သူနဲ့ငါ…တကယ်က တူတူပါပဲ…။

ဇီဇီMarch 25, 20131min15515

ဟင်း!!!
စိတ်မောတယ်။
ဒီရွာထဲက ညီမလေးတစ်ယောက် သူ့ကဗျာလေး လာပြတာရယ်။
တင်ချင်တယ်တဲ့။
ဖတ်မိတဲ့ တစ်ယောက် စိတ်ခံစားရမှာစိုးလို့ မတင်ရက်ဘူးတဲ့။

ဒါပေမဲ့ ကိုယ့်စိတ်ထဲထိသွားတဲ့ စာလေးမို့ သူ့ကိုယ်စားတင်လိုက်တယ်။
အစ/အဆုံးသိထားမိတာမို့လား။
ညီမလေးပြောဖူးတဲ့ “သူ့ကို မြင်ရတာ အရင်ကရော ခုရောသမီးအဖြစ်ကို ကြည့်နေရတဲ့ အတိုင်းပဲ အစ်မရယ်” ဆိုတဲ့ စကားလေးပဲ နားထဲစွဲနေလို့လားမသိ။
စိတ်ထဲ အတော်ထိခိုက်ပါတယ်။

 

 

 

သူနဲ့ငါ…တကယ်က တူတူပါပဲ…။

သူ ငါ့ကို မြင်မြင်ခြင်းချစ်တယ်..
ငါ နင့်ကို မြင်မြင်ခြင်းချစ်တယ်…

သူ ငါ့ကို ရူးသွပ်တယ်…
ငါ နင့်ကို ရူးသွပ်တယ်…

သူ ငါ့ကို ပိုင်ဆိုင်ချင်တယ်…
ငါ နင့်ကို ပိုင်ဆိုင်ချင်တယ်…

သူ ငါ့ကို မြတ်နိုးတယ်..
ငါ နင့်ကို မြတ်နိုးတယ်..

သူ ငါ့ကို တန်ဖိုးထားတယ်..
ငါ နင့်ကို တန်ဖိုးထားတယ်…

သူ ငါနဲ့ တွေ့ချင်တယ်…
ငါ နင်နဲ့ တွေ့ချင်တယ်…

သူ ငါ့ကို ဖုန်းတွေဆက်တယ်…
ငါ နင့်ကို ဖုန်းတွေဆက်တယ်…

သူ ငါ့ကို မက်ဆေ့ချ်တွေပို့တယ်..
ငါ နင့်ကို မက်ဆေ့ချ်တွေပို့တယ်…

သူ ငါ့အတွက် သီချင်းတွေဆိုတယ်…
ငါ နင့်အတွက် သီချင်းတွေဆိုတယ်…

သူ ငါ့ကို ကဗျာတွေပေးတယ်…
ငါ နင့်အကြောင်း ကဗျာတွေရေးတယ်..

ဒါပေမယ့်…
ငါ သူ့ကို စာနာပေးတယ်..
နင် ငါ့ကို မစာနာခဲ့ဘူး…

ငါ သူ့ကို သနားခဲ့တယ်..
နင် ငါ့ကို မသနားခဲ့ဘူး…

ငါ သူ့ကို နားလည်ပေးတယ်..
နင် ငါ့ကို မနားလည်ခဲ့ဘူး…

နောက်ပြီး…………..
ငါ သူ့ကို မရက်စက်ခဲဘူး..
နင် ငါ့ကို ရက်စက်ခဲ့တယ်…

ငါ သူ့ကို မပစ်ပယ်ခဲ့ဘူး..
နင် ငါ့ကို ပစ်ပယ်ခဲ့တယ်…။

ငါ သူ့ကို မထားရက်ခဲ့ဘူး…
နင် ငါ့ကို ထားရက်ခဲ့တယ်..။

အဆိုးဆုံးက…….
သူ ငါ့ကို ချစ်တယ် လို့ ဖွင့်ပြောခဲ့တယ်..
ငါ နင့်ကို ချစ်တယ်လို့ ပြောခွင့်မရှိဘူး…

အခုတော့………
သူ ငါ့ကို ဆက်ချစ်နေဆဲ…
ငါ နင့်ကို မုန်းလိုက်ချင်ခဲ့…။ ။

15 comments

  • ခင်ခ

    March 25, 2013 at 2:45 pm

    သူနဲ့ငါ…တကယ်က တူတူပါပဲ ဆိုသော်ငြားလည်း
    မတူတာလေးကို ဖတ်ရင်းနဲ့ ခံစားမိသလိုဖြစ်လို့
    သေချာအောင် အထပ်ထပ်ဖတ်မိတော့လည်း
    မတူတာလေးကို ခံစားမိပါတယ်ဗျာ။
    ဘာမတူတာလဲလို့တော့ မမေးနဲ့နော် ဖြေရမှာခက်လို့ပါ။

  • GaviaGirl

    March 25, 2013 at 3:33 pm

    အဟင့်… အနော်လည်း အရမ်းခံစားလိုက်ရတယ်… 🙁
    တူသလိုလို..မတူသလိုလို… ဟင့်.. ဟင့်.. နိုချင်လာပီ…

  • ဖားသက်ပြင်း

    March 25, 2013 at 3:42 pm

    :byae: :byae:
    :byae: :byae: :byae: :byae: :byae: :byae:

  • kai

    March 25, 2013 at 3:50 pm

    သင်္ကြန်အမှီ.. အချီအချလေးနဲ့.. သံချပ်တိုက်ဖို့.. ကျင့်နေတယ်မှတ်လို့..
    ကိစ္စမရှိပါဘူး..
    ရက်ပ်သီချင်းလုပ်လိုက်လည်း.. ဖြစ်တာပဲ.. :kwi:

  • Wow

    March 25, 2013 at 4:38 pm

    ဟင်… တူဒယ်ဟ… သေချာတော့ တူဝူးဟ.
    တူသလိုလိုတော့ရှိသား.. တူတော့လဲတူဝူးလားလို့…. :harr:

    • ဦးကြောင်ကြီး

      March 26, 2013 at 9:45 am

      ယေး… ဝေါင်းလေး ပျံလာပီ… ဖလပ် ဖလပ်…။ :harr:
      သမီးအဖြစ်
      ခရီးသစ်
      ှုမန်ကျီးတဆစ်
      ဖထီးကစ်
      ငဖီးအလစ်
      ပုတီးကျစ်
      ကဒီးမဟစ်
      အသီးခေတ်..။

  • garuda

    March 25, 2013 at 7:28 pm

    သူ..ရင်ကိုကိုင်စွဲ လှုပ်တယ်
    အိပ်မက်မဟုတ်မှန်း…သိတယ်
    :byae:
    (သူ-တူးတူး)

    နင်ဟာ ငါ့ကောင်းကင်တစ်ခုပါ
    ငါပိုင်သမျှ နင့်တစ်ယောက်တည်းပါ
    ငါအချိန်တိုင်း နင့်ရဲ့အနားမှာ
    နင်လိုသမျှ ဖြည့်ဆည်းချင်လို့ပါ 🙁
    (နေချင်တာမင်းအနား- IMP)

    အဲလက်စ် ဆိုတာကတော့ “ငါ..နင့်ကို သတ်ချင်တယ် :chee: ” :harr: :harr:

  • Mr. MarGa

    March 25, 2013 at 8:08 pm

    သူနဲ့ငါ
    ငါနဲ့နင်
    ရတာမလို လိုတာမရသော ဘဝပါလား……………..

  • Silver Twig

    March 27, 2013 at 12:00 am

    Oh..it is similar to Korean drama movie, 2 and 1 love story. Love is blind and never values what in the hand.

  • Silver Twig

    March 27, 2013 at 12:12 am

    Oh..it is another Korean drama movie, 2 and 1 love story. Should we value what in our hands or give our hearts to whom we love. Listen to your heart.

  • အော်ရယ် …

    ကဗျာထဲက မိန်းကလေး .. တစ်နည်းအားဖြင့် ..
    ကဗျာရေးတဲ့ မိန်းကလေး အဖြစ်က သနားစရာပါပဲလား …
    ကိုယ် ချစ်တဲ့သူရဲ့ ကြင်နာမှု မခံရပေမယ့် …
    သူ့ကို ချစ်တဲ့သူဘက်ကိုတော့ သူချစ်တဲ့သူလို ပြန်လည် မပြုမှုရက်ဘူး …
    တကယ် …. တကယ် …
    စိတ်ဓါတ်က ချစ်စဖွယ် ….

    ဘာပဲဖြစ်ဖြစ် ဆုတောင်းပေးပါတယ် …
    ကဗျာရေးတဲ့ မိန်းကလေး ဒီလို အဖြစ်မျိုးမှ ထာဝရ ကင်းဝေးနိုင်ပါစေလို့ ….

    ကဗျာတင်ပေးတဲ့ မမဂျီးလည်း အဟမ်းး ဂလိုပါပဲလို့ …. :mrgreen:

  • သူကလေး

    July 1, 2013 at 10:21 am

    ကဗျာကိုဖတ်လိုက်တာ … ရေးတဲ့လူရဲ့စိတ်ကိုရော
    အဲဒီလူတွေကိုရော မျက်လုံးထဲပြေးမြင်သွားသလိုပဲ အဟိ း)
    ရေးထားတာထိတယ်

Leave a Reply