ဂုဏ်ပြုစာတန်း

cobraJuly 23, 20101min623

တစ်ခါတုန်းကအမျိုးသမီးနှစ်ယောက်ဟာနိုက်ကလပ်တစ်ခုကိုသွားကြသတဲ့…

ဖြစ်ချင်တော့အဲဒီနေ့မှာပဲဘီယာတွေပရိုမိုးရှင်းလုပ်တဲ့အနေနဲ့အခမဲ့သောက်သုံးခွင့်ပေးတာနှင့်

ကြုံနေပါရော…။ဒါနဲ့အမုန်းကဲပြီးအပီသောက်လိုက်ကြပါသတဲ့မူးမူးနဲ့လမ်းလျှောက်အပြန်လမ်းမှာ

ရူးရူးပေါက်ချင်စိတ်ကတားမရဆီးမရဖြစ်ပါလေရော..။ဒါနဲ့ဘေးဘီကိုကြည့်လိုက်တော့
သင်ချိုင်းတစ်ခုတွေ့ပါသတဲ့။

ပထမအမျိုးသမီး။ ။ဒီထဲမှာလူရှင်းတယ် ဝင်ပေါက်လိုက်ကြရအောင်…။

ဒုတိယအမျိုးသမီး။ ။ကြာသလားလို့လုပ်လိုက်လေ…။

အဲဒီလိုန့ ဲမူးမူးနဲ့ရူးရူးပေါက်လိုက်ကြတာ ခြေထောက်တွေစိုစိုရွှဲကုန်ပါလေရော။

ပထမအမျိုးသမီးကတော့ သူ့မှာဝတ်လာတဲ့အတွင်းခံဘောင်းဘီကိုချွတ်ပြီးသန့်ရှင်းရေးလုပ်ကာ

ဘောင်းဘီကိုလွှတ်ပစ်ခဲ့ပါတယ်။

ဒုတိယအမျိုးသမီးမှာတော့ သူယောကျင်္ားဝယ်ပေးလိုက်တဲ့အသစ်ဂျပ်ချွတ်လေးဆိုတော့

မလုပ်ရက်ဖူးဖြစ်နေတယ်..ဒါနဲ့ အုတ်ဂူပေါ်မှာတွေ့တဲ့အနီရောင်ဖဲကြိုးပြားတစ်ခုကိုယူပြီး သန့်ရှင်းရေးလုပ်ခဲ့ပါတယ်..။ ဖြစ်ချင်တော့ကိစ္စတွေပြီးလို့ ဘောင်းဘီပြန်ဝတ်တဲ့အချိန်မှာဖဲကြိုးအနီလေးဟာ ခါးပတ်နှင့်ချိတ်မိပြီးပါသွားပါလေရော…။

ထိုအမျိုးသမီးနှစ်ယောက်အိမ်ပြန်ရောက်ပြီးချိန်မှာပဲ သူတို့ရဲခင်ပွန်းဖြစ်သူနှစ်ယောက်ဟာ ဖုန်းဆက်ပြီးအောက်ပါအတိုင်းပြောကြပါသတဲ့ ။

ပထမခင်ပွန်း။ ။ဒို့အိမ်ကဟာနှစ်ယောက်ကိုတော့ဒီအတိုင်းလွှတ်ထားလို့မဖြစ်တော့ဘူးဟေ..။ဒီနေ့ငါ့မိန်းမပြန်လာတော့
အတွင်းခံဘောင်းဘီပါမလာဘူးကွာ…တစ်ခုခုတော့တစ်ခုခုပဲ။

ဒုတိယခင်ပွန်း။ ။အေး..မင်းကဘာဟုတ်သေးလဲကွာ..ငါ့မှာရူးတောင်ရူးချင်နေပြီ ။ ငါ့မိန်းမပြန်လာတော့ဂုဏ်ပြုစာတန်းတောင်ပါလာသေးတယ်။
ဘာတဲ့ “ခင်ဗျားကိုကျုပ်တို့တပ်စုတစ်ခုလုံးကမှတ်မှတ်ရရရှိနေမှာပါ“ တဲ့ကွာ။

3 comments

  • cobra

    July 23, 2010 at 9:38 am

    တော်သေးတာပေါ့နော်…။တပ်စုကတစ်ခုဘဲမို့လို့..။

  • fatty

    July 23, 2010 at 3:25 pm

    ဖတ်မိသွားလို့ကတော့ …..တို့တပ်မတော်ကြီးလဲချီလာပါပြီ …….ဖြစ်နေပါအုံးမယ်..။

    very rare joke.

  • Htoo

    July 24, 2010 at 3:45 am

    ဟီဟီး….. တော်တော်ရီရတယ်ဗျ။
    အလွဲ လေးတွေပေါ့နော်။

Leave a Reply