အောင်မြင်သောဘဝတရားတော်

manawphyulayJuly 23, 20101min631

လူတိုင်းဟာ စိတ်ချမ်းသာမှု့ရှာနေကြတာ။ ဘယ်လိုနည်းနဲ့များ စိတ်ချမ်းသာမှု့ကို ရမယ် ထင်နေကြသလဲ။
များသောအားဖြင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ကိုယ့်ခေါင်းထဲထည့်ပေးတဲ့ အယူအဆဖြစ်တဲ့ ” သူများထက်ပိုပြီး အဆင့်အတန်းမြင့်မြင့်နေနိုင်ရင် စိတ်ချမ်းသာမယ်၊ ပိုက်ဆံများများရှိရင် စိတ်ချမ်းသာမယ်၊ ရာထူးတွေအမြင့်ကြီးရှိရင် စိတ်ချမ်းသာမယ် ” လို့ ထင်နေကြတယ်။
ဒီလိုလူတွေဟာ စိတ်အချမ်းသာဆုံးလူတွေ ဟုတ်ရဲ့လားဆိုတာ တကယ်လက်တွေ့ အကဲခတ်ကြည့်စမ်းပါ။ အချို့ကိစ္စတွေမှာ ပစ္စည်းဥစ္စာ၊ ရာထူးအဆင့်အတန်းမြင့်မားတဲ့လူေ

တွဟာ စိတ်အဆင်းရဲဆုံးလူတွေဖြစ်နေတာ တွေ့ရတယ်။
If I devalue you, I devalue myself.
သူတပါးကိုတန်ဖိုးချလိုက်ရင် ကိုယ့်ကိုကိုယ်ပါ တန်ဖိုးချရာရောက်တယ်။ သူတစ်ပါးကို မလေးမစား ဆက်ဆံပြီဆိုရင်
ကိုယ့်ကိုကိုယ်လည်း လေးစားလို့မရတော့ဘူး။
အဲဒီလိုသိဖို့ဆိုတာ ကိုယ်စိတ်ကိုသိနိုင်တဲ့ နူးညံ့သိမ်မွေ့မှုရှိတဲ့သူ၊ သတိ သမာဓိ ဉာဏ်ပညာရှိတဲ့သူမှသာ သိနိုင်ပါတယ်။
သတိ သမာဓိ ဉာဏ်ပညာမရှိတဲ့သူတွေကတော့ ဒေါသနဲ့ ဆက်ဆံမယ်၊ မာနနဲ့ ဆက်ဆံမယ်၊ က္ကုသာမစ္ဆရိယနဲ့ ဆက်ဆံမယ်၊ လောဘနဲ့ ဆက်ဆံမယ်၊
အဲဒီလို လောဘ၊ ဒေါသ၊ မာန၊ က္ကုသာမစ္ဆရိယ အားကြီးနေလို့ ကိုယ့်ကိုကိုယ် ထိခိုက်နေတာတောင်မှ မသိတော့ဘူး။
ဒါကြောင့် လောကကြီးကို ကောင်းစေချင်တယ် ဆိုရင် သတိနဲ့နေတဲ့လေ့အကျင့်လုပ်ပါ။ သတိနဲ့နေလာရင် ကိုကိုယ်ကို အများကြီးသိလာလိမ့်မယ်။
ကိုယ်စိတ်ကို အများကြီးသိလာမှသာ သူတစ်ပါးစိတ်ထဲဘယ်လိုခံစားရတယ်တိုတာ နဲ့နဲ့သိလာပါလိမ့်မယ်။ အဲဒီလိုလူမှသာ ကိုယ့်အကျိုးရော၊ အများအကျိုးရော မထိခိုက်အောင်လုပ်နိုင်တယ်။ ဒါအပြင် ကိုယ့်အကျိုးရော၊ အများအကျိုးရော ကြီးကြီးမားမားဖြစ်ပေါ်လာအောင် အကျိုးကိုဆောင်ရွက်နိုင်တယ်။ ဒါ့ကြောင့် အများအကျိုးကို ဆောင်ရွက်ချင်တဲ့လူဆိုရင် သတိ၊ သမာဓိ၊ ဉာဏ်ပညာရှိဖို့ လိုတယ်။
When you are peaceful, happy, joious and doing what you love to do, you are successful.
သင်ဟာ ငြိမ်းနေတယ်၊ ပျော်ရွှင်နေတယ်၊ ကြည်လင်ရွှင်လန်းနေတယ်၊ ကိုယ်ချစ်တဲ့ အလုပ်ကိုလုပ်နေတယ်ဆိုရင် သင်ဟာ အောင်မြင်နေတဲ့သူပါ။
ဘယ်လိုလူကို အောင်မြင်တဲ့လူလို့ ပြောမလဲ။ ပိုက်ဆံချမ်းသာတဲ့လူလား၊ ရာထူးတွေအကြီးကြီး ရနေတဲ့လူလား။ ဒါတွေ မဟုတ်ဘူး။ ငြိမ်းတဲ့လူ၊ ပျော်ရွှင်တဲ့လူ၊ ကြည်လင်ရွှင်လန်းတဲ့လူ၊ ကိုယ်ချစ်တဲ့ အလုပ်ကိုလုပ်နေတဲ့လူဟာ ဘဝမှာ အောင်မြင်တဲ့လူဖြစ်တယ်။
There is no true success without peace of mind.
စိတ်အေးချမ်းမှု မရှိဘဲနဲ့ စစ်မှန်တဲ့ အောင်မြင်မှုဆိုတာ မရှိပါဘူး။
ကိုယ့်ရဲ့အောင်မြင်မှုကို ဘာနဲ့တိုင်းတာမလဲ။ စိတ်ထဲမှာ အေးချမ်းမှုရမှ ကိုယ့်ဘဝဟာ အောင်မြင်မှုရတာပါ။
အေးချမ်းမှုဆိုတာ ဘာလဲ။ ရိုးသားမှုမရှ်ိဘဲနဲ့ အေးချမ်းမှုဆိုတာ မဖြစ်နိုင်ဘူး။ ရိုးသားမှ အထိုက်လျှောက် အေးချမ်းတယ်။
တည်ငြိမ်မှုမရှိဘဲနဲ့ တကယ်အေးချမ်းမှု အစစ်အမှန်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘဝကို အေးအေးချမ်းချမ်း နေသွားမှာလား။
အပြစ်တွေ၊ နောင်တတွေ၊ ပူပန်မှုတွေ၊ ကိုယ် မရိုးသားတာတွေ၊ ကိုယ်မရိုးသားမှန်းကို သူများသိနေတာကို မရမကဖုံးပြီးတော့ ပူလောင်နေတဲ့စိတ်ကြီးနဲ့ နေသွားမှာလား။
A successful man possesses a great spiritual understanding.
အောင်မြင်တဲ့သူမှာ ကြီးမားတဲ့၊ လေးနက်တဲ့ အသိဉာဏ်ရှိတယ်။
လေးနက်တဲ့၊ မြင့်မြတ်တဲံ့၊ မှန်ကန်တဲ့အသိဉာဏ် ရှိမှသာ အဲဒီလူကိုဘဝမှာ ကြီးကျယ်မြင့်မြတ်တဲ့သူလို့ ပြောလို့ရတယ်။
တကယ်အောင်မြင်တဲ့သူဟာ သူမှာ တကယ်လေးနက်တဲ့၊ မြင့်မြတ်တဲံ့အသိဉာဏ် ရှိတယ်၊ စိတ်ထားရှိတယ်။
(ဆရာတော် ဦးဇောတိက)

One comment

  • True Faith

    July 23, 2010 at 9:36 am

    သိပ်ကောင်းတဲ့ တရားတော်လေးပါ။ ဆရာတော် ဦးဇောတိကရဲ့ စာတွေကို နှစ်သက်မိပါတယ်။ လွပ်လပ်သောစိတ် စာအုပ်ကို အကြိုက်ဆုံးပါ။

Leave a Reply