အလွန်သေးငယ်သောပစ္စည်းလေးများဖြင့် အလွန်ကြီးမားသောအရာဝတ္ထုများကို အအေးပေးနိုင်မည့် ရေခဲသေတ္တာတစ်လုံးဖန်တီးခြင်း

Mr WorldWideMarch 22, 20131min933

နာနိုနည်းပညာဆိုင်ရာ သုတေသနပညာရှင်များသည် မိုက်ခရိုစကေး (ဗိုင်းရပ်ပိုးမွှားအရွယ်) အရွယ်ရှိ အလွန်သေးငယ်သော ရေခဲသေတ္တာတစ်မျိုးကို တီထွင်ခဲ့ပြီး ၎င်းထက်အရွယ်အစားအားဖြင့် အဆပေါင်း သန်း နှင့်ချီကြီးမားသော ပစ္စည်းများကို အအေးပေးနိုင်ခဲ့ပါသည်။  ၎င်းကိရိယာသည် ကွမ်တမ်ရူပဗေဒ ပညာရပ်ကို အသုံးပြုထားခြင်းဖြစ်ပြီး ၎င်းထက် အဆများစွာကြီးမားသော အရာဝတ္ထုများကို အအေးလွန်အပူချိန်အထိ (Sub-cryogenic Temperature ) သို့ရောက်ရှိလုနီးပါးဖြစ်အောင် အအေးပေးနိုင်ပါသည်။

စီမံကိန်းခေါင်းဆောင် ဂျိုးအူလုံမှ ၎င်းတို့၏ အလွန်သေးငယ်သော ရေခဲသေတ္တာလေးသည် အမေရိကန် ဝါရှင်တန်မြို့ရှိ လင်ကွန်းပြတိုက်တစ်ခုလုံးအား လေအေးပေးရန် တပ်ဆင်ထားသော လေအေးပေးစက် (Air Conditioner) ၏စွမ်းအားနှင့်တူညီပါသည်ဟု ပြောကြားခဲ့ပါသည်။

 

fridge
၎င်းက နာနိုစကေးအရွယ်ပစ္စည်းကို ကွမ်တမ်ရူပဗေဒနည်းပညာအသုံးပြု၍ ကြေးနီအတုံးတစ်တုံးကို အအေးပေးစေခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။ သတ္တုတုံးကို ဆင်းဒဝှစ်မုန့်ကဲ့သို့ဖြစ်အောင် ပါးလွှာသော အလွှာလေးများပြုလုပ်ပြီး လျပ်ကာပစ္စည်း  နှင့် အထူးလျပ်ကူးပစ္စည်း တို့ကိုထပ်လျက် တည်ဆောက်စေပါသည်။ ထို့နောက် လျပ်စစ်ဓာတ်ပေးလိုက်သောအခါတွင် လှုံ့ဆော်မှုအခံရဆုံး၊သို့မဟုတ် အပူဆုံးအီလက်ထရွန်များသည် ရွှေ့လျားမှုဖြစ်ပေါ်ပြီး လျပ်ကာပစ္စည်းကိုဖြတ်၍ အထူးလျပ်ကူးပစ္စည်း  Super conductor သို့ကူးပြောင်းရောက်ရှိသွားရာ မူလကြေးနီတုံးတွင် အလွန် အမင်းအပူချိန်ကျဆင်းမှု၊သို့မဟုတ် အေးစက်မှုဖြစ်ပေါ်လာပါသည်။
ဤဖြစ်စဉ်သည် အလွန်အေးသောအခြေအနေမျိုးလိုအပ်သည့် သုတေသနလုပ်ငန်းများတွင် အထူး အသုံးဝင်မည်ဖြစ်ပေသည်။ ဤကဲ့သို့ အလွန်အေးသောအခြေအနေမျိုးကိုဖန်တီးရန် ယခင်က ဟီလီယံ အရည်ကိုအသုံးပြုသော်လည်း ရှုပ်ထွေးသောကိရိယာများလိုအပ်ပြီး ကုန်ကျစရိတ်လည်းများပြားကြောင်း သိရှိ ရပါသည်။

Source:sciencedaiy.com

 

3 comments

  • kai

    March 23, 2013 at 5:01 am

    ဈေးသက်သာရင်တော့.. အပူပိုင်းနိုင်ငံတွေအတွက်… အသုံးတည့်မယ်..
    ဒါပေမယ့်.. ကွမ်တမ်ရူပဗေဒဆိုတော့ကာ.. ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့..နည်းပညာနဲ့.. ဝေ့ဝေဝေး.. :kwi:

  • MaMa

    March 23, 2013 at 8:02 am

    ဒီမှာ လုပ်နိုင်ရင်တော့ အကောင်းသား။
    အအေးခန်းတွေ ဒီနှစ်တွေထဲမှာ အလုပ်ကောင်းနေတယ်။
    ကုန်တွေကို အအေးခန်းထည့်လှောင်ကြတဲ့အခါ ပျက်စီးဆုံးရှုံးမှုနည်းလို့ ကုန်လှောင်သူတွေ တွက်ခြေကိုက်ကြတယ်။
    ဒါပေမယ့် အအေးခန်းတစ်ခု တည်ဆောက်ရတဲ့ ကုန်ကျစရိတ်က မသေးလှသလို…
    မီးမမှန်တဲ့အခါကျတော့လည်း နောက်ထပ်စရိတ်က ကြီးပြန်ရော။

  • Mr. MarGa

    March 23, 2013 at 5:03 pm

    အသစ်အသစ်တွေ ထုတ်လာတော့
    ရှေ့က တီထွင်ထားတာတွေ နည်းနည်း နောက်ရောက်သွားတာပေါ့
    ဘာပဲဖြစ်ဖြစ်
    အဲဒီလို တီထွင်မှုတွေကို ဆက်ပြီး ထုတ်နိုင် ထွင်နိုင်ကြပါစေလို့သာ………………

Leave a Reply