ကယန်းအလှ(Kayan Beauties)

ayeyarwaddy-tunMarch 25, 20132min28614

ကဲ.. သူငယ်ချင်းတို့ရေ ဧရာဝတီထွန်းက ကယန်းလူမျိုးဆိုတော့ ဒီတစ်ခေါက်ပို့စ်ကို ကယန်းအကြောင်းနည်းနည်းမိတ်ဆက်ပေးပါရစေ
ကယန်းဆိုတာက သူငယ်ချင်းတို့ပဒေါင်လို့ သိထားတဲ့လူမျိုးပါ …. ပဒေါင်ဆိုတာကအရပ်ခေါ် အသုံးအနှုံးဖြစ်လို့ ကယန်းဆိုတာကို မြန်မာပြည်ကလူတစ်ချို့ကမသိသေးတာပါ….
အခုဒီပို့စ်တင်ရခြင်း အဓိကအကြောင်းအရင်းကတော့ အာစီယံ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ မြန်မာနိုင်ငံက ကယန်းအလှ(Kayan Beuties) ဆိုတဲ့ရုပ်ရှင်ကားကြီးနှင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သူငယ်ချင်းအားလုံးကို အသိပေးချင်ယုံဖြစ်ပါတယ်ရှင်…
ဒီရုပ်ရှင်ကားကို ဒါရိုက်တာ အောင်ကိုလတ်က နိုင်ငံတကာအဆင့်အတန်းဝင်အောင် ငွေကြေးအမြောက်အများ အကုန်အကျခံကာ ရိုက်ကူးထားကြောင်း နဲ့ သဘာဝအရပ်သူ ကယန်းလူမျိုုးအစစ် သရုပ်ဆောင်များကိုသာ အသုံးပြုပြီး ကယန်းလူမျိုးများရဲ့ ဓလေ့တွေကို ရိုက်ကူးထားကြောင်းသိရှိရပါတယ်ရှင်..
အစမ်းသဘောအနေနဲ့တော့ youtube မှာ Kayan Beauties ဆိုပြီး ထွေလာလေးတော့ကြည့်လို့ရနေပါပြီ
ဇာတ်လမ်းအစအဆုံးကိုတော့ ရုပ်ရှင်ကားကြီးထွက်ပြီးမှပဲ ကြည့်ရမယ်လို့ထင်ပါတယ်ရှင်…
ကဲ… သူငယ်ချင်းတို့ရေ ဒီတစ်ပါတ်တော့ ကယန်းဆိုတာဘာလဲဆိုတာရယ် ကယန်းအလှ ရုပ်ရှင်ဇာတ်ကားအကြောင်းရယ်မိတ်ဆက်လိုက်ပါတယ်
နောက်တစ်ပါမှာတော့ ဧရာဝတီက ကယန်းလူမျိုးအကြောင်းနဲ့ ဓလေ့အနည်းငယ်ကိုဖော်ပြချင်ပါသေးတယ်….
ရွာထဲကသူငယ်ချင်းတွေ စိတ်ဝင်စားကြမယ်လို့မျှော်လင့်မိပါတယ်ရှင်…
72366_433551906732709_407279938_n

23374_524174220950831_1263723773_n

31463_433551646732735_863397365_n

68069_342115252554137_396396596_n

155968_342115072554155_1377964335_n

305686_342115215887474_1944377180_n

311396_342114875887508_1474700750_n

482909_342113259221003_583992919_n

530947_342114969220832_1898193650_n

603979_342115245887471_199506452_n

14 comments

  • ဖားသက်ပြင်း

    March 25, 2013 at 1:02 pm

    အဲ့ဒီရုပ်ရှင်အကြောင်း ဒါရိုက်တာကြီးဆီက ကြားဖူးခဲ့တာ ၁ဝနှစ်တောင်မကတော့ဘူးပဲ..
    ကြားထဲမှာ ပရိုဂျူဆာ အပြောင်းအလဲ နဲ့ အခြားအဖုအထစ်လေးတွေလည်း
    ကြားခဲ့ရဖူးသေးတယ်.. သွေး ရုပ်ရှင်လိုမျိုး နောက်ဆုံးမှာ ဖြစ်အောင်လုပ်နိုင်ခဲ့တဲ့
    ဇွဲ ကိုလည်း လေးလေးစားစား ခံစားမိပါကြောင်း…။ အားပေးသွားမယ် ဆိုတာ
    ဂီ ဂိပေးဘာဂျောင်း

    :kwi:

    :harr:

    • ayeyarwaddy tun

      March 25, 2013 at 8:23 pm

      ဟုတ်ကဲ့ ဒါရိုက်တာကိုယ်တိုင်က ဒီဇာတ်ကားရိုက်ဖို့ကိုစိတ်ကူးခဲ့တာ ၁၅ လောက်ရှိပြီလို့သိခဲ့ရပါတယ်

  • KZ

    March 25, 2013 at 1:21 pm

    ဒါမိုးကျ
    အားပေးတာ သွက်ချက်ကို။
    :kwi:

    အပေါ်က အင်္ကျီ အဖြူလေးနဲ့ အလှလေးကို အနော် လည်း အားပေးသွားပါကြောင်း၊။
    :528:

  • kyeemite

    March 25, 2013 at 2:09 pm

    ကြားရတာဝမ်းသာစရာပါ..
    “နောက်တစ်ပါမှာတော့ ဧရာဝတီက ကယန်းလူမျိုးအကြောင်းနဲ့ ဓလေ့အနည်းငယ်ကိုဖော်ပြချင်ပါသေးတယ်….”
    ဆိုတော့..စိတ်ဝင်စားပါတယ်..စောင့်ပီးအားပေးမယ်ဗျာ :hee:

  • ရွာစားကျော် မင်းနန္ဓာ

    March 25, 2013 at 4:08 pm

    စောင့်မျှော် အားပေးနေပါ့မယ်ဗျာ..
    ပဒေါင်လူမျိုးတွေကို ထိုင်းက ခေါ်ပြီး လုပ်စားနေတာ သိကတည်းက ဒီလို ဖြစ်စေချင်နေတာ..
    ယူကျုုက ထွေလာလေး သွားကြည့်လိုက်အုံးမယ်

  • အာဂ

    March 25, 2013 at 4:09 pm

    ဒီကားကို လွန်ခဲ့တဲ့ လေးငါးလလောက်က အစမ်းပြတော့ သွားကြည့်ခဲ့ဖူးပါတယ်။ ကားလေးက ရိုက်ထားတာရော အသံစနစ်ပါ အရင်မြန်မာကားတွေထက်စာရင် ကောင်းနေတာတွေ့ရပါတယ်။..။ ပဒေါင်လို့ အများသိကြတဲ့ ကယန်းလူမျိုးတွေအကြောင်းလေးပါ။ အလုပ်လုပ်ဖို့အတွက် မြို့ထဲကိုထွက်လာတဲ့ ကယန်းသမီးပျိုလေးတစ်စုကို လူကုန်ကူးသူတွေ ကဖမ်းစီးထားတဲ့အကြောင်းရိုက်ထားတဲ့ကားလေးပါ။ …..ရှုခင်းတွေရော သူတို့ ဓလေ့လေးတွေအကြောင်းတင်ပြထားတာတော်တော်လေးကောင်းတယ်။ အချို့ဆိုရင် ထိုင်းနိုင်ငံက သူတို့ဆီက အမျိုးသမီးတွေကို လစာလိုလို အငှားလိုလိုခေါ်သွားပြီး ဟိုမှာ လူတိရိစာ္ဆန်ရုံလိုလိုလုပ်စားပြပြီး ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နေတာတွေရှိတယ်။

  • padonmar

    March 25, 2013 at 7:49 pm

    ဒီကြေးကွင်းကြီးတွေနဲ့ ဘယ်လိုများနေကြလဲဆိုတာ စိတ်ဝင်စားပါတယ်။

  • မောင် ပေ

    March 25, 2013 at 7:54 pm

    အဲ့လူမျိုးတွေ အကြောင်း စသိတတ်ကာစ အရွယ်ကတဲက စဉ်းစားမိခဲ့တာ တစ်ခုရှိတယ်
    သူရို ့တွေ ချောင်းဆိုးရင် ဘယ်လိုများ နေမှာပါလိမ့်လို ့
    ကြေးကွင်းတွေ စွပ်ရတဲ့ သမိုင်းကိုတော့ လူထုဦးလှက ကျားကိုက်ခြင်းမှ ကင်းဝေအောင်လို ့ပါတဲ့

  • အရီးခင်လတ်

    March 25, 2013 at 10:49 pm

    ဒီဘက်ခေတ်မှာတော့ ကယန်း မိန်းကလေးတွေ လည်ပင်းမှာ အဲလိုအစွပ် မခံ သင့်တော့ဘူး ထင်ရဲ့။
    ပွဲရှိမှသာ အလှစွပ်ပေါ့။
    ကယန်းမလေးတွေ တကယ်ချောတာ ပါလား။
    မင်းသမီး တွေထက်တောင်ချစ်ဖို့ကောင်းတယ်။
    သတင်းလေးအတွက် ကျေးဇူးနော်။

  • kai

    March 26, 2013 at 4:22 am

    တလောကတင်.. ထိုင်းကပြန်လာတဲ့အသိတယောက်.. တာချီလိတ်ဖက်သွားပြီး.. ယိုးဒယားပြည်ထဲက.. ကယန်းတွေနဲ့ဓာတ်ပုံတွဲရိုက်လာတာ.. ပြသေးတယ်..
    အဲဒီကြေးကွင်းတွေကို.. တိုးရစ်တွေစွပ်ပြီးဓာတ်ပုံရိုက်လို့ရအောင် လုပ်ထားသေးတာမြင်ရတယ်…

    ကိုအောင်ကိုလတ်ကြီး.. အဲဒါလုပ်နေတာကြာလှပေါ့..။ ရုပ်ရှင်ပွဲတော်တင်ဖို့တောင် တောင်းဖူးသေးမှတ်တယ်..။
    အဆင်ပြေရင်.. ယူအက်စ်မှာပြဖို့.. ထပ်.. တောင်းကြည့်ဦးမှ..။ :kwi:

    စကားအတင်းစပ်..
    နာဂနှစ်ကူးပွဲ.. ဂျပန်တွေနဲ့ ဒေါ့ကျုမန်ထရီရိုက်တော့.. ဂျပန်ဒါရို်က်တာက.. နာဂမိန်းကလေးတွေ.. ဂျပန်မင်းသမီးတွေလိုလှနေကြောင်း.. ပြောဖူးတာသတိရမိတယ်..
    သူ့မှာ.. ဗီဒီယိုပြပြပြီး. လိုက်ပြောနေတာလေ. :harr:

    “အလှမျိုးဟေ့.. ဒို့ဘားမန်င်း.. “

  • ဦးကြောင်ကြီး

    March 26, 2013 at 8:37 am

    အားပါးပါးစ် ကယန်းမ လှမှလှ… ဧရာဝတီထွန်းလေးလည်း လှမှာပဲ… ဦးကြောင်ကြီး တော်ကောက်တော်မူမည်….။
    ကြေးမုံဂျီး.. စိတ်အဆိုးနဲ့.. ပျင်းနေမှာစိုးလို့ ခြစ်ညီမတယောက် အဖော်ရှာပေးတာ.. ကျေးဇူးတင်.. :harr:

  • နေဝန်းနီ

    March 26, 2013 at 10:42 am

    အဲဒိေြ့းကွင်းတွေက တစ်နှစ်ကို တစ်ကွင်း စွပ်ရတာဆို ကြေးကွင်းအရည်အတွက်ကိုကြည့်ရုံနဲ့ သူ့အသက်ကို သိရတယ်ဆို အဲဒိလိုငယ်ငယ်က ကြားဖူးတာ မဟုတ်ဘူးလား ရှင်းပြပေးဦးနော်

  • မနှစ်က ဦးအောင်ကိုလတ်နဲ့ ခဏတွေ့တုံး ဒီကားအကြောင်းမေးကြည့်တော့
    သူ့ရှိသမျှကို ပုံအောပြီး လုပ်ထည့်လိုက်တယ်လို့သိရပါတယ်။
    လေနဲ့အော်နေတဲ့ကောင်တွေနဲ့ယှဉ်ကြည့်တော့ ပိုပို လေးစားမိပါ၏။
    ဒီဇာတ်ကားအောင်မြင်ပါစေ။

  • Ma Ei

    March 28, 2013 at 12:48 pm

    အင်းလေးခေါင်တိုင်မှာ သူတို့တွေနဲ့
    ဓာတ်ပုံရိုက်ထားတာရှိတယ်…
    မီကိုကြော်ငြာတဲ့ ပဒေါင်အမျိုးသမီးလဲပါတယ်…
    :hee:

Leave a Reply