“တစ်နှစ်တွင်း ကလေးအရွယ် နဲ့ အဟာရ´´

 

မွေးစ မှ ၃ လအတွင်း – မိခင်နို့တိုက်ပါ။

 

၃ လ ကလေးငယ် – မိခင်နို့ နှင့် သောက်ရေသန့် နဲ့ သစ်သီးရည် ကျဲကျဲတိုက်နိုင်ပါသည်။ မိခင်နို့ မလုံလောင်ရင် နို့ဖျော်တိုက်ပေးလို့ ရပါတယ်၊ သတ်မှတ်တဲ့ အပျစ်အကျဲမျိုးဖြစ်သင့်ပါတယ်၊ ယေဘူယျအားဖြင့် ရက်သတ္တနှစ်ပတ်ဆို ၂ အချိုး ၁ ၊ ၃ ပတ်အရွယ်ဆို ၃ အချိုး ၁ ဖြစ်ပါတယ်၊ ၂ လသားအရွယ်မှာ နိုအန်တတ်တာ သတိပြုပေးသင့်သလို ဖြည့်စွက်စာတွေ ကျွေးရင် ကလေးငယ်ကို မတ်မတ်ထိုင်စေတာ ပိုကောင်းပါတယ်၊

 

၎ လ ကလေးငယ် – မိခင်နို့ နှင့် သောက်ရေသန့်၊ သစ်သီးရည်၊ ကြက်ဥအနှစ်၊ ကျေအောင်ချေထားတဲ့ဌက်ပျောသီး။ ညဖည့်စွက်စာများ စမ်းစမ်းပြီးကျွေးသင့်ပေမယ် အတင်းအဓမ္မကျွေးခြင်းရှောင်သင့်ပါတယ်။

 

၅ လ ကလေးငယ် – မိခင်နို့ နှင့် ဆန်ပြုတ် မပျစ်မကျဲ( အသားနှင့်ပြုတ်လျှင် အသားမကျွေးရပါ) ရေသန့် ၊ သစ်သီးရည်၊ နို့၊ ကြက်ဥအနှစ်၊ ချေထားသော အားလူးပြုတ်၊ ငါးအသားချေပြီး၊ ဆန်မှုန့်ကော်ရည်၊ ငါးကြီးဆီ။

 

၆ လ ကလေးငယ် – နွားနို့ပိုတိုက်ပေးပါ၊ ရေသန့်၊ သစ်သီးရေ၊ ကိတ်မုန့် အာလူးပြုတ်၊ ပဲပြားပြုတ်၊ ငါးအသားပြုတ်ချေ၊ ဆန်မှုန့်ကော်၊ ငါးကြီးဆီ။ မမာမပျော့တဲ့ အစာတွေတိုးလို့ ကျွေးပေးပါ။

 

၇ လ ကလေးငယ် – ပုံမှန်အစာကျွေးခြင်း စတင်ကျင့်ပါ၊ ရေ၊ သစ်သီးရည်၊ ကိတ်မုန့်၊ ကြက်ဥပြုတ်၊ အားလူးပြုတ်၊ ပဲပြားပြုတ်၊ ကလေးစားဘီစကွတ် များ၊ ခေါက်ဆွဲ၊ ဆန်ကော်မှုန့်၊ မုန်လာဥနီပြုတ်ကျေချေ၊ ၀က်အသည်း ပြုတ်ချေ၊ ငါးအသားပြုတ်ချေ။ မိခင်နို့အစား နွားနို့ပမာဏတိုးလို့ တိုက်ကျွေးသင့်ပါတယ်။

 

၉ လ ကလေးငယ် – အစားအသောက်မျိုးစုံ စကျွေးပေးပါ၊ အဟာရဖြစ်ဖို့ အသား ငါး တစ်မျိုးမျိုး ထဲ့ကျွေးပါ၊ သစ်သီးတုံးလေးတွေ၊ ပေါင်မုန့်၊ ကိတ် မုန့်၊ အာလူးပြုတ်၊ ပဲပြားပြုတ်၊ ၀က်အသည်း၊ ကြက်အသည်း၊ မိခင်နို့ဖြတ်ဖို့ ပြင်ဆင်သင့်မှု့ကာလပါ။ ဖြည့်စွက်အစာတွေကျွေးတဲ့နေရာမှာ တစ်မျိုးတည်း ကို သီးသန့်ကျွေးတာမျိုး မပြုလုပ်သင့်ပါ အဟာရမျှတအောင် ဗီတာမင်မျှ တစွာရရှိစေရန် ဖြစ်ပါတယ်။

 

၁၀ လ ကလေးငယ် – ကလေးကိုယ်ဖာသာစားတတ်အောင်လေ့ကျင့်ပေးပါ၊ မိခင်နို့ဖြတ်သင့်ပါပြီ၊ အစာကျေစေသောအစာများရွှေးချယ်ကျွေးပါ၊ အဆီ များ အီလွန် ငံလွန်သော အစာတွေရှောင်ပါ၊ဆန်ပြုတ် မပျစ်မကျဲ ပြုတ်ကျွေး၊ ကြက်ဥပြုတ် ပေါက်စီ(အသား လွတ်)၊ ပေါင်မုန့် တို့ကို ထမင်းနှပ်စဉ် ပေါင်းအိုး ထဲထဲ့ပေါင်းပြီး ကျွေးပါ၊ အသားတစ်မျိုးနဲ့ အသီးအရွက် ပဲ ပါဝင် အောင်ကျွေးပေးပါ။

 

၁၁ လ ကလေးငယ် – အစားစုံ ဆန်ပြုတ်၊ ပေါင်မုန့်၊ ခေါက်ဆွဲ၊ ထမင်း ပျော့ပျော့၊ ကြ်ဥပြုတ်၊ ငါးအသားပြုတ်၊ ၀က်သားပြုတ်၊ ဟင်းရွက်ပြုတ်၊ သစ်သီး၊ ကြေလွယ်သော ဟင်းရွက်ကြော် တို့ကျွေးပါ။

 

၁၂ လ ကလေးငယ် – အဟာရပြည့်စေမယ်အစာကျွေးနိုင်ပါပြီ၊ စပျစ်သီး ခြောက်၊ သစ်သီးယိုသန့်သန့်နဲ့ ပေါင်မုန့်၊ အသားညှပ်ပေါင်မုန့်၊ ထမင်းပျော့ နဲ့ ငါးအသားပြုတ် နယ်ကျွေး၊ ကြက်ဥပြုတ်၊ ဟင်းရွက်ပြုတ်၊ သစ်သီး ကျွေးနိုင် ပြီး ရေများများ တိုက်ပေးပါ။ နွားနို့ကို တိုက်ကျွေးပေးပါ။ သစ်သီးများကို လှီးကျွေးပါ၊ အဓိက အစာကြေဖို့ အရေးကြီးပါတယ်။

( မူရင်းရေးသူ – မောင်မောင်လှိုင်-အပ်စိုက်ကု)

 

ဖတ်ဖူးတဲ့ကျန်းမာရေး ဗဟုသုတတွေထဲက မျှဝေတာပါ။

 

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 454 post in this Website..