samsung ဖုန်း ကိုင် သူ များ သတိထားရန်

Mobile HouseMarch 24, 20131min2318

လက် ရှိ Samsung Android ဖုန်း တွေ ရဲ့ error တွေ ကို ရှောင် နိုင် စေ ဖို့ http://www.mobilehouse.co.nr မှ တင် ပေးလိုက်ပါ တယ် ။

ဆက်လက် မျှဝေ ပေးကြပါ ။

 

1 . ဖုန်း မှ တိုက်ရိုက် online update  မပြု လုပ် သင့် ပါ ။ ပါဝါ မလာတော့ သည်ထိ ဖြစ် နိုင်သည် ။

 

2.  Android version 4.1.2 သို့ မတင် သင့် သေးပါ ။ 4.1.2 တွင် error များ ရှိ နေ သည် ။ ပြန်ပြင် မရ တော့ သည် ထိ ပျက် နိုင် သော error များ ရှိ သည် ။

 

3.  offical firmware ကို Mobile Service သင်တန်း မသင်ဖူး သူ များ  ကိုယ်တိုင် စမ်းမရေး သင့် ပါ ။ ကိုယ် တိုင် ရေးပါ က boot သေတက် သည် ။အချို့ ဖုန်း များ သည် Boot ပြန်ခေါ် လို့ မရ သေးသော ကြောင့်  ကိုယ် တိုင် ဆော့ဝ် မရေးသင့် ပါ ။

 

4.  Samsung ဖုန်း များ သည် ဟောင်ကောင် မှ ဝင် ရောက် နေ  သဖြင့် သေချာ စစ် ဆေး ပြီး မှ ဝယ်ယူ သင့် ။ ဖုန်း နောက် ဘက်ထရီ ဖြုတ် ရင် မော်ဒယ် ရေး ထား သော စာရွက် တွင် class B ဆို တဲ့ စာသား ပါ လျှင် စိတ် အချ ရဆုံး ဖြစ် သည်။ စက်ရုံ မှ စစ်ဆေး ပြီး ဖြစ် သည် ။ လက် ရှိ ဟောင်ကောင် မှ အဝင် များ သော ဖုန်း များ မှာ galaxy s i9000 , S koeria M110S, s2  i9100 တွေပါ ။

ထို ဖုန်း များ သည် ဈေး မှာ ပေါက် ဈေး ထက် နည်း နေ တက်သည် ။ ထို ဖုန်း များ သည် cpu speed မကောင်း ခြင်း  ဟန်း ခြင်း ၊ ဆော့ဝ် ကြောင် ခြင်း နှင့် အခြား ပြစ်ချက် များ စွာ ဖြစ် တက် ပါသည် ။

 

မှတ်ချက် – စေတနာ ဖြင့် ပြော တာ ဖြစ် ပါတယ် ။ အလကား မကုန်သင့် တာ မကုန် ရအောင် ပါ ။တကယ် လို့ ပိုက်ဆံ ပေါ လို့ ပျက် ချင်ပျက်  ကလိ ချင်တယ် ဆို ရင် လဲ သဘော ပါ ဗျာ ။

အဆင် ပြေ ပါ စေ …

Mobile House (admin ရဲရင့် အောင် )

ဝေမျှ ပါ က http://www.mobilehouse.co.nr ကို ပြန်လည် ရည်ညွန်း ပေးပါ ။

 

 

8 comments

  • johnnydeer

    March 24, 2013 at 3:52 pm

    ကျွန်တော်က အခု ဂလက်စီ တက်ပ် 2 ကိုင်နေတာ…ဖုန်းက တခါတလေ ဟမ်း…ဟမ်း သွားတတ်လို့…အရင် ဖုန်းတွေတုန်းကတော့ ဟမ်းသွားရင် ဘက်ထရီ ဆွဲဖြုတ်လိုက်…ပြီး ပြန်တပ် အိုကေပဲ…ဒီ တက်ပ် 2 ကျမှ ဘက်ထရီ ဖြုတ်မယ်ကြံတော့ ဖြုတ်စရာနေရာက ရှာမတွေ့…ဝယ်တဲ့ ဆိုင် ပြန်သွားတော့ ဘက်ထရီက အသေတဲ့….အဲ့ဒါ နောက်တခေါက် ဖုန်းက ဟမ်းသွားရင် ဘယ့်နှယ် လုပ်ရပါ့…ဘက်ထရီလစ်သွားရင်ကော ဘယ့်နှယ်လုပ်ရပါ့…အကြံလေး ပေးပါဦးဗျို့…ကျန်တာတော့ အဆင်ပြေပါတယ်…

    • Mobile House

      March 24, 2013 at 11:59 pm

      ဟန်း နေ ရင် ပါဝါနှင့် အသံချဲ့ ခလုပ် (vol + )သို့ မဟုတ် အသံ တိုး ခလုပ် (vol – ) ကို တွဲ ပြီး ၃ဝ စကန့် ခန့် ဖိ ထား ပါ ။စက်ပိတ် သွား ပါမယ် ။

  • မောင် ပေ

    March 24, 2013 at 6:49 pm

    ကျုပ် ရဲ ့အိတ်ချ် ဖုန်း 8813 အတွက်
    ဆောင်ရန် ရှောင်ရန် လေးတွေ လဲ ရေးပေးပါဦး

    • Mobile House

      March 25, 2013 at 12:02 am

      ဆောင်ရန် ရှောင် ရန် ရယ် တော့ မဟုတ် ပါ ဘူး မလို တဲ့ app & game တွေ သိပ် မသွင်း ပါ နဲ့ ။ မသိ တာ တွေ မတက် တာ တွေ မက လိ ပါ နဲ့ ။ ဟဲဟဲ ပိုက်ပိုက် ပေါ ရင် တော့ သဘော ပေါ့ ဗျာ ။

      • မောင် ပေ

        March 25, 2013 at 12:02 pm

        8813 က ဂျယ်လီဘင်း ဖြစ်တာရယ်
        စခရင် ပိုကြီးတာရယ်
        စီဒီအမ်အေ တစ်ကဒ်ထိုး ဖြစ်တာရယ်ကြောင့် သုံးနေတာဗျ
        အခု စူပါယူဆာ က ကြောင်နေတယ်
        ဒါပေသည့် မြန်မာဖောင့် ဘာညာတော့ ရတယ်
        အေးပေါ့ဗျာ
        တရုတ်ဖုန်း ဈေးပေါတာ ဆိုတော့လဲ
        ဆမ်ဆောင်းတို ့အက်ပဲ တို ့လောက်တော့ ဘယ်သုံးကောင်းမလဲ

  • အလင်းဆက်

    March 24, 2013 at 7:36 pm

    ကောင်းပါတယ် ။
    ဒါမျိုးလေးတွေ
    ကိုယ် မသိတာလေးတွေ သိရတော့..
    အကျိုးရှိပါတယ်
    ဝေမျှတင်ပြပေးလို့ကျေးဇူးပါဗျ ။

  • ကျုပ်တော့ မကိုင်နိုင်သေးဘူး …
    ကိုင်နေတဲ့ ဘော်ဘော်တွေကို ပြောလိုက်ပါ့မယ် ..
    စကားမစပ် .. ဆိုနီ စူပီးရီးယား ဆိုလား ဘာလား မသိဘူး …
    အဲ့ဒီဖုန်းတွေ ဝင်လာတဲ့ထဲ အန်ဒရိုက် မစစ်တာတွေ ပါနေတယ် ထင်တယ် ..
    ဟုတ်လားတော့ မသိ …
    ဖုန်းအကြောင်း ကြုံတုံးလေး ပွားကျိဒါဘာ …

    • Mobile House

      March 25, 2013 at 12:06 am

      မဟုတ် ပါ ဘူး ။ Android မှာ အတု အစစ် ရယ် တော့ မရှိ ပါ ဘူး ။ android နဲ့ ပုံစံ တူ အောင် လုပ် ထား တဲ့ Java ဖုန်း တွေ တော့ ဝင် ပါတယ် ။သို့ သော် သိသာ ပါတယ် ။အဲ့လို ဖုန်းတွေက ဈေး က လဲ ၄၀၀၀ဝ အောက် တွေ ပဲ ရှိတာပါ ။ နာမည် ရှိ Brand နဲ့ ပုံစံအောင် ထုတ်ကြ တာ တော့ ရှိပါတယ် အများ ပြော တဲ့ clone ပေါ့ ။ဒါပေမဲ့ သိ သာ လှ ပါတယ် ။ဆိုင် တွေ ကတော့ clone ကို အစစ် လို့ လိမ် မရောင်း ပါဘူး အချင်းချင်း ဝယ် မယ် ဆိုရင် တာ သိတဲ့ သူ နဲ့ ပြ ပြီး မှ ဝယ် ပါ ။

Leave a Reply