အောင်မြတ်လေးးးးး ဟိုနဲ့က ရုတ်ရုတ် ဒီနားက ဆူဆူညံနဲ့ ကြားရနားဝက မသက်သာပါလား ဟရို့……….။ တစ်ခုက မှလည်း စိတ်ချမ်းသာစရာမတွေ့ရ တွေ့နေမြင်နေ ကြားနေရသမျှကတော့ တော်တော်လေး စိတ်ဆင်းရဲစရာကောင်းတော့တာပဲ….။
ပြဿနာစစ် အရင်းမြေက တဲ့ …..။ မျိုးစေ့မမှန် ပင်မသန် တဲ့….။ မျိုးစေ့မှန်တော့လည်း မြေမှမကောင်းရင် ဘယ်လိုလုပ် အပင်က သန်နိုင်မှာတဲ့လဲ …..။

ဒါဟာ တိုင်းပြည်ကို အမှောင်ချခဲ့တဲ့ အကျိုးဆက်တွေပေါ့….။ တစ်ဖက်နားဖောက် တစ်တစ်ဘက်မြင် ပြီးတော့ပညာရေးမှာလည်း လိုချင်သလောက်ပဲ တတ်အောင်သင်ပေးခဲ့တာရယ် မလိုချင်တဲ့သတင်းနဲ့နည်းပညာတွေ ပိတ်ပင်ခဲ့တာရယ် အားလုံး ဆိုးကျိုးတွေ တွေ့ရတော့တာပေါ့ ….။ ပြည်သူတော်တော်များများက အရင်က ဘာလုပ်ပိုင်ခွင့်မှမရဘူး အားလုံးအပိတ်ပင်ခံထားရတယ်….။ ဆင်းရဲတယ် ကျပ်တည်းစွာနေထိုင်စားသောက်ရတယ်…။ ပွင့်လင်းလာချိန်မှာ လုပ်ပိုင်ခွင့် အတန်အသင့်ပေးလာချိန်မှာ ဘာမှမလုပ်ကိုင်နိုင်ဘူး….။ လုပ်စရာအရင်းအနှီး အတတ်ပညာမရှိဘူး အမှောင်က လွတ်မြောက်စ အလင်းရောင်းဒဏ်မခံနိုင်သေးဘူး…။ အဲဒိအချိန်မှာ ဒီတိုင်းပြည်ထဲကို ဘယ်အချိန်က ၀င်လာမှန်းမသိတဲ့ ဒီတိုင်းရင်းသားလို့ သတ်မှတ်မခံရတဲ့သူတွေ ဒီနိုင်ငံသားလို့ အသိအမှတ်မပြုနိုင်သေးတဲ့သူတွေက စီးပွားရေးတွေ လှိမ့်ပြီးလုပ်နိုင်တယ် ….။ ကမ္ပဏီ တွေ ထောင်လာတယ်…။ အမှောင်ထဲမှာနေလာရတဲ့သူတွေက အဲဒိမှာအခစားသွားလုပ်ရတယ်…။ ဈေးဆိုင်တွေ စတိုးဆိုင်တွေကြည့်လည်းဒီလိုပဲ အမှောင်လောကမှာနေသားကျလာတဲ့သူတွေက စမ်းတစ်ဝါးဝါး ဖြစ်နေချိန်မှာ နိုင်ငံသား မဟုတ်သူတွေလို့ယူဆထားတဲ့သူတွေက ကြီးစိုးနေတာ ….။ ဟိုဂဏန်း ဒီဂဏန်းတွေ ပေါ်လာတာလည်း ဒီဂယက်ကနေစတာပဲ…။ ဟိုမှာမ၀ယ်ရဘူး ဒီမှာဝယ် ဆိုတာမျိုး သူတို့ရဲ့ အတွေးက ဒီမှာ စီးပွားရေးလုပ်လို့မရရင်ပြန်သွားကြမှာပဲလို့ယူဆပြီးလုပ်ကြတာ အဲဒါအမှောင်ချထားခြင်းခံရတဲ့သူတွေရဲ့ ပညာမဲ့ အတွေးအခေါ်တစ်ချို့တစ်ဝက်ပါပဲ….။ နှစ်ငါးဆယ်ကျော် အမှောင်ချခံထားရတာဆိုတော့ မျိုးဆက်နှစ်ဆက်ကျော်လောက် ဒီအတွေး ၀င်နေတယ်….။ ဒါကိုအမြန်ဆုံးပြုပြင်ပေးဖို့လိုပါတယ်…။ ပြုပြင်ပေးရာမှာလည်း ပညာပေးသက်သက် တင်မဟုတ်ပဲနဲ့ အိမ်တွင်းမှု လုပ်ငန်းတွေထွန်းကားအောင် တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်လေးတွေပေါ်လာအောင် သင်တန်းတွေပေး ငွေကြေးအထောက်အပံ့အဖြစ် ချေးငှားပေးတာမျိုးတွေနဲ့ အင်တိုက်အားတိုက်လုပ်ပေးရမှာပါ….။ စီးပွားရေး အနေနဲ့ အားလုံးကို ယှဉ်ပြိုင်နိုင်အောင် လယ်ဗယ်ညှိပေးရမှာပါ…။ အဲဒိလိုအခြေခံ အချက်အလက်တွေညီနေအောင်လုပ်မပေးနိုင်ရင် ဒီအစွဲအလမ်းတွေက ပျောက်မှာမဟုတ်ပါဘူး…။ လူတွေ လူတွေ နေ့စဉ် တရားစာတွေရွတ် မေတ္တာတွေပို့ နဲ့ ဘာမှမဖြစ်ခင်ကတော့တော်တော်လေး ဟုတ်နေတာပဲ ….။ဟော…. ပြဿနာလည်းဖြစ်လာရော ရွတ်ထားတဲ့ဘုရားစာတွေမေ့ ပို့ထားတဲ့မေတ္တာတွေလည်း ဘယ်ရောက်ကုန်မှန်းမသိတော့…..။ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပါလေရောလား …..။ ပျောက်မှာပေါ့ ….။ နေ့တိုင်းပါးစပ် သစ်ခေါင်းလိုက်အောင်ရွတ်နေတဲ့ ပါဠိ ပါတ်သားတွေရဲ့ အဓိပ္ပါယ်ကို သေချာမသိ သိပေသော်ငြား မကျင့်ကြံ ….။ ကျန်အချိန်တွေမှာ တစ်ငါ ..ငါ နဲ့ ငါတွေကသာမင်းမူ နေလေတော့………။ တစ်ကယ်တော့ ဘုရားရှင် ဟောကြားခဲ့တဲ့ တရားတွေက လက်တွေ့လုပ်ဖို့ နှုတ်တိုက်ရွတ်ပြီး ဒါတွေငါရွတ်နိုင်တယ်ဆိုပြီး စိတ်ကြီးဝင်နေဖို့မဟုတ်ဘူး ….။ ဗုဒ္ဓဘာသာ ဆိုတဲ့သူ တော်တော်များများက ဘာသာရေးဆိုရင် ရပ်ကွက်ထဲလှည့်ပြီး အလှုခံတာလောက် မနက်ဆွမ်းလောင်းတာလောက်နဲ့ တင်းတိမ်နေတာ …။ ပိုက်ဆံရှိတဲ့ တတ်နိုင်တဲ့သူတွေကျတော့လည်း သူတို့ ကြိုက်တဲ့ ၀ါဒဖြန့် ဆရာတော်လောက်ပင့်ဖိတ် တရားပွဲလုပ် ဒါကိုဂုဏ်ယူ နေတတ်တာ …..။ ဘုရားရှင်ဟောခဲ့တဲ့ တရားတော်တွေကိုလက်တွေ့ကျင့်ကြံဖို့ အာရုံစိုက်တာမဟုတ်ဘူး အဲဒိမှာ အမှားကြီးမှားကုန်တာပဲ ပြဿနာတစ်ခုခုဖြစ်လာရင် ငါတို့ဘာသာလာမထိနဲ့ မီးပွင့်သွားမယ် ဆိုတာချည့်ပဲ ကိုယ့်ခံတပ်စည်းလုံအောင်ချမထားရင် ထိလို့ရထိမှာပဲ ဖောက်လို့ရရင်ဖောက်မှာပဲ တစ်ကယ်က လက်တွေ့က ကိုယ့်စည်းကိုယ်လုံအောင်ကာရမှာ အဲဒိမှာလည်း သူတစ်ပါးကို သွားပြီး ပုတ်ခတ်ဖို့မလိုပဲ ထိပါးစောင်းချိတ်ပြီးမဟုတ်ပဲ ကာရမှာ ဒါက ဘာသာရေးကဏ္ဍ ကျန်တာတွေနဲ့မရောထွေးမိဖို့ သတိနဲ့ ကိုင်တွယ်ရမှာ …။ ဟိုတစ်လောက တက်လာတဲ့ ဂဏန်းသုံးလုံး ကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာတော့တက်ဦးတော့မှာပဲ တွေးလိုက်မိသား မကြားပါဘူး ဖြစ်လာတာပဲ…။ မီဒီယာ လွတ်လပ်ခွင့်ရှိတဲ့အချိန်ကာလမှာ အဲဒိလို လုပ်လို့မရပါဘူး …။ ကိုယ့်ဘက်က လွတ်လပ်သလို ဟိုတစ်ဖက်ကလည်း လွတ်လပ်မှုရှိနေတာပဲ ……။ အဲဒိတော့ သူတို့ ဟောပြောနေသမျှက ဟိုတစ်ဘက်သားကို ရန်စ နေသလိုဖြစ်နေတာ မတွေးမိတာလား …..။ ကိုယ့်စည်းရိုးကိုလုံဖို့ပဲ အာရုံထားပြီး သတိမမူမိတာလား ဘာလားကတော့ ဆော်သြနေကြသူတွေမှသိမှာပဲ….။ ဟော ဖြစ်ရပြန်ပြီ ပြဿနာတက်နေတုန်းက ဘယ်နားအိပ်နေမှန်းမသိတဲ့သူတွေ ခု ပြဿနာလည်း ငြိမ်ရော ကယ်ဆယ်ရေးအတွက်အလှူခံပါတယ် ဖြစ်ရပြန်ရော……….။ ရွာသားကောင်းမှု သူကြီးအလှူနဲ့ ဘယ်တုန်းက တို့အဖွဲက ဘယ်လိုလှူခဲ့တာလုပ်ဦးမယ်….။ တစ်ကယ်စေတနာရှိရင် ကိုယ်ပိုင်တဲ့ ကိုယ့် ကိုယ်ခန္ဓာ က ချွေးနဲ့ ရလာတဲ့လုပ်အားက ကိုယ်ဥာဏနဲ့ ရလာတဲ့ လုပ်အားခ အကုန်စွန့်ပြီးလှူလိုက်ပါ့လား ….။ ရှေးဘုရင်တွေထုံး နှလုံးမူပြီး တိုင်းသူပြည်သားတွေရဲ့လုပ်အားနဲ့ ဘုရားတည်ပြီး ဘုရားဒယာကာခံယူတဲ့ ဓလေ့ ဆက်သုံးနေရင်တော့ မြန်မာပြည်ကြီး ပဒေသရာဇ် ခေတ်က ရှေ့ဆက်တက်လို့ရမှာမဟုတ်ပေဘူး …..။ ကိုယ်လုပ်နေတာ အကောင်းထင်နေကြသူများ စဉ်းစားပါ လေ့လာပါ ဆန်းစစ်ပါ….။ အမှန်ကိုသိပေမဲ့ ပြောခွင့်မသာလို့ ပြောလိုက်ရင်လည်း အကျိုးမရှိလို့ မပြောခဲ့တဲ့သူတွေ အနားမှာတင်ရှိနေတယ်ဆိုတာ သတိလေးတော့ထားသင့်ပါတယ်…။ အရာရာပြောင်းလဲနေပါပြီ….။ လွန်ခဲ့တဲ့ လေးငါးနှစ်က အတွေးမျိုး လုပ်ရပ်မျိုးနဲ့ ဘာမှလုပ်လို့မရဘူးဆိုတာ သဘောပေါက်ကြပါ….။ မိတ္ထီလာ ပြဿနာက ဘာသာရေးနဲ့ လူမှုရေး ခွဲခြားမတွေးလို့ ဖြစ်ရတာပါ….။ ပြီးတော့လူမျိုးရေး နောက်လည်းလာဦးမှာပဲ….။ ဘာလို့လည်းဆိုတော့ လုပ်ပိုင်ခွင့်တွေ လုပ်ငန်း တွေက ကွာနေတယ် ….။ အဓိကက ပညာ ကွာနေတယ်…။ အဲဒိပညာကို လယ်ဗယ် ညှိပေးနိုင်မှ….။ ငွေကြေးအရင်းအနှီးက လည်း ထုတ်ချေးပေးမဲ့ အဖွဲ့အစည်းတွေများလာပါမှ….။ အဲဒလိုလုပ်ပေးရာမှာလည်း အစိုးရနဲ့ ပါတီတွေကမလုပ်ပဲ ကြားခံ အဖွဲ့အစည်းတွေထားပြီး ကိုယ်ကျိုးစွန့်လုပ်ကိုင်ပေးဖို့လိုတယ်…။ အစိုးရနဲ့ ပါတီတွေက ဘေးကနေ ၀ိုင်းရံပေးမယ်ဆိုရင် မျိုးဆက်နှစ်ဆက်လောက်အမှောင်ထဲကျနေခဲ့တဲ့ ပညာရေး နဲ့ အတွေးအခေါ်တွေ ဘာသာရေး အယူသည်းမှုတွေ နည်းသွားနိုင်ပါတယ်…။ ဒီလိုမှမဟုတ်လို့ကတော့ ဆက်ပြီးတွေးနေဖို့ကို မကောင်းတော့ဘူး …………။

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010