ဟင်း!!!
စိတ်မောတယ်။
ဒီရွာထဲက ညီမလေးတစ်ယောက် သူ့ကဗျာလေး လာပြတာရယ်။
တင်ချင်တယ်တဲ့။
ဖတ်မိတဲ့ တစ်ယောက် စိတ်ခံစားရမှာစိုးလို့ မတင်ရက်ဘူးတဲ့။

ဒါပေမဲ့ ကိုယ့်စိတ်ထဲထိသွားတဲ့ စာလေးမို့ သူ့ကိုယ်စားတင်လိုက်တယ်။
အစ/အဆုံးသိထားမိတာမို့လား။
ညီမလေးပြောဖူးတဲ့ “သူ့ကို မြင်ရတာ အရင်ကရော ခုရောသမီးအဖြစ်ကို ကြည့်နေရတဲ့ အတိုင်းပဲ အစ်မရယ်” ဆိုတဲ့ စကားလေးပဲ နားထဲစွဲနေလို့လားမသိ။
စိတ်ထဲ အတော်ထိခိုက်ပါတယ်။

 

 

 

သူနဲ့ငါ…တကယ်က တူတူပါပဲ…။

သူ ငါ့ကို မြင်မြင်ခြင်းချစ်တယ်..
ငါ နင့်ကို မြင်မြင်ခြင်းချစ်တယ်…

သူ ငါ့ကို ရူးသွပ်တယ်…
ငါ နင့်ကို ရူးသွပ်တယ်…

သူ ငါ့ကို ပိုင်ဆိုင်ချင်တယ်…
ငါ နင့်ကို ပိုင်ဆိုင်ချင်တယ်…

သူ ငါ့ကို မြတ်နိုးတယ်..
ငါ နင့်ကို မြတ်နိုးတယ်..

သူ ငါ့ကို တန်ဖိုးထားတယ်..
ငါ နင့်ကို တန်ဖိုးထားတယ်…

သူ ငါနဲ့ တွေ့ချင်တယ်…
ငါ နင်နဲ့ တွေ့ချင်တယ်…

သူ ငါ့ကို ဖုန်းတွေဆက်တယ်…
ငါ နင့်ကို ဖုန်းတွေဆက်တယ်…

သူ ငါ့ကို မက်ဆေ့ခ်ျတွေပို့တယ်..
ငါ နင့်ကို မက်ဆေ့ခ်ျတွေပို့တယ်…

သူ ငါ့အတွက် သီချင်းတွေဆိုတယ်…
ငါ နင့်အတွက် သီချင်းတွေဆိုတယ်…

သူ ငါ့ကို ကဗျာတွေပေးတယ်…
ငါ နင့်အကြောင်း ကဗျာတွေရေးတယ်..

ဒါပေမယ့်…
ငါ သူ့ကို စာနာပေးတယ်..
နင် ငါ့ကို မစာနာခဲ့ဘူး…

ငါ သူ့ကို သနားခဲ့တယ်..
နင် ငါ့ကို မသနားခဲ့ဘူး…

ငါ သူ့ကို နားလည်ပေးတယ်..
နင် ငါ့ကို မနားလည်ခဲ့ဘူး…

နောက်ပြီး…………..
ငါ သူ့ကို မရက်စက်ခဲဘူး..
နင် ငါ့ကို ရက်စက်ခဲ့တယ်…

ငါ သူ့ကို မပစ်ပယ်ခဲ့ဘူး..
နင် ငါ့ကို ပစ်ပယ်ခဲ့တယ်…။

ငါ သူ့ကို မထားရက်ခဲ့ဘူး…
နင် ငါ့ကို ထားရက်ခဲ့တယ်..။

အဆိုးဆုံးက…….
သူ ငါ့ကို ချစ်တယ် လို့ ဖွင့်ပြောခဲ့တယ်..
ငါ နင့်ကို ချစ်တယ်လို့ ပြောခွင့်မရှိဘူး…

အခုတော့………
သူ ငါ့ကို ဆက်ချစ်နေဆဲ…
ငါ နင့်ကို မုန်းလိုက်ချင်ခဲ့…။ ။

ဇီဇီ

About ဇီဇီ

ဇီဇီ has written 347 post in this Website..

CJ # 129120