ဖြစ်ပုံ

မောင် ပေMarch 24, 20131min1689

ဘယ်သူတွေ ဘာဖြစ်ဖြစ် ကိုယ်မနာတတ်ဘူးလို ့ မထင်ခဲ့ဘူးတဲ့ ကဗျာရေးသူ ။

ညောင်ဦးကမ်းပါးပြိုတာနဲ ့စမ္မနဂိုက နွားမပေါင်ကျိုးသလို……. ။

လက်သည်းဆိတ်တော့ လက်ထိပ်ပါနာတဲ့ ကဗျာရေးသူ ။

ကျောက်စိမ်းမှော်ထဲမှာ ပေါက်တူးတစ်လက်နဲ ့စွန် ့စားချင်သော ကဗျာရေးသူ ။

ကြေးနီရှာထားတဲ့ တွင်းနက်ကြီးထဲကို ဆင်းပြီး ဓါတ်ပုံရိုက်ချင်သော ကဗျာရေးသူ ။

မိတ်ထီလာမှာ ထမင်းထုပ်သွားဝေချင်သော ကဗျာရေးသူ ။

ဝန်ထမ်းတွေလခတွေ တိုးတော့မယ်ဆိုတော့ ပျော်မိတဲ့ ကဗျာရေးသူ ။

ကုန်စည် သယ်ယူပို ့ဆောင်ခတွေ အရင်ဈေးတက်ကုန်လို ့စိတ်ပျက်တဲ့ ကဗျာရေးသူ ။

ကုန်စည်တွေလဲ ဈေးရောတက်တာကို စိတ်ပျက်တဲ့ ကဗျာရေးသူ ။

စားသုံးသူတွေ ဈေးကြီးပေးဝယ်ရတော့မှာကို စိတ်ပျက်နေတဲ့ ကဗျာရေးသူ ။

လမ်းပေါ်မှာသွားလာလှုပ်ရှားနေတဲ့လူတွေလို အရိပ်အေးအေးလေးမှာနေချင်တဲ့ ကဗျာရေးသူ ။

သူနဲ ့အတူ လူတိုင်းကို သိန်းတစ်ထောင့်ငါးရားကျပ်ဆုကြီးပေါက်စေချင်တဲ့ ကဗျာရေးသူ ။

သိန်းထောင့်ငါးရာပေါက်လဲ ၊ မြို ့ထဲမှာ အိမ်ခြံဝယ်မရတော့တာကို စိတ်ပျက်တဲ့ ကဗျာရေးသူ ။

ကားဈေးကျပေမယ့် ၊ ထည့်မောင်းရတဲ့ ဆီအရည်အချင်းညံ့လာတာကို စိတ်ပျက်တဲ့ ကဗျာရေးသူ ။

ဘက်စ်ကား ချောင်ချောင်လေးစီးရင်းနဲ ့စိတ်ကူးယဉ်ချင်နေတဲ့ ကဗျာရေးသူ ။

ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်ကိုးကွယ်သော ကဗျာရေးသူ ။

ဦးစလို ့ခေါ်တဲ့ ယူအက်စ်အေ မှာနဲ ့ ဥရောပက ထိပ်သီးနိုင်ငံကြီးတွေမှာ မြန်မာနိုင်ငံထက် အများကြီး ပိုနေလို ့ကောင်းမယ်မှန်းသိပေမယ့် ၊ လုံးဝပြောင်းမနေချင်သော ကဗျာရေးသူ ။

အချိန်တန် အချစ်တစ်ခု ၊ ဘီယာတစ်ခွက် နဲ ့ ကဗျာတွေ ဆက်ရေးနေမယ့် ကဗျာရေးသူ ။

(ပြောရရင်တော့ အများကြီး ကျန်ပါလိမ့်ဦးမယ်)
အဲဒါ…….
အဲဒါ…….
ကျုပ်ပါပဲ ခင်ဗျ

*********************

******* အားလုံးကို ကျေးဇူးတင်ပါသည် *******

9 comments

  • ဟက်လူ ပေဂျီးးး

    ခညားနဲ့ တူတာ ဟိုနေရာတော့ ရှိတယ် …
    ……………..
    …………………..

    “…. ဦးစလို ့ခေါ်တဲ့ ယူအက်စ်အေ မှာနဲ ့ ဥရောပက ထိပ်သီးနိုင်ငံကြီးတွေမှာ မြန်မာနိုင်ငံထက် အများကြီး ပိုနေလို ့ကောင်းမယ်မှန်းသိပေမယ့် ၊ လုံးဝပြောင်းမနေချင်သော ကဗျာရေးသူ ။ …..”

    ဒီနေရာကို ပြောတာပါ …. ဟဲဟဲဟဲ ….

    • နေဝန်းနီ

      March 26, 2013 at 10:24 am

      အံဇာရယ် သူက သင်္ကြန်မှာ ဘီယာနဲ့ သင်္ကြန်ကျချင်နေတာလေ….. ဒါကြောင့် အူးစ ကို မသွားတာနေမှာပေါ့

  • Fall Guy

    March 25, 2013 at 12:03 am

    အချိန်တန် အချစ်တစ်ခု ၊ ဘီယာတစ်ခွက် နဲ ့ ဘောပွဲကြည့်ရင်း ကဗျာတွေ ဆက်ရေးနေမယ့်
    ကဗျာရေးသူ
    တစ်ခု တစ်ခွက် နဲ့ရပါမလား ကဗျာရေးသူ

  • kyeemite

    March 25, 2013 at 9:27 am

    လေးစားပါတယ် ကဗျာရေးသူရေ.. :hee:

  • KZ

    March 25, 2013 at 10:06 am

    တစ်ချက်ချင်း လိုက် နောက် ဦးမလို့ပါပဲ။
    ဟီး၊။ :mrgreen:
    ခံစားချက် အပြည့်နဲ့ ရေးထားတယ်ထင်လို့ နောက်တော့ဘူးနော်။
    လာဖတ်သွားကြောင်း ရှားရှားပါးပါး လာမန့်တာ။
    နို့မို့ ကျုပ်ဆီ ကို ကပေ က မလာတော့ဘူးကိုး။

    :harr: :harr:

  • Mr. MarGa

    March 25, 2013 at 7:19 pm

    ဪ………
    ဒါ မောင်ပေ ဆိုတာကိုး
    သိအောင် တတ်အောင် ဖတ်မှတ်လို့ သွားသဗျို့

  • mobile

    March 25, 2013 at 8:44 pm

    ကပေ ဂဒါမျိုး ဂဗျာရေးတဲ့နေရာမှာလည်း မညံ့ပါကလား။
    မှတ်သားကူးယူထားလိုက်ပါသဗျာ။
    ++++++++++++++++++
    သူနဲ ့အတူ လူတိုင်းကို သိန်းတစ်ထောင့်ငါးရားကျပ်ဆုကြီးပေါက်စေချင်တဲ့ ကဗျာရေးသူ ။
    အဲ့ဒါတော့ မဖြစ်နိုင်ပါဘူး။
    သူနဲ့အတူ လူတိုင်းကို ဘောလုံးပွဲး ရ ပွဲမောင်း ပေါက်စေချင်တဲ့လူ ဖြစ်ချင်တယ်ဆိုရင်တော့။
    ဒိုင်လုပ်တဲ့အခါ ဘာစီနဲ့ ဘယ်အသင်းတွေ့တွေ့ ဟိုဖက်ကနေ ၂ လုံးရှုံးပေး။
    အဲ့ဒီနည်းအတိုင်း ထိပ်တန်းအသင်း ရ သင်းလောက်ကို ဈေးဖွင့်ပေးလိုက်………..
    အဲ့ဒါဆိုရင် လူတိုင်း ရ ပွဲမောင်း ပေါက်တဲ့အစီအစဉ် အထမြောက်ဖို့ ၉၀% ပါ။

  • မောင် ပေ

    March 25, 2013 at 9:17 pm

    အားပေးဖတ်ရှုသွားသူများနဲ ့
    ကွန်မင့်များ မစတော်မူသော မိတ်ဆွေများအားလုံး
    ကျေးဇူးတင်ပါတယ်ခင်ဗျာ

  • အလင်း ဆက်

    July 15, 2013 at 5:53 pm

    အချစ်တစ်ခု
    ဘီယာတစ်ခွက်နဲ့
    ကဗျာ စစပ် ချင်တယ်

    ဦး ပေ ပေးတဲ့ နည်းးး
    ရပြီကွ
    😆

Leave a Reply