ဘာမှားနေလဲ What wrong?

မိတ္ထီလာ အရေးအခင်းနဲ့ဆိုင်လို့ မြင်တာလေး တခုပြောချင်တယ်၊ မပြည့်စုံတဲ့ ရှုဒေါင့်ကနေပါ။ ကုလား – ဗမာ အဓိကရုဏ်းတွေသည် အစဉ်အဆက် လှုံ့ဆော်ဖန်တီးရ လွယ်လွန်းနေလို့…။ ပြသနာက ဘာသာရေးဆိုတော့ အဖြေသိပေမဲ့ ရှင်းဖို့မလွယ်။ နည်းလမ်းတခုက တိုင်းပြည် ကြီးပွားတိုးတက်ရင် ဗရုတ်ဗရက် အဖြစ်နည်းတယ်။  ပြောလေ့ရှိတာ လူအများစု သည်းခံဖို့၊ ဘာသာတရား အဆုံးအမ လိုက်နာဖို့၊ အနည်းစုကို အနိုင်မကျင့်ဖို့…။ လူမျိုးရေး နဲ့ ဘာသာရေး နှစ်ခုယှဉ်လိုက်ရင် ဘာသာရေး ပဋိပက္ခသည်  ပိုပြင်းထန်တယ်။ သဂျီးဦးခိုင်ဆီကနေ ရှားရှားပါးပါး (ဘုရားစူး) တန်ဖိုးရှိတဲ့ စကားလုံး မှတ်သားဖူးတာ “မြတ်စွာဘုရားက သာဝကတပည့်များကို ဂိုဏ်းဂဏ ထူထောင်ခွင့် မပြုခဲ့ဆိုတာပဲ”

ဒါကြောင့်ထင်ပါရဲ့ ဗုဒ္ဓဘာသာ သာသနာမှာ တစုတစည်းထဲ ဂိုဏ်းချုပ်ဆိုတာ မတွေ့ရဘူး။ သူ့ဒေသအလိုက် အဆင်ပြေသလို သာသနာပိုင်၊ သံဃရာဇာ ဥက္ကဌတွေနဲ့ စီမံကွပ်ကဲကြတယ်၊ ဒါလည်း လွတ်သလားဆိုတော့ အပြည့်အဝ မလွတ်ပါဘူး၊ သမုတိသံဃာ သိန်းချီနေမှတော့ အသင်းအဖွဲ့ စည်းဘောင်ကလနားနဲ့ လုပ်ရတာ မဆန်းဘူး။ အဲဒီကနေ လွန်ကဲလာတဲ့အခါ ဗုဒ္ဓဘုရား ပညတ်ထားတဲ့ တဦးခြင်း စောင့်ထိန်းမှု အစဉ်အလာ မှေးမှိန်ပြီး အုပ်စည်းအလိုက် နေထိုင်ပြုမူတဲ့အကျင့် ထွန်းကားလာတယ်။ ဂိုဏ်းဂဏ အသင်းအဖွဲ့ ယဉ်ကျေးမှု ဝါးမျိုသွားတယ်။ ဘာသာခြား မပြောနဲ့…. ကိုယ့်ဗုဒ္ဓဘာသာ အတွင်းမှာကို သူအဖြူ ငါအနီ ကွဲပြားသွားတယ်။ အယူဝါဒ ဝိနည်းစည်းကမ်းတွေထားအုံး.. အပေါ်ယံ ဝတ်ရုံကိစ္စလေးမှာကို အဝါ၊ အညို ကွဲသလို အတင်ဂိုဏ်း အရုံဂိုဏ်း စသဖြင့် ရှုပ်ရှက်ခပ်ကုန်တယ်။ ပိဋကတ်စာကို ကိုယ်ညဏ်မှီရာ အဓိပါယ်ဖွင့်တယ်၊ ဘာကြောင့်လဲ..

ရှင်းပါတယ်၊ နဂိုမူလ သုညတကနေ ဝေးရာကို ပညတ်တွေနဲ့ သွားနေကြလို့ပါ။ အခြားဘာသာတွေကတော့ အတ္တအယူ လက်ခံလို့ထားတော့၊ အနတ္တသမား ဗုဒ္ဓဘာသာဝင်တွေက အသိခေါက်ခက် အဝင်နက် ဖြစ်တယ်။ အရိယာတွေလို မဂ်ဖိုလ်ပေါက် အသိဖြစ်ရမယ် မဆိုပါဘူး၊ ကိုယ့်ကိုယ်ကို လက်ခံပုံ၊ သူတပါးအပေါ် ရှုမြင်ပုံ အခြေခံ ရိုးစင်းဖြောင့်မှန်မှုကို ပြောတာပါ။ ဒီကြားထဲ ကြီးပွားချမ်းသာဖို့ အခွင့်အလမ်း မဲ့လေတော့ ဒေါသပွား၊ မနာလို မစာ္ဆရိယစိတ်ဖြစ်တယ်။ ချမ်းသာသူက လောဘသမား သူတို့မှာ အခွင့်အလမ်းတွေ ရှိနေလေတော့ ဖျက်ဆီးဖို့အစား ဂုတ်သွေးစုပ်ဖို့ ကြံစည်တယ်။ အနောက် ကမာ္ဘမပြောနဲ့ မလေးရှားတို့ ထိုင်းတို့မှာတောင် တရားမဝင် အလုပ်လုပ်တဲ့ နိုင်ငံခြားသား အကြောင်းပြပြီး အဓိကရုဏ်း မဖန်တီးဘူး။ ကိုယ့်အတွက် အကျိုးမရှိ သိနေတယ်လေ။ အဲ..စီးပွားရေး ကျနေရင်တော့ ဒင်းတို့လည်း သောင်းကျန်းတာပါပဲ။

ဒါပေမဲ့ နိုင်ငံခြားသား အပြတ်နှိပ်ကွပ်ထားတယ်။ လူနည်းစုဆိုလည်း အသံမထွက်နိုင်ဘူး။ ဥပမာ – စင်ကာပူ၊ ထိုင်း၊ မလေး။ တရား မတရားထက် နိုင်ငံလုံခြုံရေး ရှုဒေါင့်မှ ချုပ်ကိုင်တဲ့သဘောပါ။ အနောက်ကမာ္ဘကြတော့ ဘာသာရေးအရ စုစည်းမှုရှိတယ်၊ နောက်ပြီး ဘုရားသက်သက် ပုံမအောဘူး၊ သိပ္ပံခေတ်ပညာ အားပေးတယ်၊ ဘာသာမဲ့အယူ လက်ခံတယ်။ ဘာသာရေးနဲ့ နိုင်ငံရေး ခွဲထားတယ်။ မတူညီမှုတွေ အားခြေမျှအောင်လုပ်ပီး တည်ငြိမ်မှုယူတယ်။ ဒါလည်း အစွန်းရောက်ဝါဒ ခြိမ်းခြောက်လာတဲ့အခါ လယျ်ာစွန်း အမျိုးသားရေးဝါဒီများ ဥရောပမှာ ခေါင်းထောင်လာတယ်။

မြန်မာပြည်က မွတ်စလင်များ နားလည်ရမှာ လက်ခုပ် နှစ်ဖက်တီးမှမြည်တယ်။ ကိုယ့်ဖက်က ဘာမှားနေသလဲ၊ ဘာသာရေး မတူလို့ဆို ကိုယ့်တဘာသာထဲ ထိမလွဲပစ်မှတ် ဘာလို့အမြဲ ဖြစ်နေရလဲ.. စဉ်းစားပါ။ လူနည်းစုက နေတတ်ရတယ်။ သူတို့လည်း ကိုယ့်ဒေသရောက်ရင် ပုံစံ အနည်းနဲ့အများ ပြောင်းတာပဲ။ လူတိုင်းကိုယ့်အိမ်မှာ ကြက်ဖလုပ်ချင်သူပေါ့။ ဖြစ်ခဲ့တဲ့ အရေးအခင်းတွေမှာ နှစ်ဖက်သေကြေ ဆုံးရှုံးမှု ကြည့်ခြင်းဖြင့် မွတ်စလင်များ တုံ့ပြန်နိုင်စွမ်းရှိတာ ထင်ရှားတယ်။ အဲဒီပုံစံသည် ဟိုးကိုလိုနီခေတ် ကထဲက…။ ထောက်ပြချင်တာ လူနည်းစု၊ လူများစု ဆက်ဆံရေး.. မလေး၊ ထိုင်းတို့မှာ အဲလိုအချိုး သွားချိုးလို့ မရရေးချ မရ။ အစဉ်အလာ ဖြစ်လာတော့ သူလုပ်ရင် ငါပြန်ဆော်မယ် ဖြစ်ကုန်တယ်။ သာမန်အချိန် အခွင့်ရရင် ပါးပါးလှီးပစ်တယ်။ ရေရှည်အကျိုးစီးပွား ပျက်ကုန်တယ်။

ဗုဒ္ဓဘုရားသည် သစ္စာ၊မေတ္တာဓာတ်နဲ့ သတ္တဝါတွေ အကျိုးစီးပွား ဆောင်ကျဉ်းခဲ့တယ်။ ခွင့်လွှတ်သနားခြင်းဖြင့် ယေရှုခရစ်တော် အနိုင်ယူသွားတယ်။ မဟတ္တမဂန္ဓီရဲ့ အကြမ်းမဖက်လမ်းစဉ်နဲ့ အိန္ဒိယ လွတ်လပ်ရေးရတယ်။ မြန်မာပြည်မှာလည်း အနုနည်းနဲ့ ဒေါ်စု ကြိုးပမ်းနေတာပဲ။ သူတို့လို မလုပ်တောင် အဲဒီအခြေခံသဘောတရား လက်ကိုင်ပြုရမယ်။ ခရီးကြာမယ်၊ ပင်ပန်းမယ် သို့သော် ရေရှည်အသီးအပွင့် သေချာတယ်။ မွတ်စလင်များ  အနေနဲ့ အဲသလို အိုင်ဒီယာ တော်လှန်ရေးတခု စဉ်းစားသင့်တယ်။ သူလုပ်ကိုယ်လုပ် ဒါနဲ့ အမှန်အမှားပျောက်၊ တရားမတရား သံသရာလည်တယ်။ တွေးကြည့်ရင် သူအရင်လာရိုက်လို့ ကိုယ်ပြန်ထိုး ဆိုပေမဲ့ ဖြစ်ရပ်နှစ်ခု ရောထွေးသွားပြီ။ ဖြစ်တိုင်းငြိမ်ခံ နေရမလားဆို (၁) လာစအောင် ကိုယ့်အပြုအမူ ဘာလွဲ နေသလဲ သုံးသပ် (၂) ယုံကြည်မှု ဘယ်လိုတည်ဆောက်မလဲ စဉ်းစား (၃) မိမိက လျှော့သင့်တာလျှော့..။

နှစ်ဖက်စွန်း တဖက်ယွန်း
နှစ်ဖက်စွန်း တဖက်ယွန်း

အနောက်နိုင်ငံတွေမှာ ဘာသာတရား အစဉ်အလာ သိပ်ဇောင်းမပေးဘူး၊ ခေတ်ပညာ စာသင်ကျောင်းတွေရဲ့ ဩဇာသိပ်ကြီးတယ်။ အခြေကျလာသူ မျိုးဆက်သစ်တွေဆို သိပ်သိသာတယ်။ မွတ်စလင် ဝက်သားစားတယ်၊ အရက်သောက်တယ်၊ ဂျူးလည်း သူ့ကိုယ်သူ မော်ဒန်ဂျူးဆိုပြီး နှိပ်တာပဲ။ ခရစ်ယာန်လည်း ဘုရားကျောင်း တက်ချင်မှတက်တယ်။ ဗုဒ္ဓဘာသာလည်း ချပ်ကျောင်းသွားချင်သွားပေါ့။ (မြို့ပြဂျီးတွေမှာ ဖြစ်တာပြောပါတယ်) ရလဒ်က အယူအစွဲ ပါးသွားတယ်။ ဟုတ်တယ်နော်.. နို့မို့ရင် ဘုရားဘုရား တနေပြီး ငါတကော ကောနေတော့ သူတို့ထက် ပိုထူးတယ် ဆိုနိုင်မှာလား။ ကုသိုလ်ရတယ် ဆိုချင်ဆိုဗျာ၊ ဒါက နောင်ဘဝ မမြင်ရတဲ့အချိန်ဖြစ်မှာ၊ လက်ရှိ ပစ္စုပ္ပန်မှာ ဘာသာတရားကြောင့် မီးလောင်နေရပြီ။ အမှန်မှာ လူတွေ ကိုယ့်ကိုယ်ကို လိမ်နေကြလို့ပါ၊ နတ်ဒေဝါ ဖန်ဆင်းရှင် ယုံသူတွေက တခုခုဖြစ်၊ မဖြစ်ဖို့ ကိုယ်ယုံကြည်ရာ တောင်းဆိုပသတယ်၊ ဖြစ်လာတော့ ချီးမွှမ်းကြ၊ ဖြစ်လာတော့ သူများအပြစ်မြင် ခုတ်ကြထစ်ကြ။ ယုံတယ်ထားအုံး မိမိက တကယ် ဘုရားအဆုံးအမ လိုက်နာလို့လား၊ စိတ်စင်ကြယ်လို့လား…။ လိုရာဆွဲ ယူနေတာများပါတယ်။ သုညတအနေနဲ့ ပြောရင်တော့ တခုခုအရှိ ယူမှတ်တော့ ဖြစ်လာတဲ့အခါ ဒါကြောင့်၊ မဖြစ်တဲ့အခါကြတော့ သံသယပွား၊ နောက်တခုရှာ ဒါနဲ့ တခုပြီးတခု အသစ်တွေပေါ်လာ၊ ဖြစ်လိုက်ပျက်လိုက် ဘဝသံသရာ…။

22 comments

  • weiwei

    March 25, 2013 at 9:35 am

    မှားနေတာတွေကတော့ အများကြီးပါပဲ …
    ဘာသာရေးကို အကြောင်းပြပေမယ့် တကယ်တမ်းကျတော့ ဘာသာရေးကိုမလိုက်နာလို့သာ အခုလို အဖြစ်အပျက်တွေဖြစ်ကြတာ … ဘာသာတရား အဆုံးအမအတိုင်းသာ လိုက်နာမယ်ဆိုရင် အားလုံး ငြိမ်းချမ်းနေမှာပေါ့ …

    • Nu Than

      March 26, 2013 at 3:14 pm

      အခုပြဿနာကဘယ်ခွေးမသား ကစရှာတယ်ဆိုတာလူတိုင်းသိတယ်၊ခွေးသူတောင်းစားထောင်ထွက်
      ဝီရသူတို ဘုန်းကြီးတွေ နယ်လှည့်ပြီးမွတ်ဆလင်မုန်းတီးရေးတရားတွေဟောနေတာ၊စာဝေနေတာ
      ကို လူတိုင်းသိတယ် ၊ဝိနည်းနဲ့မညီဘဲ လုပ်ချင်ရာရှောက်လုပ်နေတဲ့ထောက်လှမ်းရေပြုတ်ဘဲ၊
      ဒါကိုအာဏာပိုင်က ထိထိရောက်ရောက်အရေမယူဘဲပြဿနာဖြစ်အောင်လွတ်ထားတာလူတိုင်းသိပါတယ်၊
      မင်တို့ကောဗုဒ္ဓဘာသာဘုန်းကြီးတွေကောကုလားအဝတ်အစားတွေကို မြန်မာပုံပြောင်းဝတ်လို့လားခွေးမသားတွေရေ
      ချီးစားပြီးတော့နည်းနည်းစဉ်းစားပြီးပြောကြပါအုံး၊
      ဖြစ်ခဲ့တဲ့အရေးအခင်းမှာဗုဒ္ဓဘာသာကြမ်းဖက်သမားတွေကြောင့်သေကြေကြတာတွေဘဲရှိတယ်၊
      မင်းတို့ လူနည်းစု့ကိုဖိနှိပ်နေ၊တစ်နေ ကိုယ်မှာဗုံးချည်ပြီးအသေခံကြတဲ့အခါမှလွန်တယ်မပြောနဲ့၊
      သူတို့အိမ်တွေဆိုင်တွေကို ဝင်လု၊ဝင်ဖျက်၊တစ်နေဝတ်လည်လိမ့်မယ်၊အမှန်တရားဆိုတာတစ်နေပေါ်
      လာလိမ်မယ်၊မင်ူးတို့ဘုန်းကြီးတွေက မိတ္ထီလာမှာနိုင်ငံခြားသတင်းထောက်တွေက ဘုန်းကြီးတွေ
      ဗလီတွေဖျက်နေတာဓါတ်ပုံရိုက်လို့ ၊ကင်မရာလုပြီးသိမ်းထားတာလူတိုင်းသိတယ်၊
      ဗုဒ္ဓဘုရားသည် သစ္စာ၊မေတ္တာဓာတ်နဲ့ သတ္တဝါတွေ အကျိုးစီးပွား ဆောင်ကျဉ်းခဲ့တယ်။ ခွင့်လွှတ်သနားခြင်းဖြင့် ယေရှုခရစ်တော် အနိုင်ယူသွားတယ်။
      အေးပြောလိုက်မယ်၊ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဘုန်းကြီး တော်တော်များများက ဘုရားဟောနဲ့မညီဘူး၊
      မေတ္တာဆိုတာဝေလာဝေးသူများမကောင်းမြင်နေကြတာ၊ကိုယ်လုပ်ချင်တာလုပ်နေကြတာ၊တိုက်ဆောက်၊
      ငွေအလှူခံကားစီးနေကြတာ၊ လူသတိနေကြတာ၊ဗလီကျောင်းကန်ဖျက်ဆီင်္းနြေကြတာ ကမ္ဘာသိဖြစ်ကုန်ပြီ
      ဗုဒ္ဓဘာသာကိုအကြမ်းဖက်သမားဘာသာလို့တောင်ထင်နေကြပြီ

      • တညင်သား

        March 27, 2013 at 11:09 pm

        ဒီကွန်မန်းက ၂၄ နာရီ ကျော်ပြီ …………
        အခုပြဿနာကဘယ်ခွေးမသား ကစရှာတယ်ဆိုတာလူတိုင်းသိတယ်၊………….သိရင် ပြောပါ…..
        လူ လို ဆွေးနွေးခြင်းကို ကြိုဆိုပါတယ်….

  • KZ

    March 25, 2013 at 9:40 am

    မှားပါတယ်။
    ငါ့ ဘက်က မှားတာပါ။
    မှားပြန်တယ်။
    မှန်တယ် ထင်တာတွေ ဒီ အချိန် မှာ အကုန်မှားတော့။
    မှားသွားပြီ။ လုံးဝ စိတ်ကုန်မိ။
    ငါ မှားတာရှိရင် တောင်းပန်ပါတယ်။
    မှားတဲ့ ဘက်မှာ ငါတစ်ယောက်တည်း။
    ကျွန်တော်မှားမိ အပြစ်ရှိ။
    မှားပြီ။
    :kwi:
    ခွိခွိ။
    ဘာမှားနေလည်း ဆိုလို့ မှားနေတဲ့ သီချင်းစာသားတွေ တန်းစီရွတ်လိုက်တာ။
    အောလမို့ အဲဘရင်းသင်း အစ် ရောင်း နေပြီ။ :mrgreen:

  • KZ

    March 25, 2013 at 9:59 am

    အောင်ကြူး။
    ကျနော် သူများဘာသာတော့မပြောလိုပါဘူး။။

    ဗုဒ္ဓဘုရားကျင့်ကြံခဲ့တဲ့ထဲမှာ ပါရမီ ဆယ်ပါးဆိုတာပါတာပဲဟာ။

    ၁။ ဒါနပါရမီ
    ၂။ သီလပါရမီ
    ၃။ နိက္ခမပါရမီ
    ၄။ ပညာပါရမီ
    ၅။ ဝီရိယပါရမီ
    ၆။ ခနီ ္တပါရမီ
    ၇။ သစ္စာပါရမီ
    ၈။ အဓိဌာနပါရမီ
    ၉။ မေတာပါရမီ
    ၁၀။ ဥပေက္ခာပါရမီ

    သည်းခံခြင်း၊ မေတ္တာထားခြင်း၊ ဥပေက္ခာတရားလေးနဲ့ နေနိုင်ခြင်း
    (အဲဒီ ဥပေက္ခာအကြောင်းလည်း သိပ်မပြောရဲဘူး။ အရမ်းငြင်းရလွန်လို့။)
    အဲဒါလေး ၃ ခုကို ပဲ နည်းနည်း သတိထားပြီး လိုက်နာနိုင်ကြရင်ကို ကိုယ့်ချင်းချင်းထဲကိုပဲ ပြသနာ ကင်းလေမလား။ 🙄

    (၁) လာစအောင် ကိုယ့်အပြုအမူ ဘာလွဲ နေသလဲ သုံးသပ်
    (၂) ယုံကြည်မှု ဘယ်လိုတည်ဆောက်မလဲ စဉ်းစား
    (၃) မိမိက လျှော့သင့်တာလျှော့..။

    အဲဒါလေး ကြိုက်တယ်ဗျ။ ကျနော်တို့ လူနေထိုင်မှုပုံစံမှာလည်း အဲဒါလိုအပ်နေတယ်။
    ထစ်ကနဲ့ဆို သတ်မယ်ဆိုတာချည်းပဲ ကြားနေရတယ်ရယ်။
    အဲဒါမျိုးက ကိုယ်တွေမှာလည်း စဉ်းစားဖို့လိုပြီထင်ပါရဲ့။ နို့မို့ ကဘာမှာ ဗုဒ္ဓဘာသာကို ကောင်းစွာမလေ့လာဖူးသူတွေအများစုကြားမှာ နာမည်ညှိုးမှာဆိုးရသေးတယ်။ 🙁

    ကျနော်လည်း စာပြန်ဖတ်ဖို့လိုနေပြီ။
    :buu:

  • kyeemite

    March 25, 2013 at 10:27 am

    “ကိုယ့်ဖက်က ဘာမှားနေသလဲ၊ ဘာသာရေး မတူလို့ဆို ကိုယ့်တဘာသာထဲ ထိမလွဲပစ်မှတ် ဘာလို့အမြဲ ဖြစ်နေရလဲ.. စဉ်းစားပါ။ လူနည်းစုက နေတတ်ရတယ်”

    အမှန်ပဲ ကိုကြောင်ရေ… ကျုပ်မိတ်ဆွေကျောင်းနေဖက် မွတ်စလင် တစ်ယောက်ကို ကျုပ်တိုက်တွန်းဖူးတယ်..မုတ်ဆိတ်မွှေး၊ ပသိုင်းမွှေး မထားဖို့ နဲ့ ကိုယ်တစ်ယောက်ထဲ
    အများကြားမှာ သိသာထင်ရှာလွန်းအောင်မနေပဲ သမရိုးကျ သာမန်လူတွေနဲ့ ရောနှောနေဖို့…
    အဝတ်အစားကအစ သာမန်လူတွေလိုဝတ်ဖို့…မရဘူးဗျို့…လူသောက်မြင်ကပ်လောက်အောင်
    တသီးတခြားနေတယ်…(ဒါကတော့ ကိုကြောင်ပြောတဲ့ “ နေတတ်ရတယ်” ဆိုတာလေးထဲက
    တစ်ခုပါ..ကျန်တာတွေမပြောချင်တော့ဘူး..)
    ပုံပြင်လေးတစ်ခုပါ…
    လူသတ်မှု့ ထင်ရှားပြီးဖြစ်တဲ့ တရားခံကို တရားသူကြီးကမေးတယ်
    “မောင်မင်း သူ့ကိုသတ်ခဲ့သလား”
    “ဟုတ်ကဲ့ သတ်မိပါတယ်”
    “ဘာကြောင့်သတ်တာလဲ”
    “သူ့ဆီကငွေတွေယူချင်လို့ပါ”
    “သူ့ထမင်းချိုင့် ကျတော့ ဘာလို့ထားခဲ့တာလဲ”
    “ဝက်သားဟင်းတွေနဲ့မို့လို့ပါ”… :kwi:

  • မောင် ပေ

    March 25, 2013 at 11:32 am

    ကိုကြောင်ရေ
    ခင်ဗျား ပို ့စ်မှာ မန် ့တာမို ့ခင်ဗျားကို ပြောသလိုလို ဖြစ်နေရင် ခွင့်လွှတ်ပါ
    ဒီလို ရှိပါတယ်
    အဓိကရုဏ်း ဖြစ်အောင် ဘယ်သူဖန်တီးတယ်ဆိုတာ အတိအကျ ပြောဖို ့မလွယ်ပေမယ့်
    မြန်မာနိုင်ငံထဲမှာ ရှိတဲ့ လူအားလုံးရဲ ့ ၉ဝ ရာခိုင်နှုန်းလောက်ကတော့
    ဘာသာရေး အဓိကရုဏ်း ကို ဘယ်သူမှ လွယ်လွယ် မဖြစ်ချင်ကြပါ
    မတတ်သာတဲ့နောက်ဆုံးမှသာ ကိုယ့်စီးပွား ကိုယ့်အိုးအိမ်ကာကွယ်ဖို ့ရန် ၊ အသင့်ပြင်ကြရပါတယ်
    မြန်မာနိုင်ငံမှာနေပြီး မျက်ကန်းမျိုးချစ်စိတ် လို ့အော်နေတဲ့ လူတွေ အားလုံး ၊ အခုရေးပြတဲ့ နေရာမှာ လာပြီး စုံစမ်းကြည့်ပါ ။ အွန်လိုင်းမှာ တက်ပြီး မျက်နှာမပြရဲပဲ လေနဲ ့အော်တာ ဘယ်သူတွေလဲ ဆိုတာ ၊ ကိုယ့်နာမည် ကိုယ့်ပရိုဖိုင် (ဖေ့ဘုတ်) လေးနဲ ့အရင်တိုက်ကြည့်ပြီးမှ ၊ ရွှေပြည်အေး တရားဟောကြပေါ့ ။
    ( ဆိုက်ကားဂိတ်မှာ ဆိုက်ကားသမားတွေနဲ ့သွားထိုင်ပြီး ရှေ ့ဖြတ်သွားတဲ့ မုန် ့သည် ကို လာဦး လို ့အော်ခေါ်ပြီးမှ ၊ ဘယ်သူမှ မအော်သလို ဖြစ်နေမယ် ထင်ပါရဲ ့အဟက် )
    မန်းတလေး ၈၃လမ်း ၂၂လမ်း မြောက်နားမှာ မြန်မာ ဗုဒ္ဓဘာသာ ရောင်းတဲ့ လဖက်သုပ် နဲ ့အသုပ်စုံဆိုင်လေးရှိပါတယ် ။ ဝက်သားမရောင်း ၊ ဆီသန် ့ပေါ့ ။
    ဈေးလဲနည်း ၊ လက်ရာလဲကောင်းတော့ ၊ မွတ်စလင်တွေ တော်တော်များများ လာဝယ်ကြပါတယ်
    အဲဒီမှာ ဘာဆက်ဖြစ်သလဲ ဆိုတော့
    ၂၃လမ်းမှာ မွတ်ဆလင် အသုပ်ဆိုင် တစ်ဆိုင် ချက်ချင်း ဖွင့်လာပါတယ်
    ရှင်းပါတယ် ။
    မြန်မာဗုဒ္ဓဘာသာဆိုင်မှာ မွတ်စလင်တွေ လာမဝယ်ကြတော့ပါဘူး
    မြန်မာဆိုင် မဝယ်ရဘူးပေါ့

  • nicolus agral

    March 25, 2013 at 1:04 pm

    မီးတုတ် မီးတုတ် ရှို့ ရှို့
    ကုန်သွားလဲ အေးတာပဲ
    တဘက်ဘက် ကပြ ုတ်တဲ့အထိသတ်ကွာ
    မစို့မပို့နဲ့တော့ genocide တော့အပြောမခံနဲ့

  • တိမ်မည်း

    March 25, 2013 at 1:56 pm

    မွတ်စလင်ကို ပြည်သူတွေ လက်မခံနိုင်တဲ့ အကြောင်းတရားကရှင်းပါတယ်…
    ဘာသာရေးအစွန်းရောက်တွေများလွန်းလို ့ပါ…..
    ဘာသာချင်းမတည့်တာကိုပဲ စက်ဝိုင်းပုံလေးတွေနဲ ့မြှားလေးတွေနဲ ့ဆွဲကြည့်ပါ…
    ရှိရှိသမျှ ဘာသာအားလုံးနဲ ့ လူ ့ဂွစာက မွတ်စလင်….
    ဂဇက်မှာ ဘာသာရေးအကြောင်း မပြောရဖူးလို ့ ကန် ့သတ်ထားလို ့ ကျွန်တော်ဒီလောက်ပဲ ပြောတော့မယ်…..
    ချဉ်တာ တခုပဲရှိတယ်….
    မွတ်စလင်တွေဆီက ပိုက်ဆံယူပြီး ကိုယ့်လူမျိုး အချင်းချင်းကို နှိမ်တဲ့သူတွေပါပဲ….
    အခု ကိစ္စ တွေဖြစ်လာတာကလည်း အဲ့လိုလူတွေကြောင့် ပြည်သူတွေ ဒေါပွပြီး ဖြစ်တယ်လို ့ယူဆတယ်….
    သွေးထိုးတယ်ပဲ ပြောပြော မြှောက်ပေးတယ်ပဲ ပြောပြော မီးဆိုတာ ဆီမရှိရင် မလောင်ဖူး….
    ဒီဆီတွေများလာအောင်လုပ်တာ…. အချင်းချင်း ဂုတ်သွေးစုတ်တဲ့သူတွေကြောင့် ဖြစ်တာ….
    အရင် ဖြစ်တဲ့ ကိစ္စ မေ့လိုက်ပါပီပဲထားပါတော့…..
    နောက်များမဖြစ်အောင် အစိုးရက ကြပ်မက်ပေးမယ်ဆိုရင် မီးဟာ အလယ်မှာပဲ ငြိမ်းသွားမှာပါ…..
    မဟုတ်ရင်တော့ တနိုင်ငံလုံး မီးဟုမ်းဟုမ်းတောက်ပီး…. စစ်အစိုးရခေတ်ပြန်ရောက်မှာ မလွဲပါဖူး…..

    အခုတော့….
    တော်သေးဘီ….

    ခင်လျက်
    တိမ်မည်း…. (ခေတ္တ လူ ့ပြည်)

  • kai

    March 25, 2013 at 3:45 pm

    ကျုပ်မွတ်ဆလင်တွေရဲ့ကိုးကွယ်ရာဘာသာ အစ္စလမ်ထဲ..စိတ်အဆင်မပြေဆုံးက.. ငါးပါးသီလထဲက.. တပိုင်းချ..အဲ.. ဖြစ်တဲ့.. အရက်မသောက်ရကို.. ပြင်းပြင်းထန်ထန်.. လိုက်နာတာပဲ..
    သူဖာသူ.. အရည်က..ကြာတော့ အချဉ်ပေါက်.. အမူးဓါတ်ထွက်လာတာကို..နော်.. ဗျာ..

    ဆိုတော့..
    ကမ္ဘာမှာ.. အစ္စလမ်ဘာသာကိုးကွယ်သူ.. မွတ်ဆလင်သန်း၂၀၀ဝ ကျော်သတဲ့ဗျ…
    အဟမ်း..
    သူတို့သာအရက်သောက်ရင်.. ကျုပ်.. ကိုဘေးနွားကင်နဲ့မြည်းဖို့.. အရက်တောင်ကျန်မယ်မထင်..

    ( စော်ကားလိုစိတ်မရှိ.. သာမန် Joke ဖြစ်ပါကြောင်း.. ခွင့်လွှတ်စေလို.. ) :kwi:

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 25, 2013 at 4:10 pm

    ပြောလို့ပြောတာတော့ဟုတ်ဘူး ပြောဒါ
    ဘာသာရေးသမိုင်းကြီးနဲ့ကိုင်ပေါက်ရင် ခရူးဆိတ် :mrgreen: စစ်ပွဲတွေဖြစ်ကြတာ
    ဘယ်ဘာသာလဲဆွဲစိလို့ရဒယ်
    သိပ္ပံပညာနဲ့ဘဲချိန်ချိန် လူ့သဘောတရားနဲ့ဘဲချိန်ချိန် ငပိချိန်ခွင်နဲ့ဘဲချိန်ချိန်
    ကိုယ်နဲ့မတူသူကို နိမ့်ကျတယ်သတ်မှတ် သတ်ဖြတ်လို့ အဆုံမေပေးတဲ့ကောင်ကတော့
    ဘယ်လိုအကြောင်းနဲ့မှ ဘုရားမမည်နိုင်ဘူး
    သတ်ဟဲ့ဖြတ်ဟဲ့လို့ ဘယ်ဘုရားက ဆုံးမထားသလဲမသိ
    ပြောတော့ ဘာသာရေးတဲ့ အကြင်နာတရားတွေကလည်း မဲ့လိုက်ကြတာ
    တစ်ခါတစ်လေတွေးကြည့်ဘူးတယ် အယူသီးတဲ့ကောင်ဟာ တိရိစ္ဆာန်ထက်ဆိုးတယ်လို့
    လွန်ခဲ့ဒဲ့ နှစ်ပေါင်းအတော်ကြာကြာညောင်းတုန်းကဆို လူနှစ်ယောက်နဲ့ဆုံဘူးတယ်
    ခုထိလည်းသူတို့နဲ့ဘဲ
    သူတို့နှစ်ယောက်က ဘောဇိ ကျုပ်ဂ သူဒို့ရဲ့ဒဘဲ့
    တစ်ယောက်က အစ္စလာမ် တစ်ယောက်က ခရစ်ယန် နေတဲ့တိုက်က မြေညီထပ်ပါဆို လေးထပ်တိုက်
    အောက်ထပ်မှာက လုပ်ငန်းပစ္စည်းကိရိယာတန်ဆာပလာတွေထားတယ်
    ဒုတိယအထပ်မှာက ရုံးခန်း ( သူတို့ရုံးခန်း )
    တတိယအထပ်မှာက ခရစ်ယန်လူနေတယ် ဂရိက
    စတုတ္ထအထပ်မှာက အစ္စလာမ်လူနေတယ် ကဒါဖီတို့ရွာက
    အောက်ဆုံးအထပ်အရှုပ်ပလုပ်တွေကြားမှာ အပေါ်က နှစ်လူရဲ့ဒဘဲ့
    ကျုပ်နေတယ် ဘီလူးကျွန်းက
    ကျုပ်အထင် ကျုပ်လောက် အလုပ်ပိတ်ရက်များတဲ့သူ ခပ်ရှားရှားထင်တယ်
    အပေါ်က နှစ်လူရဲ့ ဘာသာရေးရက်တွေဆို ကျုပ်က အချောင်အလုပ်ပိတ်ရက်ရတယ်
    မုန့်ဘိုးတွေဘာတွေတောင်အဆစ်ရလိုက်သေးတယ်
    ကျုပ်ရဲ့ ဘာသာရေးရက်ကတော့ အော်တိုမက်တစ်ပေါ့
    တိုက်နဲ့တာနဲ့နေဘူးတဲ့လူဆိုသိမှာပေါ့ ( ကျုပ်ကတော့ သူများတိုက်မှာကပ်နေဘူးလို့သိတာ )
    လွယ်လွယ်ပြောရရင် ကိုယ့်နေရာလေးကနေ ကြော်လှော်ချက်ပြုပ်စားတာပေါ့
    ဒီနေရာမှာ အထူးပြောခြင်တာက အစ္စလာမ်လူပေါ့
    ကျုပ်အလိုက်ကန်းဆိုးမရှိသလောက် သူ့ရဲ့စိတ်ထားမြင့်မြတ်ပုံလေး
    ဒါက ပိုစ့်မှာပါတဲ့
    ( အနောက်နိုင်ငံတွေမှာ ဘာသာတရား အစဉ်အလာ သိပ်ဇောင်းမပေးဘူး၊ ခေတ်ပညာ စာသင်ကျောင်းတွေရဲ့ ဩဇာသိပ်ကြီးတယ်။ အခြေကျလာသူ မျိုးဆက်သစ်တွေဆို သိပ်သိသာတယ်။ )
    ဆိုတဲ့ အကြောင်းကို ဖတ်မိတော့ ပေါ်လာလို့
    သူတို့ဘာသာ ဘယ်ကဘဲလာလာ ခေတ်ပညာတတ်တွေရဲ့ စိတ်ထားလေး။
    ဆိုခဲ့သလိုပေါ့
    ကျုပ်အောက်ကနေ ချက်လိုက်တဲ့ ဝက်သားဟင်းတို့ ငါးငပိနံ့တို့ဆိုတာကလည်း
    ဇဗ္ဗူတစ်ခွင်တော့ဘယ်လိုနေလဲမပြောတတ်
    အပေါ်က နှစ်လူတော့ ကောင်းကောင်းခံစားရတာပေါ့
    သုံးနှစ်လောက်ကြာတယ် ( အလိုက်ကန်းဆိုးမသိဘဲနေလာတာ )
    တစ်နေ့
    အစ္စလာမ်လူရဲ့ အခန်းထဲကို ပစ္စည်းတစ်ခု ကူသယ်ပေးရင်းနဲ့ သူ့အခန်းထဲရောက်သွားတယ်
    သပ်ရပ်သန့်ရှင်းလိုက်တာမပြေပါနဲ့တော့
    ဖြစ်ပုံက အောက်မှာ ဝက်ရိုးကို မရမ်းပြားရယ် ငရုပ်သီးစိမ်းရယ် စပါးလင်ရယ်နဲ့ အပီပြုပ်ထားတယ်
    အဲ့သည်အခိုက်လေးမှာ ကျုပ်က ခုံကိုတိုက်မိပြီး ဘူးလေးတစ်ခုပြုပ်ကျသွားတော့
    အဲ့သည်အစ္စလာမ်လူအာမေဋိတ်အသံလေးထွက်လာတယ်
    အလာမ်း ( စာလုံးပေါင်းခွင့်လွှတ်ပါနော ) ဆိုပြီးတော့
    ကျုပ်တို့တွေလည်း ဖြစ်တတ်ကြတာဘဲ
    ဘုရားရေ တို့ မြတ်စွာဘုရားတို့ လိုမျိုးပေါ့
    အဲ့သည်အချိန်မှာ ကျုပ် တစ်ခုခုကိုတွေးမိသွားတယ် ဘာလည်းတော့မသိဘူး
    ဒါနဲ့ဘဲ တံခါးဖွင့်ပြီးထွက်လိုက်တော့ ဟင်းနံ့လေးမွှေးမွှေးလေးပါ့ ခပ်သင်းသင်းလေး
    ခုဏက ကျုပ်တွေးမိတာ အဲ့ဒါဘဲဗျ
    အောက်ရောက်တော့ ဟင်းအိုးမီးတွေပိတ်ပြီး ထမင်းစားရင်းနဲ့ နောက်ဆိုဘယ်တော့မှ
    ဝက်သားဟင်းမချက်စားတော့ဘို့ဆုံးဖြတ်လိုက်တယ်
    ဖြစ်တတ်ပုံများ
    နောက်နှစ်လလောက်ကြာသော် သူတို့နှစ်ယောက်လုံး တစ်ယောက်တစ်နေရာစီ
    ကွန်ဒိုမီယံလား ဘာခေါ်သလဲ ရိုးရိုးတိုက်ခန်းတွေလိုမဟုတ်ဘူး
    လုံးခြင်းအိမ်တော့မဟုတ်ဘူး အခန်းတွေအများကြီးပါတဲ့ တိုက်ခန်းမှာ သွားနေကြတယ်
    ကျုပ်ကတော့ သူတို့ပြစ်ခဲ့တဲ့ ကရိယာတန်စာပလာလေးတွေနဲ့ ကောင်းစားနေတာပေါ့ဗျာ
    အထူးပြောခြင်တာက
    ကျုပ်အောက်ထပ်ကနေ ချက်ပြုပ်စားနေတဲ့ အနံ့တွေကို ဘာသာရေးလိုက်စားတဲ့
    အစ္စလာမ်တစ်ယောက်ဟာ သီးခံနေတတ်ခဲ့တာဟာ
    ( အနောက်နိုင်ငံတွေမှာ ဘာသာတရား အစဉ်အလာ သိပ်ဇောင်းမပေးဘူး၊ ခေတ်ပညာ စာသင်ကျောင်းတွေရဲ့ ဩဇာသိပ်ကြီးတယ်။ အခြေကျလာသူ မျိုးဆက်သစ်တွေဆို သိပ်သိသာတယ်။ )
    ဆိုတဲ့သဘောကို ဆောင်သလားမပြောတတ်
    ရှိပါသေးတယ် အခြားသဘောထားကြီးသူတွေ
    အချို့ကြတော့လည်း အတော်ဖင်ဂေါင်းကျယ်တယ်

    • ဦးကြောင်ကြီး

      March 26, 2013 at 8:42 am

      ကျုပ်ကတော့ အဲလိုထင်ဗူး.. ကပုရဲ့ လုပ်အားက ဝက်သားအနံ့ထက် ပိုတန်နေလို့ လဲမပစ်တာနေမှာ..။ ဂုဏ်ယူလိုက် ဂုဏ်ယူလိုက်… သထေးဆိုတဲ့အကောင်က လူလည်.. ခင်ဗျားကို ဖြုတ်ချင်ရင် နံတယ်ဖြစ်လာလိမ့်မယ်။ အဲလို မဖြစ်အောင် သထေးသမီးကို ဖန်ပါ။

  • အဂျစ်

    March 25, 2013 at 5:49 pm

    သိတာလေးပါ… သူတို့မှာက ရွေးစရာမရှိရင် လုပ်လို့ရတယ်.. ex: ဝက်သားပေါ့… ဒါစားမှဖြစ်မယ်ဆိုစားလို့ရတယ်ဆိုပဲ… ၂ ခုရှိရင် ကောင်းတာကိုရွေးပါ ၃ ခုရှိရင်ပိုကောင်းတာရွေးပါတဲ့…။
    (ကိုဂျော်နီလိုပေါ ့ ကျနော့်Boss က မလေး လေ) ဒီမှာတော့ ခေတ်ပညာက ဘာသာရေးကျောင်းမှာလဲ သင်ကိုသင်ရတယ် ၊ ဆိုတော့…ကြားနေရသလိုမျိုးတွေတော့(မရှိ) မတွေ့ဘူးသေးဘူး… ပညာရေးနဲ့လဲဆိုင်မှာပေါ့…(အထင်)

    • ဦးကြောင်ကြီး

      March 26, 2013 at 8:52 am

      မြန်မာပြည်မှာ ကျုပ်တွေ့ဖူးတဲ့ မလေးဘောစိကတော့ အမေရိကားပျံဆိုတော့ အရက်လည်း သောက်တယ်၊ ဝက်သားလည်း ကြုံရင်ကစ်သတဲ့။ သူ့မိန်းမ မလေးမကတော့ ဘာသာရေးကိုင်းရှိုင်းသဗျ။ ဘယ်လောက် ကိုင်းရှိုင်းသလဲဆို မြန်မာဝန်ထမ်းတွေ ရုံးထဲမှာ နေ့လည်းစာပေး မစားဘူး၊ ဝက်သားပါမှာဆိုးလို့…။
      ကျုပ်အသိ မြနမာမွတ်စ်အထီးတွေ ဝက်သားဆို အဆိပ်လို ရှောင်သဗျ၊ အဲ… အရက်၊ ဘီယာကတော့ လာထားများတယ်။ သူတို့ ကျမ်းစာမှာ မဖြစ်မနေ စားဖို့လိုရင် ဝက်သားစားခွင့်ပေးတယ်။ အရက်ကိုတော့ လက်မှာ တစက်ထိရင် အဲဒီလက် ဖြတ်ရမယ် ရေးထားတယ်လို့ သိတာပဲ။ ဒါပေမဲ့ ဝက်သားအစား အခြားအသား စားစရာ ရှိတယ်.. အယ်ကိုဟောသေရည်အစား အခြားသောက်စရာ မရှိလေတော့ အသားတခုထဲနဲ့ ကျေနပ်ပါဘုရား ဖြစ်ကုန်တာပါပဲ။ :kwi:

      • အဂျစ်

        March 26, 2013 at 9:50 am

        အရက်သောက်တာတွေရှိတာပေါ့… ဒီ မလေးမှာတော့ မြန်မာဆိုင်ပစ္စည်းရောင်းတဲ့ ဆိုင်တွေအားလုံး အရက် ဘီယာရောင်းပေမဲ့ မွတ်ဆိုင်တွေကတော့ မရောင်းဘူးဗျ.. (မလေးမှမို့လားတော့မသိဘူး) ။ အဖေ ဆေးရုံတက်တုန်းက ငွေလိုက်ဆွဲတာ သူငယ်ချင်းတွေဆီက အတိုးလေးနဲ့ပေါ့..မလောက်လို့ Boss ဆီကဆွဲတာ အတိုးဘယ်လောက်ပေးရမလဲပေါ့…. မလေး တသောင်းလောက်ကို အဆင်ပြေမှပေးဆိုပြီးပေးလိုက်တယ်…နောက် ပြောသေးတယ် အတိုးစားတာ လူတယောက်ကိုသတ်သလိုအပြစ်ကြီးတယ်ဆိုပဲ… အတိုးမစားရဘူးဆိုပဲ (စာတဲ့လူတွေလဲရှိမှာပါ) ဘာပဲဖြစ်ဖြစ် အရေးတကြီးလိုနေချိန်ရလိုက်တာနဲ့တင်ကျေးဇူးတင်နေရတယ်…

        • ဦးကြောင်ကြီး

          March 26, 2013 at 10:05 am

          မှံအိ မှံအိ။ မွတ်စလင် ဘဏ်တွေမှာ အတိုးမရှိဘူး၊ အဲဒီအစား ဝန်ဆောင်ခဆိုပီး ယူတယ်… ဝိနည်းလွတ်ပေါ့ဗျာ။ ပတ်သနာက ဘဏ်တိုးလို ခဏခဏ အပြောင်းအလဲ လုပ်ဖို့မလွယ်တာ။ သူ့နည်းသူ့ဟန်နဲ့တော့ လုပ်ကိုင်စားသောက်ကြမှာပါပဲ၊ ဒီခေတ်မှာ ဘယ်သူမှ ကိုယ့်ငွေအပွန်းခံမည် မထင်ဗောင်။ မွတ်စလင် ကမာ္ဘမှာ တနင်္ဂနွေနေ့ ရုံးဖွင့်၊ တနင်္လာ စနေပိတ်တယ်။ သောကြာနေ့ဆို နေ့လည်နှစ်နာရီလောက် ရုံးဆင်းတယ်။ အစိုးရ၊ အန်ဂျီအိုတွေမှာ ပြောပါတယ်၊ ကုမ္မဏီတွေတော့ သိဝူး။ မလေးရှား၊ တူရကီလို ခေတ်မှီနိုင်ငံမျိုးတော့ မပြောတတ်။ အရှေ့လယ်ပိုင်းနဲ့ အာဖရိက မွတ်စလင်တိုင်းပြည်တွေမှာ အဲဒီအတိုင်းများသည်။

  • စုန်း ဘု ရင်

    March 25, 2013 at 8:36 pm

    ကျုပ်ကတော့
    သိပ်မသိဘူး
    ဉာဏ်မကောင်းတာလည်း ဖြစ်မှာပေါ့လေ …
    ထင်တာက
    ဘာသာတစ်ခုထဲပဲ ကျန်ရင်တောင်
    တစ်ယောက်နဲ့ တစ်ယောက် ချနေကြဦးမှာပဲ
    လူချင်းတူပေမယ့် အသက်ရှူတာ ကွဲနေတာကိုးးးးးးးး

  • San Hla Gyi

    March 25, 2013 at 9:08 pm

    သုညတာတော့ မသိဘူး။ အခု ကျုပ်ကြားတာတော့ အဲဒီ မိတ္ထီလာမှာ ဖြစ်သွားတဲ့ ကိစ္စနဲ့ မင်္ဂလာတောင်ညွှန့်မှာ အခု သွေးထိုးလှုံ့ဆော်နေတာတွေက နောက်ကွယ်က ကြိုးကိုင်သူ ရှိတယ် ပြောတယ်။ မပြောကောင်း မဆိုကောင်း သဂျီးများ ဖြစ်နေသလား ဆိုပြီးတောင် တွေးမိသေးတယ်။

    • kai

      March 26, 2013 at 4:28 am

      ကိုယ့်အမျိုးတွ.. သေအောင်..သတ်အောင်လုပ်ပါ့မလားကွယ်..
      ကျုပ်က.. ကုလားရော.. တရုတ်ရော.. အမျိုးချည်းမှတ်တာ..
      ဘိုတွေနဲ့..ကပ်ပလီတွေတောင်အစစ်ပါသေး…။

      “လူသားမျိုးဟေ့.. ဒို့ဘားမန်င်း.. ” :kwi:

  • အရီးခင်လတ်

    March 25, 2013 at 9:31 pm

    ဒီအချိန်မှာ တိုင်းပြည်ကို တိုးတက် အေးချမ်းစေလိုတဲ့ သူတိုင်း တစ်ယောက်ချင်း မှာ တာဝန်ရှိပါတယ်။
    စိတ်လှုပ်ရှားမှု နောက်မလိုက်ဘဲ သတိနဲ့ ဆင်ခြင်ဖို့ နီးစပ်ရာကို ပြောပေးကြဖို့လိုပါတယ်။
    ကျုပ်သာ သတင်းထောက်ဆိုရင် ဒီလိုလှုံ့ဆော် နေတာ တွေကို အမိအရ လိုက်မှာဘဲ။
    ဒါ သတင်းသမားတာဝန် မဟုတ်လား။
    အန္တရာယ်ရှိပေမဲ့ စစ်မြေပြင်မှာ သတင်းလိုက်ယူတဲ့ သူတွေလောက် မဆိုးပါဘူး။

  • ဝင့်ပြုံးမြင့်

    March 25, 2013 at 11:07 pm

    ိုခုနေသာ ငရဲပြည်သွားပြီး သန်းကောင်စာရင်း ကောက်လို့ရရင် ဗုဒ်ဓဘာသာ အများဆုံးဖြစ်မှာပါ။ အခု ဒီထဲမှာ ပြောနေကြတဲ့လူတွေက တကယ့် လူဆင်းရဲတောတွေထဲ မနေဖူးသေးဘူး။ လူချမ်းသာပညာတတ်တွေ များနေတယ်။ အကုန်လုံးက စာတွေ့တွေ များတယ်။ ငါတွေ့တွေ သိပ်မရှိဘူး။ ငယ်ဖြူသီလရှင်တွေနဲ့ ထဲထဲဝင်ဝင်စကားပြောဖူးတဲ့လူ ရှိသလား။ သူတု့ိအသိဉာဏ်ကို ဒီထဲက လူတွေ မသိနိုင်ပါဘူး။ ဘုန်းကြီးတွေအကြောင်း ထဲထဲဝင်ဝင်သိတဲ့လူတွေ ရှိနိုင်ပေမယ့် နည်းနည်းတော့ ကြာသွားလောက်ပါပြီ။ လက်ရှိအနေအထားကို သိတဲ့လူ ရှိရင်လည်း နည်းနည်းပါ။ ဘာသာရေးကို ထိန်းချုပ်ပြီး ပညာရေးမြှင့်နိုင်မှပဲ နောက်လိုက်ကောင်းတွေ ဖြစ်လာမယ်လို့ ယုံပါတယ်။
    ဒါနဲ့ သင်္ကြန် ရေပက်ခွင့် ပိတ်ပေးရင်ကောင်းမှာပဲနော်။ သင်္ကြန်ဆိုရင် အမြဲရန်ဖြစ်ကြလို့ပါ။

  • နေဝန်းနီ

    March 26, 2013 at 10:37 am

    မှားတာကတော့ အကုန်မှားနေတာပဲ အချိန်မီပြင်နိုင်ရင်ပြင် မပြင်ရင်သွားပြီပဲ ခုကျုပ်တို့ဆီမှာ မိတ္ထီလာ အငြိမ် တပ်ကုန်းအလှုပ်ဖြစ်နေတယ် ….။ ဈေးမီး ရှို့မယ်ဆိုလို့ မနေ့ က ဝရုန်းသုံးကားနဲ့ ဘွားတော်ကတော့ 88 အတိုင်းပဲ 88 အတိုင်းပဲနဲ့ အဲဒိစကား ပါးစပ်ကမချဘူး ခုမြို့ထဲမှာ လုံခြုံရေးအပြည့်ချထားရတယ် ည ညဆိုရင် အပြင်မှာ တစ်ယောက်မှမရှိတော့ဘူး ဘယ်လောက်ကြာဦးမလဲ မပြောတတ်သေးဘူး ကျုပ်လည်း အားတဲ့ခဏ လာတာ လစ်တော့မယ် နောက်မှ အသေးစိတ် ပြန်ပြောမယ်

Leave a Reply