လူစွန် ့စား မြင့်ကျော်နှင့် ခေါင်းပြတ်နတ်ရုပ်တု

ရာမညApril 23, 20131min35527

“ ဆရာ …  ဧည် ့သည်တစ်ယောက်က တွေ ့ချင်လို့ တဲ့ ….အဲဒါ …”

ကျွန်ုပ်မှာ ယနေ့အဖို့ အလွန်အလုပ်ရှုပ်နေသဖြင့် ဧည့်သည်တွေ့ဆုံရန်ဝန်လေးနေမိသည် ။

သို့ပေမဲ့ ယနေ့တာဝန်မှူးကျသည်ဖြစ်၍ လက်ခံတွေ့ဆုံရပေတော့မည် ။ ထို့ကြောင့် သတင်းလာပို့သော

ရဲ တပ်သားလေးအား ခေါင်းငြိမ့်ပြလိုက်လေတော့၏ ။

“ဝင်ခွင့်ပြုပါ ရှင် ့ ….”

ကနွဲ ့ကယ လေယူလေသိမ်းဖြင့် ဝင်လာသူကိုမြင်လိုက်ရသဖြင့် ကျွန်ုပ်မှာ လွန်စွာ စိတ်ညစ်သွားရသည်။

အခြောက်(မိန်းမလျာ) တစ်ဦးဖြစ်နေပေရာ အခြောက်များကိုကြည့်ရအဆင်မပြေသူကျွန်ုပ်အဖို့ များစွာ

ဝဋ်ကြီးလှပေသည် ။ ကျွန်ုုပ်မှ ထိုင်ရန် ညွှန်ပြရင်း —–

“ကဲ  ဆိုပါဦး …ဘာများ အကူအညီပေးရမလဲ …”

အခြောက်မမှာ တရှုံ ့ရှုံ ့ငိုရင်းဖြင် ့ …

“ အမှုဖွင့်ချင်လို့ပါ  ဦးရဲ ကြီးရယ် …အဟင် ့ အဟင့် ….”

“ဘာအတွက်လဲဗျ …. ပြောပါ …”

“ ဒီလိုပါ ဦးရဲကြီးရယ် …. သများက နတ်ကနားစီးပါ … မနေ့ကညက သများတို့ကြည့်မြင်တိုင်မှာ ရိုးရာဖေါ်ပွဲ

ကရင်း ညဖက် သခိုးဝင်ခိုးသွားလို့ပါ …အဟင့် …..”

“ ပြောပါဦး …ဘာတွေများပါသွားသလဲဗျ …. ကာလတန်ဖိုး ဘယ်လောက်ဖိုးလောက်လဲ …”

“အင်း …. ပါသွားတာတော့ …. နတ်ရုပ်တု နှစ်ရုပ်ပါ …. တစ်ရုပ်ကိုတော့ မနက်က လမ်းထိတ်ကအမှိုက်ပုံမှာ

ခေါင်းပြတ်ရက်သား တွေ့ပါတယ် …. အဟင့် ….ဟီး …”

ကျွန်ုပ်မှာ ထိုနတ်ကတော် အခြောက်မစကားကြောင့် ရယ်ရအခက် ငိုရအခက်ဖြင့် ရှိနေစဉ် ၎င်းနတ်ကတော်မှာ

ငိုချင်းချလျှက်ရှိလေတော့၏ ။

 

ကျွန်ုပ်လည်း ဂတ်စာရေးကြီးကိုလှမ်းခေါ်ပြီးလျှင် ၎င်းအခြောက်မ၏ အမှုအားတိုင်ချက်ဖွင့်ခိုင်းလိုက်ရသေည် ။

အခြောက်မမှာ ဟန်အမူယာအမျိုးမျိုးဖြင့် ဂတ်စာရေးကြီးကိုပြောပြ၍ အမှုဖွင့်ပြီးပြန်သွားလေတော့သည် ။

ကျွန်ုပ်မှာ သစ်သားနတ်ရုပ်တုနှစ်ခုအတွက် တကူးတက အမှုလာဖွင့်သော နတ်ကတော်အကြောင်း စဉ်စားရင်း

ခေါင်းခါလိုက်မိစဉ် …………

“ ဘာတွေများ ခေါင်းရှုပ်နေလို့လဲ အိုင်အို ကြီးရဲ့ ့ …”

“ ဟာ..ကိုမြင့်ကျော် ..ခင်ဗျားလာတာ အတော်ဘဲဗျာ ….. ကျုပ်မှာ စောစောက နတ်ကတော် အရှုပ်ထုတ်

အမှုလာဖွင့်လို့ စိတ်ညစ်နေရတာ …. ကဲ အိပ်ချင်ပြေ လက်ဖက်ရည်လေး သွားသောက်ရအောင် ”

ပြောပြောဆိုဆိုဖြင့် ကျွန်ုပ်ကထ၍ ရုံးခန်းထဲမှ ထွက်လေရာ ကိုမြင့်ကျော်မှာ ထိုင်ပင် မထိုင်လိုက်ရသေးဘဲ

ကျွန်ုပ်နောက်မှ လိုက်လာလေတော့သည် ။ လက်ဘက်ရည်များ မှာကြားပြီးနောက် …. ကိုမြင့်ကျော် က

“လုပ်ပါဦးဗျ … နတ်ကတော်က ဘာအမှုဖြစ်လို့လဲ ”

“ ဟာဗျာ …ပြော ..မပြောချင်ပါဘူးကိုမြင့်ကျော်ရာ …မနေ့က ညက နတ်ကနားပွဲမှာ နတ်ရုပ်တုနှစ်ခု

အခိုးခံရလို့တဲ့ဗျ … အဲဒါ အမှုလာဖွင့်တာ …”

“ ဪ ….ဟား ဟား …. လူငယ်တွေနောက်တာနေမှာပေါ့ဗျာ… ” ကိုမြင့်ကျော်မှ ပြောရင်း စီးကရက်မီးညှိ

လိုက်လေသည် ။

“ ဟုတ်မယ်ဗျ … တော်တော်နောက်တဲ့ ကလေးတွေဗျာ ….နတ်ရုပ်ကိုခေါင်းဖြတ်ပြီး လမ်းထိတ်က အမှိုက်ပုံမှာ

ပစ်ထားသတဲ့ …. နတ်ကတော်အခြောက်မက ရင်ထုမနာပြောသွားတာဗျို ့ …. ” ဟု ကျွန်ုပ်က ပြောလိုက်ရာ

ဆေးလိပ်ဖွာနေသော ကိုမြင့်ကျော်မှာ .. … မျက်နှာအမူအယာ ပြောင်းသွားပြီး —-

“ ဘာတဲ့ အိုင်အို …. ခေါင်းဖြတ်ပြီး အမှိုက်ပုံမှာထားခဲ့တယ် …ဟုတ်လား ….”

“ ဟုတ်တယ် ကိုမြင့်ကျော် ….အဲ့အတိုင်း ပြောသွားတာဘဲဗျ …. ဘာများမသင်္ကာစရာရှိလို့လဲ ..”

“ အင်း.. ထူးတော့ ထူးတယ်ဗျ ….လောလောဆယ်ဆယ်တော့ ဘာမှ မပြောနိုင်သေးဘူး …သို့ပေသိ

နောက်ထပ် အမှုများထပ်ဖြစ်လာခဲ့ရင်တော့ ……”

ကျွန်ုပ်မှ ကိုမြင့်ကျော်စကား ကြောင့် အံ့ဩမိသော်လည်း အကြောင်းတစ်ခုခု ရှီလိမ့်မည် ဟုကား ယုံကြည်

မိသည် ။ ကိုမြင့်ကျော်မှာ …. မီးခိုးများကို ဟူး ကနဲမှုတ်ထုတ်ပြီး လက်ဖက်ရည်အား တစ်ကျိုက်တည်း မော့၍

“ ကဲ အိုင်အိုရေ …သောက်ဗျာ ။ ပြီးရင် စာရေးကြီးဆီက အမှုတွဲကို ကြည့်ချင်သေးတယ်”

ထို့နောက် ကျွန်ုပ် နှင့်ကိုမြင့်ကျော်တို့လည်း စခန်းသို့ပြန်လာခဲ့လေတော့သည် ……။

xxxxxxxxxxxxxxxxx            xxxxxxxxxxxxxxxxxx

ကိုမြင့်ကျော်ပြန်သွားပြီးနောက် ကျွန်ုပ်လည်း သူ ့မှာကြားချက်အတိုင်း အခြားရဲစခန်းများသို ့နတ်ရုပ်တုနှင့်
ပတ်သက်၍ တိုင်ကြားမှုရှိ မရှိစုံစမ်းရလေသည် ။ တိုင်ကြားပါက ဆက်သွယ်အကြောင်းကြားရန် သတင်းပို ့
ထားရလေတော ့၏။ တစ်ပတ်ခန် ့ကြာသည်အထိ မထူးခြားလာသဖြင် ့
” ကိုမြင့်ကျော်ရေ … နတ်ရုပ်ကိစ္စကတော့ ဘာမှမဟုတ်ဖူးထင်ပါတယ် နော ့” ဟု ကျွန်ုပ်ကဆိုလိုက်လျှင်
” ဘာမှမဖြစ်ရင်တော ့ကောင်းတာပေါ့ အိုင်အိုရယ် ဖြစ်ရင်တော ့အတော်လေးကိုရှုပ်ထွေးဦးမှာ ”

” ခင်ဗျား ဘာတွေများ မြင်ထားလို ့လဲ ကိုမြင့်ကျော် ”
” အခုတော ့ တပ်အပ်မပြောနိုက်သေးပါဘူးဗျာ ဒါပေမဲ ့နောက်ထပ်အမှုတွေပေါ်ပေါက်လာရင်တော ့
ကျုပ်တွေးထားတဲ ့အတိုင်းမှန်ပြီပေါ ့”
ထို့ ့နောက်ကိုမြင့်ကျော်မှာ ကျွန်ုပ်အားနှုတ်ဆက်၍ပြန်သွားလေရာ ငါးရက်ခန့် ့မတွေ့ဖြစ်တော ့ပေ ။
ကျွန်ုပ်လည်း လွန်စွာအလုပ်များသဖြင် ့ထိုကိစ္စအား မေ့မေ့ပျောက်ပျောက်ပင်ရှိချေတော့သည် ။

တစ်နေ ့နံနက်၌ မိတ်ဆွေကြီးကိုမြင့်ကျော်မှာ ကျွန်ုပ်ထံသို ့အစောကြီးရောက်လာပြီးလျှင်…..
“လာဗျို ့အိုင်အို …. အိုင်တီကဖီးမှာ လက်ဘက်ရည်သောက်ရင်း ထူးတာလေးတွေပြောချင်လို ့”
“ကောင်းသားပဲ ကိုမြင့်ကျော် ကျုပ်လည်းခင်ဗျားကိုတွေ့ချင်နေတာ”

ကျွန်ုပ်လည်း ဝမ်းသာအားရပင် ကိုမြင့်ကျော်နှင့်တူ ကန်လမ်းအိုင်တီကဖီးသို ့ ထွက်လာခဲ့တော့သည်။
ကားမောင်းနေသော ကိုမြင့်ကျော်မှာ မည်သည့်စကားမျှမပြောသေးသော်လည်း ကျွန်ုပ်မှာ အလွန်သိချင်
သဖြင့် မေးမြန်းသော်လည်း သူ့ထုံးစံအတိုင်းပြုံးရုံသာပြုံပြ လေ၏။
ဆိုင်သို ့ရောက်ပြီး လက်ဘက်ရည်များမှာကြားပြီးနောက် စီးကရက်တစ်လိပ်အား နှစ်ဖွာသုံးဖွာခန် ့ ဖွာရှိုက်၍ …. အိပ်ကပ်ထဲမှစာရွက်လေးကိုထုတ်ပြီးလျှင် ကျွန်ုပ်အားပေးလေသည် ။

“ဘာတွေလဲဗျ ကိုမြင့်ကျော် ”
“ဖတ်ကြည် ့လေအိုင်အို …. အဲ့ဒါ အခုတလော နတ်ရုပ်တုအခိုးခံရတဲ ့နတ်ကနားအဖွဲ့တွေရဲ့စာရင်းပဲ
သူတို ့အားလုံးကနတ်ရုပ်တုအတွက် တိုင်ချက်မဖွင့်လေတော့ မသိရဘူးဖြစ်နေတာပေါ့ဗျာ …ကဲ စဉ်းစား
ကြည့်ပေတော ့ နတ်ရုပ်တွေကိုဘာလို ့လိုက်ခိုးနေလဲဆိုတာ”
ကိုမြင့်ကျော်မှာ ရောက်လာသော မုန့်ဟင်းခါးကိုငုံ ့စားနေသော်လည်း ကျွန်ုပ်သည်ကား ထိုစာရွက်ပါ
နတ်ကနား အဖွဲ ့နံမည်များကိုကြည် ့၍ မတွေးတတ်အောင်ပင်ရှိချေတော ့သည် ။
ထူးခြားဖြစ်စဉ်မှန်သော်လည်း ကျွန်ုပ်ညဏ်ဖြင် ့မတွေးနိုင်သဖြင့် ရှမ်းခေါက်ဆွဲကိုသာ အားပါးတရစားရင်း
ကိုမြင့်ကျော်မှရှင်းပြမည့်အချိန်ကိုစောင့်စားမိလေတော့၏ ။
” ထူးခြားဖြစ်စဉ်ဆိုတာတော ့ အိုင်အိုလည်းသိမှာပါ … လူတစ်စု သို ့မဟုတ် လူတစ်ယောက်ဟာနတ်ရုပ်တု
တွေကိုသဲသဲမဲမဲ လိုက်ရှာနေတယ် ပြီးတော့ ပျောက်ဆုံးသွားတဲ့ရုပ်တုတွေကလည်း ကိုကြီးကျော် နတ်ရုပ်တုနဲ့
မနှဲလေး နတ်ရုပ်တုတွေပဲဖြစ်တယ် …. ဆိုတော ့ …ဒီနတ်ရုပ်တုတွေမှာ ထူးခြားမှုတခုခုရှိနေပြီပေါ ့ …”
” ဟုတ်သားပဲ ကိုမြင့်ကျော်… ..ခင်ဗျားပြောမှသတိထားမိတယ်ဗျ။ အဲ့ဒီဖြစ်စဉ်တွေရဲ ့နောက်ကွယ်မှာ
အကြောင်းအရာ ကြီးကြီးတွေ ရှိနေပြီပေါ ့ ဟုတ်လား ”
“အစစ်ပဲ အိုင်အိုရေ အားမွေးထားပေတော ့ ကျုပ်တို ့နဲ့ကြုံလာရင် နွဲကြတာပေါ့ ”

ထိုအခိုက် ….
ကျွန်ုပ်၏ ခါးတွင်ချိတ်ထားသော လမ်းလျောက်စကားပြောစက်မှ အချက်ပေးသံမည်လာလေသည် ။ စခန်းမှ
စာရေးကြီးထံမှဖြစ်၍ အရေးကြီးပြီဟုသိလိုက်သည် ။ စာရေးကြီး၏ သတင်းပို ့ချက်အားလက်ခံပြီးနောက်
“ကိုင်း ကိုမြင် ့ကျော်ရေ ခင်ဗျားတော ့ပျင်းနေတာနဲ ့အတော်ပဲဗျ …သီရိမြိုင်ဘူတာနဲ ့ သမိုင်းမြို ့သစ်ဘူတာ
ကြားထဲမှာ လူသေအလောင်း တစ်လောင်းတွေ့ထားလို ့တဲ ့ဗျ သွားရအောင်ဗျာ ” ဟု ကျွန်ုပ်ကပြောလိုက်ရာ
ကိုမြင် ့ကျော်မှာ အထူးပင်ကျေနပ်သွားဟန်ဖြင် ့ သွက်လက်စွာထလိုက် လေတော့သည် ။

 

(ဒုတိယပိုင်း ဆက်လက်၍ တင်ပေးပါမည်)

 

ကြိုးစားပါဦးမည်

ရာမည

27 comments

  • ရာမည

    April 23, 2013 at 11:05 pm

    စိတ်ကူယဉ်ဖန်တီးမှုသာဖြစ်ပြီး တိုက်ဆိုင်မှုရှိပါက
    အနူအညွတ်တောင်းပန်အပ်ပါသည်။

  • uncle gyi

    April 23, 2013 at 11:20 pm

    ရာမညရေမှားရင်လည်းခွင့်လွှတ်တော့
    ဖတ်ဖူးနေသလိုပဲနော်

    • ရာမည

      April 23, 2013 at 11:38 pm

      အန်ကယ်ကြီးခင်ဗျာ
      နောက်အပိုင်းတွေ ဆက်ဖတ်ပြီး ဘယ်ဝတ္ထုနဲ့တူတယ်ဆိုတာဝေဖန်ပေးပါဦးခင်ဗျာ။
      တကယ်တော ့ 5% လောက်သာ ကမာ္ဘကျော် ဝတ္ထုကိုမြန်မာမှုပြုခဲ့တာပါ။ အခုဖတ်ရတဲ့
      အပိုင်းအထိတော့ ကိုယ်ပိုင်စိဆ်ကူးယဉ်ပါခင်ဗျာ ။ နောက်အပိုင်းတွေမှာ မှ မြတ်မာမှုပြုတာ
      နဲနဲတွေ့ရမှာပါ ။ နောက်ဆုံးပိုင်မှ ာ ဘယ်ဝတ္ထုဆိုတာဖေါ်ပြပါမယ်
      ကျေးဇူးပါခင်ဗျာ

  • MaMa

    April 24, 2013 at 6:26 am

    ဒီရွာထဲမှာ စုံထောက်ကြီးရာမညရှိလု့ိ CHANGE ! ဆိုတဲ့ ဖက်တီးကက်ရဲ့ သဲလွန်စကို အမိဖမ်းမိလိုက်နိုင်တာပေ့ါ။ :harr:

    • ရာမည

      April 24, 2013 at 10:04 am

      ဒေါ်မမခင်ဗျာ
      စုံထောက်ကြီးမဟုတ်ရပါဘူး
      ဆုံဒေါက်ရူးသာဖြစ်ပါလိမ့်မယ်ခင်ဗျာ
      :mrgreen:

  • ဆားဘလင်း ရာမည ဂျီးပေါ့ ခညာ …
    ရေးထားတာ မိုက်တယ်ဗျို့ …
    နတ်ရုပ် ခေါင်းဖြတ်တဲ့ ကိစန အတော် စိတ်ဝင်စားဖို့ ကောင်းနေဘီ ..
    လောလောလတ်လတ် လူတစ်ယောက်တော့ ဂန့်နေဘီ …
    အားပေးတွားဘာဒယ်ဂျာ …
    နောက်တစ်ပိုင်းလေးလည်း ညန်ညန်ရေးတင်ပါအုံး …

    • ရာမည

      April 24, 2013 at 10:16 am

      ကိုမဟာရာဇာခင်ဗျာ
      လာရောက်ဖတ်ရှုမှတ်ချက်ပေးလို ့ကျေးဇူးတင်ရှိပါတယ်
      နေ ့စဉ် သို ့မဟုတ် တစ်ရက်ခြားတင်ဖြစ်မယ်ထင်ပါတယ် ။
      လေးပုံသုံးပုံခန့်ရေးပြီးပါပြီ ။
      ကျေးဇူးပါခင်ဗျာ

  • မင်းမင်း

    April 24, 2013 at 9:17 am

    ဒုတိယပိုင်း(သို့)ဇာတ်သိမ်းပိုင်းမျော်နေ
    ပါတယ်ဗျာ။မြန်မာလိုရေးတဲ့စာတွေဆို
    စိတ်ကူးတူလဲကိစ္စရှိလောက်ဘူးထင်ပါတယ်။

    • ရာမည

      April 24, 2013 at 10:22 am

      ကိုမင်းမင်းရေ
      နာလည်မှုအတွက်ကျေးဇူးတင်ပါတယ်
      စုံထောက် မှုခင်းဝတ္ထုတွေဟာ အနည်းငယ်တူတတ်ပါတယ်
      ဆရာ ့ဆရာများထံမှလည်း အဆက်ဆက် နည်းယူရပါတယ်
      ကိုယ်ပိုင်အတွေ့အကြုံနဲ့လည်းပေါင်းစပ်နိုင်ရပါတယ်
      အရေးအသားလိုအပ်ချက်ကိုခွင့်လွှတ်ပေးနိုင်ပါစေ

  • KZ

    April 24, 2013 at 9:35 am

    ဟွန့်။
    နောက်ဆို အခန်းဆက်မရေးတော့ဘူးဆို။

    ကြည့်။
    ခုပဲ ဖတ်ကောင်းတုန်း ဖြတ်သွားပြန်ပြီ။

    လူဇိုး!!!

    :harr: :harr:

    • ရာမည

      April 24, 2013 at 10:26 am

      ခွင့်လွှတ်ပါ မခိုင်ဇာ
      စာလုံးရေ ၂၀၀ဝ ဝန်းကျင်ဖြစ်နေလို ့ ခွဲပြီးတင်လိုက်ရတာပါ ။
      (လုပ်စားတာလည်း ပါတယ် :mrgreen: )
      ဆက်တိုက် တင်ဖြစ်မှာပါ
      အားပေးတာကျေးဇူးတင်ပါတယ်

  • လူကလေး

    April 24, 2013 at 10:27 am

    တောက် . .တို့လို့တန်းလန်းနဲ့ ကွာ..

    မဖတ်လိုက်အကောင်းသား..

    ငယ်ငယ်ကဆိုဒီလို ဟာတွေ တယ်ဖတ်ဗျို့.. အဲလိုဂျီးတော့ တန်းလန်းမထားနဲ့ ဗျာ.. ဖတ်ရတာ ဖီးငုတ်တယ် 🙁

    • ရာမည

      April 24, 2013 at 10:57 am

      ကိုလူကလေးရေ ဆောရီးပါခင်ဗျ
      ရေးပြီးသားအဆင်သင့်ဖြစ်နေပြီ ဖြစ်လို့
      ဆက်တိုက်တင်မှာပါခင်ဗျာ
      လာတော ့အားပေးပါဦးနော် :mrgreen:

  • ဦးကြောင်ကြီး

    April 24, 2013 at 10:32 am

    နတ်ကတော်
    ရှက်မအော်
    ဓာတ်စပျော်
    ဂွက်တထော်..

    • ရာမည

      April 24, 2013 at 11:03 am

      ဆရာကြောင်
      ကဗျာမောင်
      လက်ဆောင်ပေး
      ကြွက်တစ်ကောင်ကျွေး
      နတ်ကတော်ငေး :mrgreen:

  • Novy

    April 24, 2013 at 11:02 am

    ကိုမွန်လေးရေး နောက်အပိုင်းတွေကို မျော်နေတယ်နော်
    နတ်ရုပ်တွေထဲမှာရတနာတွေလား ရတနာသိုက်မြေပုံတွေလားဝှက်ထားတယ်ထင်ပါ့

    • ရာမည

      April 24, 2013 at 11:10 am

      သီလရှင်ဝတ်ပြီးမှ သမာဓိအားတွေကောင်းနေပါလား ဟရို ့…. :mrgreen:
      နောက်တခါကျရင် ဆရာလေးမနိုဗွီနဲ ့ လိုတရ လွယ်အိပ်ဆိုပြီး ရေးဦးမယ်
      :kwi:

      • Novy

        April 24, 2013 at 11:51 am

        အမလေး တို့သီလှရှင်ဝတ်တုံးကလိုက်များကြည့်နေသလားမသိ
        မနိုရဲ့သီလှရှင်လွယ်အိပ်ထဲ့မှာ လိုသမျှအကုန်ရတယ်တော်ရေ့..
        မီးချစ်အစ ဆေးအဆုံး
        ပုတီးစိတ်/ တရားစာအုပ် / ကမရာ/ဖုံးပါမကျန် စုံလို့ အမျိုး30လောက်ရှိမယ်

        • ရာမည

          April 24, 2013 at 12:23 pm

          ဓတ်ပုံတွေမြင်ဖူးထားလို ့ မှတ်မိနေပါတယ်ဗျာ
          ဒါကြောင့် လွယ်အိပ်လေးအကြောင်း ……?

  • ဖော့(စ)ထရော့ချာလီ

    April 24, 2013 at 11:28 am

    ကိုရာမညရေ…
    အားပေးလျက်ဖတ်ရှု့နေပါ့မယ်ဗျာ…
    ငယ်ငယ်ကတည်းက ရွှေဥဒေါင်းတို့ ဒဂုန်ရွှေမြှားတို့…
    နဲနဲအသက်ရလာတော့ မင်းသိခိ င်္ တို့နဲ့ ကြီးပြင်းလာခဲ့သူဆိုတော့…
    အားပေးပါတယ်ဗျာ…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

    • ရာမည

      April 24, 2013 at 11:49 am

      ကျေးဇူးပါကိုကြောင်ဝတုတ်ခင်ဗျာ
      ကျွန်တောလည်း အဲ့ဆရာကြီးများကိုဖတ်ခဲ့နည်းနာယူခဲ့တာပါ
      အဆင် ့ခြင်းတော ့ကွာပါတယ်
      ကျွန်တော်က လောက်စာလုံး
      သူတို ့ကပတ္တမြား
      ဝါသနာအရပါခင်ဗျာ

  • ခင်ခ

    April 24, 2013 at 1:03 pm

    ရေးတော့ စုံထောက်ဆန်ဆန်စာ
    ပြီးတော့ အခန်းဆက်နဲ့ ရပ်ထားတယ်၊
    အတော်ကို ခံရခတ်တယ်နော် ။
    မကျေနပ်ရင် တစ်က ပြန်စဆိုသလို ပိုစ့်အားလုံးပြီးမှ
    အစကပြန်ဖတ်ရမယ့်ကိန်းတော့ မြင်သဗျ။

    • ရာမည

      April 24, 2013 at 1:26 pm

      ကိုခင်ခ ခင်ဗျာ :mrgreen:
      မကြာချက်ခြင်းတင်ပါ့မယ် အခြားရေးသူများအတွက်နေရာချန်ထားတာပါ
      စာလုံးရေ ၂၀၀ဝ ဝန်းကျင်ကို တဆက်တည်းတင်ရင်
      ဖတ်သူများပျင်းမှာစိုးမိပါသောကြောင့် ဟီးဟီး ……..

  • မောင် ပေ

    April 24, 2013 at 1:14 pm

    မနှဲလေး ကို ခိုးတာ ကိုအောင်ပု
    ကိုကြီးကျော် ကို ခိုးတာ ကိုကြောင်ကြီး
    အဲဒါ အဲဒါ
    ဘီယာပုလင်းမောင်ပေ ရဲ ့ ခန် ့မှန်းချက် ပါ ရဲကိုကိုရေ
    ဟီဟိ
    တရားခံအစစ်ကိုတော့ ခင်ဗျားစာမှာ ဆက်စောင့်ဖတ်နေမယ်ဗျို ့

  • ရာမည

    April 24, 2013 at 1:30 pm

    ဦးမောင်ပေ ဦးမောင်ပေ
    ရဲကိုကိုဆိုလို ့ ဟိုမင်းသမီးယောက်ကျားနဲ့မှားနေဦးမယ် ဟီး
    လာဖတ်ပေးတာကျေးဇူးတင်ပါတယ်ဗျ
    ဆက်လက်ပြီးလည်း လိုအပ်သည်များကိုညွှန်ကြားပေးကြပါဦး

  • Mr. MarGa

    April 24, 2013 at 4:24 pm

    ကျောရိုး တူတယ်
    ကျွန်တော်ကပဲ ဦးစံရှားတွေ အဖတ်များလို့လားတော့မသိ
    ဒီဇာတ်လမ်းမှာ နတ်ရုပ်ထဲမှာ တန်ဖိုးရှိတာ (ခိုးယူလာတာလဲဖြစ်မယ်) တစ်ခုခု ရှိလိမ့်မယ်
    အဲဒါကို ပြန်ရှာရင်း မတွေ့သေးလို့ ဆက်ခိုးနေတာ
    ကိုရင်ရာမညရေ
    အစပျိုးကတော့ တကယ်စိတ်ဝင်စားသွားပြီ။
    ဆက်စောင့်နေမဗျို့ :hee:

  • ရာမည

    April 24, 2013 at 7:47 pm

    ဒုတိယပိုင်း တင်လိုက်ပါပြီခင်ဗျာ

Leave a Reply