ခိုင်ရေ ဦးရေနဲ့

မြူးလေတဲ့ ဇာတ်လမ်း

ရေတမာတန်းကိုဖြတ်

အင်းလျားဘက်လည်း ပတ်ခဲ့ကြ

ထပ်ထည့်မရလောက်အောင် အပျော်ပြည့်

တကယ်ချမ်းမြေ့ရတဲ့ခရီး

ခဏနဲ့ပြီးမယ်လို့ မထင်ခဲ့

ရက်စက်တဲ့ ကံကြမ္မာ

အဖော်အသင်းပါ ခေါ်လာ

မမျှော်သာတော့တဲ့ နောက်ဘဝ

လွယ်လွယ်နဲ့ ပို့လိုက်ကြ

ချိန်းမိရတာက အပြစ်လား

ဖြစ်သွားခဲ့တဲ့ ည ၇ နာရီ

မှောင်သည်လို့ မဆိုနိုင်လည်း

ပြိုယိုင်လို့ လဲခဲ့ရ

ရက်စက်ပြတဲ့ ဒရိုင်ဘာ

ထောင် ၁၀ ခါကျလည်း အစားပြန်မရ

ဆိုးလှတဲ့ ခိုင့်ဘဝ

ပျက်ရတဲ့ ဦးနှလုံးသား

အရှုံးသမားတစ်ယောက်လို

ယောင်ဝါးဝါး ငိုင်တိုင်တိုင်

ဖြစ်ရပါပြီ ခိုင် ။

 

5

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..