လူစွန့်စားမြင့်ကျော်နှင့်ခေါင်းပြတ် နတ်ရုပ်တု (ဒုတိယပိုင်း)

ရာမညApril 24, 20131min22818

ကျွန်ုပ်တို့ရောက်သွားသောအခါတွင်ဝိုင်းအုံကြည် ့နေသောလူအုပ်ကြီးနှင် ့ မီးရထားဝန်ထမ်းတစ်ဦး

အပြင်ရဲတပ်သားတစ်ဦးအား တွေ ့ရလေသည် ။ သေသူမှာ ရင်ဝ၌ချွန်ထက်သောအရာဖြင့်ထိုးသွင်း

ခံရပြီး သေးဆုံးခဲ ့ဟန်ရှိလေသည် ။ အခြား ဒဏ်ရာဟူ၍ သိသာထင်ရှားစွာမရှိချေ ။ ကျွန်ုပ်မှာ

သေသူ၏ အလောင်းအား စိတ်ပျက်စွာ ကြည့်နေရသော်လည်း မိတ်ဆွေကြီး ကိုမြင့်ကျော်မှာကား

စိမ်ပြေနပြေ အကျအနပင် လှန်လှော၍ ကြည့်ရှုနေလေ၏ ။

ထို့နောက် ကိုမြင့်ကျော်မှာ သေသူ၏ လွယ်အိပ်ကိုသွန်ချပြီး အတွင်းမှပစ္စည်းများကိုတစ်ခုခြင်းကြည်ရှုခြင်း၊

သေသူ၏အနီးတဝိုက်ရှိ ခြေရာများအား ကြည့်ခြင်း ၊ သေသူ၏ အနီးဝန်းကျင်မှ ပစ္စည်းများအားတစ်ခုခြင်း

ကောက်ယူကြည် ့ခြင်း တို့ဖြင် ့ စိတ်ဝင်တစား လေ့လာနေပေတော့သည် ။

အခင်းဖြစ်ပွားသောနေရာမှာ

သီရိမြိုင်ဘူတာနှင် ့ သမိုင်းမြို ့သစ်ဘူတာကြားရှိ မီးရထားလမ်းဘေး အုတ်တံတိုင်းအနီးတွင် ဖြစ်လေရာ

ဗဟိုလမ်းဘက်မှ ကြည့်ပါက အုတ်တံတိုင်း ကာရံထား၍ မမြင်နိုင်ပေ ။ အလောင်းမှာလည်း အုတ်တံတိုင်း

အတွင်းဘက်ရှိ သစ်ပင်အောက်တွင် တောင်ဘက်သို့ခေါင်းထိုး၍ လဲကျနေလေသည် ။ ကျွန်ုပ်  နှင့်

ကိုမြင့်ကျော်တို့လည်း အတန်ကြာသည်အထိ ကြည့်ရှုလေ့လာပြီးသောအခါ ပြန်ခဲ့ကြလေသည် ။

လမ်းတွင် ကျွန်ုပ်က

“ ကိုင်း …ကိုမြင့်ကျော်ရေ ….ဒူက္ခတော့များပြီထင်တယ်..။ သေသူကိုလည်း သိဖို့က ဒီအိုင်ဒီ လက်ဗွေဌာန

နဲ့ လူဝင်မှုကြီးကြပ်ရေးက တဆင့်ရှာရမှာ ….. သတ်သူကိုတော့ ဘယ်လိုဆက်ရှာရမှန်းမသိနဲ့ …ကျူပ်တော့

အထုခံရတော့မယ်ထင်တယ်ဗျာ …။”  ဟု ငြီးလိုက်လေရာ ကိုမြင့်ကျော်က ခတ်ပြုံးပြုံး နှင် ့

“ ဒီအမှု လိုက်လို့ပေါ်ရင် ရာထူးလေးဘာလေး တက်နိုင်တယ်လို့များ မထင်မိဘူးလား အိုင်အိုရဲ ့ ”

“ နေပါစတော့ ကိုမြင့်ကျော်ရယ် …. ရာထူးမတက်ချင်နေပါ  မပြုတ်ရင်ဘဲ တော်လှပါပြီ … ကျုပ်တော့

ဘယ်က ဘယ်လိုစလိုက်ရမယ်မှန်း မသိတော့ပါဘူး …” ဟု စိတ်ပျက်စွာ ပြောလိုက်မိလေသည် ။

ကိုမြင့်ကျော်က တိုးညှင်းစွာတစ်ချက်ရယ်လျှက် …..

“ ဘာမှ စိတ်မပူပါနဲ့ အိုင်အိုကြီးရယ် … ကျုပ်လည်း ပျင်းနေတာနဲ့အတော်ပဲ ဆိုတော့ ကျုပ်ဘဲ အစအဆုံး

ကူညီပါ ့မယ်ဗျာ ….  အခုချိန်မှာ နဲနဲလောက်ပြောနိုင်တာက … သေသူဟာ ရန်ကုန်ကမဟုတ်ဘူး ၊ ပြီးတော့

ကျောက်သွေးတဲ့ အသိုင်းအဝိုင်းကဖြစ်မယ်ထင်တယ် … ကျုပ်စိတ်ထင် မန္တလေးကျောက်သွေးတန်းက

ဖြစ်လိမ့်မယ.် …. ”

“ဟာ …ကျေးဇူးပါပဲ ကိုမြင့်ကျော်ရယ် … ခင်ဗျားဟာက လူကိုတိုက်ရိုက်သိနေသလိုပါဘဲ ” ဟု ကျွန်ုပ်ကပြော

လိုက်ရာ …

“ အင်း …ပြောရရင်တော့ သတ်သူနဲ့ သေသူဟာ နကိုကတည်းက ရင်းနှီးသူတွေ ဖြစ်ဟန်တူတယ် ….ပြီးတော့ သူတို့ ဟာ ခန် ့မှန်း နာရီဝက် သာသာလောက် စကားထိုင်ပြောခဲ့ပုံရတယ်…. ပြီးမှ ပြန်ဖို့ လမ်းခွဲခါနီးမှာ

သေသူကို ဓားနဲ့ တစ်ချက်တည်း ထိုးပြီးသတ်သွားတာပဲ …။ ရင်းနှီးတဲ့သူ မထင်ရသူဖြစ်လို့ ဘာမှ ခုခံ

ရှောင်တိမ်းချိန်မရခဲ့ဘူးဗျ …. ”

“ ကိုမြင် ့ကျော်ရယ် ..ခင်ဗျားဟာက ထိုင်ကြည့်နေတဲ ့အတိုင်းပါလား… လုပ်ပါဦး ဘာကြောင့်ဒီလိုပြောနိုင်

တာလဲဗျ ..”

ကိုမြင့်ကျော်မှာ ဆက်မပြောသေးဘဲစီးကရက်တစ်လိပ်ကို ထုတ်၍ မီးညှိရှိုက်ဖွာပြီးနောက် ………

“ ဒီလိုဗျ အိုင်အိုကြီးရ …. သေသူမှာမှတ်ပုံတင် သက်သေခံကဒ်ပြားမပါပေမဲ့ သူ့လွယ်အိပ်ထဲမှာ ငွေနဂါး

တံဆိပ် ဆေးပေါ့လိပ်နှစ်လိပ်ရယ် ပြီးတော့ ကျောက်သွေးတဲ့နေရာမှာသုံးတဲ့ ချိတ်ကပ်ထားတဲ့ ကျောက်တံ

နှစ်ချောင်းရယ်က ဒီဒေသကမဟုတ်ဘဲ အထက်အညာကဖြစ်နိုင်တယ်လို့ ကောက်ချက်ဆွဲနိုင်တယ် ..

ငွေနဂါးမြင်းခြံဆေးပေါ့လိပ်က ရန်ကုန်မှာမှမရှိဘဲ ..မန္တလေး မှာ အထူးနှစ်သက်တဲ့ ဆေးပေါ့လိပ်ပါ ။

ပြီးတော့ သူတို့နှစ်ဦး ဟာ နာရီဝက် သာသာလောက် စကားပြောခဲ့တယ်လို့ယူဆရတာကလည်း

သူတို့ရဲ ့ ထိုင်ပြီးစကားပြောခဲ့တဲ့နေရာမှာ ငွေနဂါး ဆေးပေါ့လိပ်တစ်တိုရယ် …. စီးကရက် နှစ်တိုရယ်ကို

တွေ့ခဲ့ရတယ် …. စီးကရက်သောက်သူနဲ့ အေးအေးဆေးဆေး စကားထိုင်ပြောပုံထောက်တော့ သူတို့တွေဟာ

နကိုကတည်းက သိကျွမ်းသူတွေဖြစ်ပြီး အပေးအယူ သို့မဟုတ် ကိစ္စတစ်ခုကို ဆွေးနွေးခဲ့ပုံဘဲ ..ပြီးမှ စီးကရက်

သောက်သူက ပါလာတဲ့ဓားနဲ့ တစ်ချက်တည်း ထိုးသတ်ခဲ့တာ …. အခုထိတော့ဒီလောက်ဘဲပြောနိုင်

ပါသေးတယ် ..”

ဟု ရှည်လျားစွာရှင်းပြပြီး စီးကရက်ကို ရှိုက်ဖွာလိုက်လေတော့သည် ။ ကျွန်ုပ်လည်း

“ကဲဗျာ ….ကူညီလက်စနဲ့ အမှုပြီးအောင်သာကူညီပါ ကိုမြင့်ကျော်ရယ် … ကျုပ်တစ်ယောက်တည်းလိုက်ရရင်

ဆံဖြူသွားကျိုးတဲ့ထိအောင် ဖေါ်နိုင်မှာမဟုတ်ဘူး … ဒီတစ်ကြိမ်လည်း ခင်ဗျားကို အားကိုးပါတယ် …။”

မိတ်ဆွေကြီး ကိုမြင့်ကျော်မှာ မည်သို့မျှ ပြန်မပြောသော်လည်း ကူညီမည်ဟုကား ကျွန်ုပ် အတတ်သိနေ၏ ။

 

ကိုမြင့်ကျော်မှာ ကျွန်ုပ်အား နှုတ်ဆက်၍ လမ်းခွဲသွားလေရာ လအတော်ကြာသည်အထိ သတင်းမကြားရဘဲ

ပျောက်နေလေတော့သည်။ အခင်းဖြစ်ပွားသည့်နေ့မှ ရေတွက်သော် သုံးရက်မြောက်သောနေ့တွင် ကျွန်ုပ်ထံသို့

အီးမေးဖြင့် သေသူ၏အမည်နှင့် နေရပ်လိပ်စာကို ပေးပို့လိုက်လေရာ ကျွန်ုပ်တို့စုံစမ်းသည့်အခါတွင် မှန်ကန်

နေသည်ကို တွေ့ရလေတော့သည် ။ကိုမြင့်ကျော်ခန် ့မှန်းသွားသည့်အတိုင်းပင် မန္တလေးကျောက်သွေးတန်းမှ

ကျောက်သွေးဆရာတစ်ဦး ပင်ဖြစ်နေသည်။

 

ကျွန်ုပ်လည်း ထိုလူသတ်မှုကို တာဝန်ယူ၍ စုံစမ်းရသည်ဖြစ်ရာ အထက်လူကြီးများမှ တစ်ပတ်လျှင်နှစ်ကြိမ်မျှ

အမှုအကြောင်းကိုမေးမြန်းခြင်းခံရလေသည် ။ ကျွန်ုပ်မှာ မည်သို့မျှ အစမဖေါ်နိုင်သဖြင့် ကိုမြင့်ကျော်ကိုသာ

မျှော်လင့်ရင်း စောင့်စားမိလေတော့၏ ။ ကိုမြင့်ကျော်၏သတင်းကား မည်သို့မျှ မကြားရချေ ။ သားကောင်

နောက်ကိုလိုက်နေသော မုဆိုးပမာ တရားခံအား မရမနေ လိုက်နေသည်ဟု ခန့်မှန်းမိသည်နှင့်အမျှ အားတက်

ရလေသည်။ ကျွန်ုပ်မှာ နတ်ရုပ်များ ခိုးယူခြင်းနှင့် လူသတ်မှုကို မည်သို့မျှ ဆက်စပ်၍မရသကဲ့သို့ မည်သည့်

အကြောင်းဖြင့်သတ်သည်ဟု ပင် စဉ်းစားမရသဖြင့် အထက်လူကြီးများမေးမြန်းလျှင် အဆင်ပြေသလိုသာ

ဖြေကြားရလေသည် ။

တစ်နေ့ နံနက် တွင် ကျွန်ုပ်သည် အမှုအတွက် အစီရင်ခံစာများ ရေးသားနေခိုက် ….

တယ်လီဖုန်းသံမြည်လာသဖြင့် ကောက်ယူနားထောင်လိုက်လေရာ ကျွန်ုပ်အထူးမျှော်လင့်လျှက်ရှိသော

မိတ်ဆွေကြီးဖြစ်သူကိုမြင့်ကျော်၏အသံကိုကြားရလေတော့သည် ။

 

“ အိုင်အိုရေ …. အရေးကြီးတယ်ဗျို ့ …မန္တလေးကို လိုုက်လာခဲ့ပေတော့ ……”

“ ဗျာ …အခုချက်ခြင်းလားဗျ…..  ကားလက်မှတ်မလွယ်ဘူးထင်တယ် ..အခုချိန်က တောင်ပြုံးနတ်ပွဲ

ကျင်းပနေချိန်ဖြစ်နေတယ်ဗျ …”

“ ရတဲ့ နည်းနဲ့သာလာခဲ့ဗျာ …. အရေးကြီးနေလို့ …ဒါပဲဗျာ .. . ဟိုရောက်ရင် တိုက်ဂါးဟိုတယ်ကို လာခဲ့

ကျုပ်အခန်းယူပေးထားမယ်”

ပြောပြောဆိုဆိုဖြင့် ကိုမြင့်ကျော်မှာ ဖုန်းချသွားသောကြောင့် ကျွန်ုပ်လည်း အလျှင်အမြန်ပင် မန္တလေးကား

လက်မှတ်ကိုလှမ်း၍ စုံစမ်းလေရာ ကံကောင်းစွာဖြင့် ည (၉) နာရီထွက်မည့် မန္တလာထွန်းကားနှင့်လိုက်ခွင့်

ရလေသည်။

ဟိုတယ်သို့ရောက်လေသော် ကိုမြင့်ကျော်မှာ ကျွန်ုပ်အားအဆင်သင့်စောင့်နေသည်ကို တွေ့ရလေတော့သည။်

 

“ ကဲ  အိုင်အိုကြီး မင်္ဂလာပါ …. မနက်စာစားရင်း လက်ဘက်ရည်လေးဘာလေးသွားသောက်ကြစို့ …”

“ ဟာ …ကိုမြင့်ကျော် … ဝမ်းသာလိုက်တာဗျာ… အဆင်တော့ပြေပြီထင်တယ်…”

ဟု ကျွန်ုပ်မှာ အံဩစွာဖြင့် ပြောလိုက်ရာ

“  ဟုတ်တယ် အိုင်အို ..လုပ်စရာတွေတော့ အကုန်နီးပါး လုပ်ခဲ့ပြီ …. အိုင်အို့ အတွက်လည်း သတင်းကောင်း

ပြောနိုင်ပြီ .. ကဲဗျာ …လက်ဘက်ရည်သောက်ရင်းပြောကြတာပေါ ့ …”

“ သွားစို့ ဗျာ …ကျုပ်က ခင်ဗျားပြောမှာကို သိချင်လှပြီဗျ … ”

ကျွန်ုပ်တို့ နှစ်ယောက်လည်း မင်းသီဟ လက်ဘက်ရည်ဆိုင်သို့ ထွက်လာခဲ့လေတော့သည် ။ ကျွန်ုပ်လည်း

သိချင်လှသဖြင့်

“ ဘယ်လိုလဲဗျ …တရားခံ ဖမ်းလို့ရပြီလား …လုပ်စမ်းပါဦး ..”

“ ဖြေးဖြေးပေါ ့ အိုင်အိုရယ် … ပြောရမှာ ရှည်တယ်ဗျ …. မုန့်တီလေးစားပြီး လက်ဘက်ရည်ကျကျလေး

သောက်ပရစေဦး …ဟဲဟဲ ..”

ကျွန်ုပ်မှာ မစောင့်နိုင်လောက်အောင်ပင် ဖြစ်ရသဖြင့်

“ ဒါဆိုလည်း အဆင်ပြေမပြေ လေးတော့ သိပါရစေဗျာ .”

“ ဟား ဟား  ပြေပါတယ် အိုင်အိုရယ် ….”

လက်ဘက်ရည်ဆိုင်သို့ရောက်သောအခါ ကြိုမင့်ကျော်မှာ သုူအလွန်ကြိုက်တတ်သော မန္တလေးမုန့်တီ

နှင့် လက်ဘက်ရည် ကျကျတစ်ခွက်အားမှာယူသော်လည်း ကျွန်ုပ်မှာမူ စိတ်စောနေသဖြင့် မစားချင် မသောက်

ချင်ဖြစ်မိနေသေးသည် ။ ကိုမြင့်ကျော်လည်း နန်းကြီးသုပ်စားပြီး၍ ဆေးလိပ်နှစ်ဖွာမျှဖွာလျှက် ——-

“ ဒီလိုဗျ .. အိုင်အိုရဲ ့  —  အစကိုပြန်ကောက်ရင် အိုင်အိုတို့ဆီကို အခြောက်နတ်ကတော် တစ်ယောက်က

နတ်ရုပ်တုတွေပျောက်လို့လာတိုင်တာ မှတ်မိမှာပေါ ့ …”

“ မှတ်မိတယ် ကိုမြင့်ကျော် … ဆက်ပါဦး …”

“ ပုံမှန် ဖြစ်စဉ်မှာ နတ်ရုပ်တု အခိုးခံရတာဟာ မဆန်းပေမဲ့ —– ဆန်းနေတာက

(၁) နတ်ရုပ်တုကို ခေါင်းဖြတ်ပြီး အမှိုက်ပုံမှာစွန်ပစ်ထားတာ

(၂) ဆက်လက် စုံစမ်းတဲ့အခါမှာ နတ်ကနားပွဲတွေမှာ နတ်ရုပ်တွေဆက်တိုက်ပျောက်ဆုံးနေတာ

(၃) ပျောက်ဆုံးတဲ့ နတ်ရုပ်တွေကလည်းကိုကြီးကျော် နတ်ရုပ်တုနဲ့ မနှဲလေး နတ်ရုပ်တွေဘဲ ဖြစ်နေတာ

(၄) ပျောက်ဆုံးတိုင်း ပလာစတာ နတ်ရုပ်များမဟုတ်ဘဲ သစ်သားနဲ့ ထုလုပ်ထားတဲ့နတ်ရုပ်များသာ

ဖြစ်နေတာ …… ဆိုတော့ … ”        ကိုမြင့်ကျော်မှာ ခဏနား၍ ရေနွေးကြမ်း တစ်ခွက်အား

မော့ရင်း စီးကရက်အား တစ်ချက်မျှ ဖွာလိုက် လေသည်  ….။

“ ဒါကြောင့် ကျုပ်က နတ်ရုပ်တုတွေမှာ စွန့်စွန် ့ စားစား ခိုးယူနိုင်လောက်အောင် လျှို ့ဝှက်ချက်ရှိမယ်လို့ ယူဆ

ထားလိုက်တယ် ။  ဘာဖြစ်နိုင်သလဲ …. ဘယ်သူကခိုးယူနိုင်သလဲလို့ ဆက်ပြီးစဉ်းစားတဲ့အခါမှာ နတ်ရုပ်တု

တွေထဲမှာ တစ်ခုခု အဖိုးတန်တာ ဝှက်ထားနိုင်တယ်လို့ ကောက်ချက်ဆွဲမိပြန်တယ် . ..။ ဘယ်သူ ခိုးနိုင်သလဲ

လို့ ဆက်ပြီး တွေကြည့်တော့ ….. နတ်ရုပ်တုကို ခေါင်းဖြတ်ပြီး အမှိုက်ပုံမှာ စွန့်ပစ်ရဲသူပေါ ့ဗျာ ….

ကဲ …. အိုင်အိုရော ဘယ်လိုလူမျိုး ဖြစ်နိုင်မလဲလို့ မှန်းကြည့်ပါလား ……” ကျွန်ုပ်မှာ လက်ကာပြရင်း —-`

“ ကျုပ်ကို မနှိတ်စက် ပါနဲ့ ကိုမြင့်ကျော်ရယ် …..  မြန်မြန်သာ ပြောစမ်းပါ  ….”

“ ဟား ဟား ဟား  ပြောပါ ့မယ်ဗျာ …. နတ်ရုပ်တု ကိုခေါင်းဖြတ်ရဲသူက …….”

 

 

(ဆက်လက်ဖေါ်ပြပါမည် )

 

ကြိုးစားပါဦးမည်

ရာမည

 

 

 

 

18 comments

  • ရာမည

    April 24, 2013 at 7:44 pm

    ဒုတိယပိုင်း တင်လိုက်ပါပြီခင်ဗျ
    အားပေးကြပါဦးနော ် ။


  • နတ်ရုပ်တု ကိုခေါင်းဖြတ်ရဲသူက …

    ရိုးရိုးတွေးကြည့်ရင် နတ် မယုံတဲ့လူမျိုးပေါ့ …..
    နတ် မယုံတဲ့ လူမျိုးက ဘယ်လို လူမျိုးတွေလဲ …
    သိဝူးးး သိဝူးး ရာဂျာ ဘာမှ သိဒေါ့ဝူးးးး :mrgreen:
    ဆက်ပါဦးဗျာ …
    နို့ … ဖြေးဖြေး အေးအေးသာ ရေးပါဗျ …
    စောင့်ပြီး ဖတ်မှာပါလို့ …

  • uncle gyi

    April 24, 2013 at 10:59 pm

    ကဲ မမှန်ရင်မှားရော
    နတ်ရုပ်ခေါင်းဖြတ်ရဲတာ
    ဘုန်းကြီးလူထွက်ပါ
    မောင်ရယ်

  • Fall Guy

    April 24, 2013 at 11:14 pm

    နတ်ရုပ်တု ကိုခေါင်းဖြတ်ရဲသူက …
    သိကြားမင်း ဦးမာဃ ပေါ့ဗျာ
    သိပ်အဝေးကြီးရှာစရာမလိုဘူး ရွာထဲမှာတင်ဘဲ ဖမ်းပေတော့…..။

    • Mr. MarGa

      April 25, 2013 at 4:53 pm

      အိမ်း…………..
      နေရင်းထိုင်ရင်း သိကြားမင်းကို ဆွဲထည့်နေပါလား :hee:
      ကိုရင် ရာမညရေ
      မှုခင်းအတွက် နောက်ခံထားတဲ့ အပြင်အဆင်နဲ့ ပတ်ဝန်းကျင် ခြယ်မှုန်းပုံတွေကို သဘောကျမိပါရဲ့ဗျာ
      ကျုပ် မှန်းရမယ်ဆိုရင်တော့
      နတ်ရုပ်ကို ခေါင်းဖြတ်မှတော့ သူခိုးလား ထောင်ထွက်လား တစ်ကောင်ကောင်ပဲဗျို့
      လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပါလာတာဖြစ်မယ် :hee:

  • KZ

    April 25, 2013 at 9:59 am

    မန္တလာထွန်း ထက် အောင်နိုင်သူက ပိုကောင်းတယ်။ :mrgreen:
    မင်းသီဟထက် ရွှေပြည်မိုးက ပိုကောင်းတယ်။ :mrgreen:

    “ ကျုပ် ကို မနှိတ်စက် ပါနဲ့ ရာမညရယ် ….. မြန်မြန်သာ ပြောစမ်းပါ ….”
    :kwi:

  • Novy

    April 25, 2013 at 10:56 am

    နတ်ရုပ်တု ကိုခေါင်းဖြတ်ရဲသူက
    လွှရှိတဲ့သူပေါ့တော် :harr:
    လွှရှိမှဖြတ်လို့ရမှာလေ

  • ဗုံ ဗုံ

    April 25, 2013 at 12:53 pm

    နတ်ရုတ်ထု ခေါငိးကို ဖြတ်တဲ့သူက လက်ပါတဲ့သူဘဲ ဖြစ်လိ်မ့်မယ် မှန်ရင် ဒေါ်လာတစ်သိန်းပေးမရား.. အူးလေး ရာည .. :harr:

  • kyeemite

    April 25, 2013 at 1:26 pm

    နတ်ရုပ်တု ကိုခေါင်းဖြတ်ရဲသူက …
    ဘာသာခြားဖြစ်မယ်ဗျို့..
    ဗုဒ်ဓဘာသာဝင်ဆို နတ်မကိုးကွယ်တောင် နတ်ရုပ်တော့ မလုပ်ရဲလောက်ဘူး…

  • လူကလေး

    April 25, 2013 at 1:48 pm

    နတ်ရုပ်ထုကို ခေါင်းဖြတ်ရဲသူက .. နုရုတ်ထုပ်ကို ဂတ်ဖျောင်းရဲသူပဲပေါ့ .. အဟားဟားဟား(ကိုမြင့်ကျော် ရီသံ) :mrgreen: :mrgreen:

  • Mon Kit

    April 25, 2013 at 4:00 pm

    နတ်ရုပ် ကို ခေါင်းဖြတ်ရဲသူက လောဘဇော တက်နေတဲ့သူဘဲဖြစ်မှာပေါ့တော့…..
    :harr:

  • အရှင် သခင် ဆရာ ကိုယ်တော် mobile

    April 26, 2013 at 6:46 am

    နတ်ရုပ်ကို ခေါင်းဖြတ်သွားတဲ့လူက ကျွန်ုပ်မောင်မိုဘိုင်းတဲ့ဗျားးးးးးးးးးးးးးးးးးးးးးးးးးးး
    ယခုလို မှုခင်းဖော်တဲ့ ဝတ်ထုတွေရေးတဲ့ ကိုရာမညကို ကျုပ်တို့မုံရွာက
    အဖြစ်အပျက်ကလေးတစ်ခု ပြောပြအုံးမယ်………
    ၂၀၀၃ လောက်က အတွဲချိန်းတွေ့နေတာကို ဆိုင်ကယ်ခိုးသူအဖွဲက ယောကျာ်းလေးကို
    ဓါးနဲ့ထိုးသတ်ပြီး ဆိုင်ကယ်ယူသွားတယ် ကောင်မလေးကတော့ ထွက်ပြေလို့လွတ်သွားတယ်…
    အဲ့ဒါ ၂၀၁ဝ လောက်မှ လူသတ်ဆိုင်ကယ်ယူသွားသူများကို ဖမ်းမိတယ်……
    အဲ့ဒီသတင်းကိုကြားတော့ဗျာ အမှုလိုက်တဲ့ စုံထောက်ကို လေးစားသွားတယ်……
    ၆ နှစ် ရ နှစ်လောက်ကြာနေတဲ့ အမှုကို ဖော်နိုင်လို့……..
    နောက်မှ သတင်းကြားရတာက ဆိုင်ကယ်ခိုးသူ လုပ်ဖော်ကိုင်ဖက် အဖွဲများထဲမှ
    အဖမ်းခံရသူများက ဒီကောင်တွေ ဖော်ကောင်လုပ်လို့ ငါတို့ဖမ်းခံရတာပဲဆိုပီး…
    ၂၀၀၃ တုန်းက ဒီကောင်တွေ လုပ်တာဖော်မယ်ဆိုပြီး ဖော်ရာမှ ရဲကအလွယ်တကူပဲ
    ဖမ်းလိုက်လေသတဲ့…………………..

  • MaMa

    April 26, 2013 at 7:46 am

    အမှုဖြစ်တဲ့နေရာက နေ့တိုင်းဖြတ်သွားနေရတဲ့နေရာပဲ။
    အဲဒါကြောင့် ဟိုတနေ့က အဲဒီနေရာမှာ လူတွေ စုရုံးစုရုံး ဖြစ်နေတာကိုးးးးးးးးး
    စုံထောက်ကျော်ကြီးမှန်းသိရင် ကိုယ့်ရွာသူားအချင်းချင်း လာကူပါတယ်။ :harr:

    • ရာမည

      April 26, 2013 at 9:13 am

      စကားနောက်တရားပါ ဆိုသလို
      ယခု လပိုင်းအတွင်း ၎င်းနေရာအနီးမှာ အမှန်တကယ် လူသတ်မှုဖြစ်ပွားခဲ့ပါတယ် ။
      ဒီဝတ္ထုကို ဆက်ရေးဖို ့သင့်မသင့် ဆုံးဖြတ်ရခက်နေပါတယ် ။
      စိတ်မကောင်းစရာပါ ။
      ကျေးဇူးပါ ဒေါ်မမရေ …လာကူနိုင်ရင်ကောင်းပါတယ် :mrgreen:

      • MaMa

        April 26, 2013 at 3:08 pm

        ရွာထဲမှာ လူစွမ်းကောင်းဟန်ဆောင်နေတာ။
        မီးလောင်တယ် ကြားရင်တောင် ကြောက်ဒူးတုန်ပြီး လမ်းတောင် မလျှောက်နိုင်လို့ စစ်ကူလိုရင် ဝှီးချဲနဲ့ လာခေါ်မှရမယ်။ :kwi:

  • ရာမည

    April 26, 2013 at 9:28 am

    လာရောက် ဖတ်ရှုအားပေး ကြသော
    အန်ကယ်ကြီး
    ကိုမဟာရာဇာအံစာတုန်း
    ကိုဖေါဂိုင်း
    ဦးမာဃ
    မခိုင်ဇာ
    မနိုဗွီ
    မမွန်ကစ်
    မဗုံဗုံ
    ကိုလူကလေး
    ဦးကြီးမိုက်
    အရှင်သခင်ကိုမိုဘိုင်း
    ဒေါ်မမ
    တ ို ့ အားအထူးကျေးဇူးတင်ရှိပါတယ် ။
    အခြေအနေအကြောင်းမသင့်၍ အချိန်နှင့်တပြေးညီ မပြန်ကြားနိုင်ခဲ့သဖြင့် ခွင့်လွှတ်စေချင်ပါတယ် ။

    အမှန်တကယ် ထိုးသွင်းဒဏ်ရာများနဲ့ ၎င်းနေရာအနီးမှာ လူသတ်မှုဖြစ်ပွားခဲ့ပါသဖြင့်
    ဒီဝတ္ထုကို ဆက်လက်ရေးရန် ဆုံးဖြတ်ရခက်နေပါတယ် ။
    မရေးဖြစ်ခဲ့ရင်လည်း ခွင့်လွှတ်နားလည်ပေးစေချင်ပါတယ် ။
    တရားခံ ဖမ်းမိပြီးချိန်မှသာ ……….

  • koyinmaung

    April 26, 2013 at 5:24 pm

    တို့နားက နတ်ကတော်ကြီးကိုအသိပေးထားအုံးမှ
    ကိုကြီးကျော်နဲ့မနှဲလေးနတ်ရုပ်တွေ လုံလုံခြုံခြုံသိမ်းထားဘို့…
    ကိုရာမညရေ အမှု့ကတော့အတော်စိတ်ဝင်စားဘို့ကောင်းနေပြီ…
    တိုက်တိုက်ဆိုင်ဆိုင် ဒီနေရာမှာ လူသတ်မှု့ကလဲတကယ်ဖြစ်ထားတော့
    ပိုစိတ်ဝင်စားဘို့ကောင်နေတယ်ဗျာ..
    ဆက်ရေးပါအုံး ….

  • လူကလေး

    April 26, 2013 at 5:40 pm

    ဘာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာ !…ဘယ်လိုပြောလိုက်တယ်.. !

    ဟတ်ထိ ခွက်ထိ ဖြစ်နေမှ အဲသလို လုပ်စရာလား.. သူ့ဟာသူ ဘာဖြစ်ဖြစ်ပေါ့ ရေးရမယ့်ဟာရေးပေါ့

    “ မဆီမဆိုင်
    လင်းပိုင်ကျားကိုက်
    သင်္ဘောစက်ဘီးတိုက်” ဖြစ်နေပါ့မယ်.. ဆက်ရေးပါရို့.. ကောင်းခန်းရောက်နေမှ

    ဒါနဲ့ ဒို့က ကိုလူကလေးဟုတ်ဖူး.. အဟတ်ဟတ်.. :kwi:

Leave a Reply