သဲပြင် နှင့်ကျောက်တုံး

True FaithJuly 23, 20101min630

တခါတုန်းက လူငယ်အရွယ် သူငယ်ချင်းနှစ်ယောက်ဟာ ခရီးတခု ထွက်လာကြတယ်။ လမ်းခရီးမှာရှိတဲ့ သဲကန္တာရတခုကို ဖြတ်သွားနေတုန်း ခရီးတနေရာ အရောက်မှာ သူတို့နှစ်ယောက် စကားများပြီး ရန်ဖြစ်ကြတယ်။ အဲဒီလို ဖြစ်တဲ့အချိန် သူငယ်ချင်း တယောက်က နောက်တယောက်ရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးလိုက်တယ်။ အထိုးခံရတဲ့ လူငယ်လေးဟာ တော်တော်လေးနာသွားပြီး ဘာစကားမှ ပြန်မပြောဘဲ သဲပြင်ပေါ်မှာ ဒီလို ချရေးလိုက်တယ်။ “ယနေ့ ငါ့အခင်ဆုံး သူငယ်ချင်းက င့ါကိုထိုးတယ်”

အဲလိုနဲ့ သူတို့နှစ်ယောက်ဟာ သဲကန္တာရကို ကျော်ဖြတ်ပြီးတဲ့နောက် မြစ်ချောင်း ရွံနွံပေါများတဲ့ အရပ်ကို ရောက်သွားတယ်။ ဒီလိုနဲ့ ခရီးဆက်နေရင်း ခုနက အထိုးခံရတဲ့ လူငယ်လေးဟာ နွံအိုင်ထဲကို အမှတ်တမဲ့ ပြုတ်ကျသွားတယ်။ ထိုးလိုက်တဲ့ သူငယ်ချင်းက နွံအိုင်ထဲက သူငယ်ချင်းကို ကယ်လိုက်တယ်။ ကုန်းပေါ်ပြန်ရောက်တဲ့အခါ ထိုးခံရတဲ့ သူငယ်ချင်း ကောင်လေးဟာ ကျောက်တုံးကြီးတစ်တုံးပေါ်မှာ စာရေး လိုက်ပြန်တယ်။ ” ယနေ့ ငါအခင်ဆုံး သူငယ်ချင်းက ငါ့အသက်ကို ကယ်ခဲ့တယ်”

လက်သီးနဲ့ထိုး၊ သေဘေးကလည်း ကယ်ခဲ့တဲ့ သူငယ်ချင်းက မေးလိုက်တယ်။ “ငါ မင်းကို နာကျင်အောင်လုပ်တဲ့ အချိန်တုန်းက မင်းက သဲပေါ်မှာ စာရေးတယ်။ အခုတခါ ကျောက်တုန်းပေါ်မှာ ရေးပြန်ပြီ။ ဒါတွေ ဘာကြောင့်ရေးရတာလဲ”

စာရေးတဲ့ သူငယ်ချင်းက ဒီလိုပြန်ဖြေလိုက်တယ်။ “သူငယ်ချင်းရေ… တစုံတယောက်က
မင်းကို နာကျင်အောင်ပြုလုပ်တဲ့အခါ မင်းရဲ့တုန့်ပြန် မှုတွေက ခွင့်လွှတ်ခြင်း တွေ ပါတဲ့ လေ ရဲ့ပယ်ဖျက်ခြင်းကိုခံရမယ့် သဲပြင်ပေါ်မှာရေးထားတဲ့ စာသားတွေလို မင်းလည်းပဲ သူတို့
မကောင်းတာတွေကို အလွယ်တကူ ပယ်ဖျက်သင့်တယ်။ ဒါပေမယ့် တစုံတယောက်က
မင်းကို ကောင်းတာတွေ လုပ်ပေးတဲ့အခါမှာတော့ လေတွေအလွယ် တကူ မဖျက်နိုင်တဲ့ ကျောက်တုံးပေါ်မှာ မှတ်တမ်းတင် ရေးသားထား သင့်တယ်”

(အဲဒီလိုပဲ ကျွန်တော်တို့ ရဲ့ နာကျင်မှု့တွေနဲ့ နာကြည်းမှုတွေကို သဲပေါ်မှာ ရေးထားတဲ့ စာတွေလိုဘဲ ထားတတ်အောင် ကြိုးစားသင့်သလို ကျွန်တော်တို့အတွက် ကောင်းကျိုးဖြစ်စေမယ့် အရာတွေကိုတော့ ကျောက်တုံးပေါ်မှာ မှတ်တမ်းတင် ကြရအောင်လားဗျာ။)

Forward Mail တခုမှ ရရှိသဖြင့် ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။