ဥပတိ္တလေသ တရားမဂ်တုဆယ်ပါး

etoneJuly 23, 20101min830

ဥပတိ္တလေသ တရားမဂ်တုဆယ်ပါး

၁။ဩဘာသ တရားအားထုတ်နေရင်း ဥဒဗ္ဗယဉာဏ် ရင့်သန်လာသောအခါ အရောင် အဆင်း အလင်းတွေ ထွက်လာတတ်သည်။ဤသို့ဖြစ်သည်ကို မဂ်ရပြီဟု ထင်တတ်သည်။

၂။ဉာဏ-တရားအားထုတ်နေရင်း ရုပ်နာမ်ဓမ္မ သင်္ခါရ တို့၏ ဖြစ်ပျက်ခြင်းကို ထက်မြက်စူးရှစွာ မြင်လာသည်။ဤသို့မြင်လာသည်ကို မဂ်ဟုထင်တတ်သည်။

၃။ပီတိ- တရားအားထုတ်နေရင်း ဖြစ်ပျက်တွေ့နေစဉ် ဥဒ္ဒကာပီတိ ခဏိကာပီတိ ဩက္ကန္တိကာပီတိ ဥဗ္ဗေဂါ ပီတိဖရဏာပီတိ တို့ ဖြစ်ပေါ်လာတတ်သည်။ဤသို့ဖြစ်လာသည်

ကို မဂ်ဟုထင်တတ်သည်။

၄။ပဿဒ္ဓိ- တရားအားထုတ်နေရင်း စိတ်တည်ငြိမ်ခြင်း၊ ပေါ့ပါးခြင်း၊နူးညံ့ခြင်း၊ခန့်ခြင်း၊စင်ကြယ်ခြင်း၊ေြ ဖာင့်ခြင်းဟူသည့် ဂုဏ် ၆ ပါးနှင့် ပြည့်စုံသော ချမ်းသာမှုကို ခံစားရတတ်သည်။ဤသို့ခံစားရမှုကို မဂ်ဟုထင်တတ်သည်။

၅။သုခ- တရားအားထုတ်နေရင်း ကိုယ်ထဲရော စိတ်ထဲရော အလွန်မြတ်သော ချမ်းသာမှုကို ခံစားရတတ်သည်။ဤခံစားရမှုကို မဂ်ဟုထင်တတ်သည်။

၆။အဓိမောက္ခ-တရားအားထုတ်နေရင်း ဘုရားပေါ်မှာ ဘယ်လိုကြည်ညိုမှန်းမသိအောင် ကြည်ညိုယုံကြည် သဒ္ဓါတရားဖြစ်ပေါ်လာတတ်သည်။ဤသို့ဖြစ်ပေါ်မှုကို မဂ်ဟုထင်တတ်သည်။

၇။ပဂ္ဂဟ- တရားအားထုတ်နေရင်း ယခင်ဝိရိယနဲ့ အားထုတ်နေတာထက် လွန်ကဲပြီး ဝိရိယက မြန်မြန်ဆန်ဆန်ရှင်းပြီး ဝင်လာတတ်သည်။ဤသို့ဖြစ်ပေါ်မှုကို မဂ်ဟုထင်တတ်သည်။

၈။ဥပဌာန- တရားအားထုတ်နေရင်း သတိသည် ရှုနေသော ရုပ်-နာမ်တရားကို နှလုံးသွင်းတိုင်း ဆင်ခြင်တိုင်း
ဖျတ်ခနဲ ဖျတ်ခနဲသက်ဝင်သည်။ဤသို့သတိဝင်မှုကို မဂ်ဟုထင်တတ်သည်။

၉။ဥပေက္ခာ- တရားအားထုတ်နေရင်း ခန္ဓာဖြစ်ပျက် အပေါ်မှာ သာယာမှုလည်းမဖြစ် ဒေါသလည်းမဖြစ်ပဲ လျစ်လျူရှုနေတတ်သည်။ဤသို့ဖြစ်နေသည်ကို မဂ်ဟုထင်တတ်သည်။

၁၀။နိကန္တိ္တိ-တရားအားထုတ်နေရင်း အထက်ပါ မဂ်တု တို့၌ အာသာငင်းငင်းတွယ်တာလျက် သိမ်မွေ့ငြိမ်သက်သော တဏှာသည် မထိန်းနိုင်မသိမ်းနိုင်ကပ်ညိနေတတ်သည်။ ဤသို့ကပ်ညိသောတဏှာကိုမဂ်ဟုထင်တတ်သည်။

တရားအားထုတ်သော ပုဂ္ဂိုလ်တိုင်း အထက်ဖော်ပြပါ မဂ်တုဆယ်ပါးမှ တစ်ခုခုလာတတ်သည်။ မလာရင်လဲ မမှန်သေးဘူး၊ လာပြန်ရင်လဲ ဖယ်ရှားတတ်မှ မဂ်အစစ်ကိုရမည်။ခန္ဓာဖြစ်ပျက်ကိုသာ သတိကပ်ပြီး ကိလေသာကြားမခိုအောင် ကြိုးစားပြီးသတိထား ဝီရိယစိုက် ပညာနဲ့ဖယ်ရှားကြရမည်ဖြစ်ပေသညf


Note: If you can’t read Myanmar Font, please download Zawgyi Font at http://www.mandalayalpha.com/image/ZFK-EG-WC.EXE

With Metta,

Webmaster
Dhammaransi.net