ကောင်းကင်ပြာကြီး အောက်မှာ…

Ma EiApril 10, 20133min16823

ကောင်းကင်ပြာကြီး အောက်မှာ …

Snow Wonderland …

မှတ်မှတ်ရရ  9/3/2013 နေ့မှာ ရုံးကညီမလေးတစ်ယောက် မင်္ဂလာဆောင်ကအပြန် သမီးက ဝင်ပါ့မယ်လို့ပူဆာ နောက်မှလာရအောင်ဆိုတာလဲ ပြောမရလို့ ရောက်ခဲ့ရတဲ့ နေရာလေး…

နှစ်ယောက်သား လက်မှတ်ဝယ်၊ အနွေးထည် နဲ့ ခြေရှည်ဖိနပ်တွေ ဝတ်ဆင်ပြီး ခန်းမကြီးထဲ အဝင်မှာ

အေးစိမ့်သွားတဲ့ခံစားမှုနဲ့အတူ့ လှပတဲ့မြင်ကွင်းလေးတွေကြောင့် ပျော်ရွှင်သွားခဲ့ရပါတယ်…

1…မနှင်းဖြူလေး
1…မနှင်းဖြူလေး
2…ရေခဲရုပ်တုများ
2…ရေခဲရုပ်တုများ
3…ရေခဲအိမ်
3…ရေခဲအိမ်
4…နှင်းလျှောစီးကြမယ်
4…နှင်းလျှောစီးကြမယ်
5…ပိုလာဝက်ဝံ
5…ပိုလာဝက်ဝံ
6…သမင်များနှင့်
6…သမင်များနှင့်
…7…စန်တာကလော့
…7…စန်တာကလော့
…8…ဝင်ပေါက်လေး
…8…ဝင်ပေါက်လေး
9…ရေခဲနန်းတော်
9…ရေခဲနန်းတော်
10…ရေခဲပန်းအိုး
10…ရေခဲပန်းအိုး

 

အထဲမှာ အတော်ကိုအေးပါတယ်… အနွေးထည် နဲ့ ခြေရှည်ဖိနပ်တွေ ဝတ်ဆင်ထားပြီး

လွတ်နေတဲ့ လက်တွေကအေးလွန်းတော့ ကိုက်ခဲလာသလိုပါပဲ…

အပြင်မှာ လက်အိတ်ရောင်းသည်လို့ စာကပ်ထားတာကိုခုမှပဲသဘောပေါက်ရပါတော့တယ်…

မြန်မြန်ဆန်ဆန်လျှောက်ကြည့် ဓာတ်ပုံရိုက် သမီးကို နှင်းလျှောစီးမလားဆိုတော့ ချမ်းတယ်တဲ့…

ပြန်ထွက်တော့မယ်တဲ့လေ အထဲမှာ မိနစ်နှစ်ဆယ်လောက်ပဲ ကြာခဲ့တာကိုအတော်အေးတယ်…

တစ်ကယ့်ရေခဲတောင်ပေါ်များအကြာကြီးနေရရင်မလွယ်…

ဒါပေမယ့် မဲမှောင်နေတဲ့ အမိုးခုံးကြီးကိုမော့ကြည့်ပြီး စိတ်ကူးမိတာကတော့ ဒီလိုရေခဲတွေနှင်းတွေနဲ့

ကောင်းကင်ပြာကြီးအောက်မှာ ပျော်ရွှင်ခွင့်ရခြင်ပါသေးတယ်လေ….

ခင်တဲ့

မအိ

23 comments

  • TNA

    April 10, 2013 at 5:48 pm

    အတူဝင်ပါပျော်ရွှင်သွားပါတယ်။

    • Ma Ei

      April 11, 2013 at 9:50 am

      လူများရင် ပိုပျော်စရာကောင်းမှာ
      ခုက သားအမိနှစ်ယောက်ထဲဖြစ်နေလို့
      သူများပျော်တာတွေဘဲ ကြည့်ခဲ့ရတာ…

      • TNA

        April 11, 2013 at 4:12 pm

        ရွာသူားဒွေပါခေါ်လိုက်တာမဟုတ်ဘူး။ ဟီဟိ

  • မောင် ပေ

    April 10, 2013 at 7:45 pm

    ပုံတွေမြင်ရတာနဲ ့တင်
    ချက်ချင်း အလည်သွားချင်စိတ်ပေါက်လာမိတယ် အိလေးရေ

    • Ma Ei

      April 11, 2013 at 9:52 am

      အေးချမ်းတဲ့ပျော်ရွှင်စရာနေရာလေးဖြစ်လို့
      အလည်လာဖို့ဖိတ်ခေါ်ပါတယ်…

    • Ma Ei

      April 11, 2013 at 10:01 am

      ဓာတ်ပုံရိုက်ချင်တာဆိုတော့ လက်ကိုအိတ်ကပ်ထဲလဲထည့်ထားမဖြစ်ဘူးလေ…
      အေးလွန်းလို့ လက်ဆစ်လေးတွေကို ကိုက်လာရော…
      ကိုပေါက်လာဖြစ်ရင် လက်အိတ်စွပ်ဘို့ မမေ့နဲ့နော်..
      ဓာတ်ပုံထဲကထက်အပြင်မှာက ရေခဲရုပ်တွေပိုများ ပိုလှပါတယ်…

  • အရိပ်စစ်

    April 11, 2013 at 6:53 am

    အယ်..အယ်…ချစ်ချရာလေးတွေများးးး
    ရုတ်တရက် ပျော်ရွှင်သွားခဲ့ရပါတယ်ရှင်

    • Ma Ei

      April 11, 2013 at 10:05 am

      အရိပ်စစ်လေး ကြိုဆိုပါတယ်နော်…
      ပျော်ရွှင်သွားခဲ့ရပါတယ် လို့ရေးပေးလို့
      အန်တီအိလဲ ပျော်ရွှင်သွားခဲ့ရပါတယ်…

  • ဦး ကျောက်ခဲ

    April 11, 2013 at 9:01 am

    ဟီ ဟိ… ဒီတစ်ခေါက်ရန်ကုန်ပြန်တုံးက…
    တူမလေး အီတုံး အညွှန်းကောင်းတာနဲ့…
    ရောက်ခဲ့ပြီးသွားပြီ… အမှတ်တရ ပျော်ခဲ့ပါ၏…
    :kwi:

    • Ma Ei

      April 11, 2013 at 9:28 am

      တစ်ယောက်ထဲတော့ ဟုတ်ဟန်မတူ….
      :hee:

  • ဗုံ ဗုံ

    April 11, 2013 at 12:20 pm

    ဟယ် ပျော်စရာကောင်းလိုက်တာဟယ် နှင်းလျှောလည်းစီးချင်တယ် ရန်ကုန်လာရင် တီတီအိ လိုက်ပို့ပေး နော် နော် :mrgreen:

    • Ma Ei

      April 11, 2013 at 1:59 pm

      တစ်ကယ်လာရင် မုန့်ပါကြွေးဦးမှာ…

  • သျှားသက်မာန်

    April 11, 2013 at 2:20 pm

    အဲထဲကိုဝင်ဖူးတယ်..ဒါပေမဲ့ မတန်ဘူး..အအေးသိပ်မခံနိုင်လို့ 15မိနစ်လောက်နေပြီးပြန်ထွက်လာရတယ်

    • Ma Ei

      April 11, 2013 at 3:06 pm

      ဟုတ်တယ်နော်…မတန်ဘူးရယ်…
      လျှောက်ကြည့် ဓာတ်ပုံရိုက်မြန်မြန်လုပ်ရတယ်၊အရမ်းအေးတာပဲ…
      မှောင်နေတာလဲ မကြိုက်ဘူး၊ကောင်းကင်ပြာကြီးအောက်မှာဆိုရင်
      အတော်ပျော်မှာနော်…
      :hee:

  • ရာမည

    April 11, 2013 at 2:22 pm

    အပြင်ပြန်ထွက်တာကရော
    တိုက်ရိုက်ပဲလား
    တစ်ဆင့်ခြင်း အအေး လျော ့ပြီမှလား
    ရုတ်တရက် အပူအအေးပြောင်းရင်တော ့ သိပ်မကောင်းလှဘူး

    • Ma Ei

      April 11, 2013 at 2:54 pm

      အပြင်မှာ နားနေခန်းရှိပါတယ်…ဆေးခန်းလဲရှိတယ်…
      ထွက်လာကာစဆို ခေါင်းတောင်ကိုက်တယ်…မျက်မှန်လဲ မှုန်ဝါးသွားရော…
      မုန့်ဆိုင်မျိုးစုံနဲ့ ကစားနည်းမျိုးစုံ ကစားနိုင်တဲ့နေရာ လဲရှိပါတယ်…
      စားသောက်နားနေပြီးမှ ပြန်ထွက်လာခဲ့တာပါ…

  • MaMa

    April 11, 2013 at 3:08 pm

    ဟိုးတုန်းကတော့ တစ်ခုခု အသစ်ဖွင့်ပြီဆိုတဲ့ အသံကြားရင် အပြေးအလွှားသွားဖြစ်တာချည်းပဲ။
    Snow Wonderland အကြောင်း ရွာထဲမှာ ဆူး နဲ့ အီတုန်းတို့ တင်ကတည်းက သွားချင်နေတာ။
    နောက်က တွန်းပို့မယ့် ကလေးတွေ မရှိတာနဲ့ ခုထိမရောက်ဖြစ်သေးဘူး။
    မအိတင်တဲ့ ပုံတွေကြည့်ပြီး သွားကြည့်ချင်တယ်။
    အမွှာညီအမကို မဲဆွယ်အုံးမှ။ :hee:

    • Ma Ei

      April 11, 2013 at 3:36 pm

      ကန်တော်ကြီးထဲ Western Park မင်္ဂလာဆောင်ကအပြန်
      သမီးက ဝင်ပါ့မယ်ပူဆာလို့ဝင်ပြီး..အထဲရောက်တော့ အရမ်းအေးတယ်
      သမီးကပြန်ထွက်တော့မယ်ဆိုတော့ နေပါဦး…
      ခဏလေးပါ၊ခဏလေးပါနဲ့ ဓာတ်ပုံရိုက်ရတာရယ်…
      :hee:

  • Mလုလင်

    April 12, 2013 at 2:47 am

    ရန်ကုန် မှာနေတဲ့ ကျုပ် တစ်ခေါက်မှ မရောက်သေးတဲ့ နေရာ ကိုပြောပါဆိုရင် အဲ့ Snow Wonderland ပဲ။ တစ်ခေါက်မှကို မရောက်ဖူးသေးဘူး . . . . ဝင်ကြေး ကိုပဲ လွှဲချရမယ် . . :kwi: ဟုတ်တယ်လေ . . ဝင်ကြေးက ကျုပ်တစ်ယောက်ထည်း ထမင်း ၄ နပ်လောက် စားလို့ရတယ်။ low light မှာ hand shake မရှိတဲ့ . .ပုံလေးတွေ ကြည့်ရင်း . . . . . . . . အားကျမိပါကြောင်း . . . . .

  • မယ်ဘုတ်

    April 12, 2013 at 2:28 pm

    အရမ်းကို သွားချင်တဲ့နေရာလေးပါ …
    သို့သော်ငြားလည်း ကိုလုလင်ပြောသလို ဝင်ကြေးပဲ လွှဲချရမလား..
    ကျန်းမာရေးပဲ လွှဲချရမလားး.. :kwi:

  • zarlay

    April 12, 2013 at 3:41 pm

    ကောင်းကင်ပြာကြီးအောက်မှာ ချစ်သူကိုလွမ်းလိုက်တာနော်

  • lady mobile

    April 12, 2013 at 5:03 pm

    ပုံလေးတွေကြည့်ရတာ ပျော်စရာကောင်းမှာပဲနော် ချစ်စရာလေးတွေ
    ရန်ကုန်မှာရောက်တုန်းက Snow Wonderland ရှေ့ကိုတော့ရောက်တယ်
    ဝင်မကြည့်ခဲ့ဖြစ်ဖူး ဒီတစ်ခါ ရန်ကုန်ရောက်ရင်တော့ ဝင်ပြီး နှင်းလျှောစီးကြည့်ချင်တယ်

Leave a Reply