ဆန့်ကျင်ဘက်အပေါ်ဆွဲဆောင်နည်း

etoneJuly 23, 20101min680

ယောကျာ်းလေးများအနေဖြင့် မိန်းကလေးများကို ဆွဲဆောင်လွှမ်းမိုးရန်နည်းလမ်းများ
၁- ချီးကြူးပါ၊(မြှောက်သင့်လျှင်မြှောက် 😀 )။
၂- ကြင်နာစွာနမ်းပါ။(အဝေးရောက်နေရင်တောင် ယင်ကောင်အနမ်း(flykiss) ပေးပါ)။
၃- ဂရုစိုက်ပေးပါ။( ကျီးထိုးထိုး၊ ခွေးစားစား ပစ်မထားပါနဲ့)။
၄- ပျော်အောင်ထားပါ။( ဟာသာများများဖတ်၍ ရယ်စရာပြောပါ။ မရယ်လျှင် ကလိထိုး၍ရယ်ခိုင်းပါ)။
၅- သူမ အပေါ်အလေးအနက်ထားပါ၊( ဟန်ဆောင်ပန်ဆောင်လေးပေါ့)။
၆- သူမ အတွက် $ များများသုံးပါ၊( အိမ်မှာ ရေသောက်ဗိုက်မှောက်နေပြီး စုဆောင်းထားသမျှ ဖွန်ကြောင်ခြင်းတွင်သုံးပါ)။
၇- သူမ ကြိုက်တတ်သည့်အစားအစာများကို ကျွေးပါ( စားသောက်ဆိုင်မသွားခင် မိမိတွင် $ မလုံလောက်ဟုထင်ပါက သူငယ်ချင်းထံမှ လည်ပင်းညှစ်ခဲ့ပါ၊ မိန်းကလေးများ အစားကြီးသော်ကြောင့်ဖြစ်ဧ။်)။
၈- သူမ အတွက် အမြဲအဆင်သင့်ရှိနေပါစေ၊( ထမင်းဆာတယ်ဆိုလျှင် ခူးပြီးပါပြီ ဖြစ်နေရမည်)။
၉- သူမ စကားကို နားထောင်ပါ၊( ပေါက်သင်ညိုကို အတုယူ၍ အမြဲခေါင်းညိမ့်ပါ၊ ကွယ်ရာတွင် လုပ်ချင်ရာလုပ်ပေါ့)။
၁၀-သူမ ပြောသမျှကို အမြဲထောက်ခံပါ( အခြားသူများက သူမအား ငပေါဟု မြင်လာ၍ သူမအားထောက်ခံသောသင့်အား တပည် ့
မွေး ပါလိမ့် မယ်)။
၁၁-သူမ အတွက်ဆိုလျှင် ကမာ္ဘအဆုံးထိသွားပါမည်။ ကောင်းကင်ကို ဒူးနဲ့ တိုက်ပါမည်၊ မိုးကြိုးပစ်လျှင် မိုးကြိုးကို ဒိုင်ဗင်ပစ်ဖမ်းပေးမည်ဟု ကြွေးကျော်ပါ။( တကယ်လုပ်လို့ရတာမှ မဟုတ်ပဲ ၊ တွေးမကြောက်ပါနှင့်)။
ဤကား မိန်းမတို့အား ဆွဲဆောင်နည်းတည်း။

ယောကျာ်းတို့အား ဆွဲဆောင်နည်း

၁- ဘီယာသောက် လျှင် ဘီယာငဲ့ပေးပါ။( ပြုံးပြုံးကြီးနဲ့ နွားကြီးဖြီးနေပါလိမ့်မယ်)။
၂- show up naked ( ဤတွင် ဒိုင်လူကြီးမှ ခရာမှုတ်၍ ၁ ဂိုး -ဂိုးမရှိဖြင့် သရေကျသွားပါတယ်၊ ဆိုင်ဘူးထင်တယ်နော်)။
ဤကား ယောကျာ်းတို့အပေါ် ဆွဲဆောင်နည်းတည်း