“ဟိုတုန်းက ကြားခဲ့တဲ့ ကြည်နူးဖွယ် တေးသံသာတွေဟာ အခုတော့ဖြင့် ………. ´´

 

“အရှေ့အရပ်၌ရှိသော အနန္တစင်္ကြ၀ဋာ အနန္တသတ္တ၀ါတို့ ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ ကြောင့်ကြခတ်သိမ်း ငြိမ်းကြပါစေ ဆင်းရဲခတ်သိမ်းငြိမ်းကြပါစေ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ။

အနောက်အရပ်၌ရှိသော အနန္တစင်္ကြ၀ဋာ အနန္တသတ္တ၀ါတို့ ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ ကြောင့်ကြခတ်သိမ်း ငြိမ်းကြပါစေ ဆင်းရဲခတ်သိမ်းငြိမ်းကြပါစေ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ။

တောင်အရပ်၌ရှိသော အနန္တစင်္ကြ၀ဋာ အနန္တသတ္တ၀ါတို့ ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ ကြောင့်ကြခတ်သိမ်း ငြိမ်းကြပါစေ ဆင်းရဲခတ်သိမ်းငြိမ်းကြပါစေ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ။

မြောက်အရပ်၌ရှိသော အနန္တစင်္ကြ၀ဋာ အနန္တသတ္တ၀ါတို့ ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ ကြောင့်ကြခတ်သိမ်း ငြိမ်းကြပါစေ ဆင်းရဲခတ်သိမ်းငြိမ်းကြပါစေ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ။

အရှေ့တောင်အရပ်၌ရှိသော ………………………………………………………………………………………………

အနောက်တောင်အရပ်၌ရှိသော …………………………………………………………………………………………

အရှေ့မြောက်အရပ်၌ရှိသော ……………………………………………………………………………………………

အနောက်မြောက်အရပ်၌ရှိသော ……………………………………………………………………………………….´´

ရန်ကုန်- မန္တလေး အဝေးပြေးအမြန်လမ်းကြီးမရှိသေးတဲ့ ဟိုတုန်းအခါ ကာလတုန်းက ခင်ခ ရန်ကုန်ကနေ အဝေးပြေးကား စီးပြီး မန်းပြန်တဲ့အခါ မနက် ၄ နာရီ နဲ့ ၅ နာရီကြားဝန်းကျင် မိတ္ထီလာမှာ မနက်မျက်နှာသစ် မနက်စာ စားဖို့ ရပ်ပေးခဲ့တဲ့ စားသောက်ဆိုင်တွေက ဖွင့်ခဲ့တဲ့ ကြည်နူးဖွယ်သံသာလေးတွေ အဲဒီကနေ မန်းကိုဆက်မောင်းလို့ မိတ္ထီလာမြို့ထဲဖြတ်တဲ့အခါလည်း စောစောဖွင့်ထားတဲ့ လဘက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေဆီကလည်း အခုလို မေတ္တာပို့တေးသံတွေနဲ့ ဖြတ်သွားရင်းကြည်နူးခဲ့ရတာပေါ့ဗျာ။

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကစပြီး အဲလိုကြည်နူးဖွယ် မေတ္တာပို့တေးသံသာတွေ ရပ်နားခဲ့ပြီး

“ ဟေး ချပလိုက်´´

“ဟိုမှာ ကုလား ကုလား´´

“ချကွာ ရှို့ကွာ ဟေး ဟေးးးးးးးးးးးးးးးး´´

“ဘာကောင်တွေလည်းကွ ဒီလိုစော်ကားလို့ရမလား ဒါမျိုး ဒို့မခံဘူး´´

စသည်ဖြင့် ကြမ်းတမ်းလိုက်ကြတဲ့ အပြုအမူတွေ လုပ်လိုက်ကြတဲ့ အကြမ်းဖက်မှု့ အနီးအနားရွာတွေကလည်း ပစ္စည်းတွေဝင်ယူသူယူ မိတ္ထီလာမြို့ရှိ အင်းဝဘဏ်ကို ဖျက်ပြီးဝင်ရောက်မယ်လုပ်ကြလို့ လုံခြုံရေးအဖွဲ့တွေက တားနဲ့ သြော် မြင်ရတာ စိတ်မချမ်းမြေ့ဖွယ်ရာတွေပါလားကွယ်။ ပြီးတော့ ဒီကာလာလောက်မှာ ဖေ့ဘုတ်ကို အသုံးပြုများခဲ့တော့ share ကြပါတယ် ကုလားမကောင်းတဲ့ အကြောင်းတွေ၊ ၉၆၉ ဆိုင်တွေမှာ ဈေးဝယ်ကြပါ စသည်ဖြင့်ပေါ့ အဲဒါတွေကလည်း လူမျိုးရေးခွဲခြားမှု့ ဘာသာရေးခွဲခြားမှု့ စိတ်တွေကို ပိုပြီးတက်ကြွစေတဲ့ နည်းလမ်းအထောက်အပံတွေပါဘဲ၊

အခုတော့

“မိတ္ထီလာကန်မယ် ဖားကောက်ခဲ့ပါ့မယ်ကွယ်

ဗျိုင်းရှေ့က ပျံကာပျံကာရယ် မိုးဆုံးဆုံးချုပ်ပေါ့သမီးငယ်ရယ်

အိပ်ပါတော့ကွယ် ကြောင်ကြီးကိုက်လိမ့်မယ် အိပ်ယာကနိုးရင်ကျောင်းသွားရအုံးမယ်

မျက်စိမှိတ်ထားကွယ် နတ်ရေးတဲ့ အိမ်မက်မက်စေမယ် …………. ´´ လို့ သားချော့တေးလည်း အေးဆေး မဆိုနိုင်တော့ဘူး ဟိုနေရာဆူဆူ ဒီနေရာ အုန်းဒိုင်းနဲ့ ပျက်လိုက်ကြတာ လောင်လိုက်ကြပြန်တဲ့မီး ပြေးလိုက် ကြရတဲ့ အခြေအနေတွေနဲ့ပါ။

ဆိုလိုချင်တာ ဗုဒ္ဓဘာသာဝင်တွေ သက်ဝင်ယုံကြည်ကြတဲ့ မြတ်စွာဘုရားကဟောခဲ့တယ် ဗုဒ္ဓတရားတော်တွေ က ရော့ အင့် ပေးလို့ရတဲ့အရာမဟုတ်ဘူး ကိုယ် ကိုယ်တိုင်ကျင့်ကြံအားထုတ်မှ သိမြင်လာတဲ့ တရားပါတဲ့။

ဒါဆိုရင် “အရှေ့အရပ်၌ရှိသော အနန္တစင်္ကြ၀ဋာ အနန္တသတ္တ၀ါတို့ ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ ကြောင့်ကြခတ်သိမ်း ငြိမ်းကြပါစေ ဆင်းရဲခတ်သိမ်းငြိမ်းကြပါစေ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ။ …………. စတဲ့မေတ္တာပို့တွေက ကြားရတဲ့သူတွေ အထင်ကြီးအောင် ဖွင့်နေကြတာလား ရွတ်နေကြတာလား အကယ်၍ သာ အဲဒီထဲက ရွတ်ဆိုတဲ့ စာသားတွေရဲ့ အနက်အဓိပ္ပါယ်ကို သေချာသိရှိကြပြီး ကိုယ်စိတ်သန္တန်မှာလည်း ကိန်းဝပ်နေကြတယ်ဆိုရင်ဖြင့် အလွန်ကိုသာယာငြိမ်းချမ်းသော လောကတခွင်မှာ နေထိုင်ခွင့်ရကြတဲ့ လူသား တွေဖြစ်ကြမှာဘဲလို့ တွေးမိလိုက်ပါတယ်။

မည်သည့်လူမျိုး မည်သည့်ဘာသာဝင်ကိုမဆို မြတ်စွာဘုရားရဲ့လမ်းစဉ်ကတော့ အနန္တစင်္ကြ၀ဋာ အနန္တသတ္တ၀ါ အဖြစ်သာ မေတ္တာရှေ့ထားရမယ်ဆိုတဲ့ တရားတော်လာ စကားသံဟာ ခင်ခ နားထဲ အထပ်ထပ်ကြားယောင် နေမိပါရဲ့ ဗျာ။

 

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ။

( ကွန်မန့်ဆွေးနွေးမှု့ များကို အကယ်၍ ခင်ခ ပြန်လည်ဆွေးနွေး ကျေးဇူးတင်မပြုနိုင်ခဲ့လျှင် ခွင့်လွှတ်ပါလို့ ကြိုတင် တောင်းပန်ထားလိုက်တယ်နော်)

 

ခင်ခ

About ခင်ခ

ခင် ခ has written 454 post in this Website..