အခမဲ့ဆေးခန်း (ဘုရင့်နောင်)

Ma MaMarch 29, 20131min15011

လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြီး ဘုရင့်နောင် ပွဲရုံဝင်းအတွင်းမှာ အခမဲ့ ဆေးခန်းတစ်ခု တည်ထောင်ထားပါတယ်။

ဆေးခန်းတည်နေရာ
ဆေးခန်းတည်နေရာ

အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များရဲ့ သင်းလုံးကျွတ်အစည်းအဝေးကြီးရဲ့ ဆုံးဖြတ်ချက်အရ အသင်းသူ/သားများ၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၊ ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ အခြေခံလူတန်းစားများရဲ့ ကျန်းမာရေးစောင့်ရှောက်ရန် ရည်ရွယ်ချက်နဲ့ အသင်းအမှုဆောင်များ၏ မတည်ငွေဖြင့် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။

1364044966088

ဘုရင့်နောင်ပွဲရုံဝင်းအတွင်းမှာ နေထိုင်နေကြသော၊ အလုပ်လုပ်ကိုင်နေကြသော ကားဂိတ်များမှ ဝန်ထမ်းများ၊ လုပ်သားများ၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်များ၊ ပွဲရုံနဲ့ အခြားလုပ်ငန်းများမှ ဝန်ထမ်းများ လုပ်သားများစတဲ့ အခြေခံလူတန်းစားအားလုံးရဲ့ ကျန်းမာရေးကို အခကြေးငွေမယူပဲ ကူညီစောင့်ရှောက်ပေးနေပါတယ်။

1364044947642

ကျမတို့ ရောက်သွားတဲ့အချိန်မှာ ဆေးခန်းရဲ့ပင်မအလှူရှင်လည်းဖြစ်၊

ဆေးခန်းတည်နေရာပိုင်ရှင်လည်းဖြစ်တဲ့သူက ဆေးခန်းရဲ့ လည်ပတ်နေမှု၊ လုပ်ဆောင်နေမှုတွေကို စိတ်ရှည်လက်ရှည် ရှင်းပြပေးပါတယ်။

1364044938764ယခုအချိန်မှာတော့ လူသိနည်းနေပါသေးတယ်။

ဆက်လက်ပြီး ရေရှည်ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေကြပါတယ်။

ဆေးခန်းပြသဖို့အတွက် အသင်းသူ/သားဆိုရင် အသင်းဝင်လုပ်သားကဒ်နဲ့ သက်ဆိုင်ရာ ကားဂိတ်ရဲ့ ထောက်ခံစာပါရှိရပါမယ်။

အခြားသော အခြေခံလူတန်းစားများကတော့ သက်ဆိုင်ရာပွဲရုံ၊ အဖွဲ့အစည်းထောက်ခံစာ ယူဆောင်သွားဖို့လိုပါတယ်။

အမှုအခင်းနဲ့ ပတ်သက်သော ဝေဒနာရှင်များကိုတော့ လက်ခံဆောင်ရွက်ပေးခြင်းမရှိပါ။

ကိုယ့်ပတ်ဝန်းကျင် ကိုယ့်အသိုင်းအဝိုင်းကောင်းကျိုးအတွက် စုပေါင်းစွမ်းဆောင်နေကြတာမို့ အောင်မြင်စေချင်ပါတယ်။

ရေရှည်မှာ ပွဲရုံဝင်း တစ်ခုလုံးက အားကိုးအားထားပြုရလောက်တဲ့ အခြေအနေမျိုး ဖြစ်စေချင်ပါတယ်။

အောင်မြင်ကြပါစေလို့လည်း ဆုတောင်းမိပါတယ်။

 

ဆေးခန်းဖွင့်ချိန်-တနင်္လာမှ သောကြာ

နံနက် ၁ဝးဝဝ နာရီမှ ညနေ ၄း၃၀

-စနေနေ့

နံနက် ၉း၃ဝ မှ ညနေ ၄းဝ၀

 

ဆေးခန်းတည်နေရာ- ခ/၂၃၊ ခရေလမ်း၊ ပထမထပ်၊ ဘုရင့်နောင် ပွဲရုံနယ်မြေ၊ မရမ်းကုန်းမြို့နယ်၊

ရန်ကုန်တိုင်း ဒေသကြီး။

ဆက်သွယ်ရန်- ဦးလှဦး ဖုန်း-၀၉ ၈၃၇၂၃၉

ဦးကိုကိုနိုင် ဖုန်း ဝ၉- ၇၃၂၀၂၇၇၆

11 comments

  • အရီးခင်လတ်

    March 29, 2013 at 8:52 pm

    အဲဒီမှာ အလုပ်လုပ် ရင် ကျန်းမာရေး ကို စိတ်ပူစရာ မလိုလို့ အဲဒီမှာ အလုပ်လုပ်ချင်တဲ့ သူတွေ များလာမှာ အမှန်ဘဲ။
    လူတန်းစေ့ နေနိုင်ရမဲ့ အခြေခံလိုအပ်ချက်ထဲ မှာ ကျန်းမာရေးက အဓိကပါတာမို့ အရမ်းကို ကောင်းတဲ့အစီအစဉ် ပါ။
    ဦးစီးသူ နဲ့ စေတနာရှင်များကိုလဲ သာဓုခေါ်ပါတယ်။

    အခမဲ့မို့ ရေရှည်ရပ်တည်နိုင်ဖို့ အတွက် အသင်းဝင်တိုင်းမှာလဲ တာဝန်ရှိပါတယ်။
    ကိုယ်တတ်နိုင်သ၍ ကာယအား၊ ငွေအား ဘက်စုံပေါ့။

    • MaMa

      March 29, 2013 at 9:23 pm

      ပွဲရုံဝင်းအတွင်းမှာ နေထိုင်လုပ်ကိုင်နေကြတာ အခြေခံလူတန်းစားတွေပဲ များပါတယ် မလတ်ရေ။
      ကျန်းမာရေးစရိတ်ဆိုတာကလည်း သိကြတဲ့အတိုင်းဆိုတော့….
      အခုလို အခမဲ့ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းမျိုးရှိတာကို အမှန်တကယ်ပဲ အားရမိပါတယ်။
      ပွဲရုံဝင်းအတွင်းမှာ ဖွင့်လှစ်ထားပေမယ့် သိပ်မသိကြသေးလို့ လာရောက်ကုသမှုခံယူတာ နည်းသလို လှူဒါန်းအားပေးမှုလည်း နည်းနေပါသေးတယ်။
      ကိုယ့်ပတ်ဝန်းကျင် သာယာလှပဖို့ ဝိုင်းဝန်းကူညီနိုင်ကြစေဖို့၊
      ရေရှည်မှာ အောင်မြင်ပြီး လူအများ အားကိုးအားထားပြုလာနိုင်ဖို့ မျှော်လင့်ပါတယ်။ :hee:

  • etone

    March 30, 2013 at 11:15 am

    မင်္ဂလာရှိတဲ့ သတင်းလေးပါပဲ အန်တီရေ ။
    အဲ့ဝန်းထဲက အလုပ်လုပ်နေတဲ့ လူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု တစ်ခုအနေနဲ့ အခမဲ့ ဆေးခန်း ထားပေးတာ အလွန်ကောင်းတဲ့ လုပ်ရပ်ပါ ။ ဆေးမြီးတိုတွေ ၊ ဆေးဆိုင်က ဆေးတွေနဲ့ပဲ အနာနဲ့ဆေး ထိချင်မှ ထင်မယ် စမ်းတဝါးဝါးနဲ့ …အဆင်ပြေသလို သုံးနေရတဲ့ အနေထားကနေ အခုလို အခမဲ့ ဆေးခန်းထားပေးတော့ သူတို့အတွက် အများကြီး အထောက်ကူဖြစ်ပါတယ် ။
    ဒါနဲ့ ဆေးခန်းမှာ ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ တာဝန်ခံ MOတွေက … volunteer ဆရာဝန်တွေ သူနာပြုတွေလား ။

    • padonmar

      March 30, 2013 at 8:57 pm

      ဆရာဝန်က Volunteer လေးတွေပါ။
      MSc(Physio) student တစ်ယောက်ပါပါတယ်။
      ကျောက်ပတ်တီးစည်းတာ နဲ့ အသေးစားခွဲစိတ်မုှုလေးတွေပါ လုပ်ပေးပါတယ်။
      မနိုင်တာတွေတော့ ဆေးရုံကို လွှဲရတာပေါ့။
      သူနာပြုတော့ မရှိလောက်ဘူး။
      လုပ်အားပေးတွေပဲရှိပါတယ်။
      မည်သူမဆို အခမဲ့ကုပေးမယ်လို့ သိရလို့ အနီးပတ်ဝန်းကျင်ကလူတွေ အားကိုးနိုင်ပါတယ်။

  • ဦးကြောင်ကြီး

    March 30, 2013 at 11:23 am

    ညောင်းရင်ဂေါ သမီးလေးတွေနဲ့ နှိပ်ပေးသလား…။ အတီပြောဒါနော်.. ပိုက်ပိုက်တွေ အပြင်ရောက်သွားမည့်အတူတူ ကိုယ့်အခြင်းခြင်း ပျံအားပေးရအောင်… :mrgreen:

    • ဆူး

      March 30, 2013 at 11:33 am

      ဥကြောင် ဘုရင့်နောင်မှာ လမ်းခင်းနေတယ်.. လမ်းကြိတ်စက်တွေ အဆင်သင့် အဲ့ဒီမှာ ချ ထားတယ်.. အညောင်းပြေပေါ့.. 😀

      • MaMa

        March 30, 2013 at 9:31 pm

        လမ်းကြိတ်စက်နဲ့မှ အညောင်းမပြေသေးရင်…
        ဘုရင့်နောင်မှာ တံတားအသစ်အတွက် ဘိုးပိုင်တွေရိုက်တဲ့ စက် ရှိသေးတယ်။ :kwi:

  • ဆူး

    March 30, 2013 at 11:24 am

    ကိုယ်နေထိုင်ရာ ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုပဲ အဖွဲ့လိုက် အဖွဲ့လိုက် လုပ်ပေးနိုင်ကြရင် သိပ်ကောင်းမှာပဲနော်။
    နေရာတကာတော့ အစိုးရလည်း ဘယ်တတ်နိုင်မလဲ.. နိုင်ငံက သိပ်ချမ်းသာလှတာ မဟုတ်တော့.. ဆင်းရဲမွဲတေမှု လျော့ကျဖို့ ချမ်းသာတဲ့လူတွေ အပြန်အလှန် ဖေးမမှ ဖြစ်မယ် ထင်တယ်နော်။
    အလွန်ကောင်းပါတယ်.. သာဓု သာဓု သာဓု လည်း ခေါ်ပါတယ်။

  • KZ

    March 30, 2013 at 11:35 am

    ဒီလို လုပ်ရပ်မျိုးတွေ အတွက် သာဓု ခေါ်ခဲ့ပါတယ် ချစ်မမ။

    လိုအပ်တာများ ကြားခဲ့ရင် ပြောပါဗျာ။
    ကူညီနိုင်တဲ့ အပိုင်းက ပါ ပါရစေ။

    :hee:

  • မောင် ပေ

    March 30, 2013 at 7:04 pm

    ကောင်းလေစွ ပါတကား
    ဘုရင့်နောင်က ပွဲရုံပိုင်ရှင်တွေ အမြဲတမ်းအလှူလုပ်လို ့နေရာလေးသာပ

  • သတင်းလေးတွက် ကျေးကျေးပါ တီတီရေ …
    ဒီလို ဇီဝိတဒါန မျိုးကို
    ဘုရားရှင် ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်တောင်မှ
    အားပေးတော် မူခဲ့ပါတယ် …
    အလွန် အင်မတန် မှလည်း မွန်မြတ်လှပါတယ် …
    သာဓု ခေါ်သွားပါတယ် ခင်ဗျာ ……

Leave a Reply