiculous to object to anyone who does so. But there are a lot of words and expressions in the middle. Here’s one man’s list of a few meanings that aren’t quite ready for prime time:

* Don’t use begs the question. Instead use raises the question.

* Don’t use phenomena or criteria as singular. Instead use phenomenon or criterion.

* Don’t use cliché as an adjective. Instead use clichéd.

* Don’t use comprised of. Instead use composed of/made up of.

* Don’t use less for count nouns such people or miles. Instead use fewer.

* Don’t use penultimate (unless you mean second to last). Instead use ultimate.

* Don’t use lead as past tense of to lead. Instead use led.

I hesitate to state what should be obvious, but sometimes the obvious must be stated. So here goes: Do not use it’s, you’re or who’s when you mean its, your or whose. Or vice versa! 

18 comments

  • weiwei

    March 22, 2013 at 10:25 am

    ကျေးဇူးတင်လိုက်တာ …
    သူများတွေကို lecture တစ်ချိန်စာလောက်တော့ ဆရာလုပ်လို့ရပြီ … :kwi:

  • Moe Z

    March 22, 2013 at 10:40 am

    If I were a boy … even just for a day … I’d roll out of bed in the morning …. And throw on what I wanted …. And go drink beer with the guys … :mrgreen:
    谢谢 ဦးကြောင် .. ကူးသွားတယ်ဗျ

  • KZ

    March 22, 2013 at 11:41 am

    ရှက်လိုက်တာ။
    အနော် မကြာခဏသုံးမိ တဲ့ အမှားတွေတွေ့တယ်ဗျ။
    :mrgreen:

  • kai

    March 22, 2013 at 3:41 pm

    ဒီလိုစာမျိုးရေးတာကျ.. ဝင်ဆွေးနွေးရေးသူတယ်နည်း..
    ဖတ်ကြမှတ်ကြ..လေ့လာကြပါခင်ဗျ…
    အင်္ဂလိပ်စာသင်တာ.. မအ,အောင်…။ :528:

  • San Hla Gyi

    March 22, 2013 at 6:35 pm

    ထူးဆန်းလိုက်တာ ကိုကြောင်ကြီးက အင်္ဂလိပ်စာ သဒ္ဒါဆောင်းပါးတွေ ရေးလို့ပါလား။ ကြုံတုန်း ဝင်ပြောလိုက်မှပဲ။ သဒ္ဒါကို သဒ္ဒါလို သင်နေရင် တတ်ဖို့ သိပ်ခက်တယ်လို့ ဆရာတယောက် ပြောတာ ကြားဖူးတယ်။ သဒ္ဒါလို မသင်တဲ့နည်းနဲ့ သင်ရတယ်တဲ့။ Cambridge University ကထုတ်တဲ့ English grammar in use စာအုပ်က တော်တော်ကောင်းတယ် ကြားဖူးတာပဲ။
    ပြောချင်လို့ ကြားဖူးတာလေး ဝင်ပြောတာပါ။

    • မောင် ပေ

      March 22, 2013 at 7:57 pm

      ကိုစံကြီး ပြန်လာပြီ
      ဒန် တန် တန် တန်
      လူကလေး ကြောင်ကြီး
      မင်း တော်သကွယ်

      • San Hla Gyi

        March 23, 2013 at 5:35 pm

        ဟုတ်တယ် ကိုပေရေ
        ခရီးလေးတခု ထွက်နေတာရယ်။ ကိုယ်ရေးကိုယ်တာလေးတွေ ရှိနေတာရယ် အလုပ်မအားတာတွေကြောင့် မလာဖြစ် မရေးဖြစ်တာပဲ။ ကိုပေနဲ့ ပြန်တွေ့ရတာ ဝမ်းသာပါတယ်။

    • kai

      March 22, 2013 at 11:57 pm

      မင်္ဂလာပါကိုရင်စံလှကြီးခင်ဗျ…
      .. နေကောင်းပါသလား..။
      ထမင်းစားပြီးပြီလား.. ဘာဟင်းနဲ့စားသလည်း..။
      မတွေ့တာကြာပြီ.. ဘယ်သွားနေလည်း..။
      ဘာတွေဝယ်လာသလည်း.. ဘယ်လောက်ပေးရသလည်း။

      .. မြန်မာ့နည်း..မြန်မာ့ဟန်နဲ့ နှုတ်ဆက်ရင်း.. ဖားထားတာ.. ဟင်း..ဟင်း..။ :harr:

      • San Hla Gyi

        March 23, 2013 at 5:38 pm

        မင်္ဂလာပါ သဂျီးမင်းခင်ဗျာ နေကောင်းပါတယ် ထမင်းတော့ အခုမစားရသေးဘူး တော်ကြာမှစားမလို့ ခရီးလေးတခု သွားနေလို့ ထွေထွေထူးထူးတော့ မဝယ်ဖြစ်ပါဘူး။ ဒေသထွက်ကုန်လည်း နည်းနည်းပါးပါးပါပဲ။

  • ဒက်ဒီရေ …

    လေ့လာသွားပါတယ်ဗျို့ ….
    ဒီထဲမှာ အပေါ်ဆုံးက အကြောင်းအရာ ကတော့ဖြင့် …
    ခပ်တည်တည်နဲ့ မှားသုံးနေကျ စကားလုံးကြီးကို ဖြစ်လို့ … ဟီး … :mrgreen:
    ခုဒေါ့ သိတွားဘီ .. အေးချေးဘဲ …

    • MaMa

      March 22, 2013 at 8:56 pm

      ဒီတခါတော့ ဒယ်ဒီကြောင် အံစာတုံးစာ မိသွားပြီ။ :kwi:

  • Shwe Ei

    March 23, 2013 at 8:50 am

    မိုက်စ်တယ်ဗျာ။ ဖတ်လို့လဲကောင်း မှတ်လို့လဲလွယ်။
    ဝင်ဆွေးနွေးဖို့မလိုလောက်အောင် ပြည့်စုံတယ် မှတ်တာဘဲ။

  • kyeemite

    March 23, 2013 at 11:03 am

    ဝန်ခံပါတယ်..အင်္ဂလိပ်စာညံ့တာ..
    မှားခဲ့ မှားဆဲ တွေဖြစ်တာရယ်..
    အသက်ကြီးတော့ တစ်ခေါက်ဖတ်ယုံနဲ့ မမှတ်မိတာရယ်ကြောင့်
    ကူးထားလိုက်ပါတယ် ဆြာကြောင်ရေ… :hee:

  • manawphyulay

    March 23, 2013 at 3:42 pm

    ဒီလိုလေးတွေ များများရေးပေးစေချင်ပါတယ်။ မနောက အင်္ဂလိပ်စာမှာ ခွေးအကြီး လှည်းနင်းနေသလို ဖြစ်နေမိလို့ပါ။ အများကြီး လေ့လာရပါဦးမယ်။ ခုစာတွေလည်း ကူးသွားပါတယ်။ အင်တာဗျူးနဲ့ပတ်သက်တာလေးတွေလည်း များများရေးပေးပါဦး။

    ကျေးဇူးတင်စွာဖြင့်
    မနောဖြူလေး

  • ကိုရင်စည်သူ

    March 23, 2013 at 5:51 pm

    ကကြောင်ကြီး အင်္ဂလိပ်စာဆောင်းပါးရေးနေတာသတိပြုမိပါတယ်..
    တချိန်တုန်းက အူးကြောင် သမီးလေးတွေကို ဘိုတထောင်နားမှာ ပြခဲ့တာဆို… (အင်္ဂလိပ်စာ)
    ဖတ်မှတ်သွားပါတယ်.. ကိုရင်က အင်္ဂလိပ်စာဆို
    ကလပ်စကား၊ ရည်းစားစာလောက်ပဲရေးတတ်လို့ဘာ.. 😆 :kwi:

  • အရီးခင်လတ်

    March 23, 2013 at 9:12 pm

    ဆာကြောင်ကြီး
    ကျွန်တော်မျိုးမ
    ဖတ်သွား၊ မှတ်သွား၊ ကျေးဇူးစကား ပြောသွားကြောင်းပါ ဖျာ့။

    ဟိုဘက်မှာ သူကြီးက ကျွန်တော်၊ ကျွန်မ မပြောသင့်ဆိုလို့
    သူစိတ်ချမ်းသာအောင် ကျွန်တော်မျိုးမ လို့ ပြောတာ။
    ဗျတို့၊ ရှင့်တို့ ဆိုရင်လဲ အင်မတန် အောက်ကျို့ပြောတာဖြစ်မစိုးလို့ ဖျာ့ လို့ ပြောတာ။
    😉

  • padonmar

    March 23, 2013 at 10:03 pm

    ဆရာကြောင်ရေ
    ဖတ်မှတ်သွားပါတယ်။
    ဒါထက် Hesitate ကို တွေဝေတယ်လို့ သုံးတတ်သလားလို့။
    ကျမရဲ့ အင်္ဂလိပ်စာဆရာမကို အားနာတယ်ဆိုတာ ဘယ်လို သုံးရမလဲမေးကြည့်တော့ Feel backward လို့သုံးပါတဲ့။
    အားမနာပါနဲ့ဆို Don’t feel backward လို့ သင်ပေးတယ်။

Leave a Reply