အရုဏ်

1 နေမင်းထွက်ခါစ
1 နေမင်းထွက်ခါစ

“အရုဏ်”

 

နံနက်ပိုင်းလမ်းလျောက်တဲ့ရလဒ်ကတေ့ စိတ်ကြည်လင်ခြင်းပါဘဲ။

ဒါပေမယ့် ၂၀၁၃ ခုနှစ်ရန်ကုန်ကပြန်လာကတည်းက လမ်းမလျောက်ဖြစ်ပါဘူး။

သိပ်အေးလွန်းတော့ စောစောမထနိုင်။

နောက်ကျမှလျောက်ရင်လဲ အလုပ်မမှီ။

ဒါပေမယ့် အလုပ်ပိတ်ရက်ဆိုရင်တော့ကြိုးစားပြီးလျောက်ဖြစ်ပါတယ်။

မတ်ချ်လရက်များမှာတော့ လမ်းပြန်လျောက်ဖြစ်ပါတယ်။

 

အရုဏ်မှာထွက်ပေါ်လာသောနေမင်းနီနီ၊

ဝမ်းစာအရှာထွက်သောလှေငယ်။

ခိုမှီတွယ်နေသောပိုးမျှင်များ၊

အရိုင်းပြိုင်းပြိုင်းအရွက်မဲ့သောရိုးတံများ။

အင်းရေပြင်ပေါ်ရေသောက်ဆင်းနေသောနံက်ခင်းရောင်ခြည်၊

ကမ်းစပ်မှာအလေ့ကျပေါက်နေသောခြံနွယ်များ

တွဲလောင်းကျနေသောသစ်ရွက်အို

တစ်စထက်တစ်အလင်းရင့်လာသောနေမင်း၊

 

အားလုံးပေါင်းစုကြည့်လိုက်တော့ ကြည်နူးဘွယ်အရုဏ်နံနက်ခင်းလေးဖြစ်သွားခဲ့ပါတယ်။

 

 

 

ကိုပေါက်လမ်းသလားနေသည်

24-3-2013

 

 

2နံနက်ခင်းအရုဏ်တက် ဝမ်းစာအရှာထွက်တဲ့လှေငယ်
2နံနက်ခင်းအရုဏ်တက် ဝမ်းစာအရှာထွက်တဲ့လှေငယ်

 

2 နေမင်းရေသောက်ဆင်း
2a နေမင်းရေသောက်ဆင်း

 

3 မှီတွယ်ခို
3 မှီတွယ်ခို
4တူယှဉ်
4တူယှဉ်

 

5 ညိ
5 ညိ

 

6 တွဲလွဲခို
6 တွဲလွဲခို

 

ဝါစိမ်းနီ
7ဝါစိမ်းနီ
8အရိပ်အယောင်
8အရိပ်အယောင်

 

9 အလင်းရင့်
9 အလင်းရင့်

 

 

6 comments

  • KZ

    March 26, 2013 at 12:19 pm

    နေမင်းကို ဒီ လို အခြေအနေလည်းမမြင်ဖူးတာကြာပေါ့။
    ဒီနေ့ လပြည့်နေ့ ဆိုတာလည်း မေ့မေ့လျော့လျော့။

    နေမင်းကြီးနဲ့ ဝေး:::::::::::
    လမင်းကြီးနဲ့ ဝေး:::::::::::
    ကြယ်လေးတွေနဲ့လည်း ဝေး::::::::::::::::

    ဘဝ က ခါးပါတယ်ဗျာ။
    :byae:

  • ကော်ဖီသားခါးခါးသောက်ကောင်းပေမယ့် ဘဝခါးခါးကတော့ နိုးနိုးပါဘဲ။
    မခိုင်ဇာရေ ကျနော်လို့ နေရတဲ့ ဘဝက လွတ်လပ်ပါတယ်။
    ဒါပေမယ့် ကျနော်နေပုံမျိုးက တိုက်နဲ့ ကားနဲ့ ချမ်းချမ်းသာသာ နေရမယ့် လူမျိုးထဲတော့မပါဘူးဗျ။
    ငွေရှာမယ့် အချိန်မှာ ကျနော်ဝါသနာပါတာလုပ်တယ်။
    ထမင်းစားဘို့အလုပ်ကိုတော့ တာဝန်သိသိလုပ်တယ်။
    ကျန်တဲ့အားလပ်ချိန်ကတော့ အေးဆေးဘဲနေမယ်။
    ငွေမရှာဘူးဗျာ။

  • Ma Ei

    March 28, 2013 at 12:34 pm

    နံနက်ခင်းအရုဏ်တက် လှေငယ်ရှင်ဝမ်းစာ ရှာအထွက်မှာ…
    ကိုပေါက်က အနုပညာ အလှတွေကို ရှာတွေ့သွားတော့တာကိုး….

  • weiwei

    March 28, 2013 at 3:41 pm

    ွွှွှွှှအရုဏ်အချိန်တွေကို ခရီးသွားနေတဲ့အချိန်ကလွဲပြီး တစ်ခါမှ မကြုံဖြစ်ဘူး .. မနက်စောစောထကြည့်မယ် စိတ်ကူးတိုင်း အိမ်မက်ထဲမှာတင်ပဲ ပျက်သွားတာများတယ် …
    အခုလို ဓါတ်ပုံတွေကတဆင့် ခံစားသွားပါတယ် ..

Leave a Reply