အိုင် ပဲစိ

ဘာရယ် ညာရယ် ဟုတ်ပါဝူး …

တမြန်နေ့ကမှ ဘော်ဘော်ကွိကွ တယောက်နဲ့ ညနေအားလို့ သူ့စက်ရုံ သေးသေးလေး သွားလည် ဖြစ်တယ်။ သူက ဖုန်းသေးသေးလေးတွေ ထုတ်ပီး အိတ်စပို့ထ် လုပ်တယ်။ အမြတ်မများပေမဲ့ သူ့ဈေးနှုန်းက အများသင့်တာမို့ တော်တော်တော့ ရောင်းရရဲ့ ၂၀၀၈တုန်းကတော့ တရုတ်ကိုကာကိုလာနဲ့ အလုံးရေ ၁သိန်း စာချုပ်ဖြစ်တယ် ဆိုဘဲ။ ကျနော်တောင် အဲ့တုန်းက ကိုကာကိုလာ တံဆိပ်မရိုက်ရသေးခင် လက်ဆောင်တလုံးရဖူးတယ် ….။ ခုလဲ တလုံး ဂုံးဆင်းလာခဲ့တယ်။

ကွမ်းထုံ ၊       ၊ နီ အခု ဒါတွေ ဘယ်ပို့မှာတုန်း။

ချိန်ဟန့် ၊       ၊ ဒါတွေကို တောင်အာဖရိကနဲ့ ဗီယက်နမ် ပို့မှာ။

ကွမ်းထုံ ၊       ၊ ဘယ်ဈေးရလဲ …။

ချိန်ဟန့်၊        ၊ ၁၁ဒေါ်လာ ရိတရန်တရန်

ကွမ်းထုံ၊        ၊ သူ့ Spec တွေက

ချိန်ဟန့်၊        ၊ GSM 2G, 3G,SD card 2GB slot, flash light, FM, bluetooth, Power sharing charging slot, Standard 3.5mm headphone.

ကွမ်းထုံ၊        ၊ ဟိုက်… ကောင်းလှချေလား၊ နီ အလုံးရေ ဘယ်လောက်ထုတ်ထားလဲ၊ ပိုက်ဆံ စရံရလား၊ CE ရလား

ချိန်ဟန့်၊        ၊ ၃၀% စရံရတယ်၊ ကျန်တာ ကွန်းထရပ်ချုပ်ပီး၊ ဘဏ်ကချေးငွေထုတ်ပီး လုပ်တာ၊ CE ရတယ်။

ကွမ်းထုံ၊        ၊ နင်တို့ တိုင်းပြည်ကို ဘယ်လိုမြင်လဲ။

ချိန်ဟန့်၊        ၊ ငါမြင်ဖို့မလိုဘူး၊ သူတို့မြင်ဖို့ဘဲလိုတယ်၊ ငါမြင်ရမှာက ငါ့အတတ်ပညာ၊ ငါ့စီးပွားရေးနဲ့ ငါ့ပညာရေး တွေအတွက် ငါ့ကိုယ်ငါ နေ့တိုင်းပြန်ကြည့်နေရတယ်။

 

အိုင် ပဲစိ
အိုင် ပဲစိ

 

အိုင်ပဲစိနဲ့ ဘထ္ထရီ ရှဲလုပ်တဲ့ စလော့ အိုင်ဖုန်းကနေ စက်ရုပ်အထိရတယ်
အိုင်ပဲစိနဲ့ ဘထ္ထရီ ရှဲလုပ်တဲ့ စလော့ အိုင်ဖုန်းကနေ စက်ရုပ်အထိရတယ်

 

၃.၂လက်မ ဆိုနီဖုန်းနဲ့ အိုင်ပဲစိ
၃.၂လက်မ ဆိုနီဖုန်းနဲ့ အိုင်ပဲစိ

ဇာတ်လမ်းလေးကတော့ ဒါပါဘဲ ခင်ညာ …..

ထူးခြားတာက ၂လက်မလောက်ဘဲ ရှိတာရယ်။ ပဲစိပုံစံလေးရယ် ဗူးတံဆိပ်မှာတော့ i peas ဆိုတဲ့ နာမည်အလွဲကလေးကတော့ ချွင်းချက်ပေါ့ ။ ကျနော်ကတော့ အိုင်ပဲစိလို့ နာမည်ပေးလိုက်ပါတယ်ဗျာ။

၁၂၀ဝ mah ဘထ္ထရီ သုံးထားလို့ အရေးပေါ် တခြားဖုန်းတွေကို အနည်းငယ်လောက်တော့ အားပြန်ပေးနိူင်ရဲ့ ….. ။

သူ့အိုက်ဒီယာလေးနဲ့ ဘယ်သူ့ဆီကမှ မခိုးဘဲ လုပ်ထားတာမို့ ကြော်ငြာဝင်ပေးတဲ့သဘောပါ………………………….။

အားလုံး ကျန်းမာချမ်းသာကြပါစေ( မရွဲ့ပါ အတည် )

:harr:         :kwi:

14 comments

  • ပဲစိလေးက ဂျစ်စရာလေးဘဲ …
    ဝါဝါထိန်ထိန် ကြက်တူရွေးတို့ အိမ်ပေါ့ ….
    ညန်မာငွေနဲ့ တွက်ရင် ..
    အိုက်ဒီ တစ်လုံး ၁ သောင်းကျော် ပေါ့နော် ….

  • အာဂ

    March 22, 2013 at 4:30 pm

    ဝယ်ခဲ့ပါ အိုင်ပီစိကို ဝယ်ခဲ့ပါ..တားတား လိုချင်လို့ပါ..

    • ရဲစည်

      March 23, 2013 at 1:42 am

      ေ_ _ _ က်_ရေ(သက်ဆိုင်သူသာ သိစေရန်)
      ဝယ်လို့မရဘူးကွယ် …
      ဆောဒီးပါ။
      :mrgreen:

  • မောင် ပေ

    March 22, 2013 at 7:37 pm

    အဲဒီ အိုင်စိက ကျုပ် အခုကိုင်တဲ့ ဟွာဝေ အိတ်ချ်ဖုန်း 8818 ကိုရော ၊ ဘက်ထရီ ရှဲလို ့ရလား လို ့ ။

    • ရဲစည်

      March 23, 2013 at 1:38 am

      တော်တော်များများ smart phone တွေက head phone jack နဲ့ charging slot ကို ခုနောက်ပိုင်း standard size နဲ့ ထွက်လာတာဆိုတော့ သေချာပေါက်ရနိူင်တယ်ဗျာ။ အဲ တခုဘဲ iphone အတွက် charging slot မှာတော့ 5 အတွက်မပါတာ ချွင်းချက်ဗျ။
      ဆိုတော့ ….. ရ၏
      ဒါပေမဲ့ ဝယ်လို့မရ ( အိုင် ပဲစိ )
      :harr:

  • MaMa

    March 22, 2013 at 8:31 pm

    အိုင်ပဲစိက ဂျီအတွက် စီဒီအမ်အေအတွက် ၂မျိုးလုံးရှိလား။
    အကောင်းဆုံးက အိုင်ပဲစိဝယ်လာပြီး ဒီမှာ ပြန်ဖြန့်။
    ၁လုံး မြန်မာငွေနဲ့ ၁၀၀၀ဝ လောက်ဆိုတော့။
    အနည်းဆုံး ၁လုံးတော့ ရောင်းရမယ်။
    ဘွတ်ကင်ပေးသွားတယ်။ :hee:

    • ရဲစည်

      March 23, 2013 at 1:41 am

      အန်တီမမရေ ..
      အနော်တောင် ဂုံးဆင်းလာတာ
      ဒီဘက်ကို ရောင်းဖို့တော့ မလွယ်ဘူးထင်တယ်
      အဲ့ဒီ ကွိကွက စာချုပ်ချုပ်ပီး အော်ဒါမှာမှ လုပ်ပေးတဲ့သူ
      အဲ ဂျီတမျိုးတည်းသာ ထွက်ကြောင်း …..
      CDMA တော့ အဲ့လို မလုပ်နိူင်သေးဘူးဗျ
      ဆိုလိုချင်တာက demand မရှိလို့ ……..။

      • MaMa

        March 23, 2013 at 7:44 am

        အော်ဒါမှာရမယ်ဆိုရင် အနည်းဆုံး ဘယ်နှစ်လုံး မှာမှ ရသလဲ။

        • ရဲစည်

          March 23, 2013 at 1:22 pm

          အန်တီမမရေ ….
          အော်ဒါကတော့ အဲ့လိုမမေးဖူးဘူး …။
          တဖက်က သူတို့လိုချင်တဲ့ အချက်အလက်တွေ ပေးပီး ဒီဇိုင်းထုတ်ပေးရတယ်။ပီးမှ အရေအတွက်ပေါ် မူတည်ပီး သူတို့ဘက်က ဈေးနှုန်းထွက်သဗျ။ refund ပြန်ရဖို့ အပေါ် ချိန်ပီး တွက်ကျတာ။ လောလောဆယ် ဟိုပို့ဖို့ကတော့ CE နဲ့ အလုံးရေ ၆သောင်းကျော်ဘဲ။ ပြည်တွင်းကိုလဲ ဝင်လာနိူင်တယ်ထင်တယ်၊ ဒါပေမဲ့ CE မပါသလို ဈေးနှုန်းလဲ ကွာပါတယ်။
          တလက်စတည်း Huawei ကိုင်သူတွေကို သတိပေးချင်တာကတော့ Huawei 10 လုံးမှာ ၅လုံးက မစစ်တစစ်တွေ ဖြစ်ကြောင်း။ သူက ကိုယ်တိုင် ထုတ်တာထက် QCနဲ့ တခြားသူတွေကို ပြန်ထုတ်ခိုင်းတာ။

  • padonmar

    March 22, 2013 at 8:51 pm

    ချစ်ဖွယ်လေး။
    အော်ဒါမှာမယ်။

  • Foreign Resident

    March 23, 2013 at 6:47 am

    တရုတ်ကြီး ဘေးကပ်နေရတာ ၊
    မြန်မာနိုင်ငံအတွက် ကောင်းကျိုးကော ၊ ဆိုးကျိုးပါ ရှိပါတယ် ။

    ၁ ။ ကောင်းကျိုးက ကိုယ့်ဆီက ဘာမဆို ဝယ်မယ့် ဈေးကွက်အကြီးကြီး ရှိတယ် ။
    ၂ ။ ဆိုးကျိုးက သူတို့ရဲ့ နည်းပညာ နှင့် အလုပ် ကျိုးစားမှု ကို မြန်မာတွေ မမှီလောက်ဖူး ။

    အဘ အထင်တော့ ၊ မြန်မာတွေ တရုတ်ကြီး ကို ( ရေရှည်လဲ ) ယှဉ်နိုင်မယ် မထင်ဘူး ။
    တစ် နိုင်ငံလုံး ဆင်းရဲ မွဲတေနေတဲ့ အိန္ဒိယတောင် တရုတ်ကြီး ကို မယှဉ်နိုင် အော်ဟစ်နေပြီ ။
    တရုတ်တွေ အပင်ပန်းခံ နိုင် ၊ အလုပ်ကျိုးစားတဲ့ နှုန်းက အရမ်းမြင့်တယ် ပြောကြတယ် ။

    ကြည့်လေ ၊ ဒီလို Function စုံတဲ့ ၊ CE Passed ဖြစ်တဲ့ ဖုန်းကိုမှ ၁၁ ဒေါ်လာတဲ့ ။
    မြန်မာတွေ ကုန်ကြမ်း နှင့် လူ ပဲ ရောင်းစားရတဲ့ ဘဝတော့ ရောက်လိမ့်မယ် ထင်တယ် ။

  • Mr. MarGa

    March 23, 2013 at 4:52 pm

    ဒီဇိုင်းရော အတွေးပါ မဆိုး
    အတော်ကို အသုံးဝင်မယ့်ပုံ
    ဘယ်သူများ အင်ပို့တ် လုပ်မယ်မသိ
    စောင့်ကြည့်မဗျို့

Leave a Reply