ကြားစကား ကြား(ဂျား)စကား ခါး ခါး ခါး

CourageMarch 26, 20131min27215

ကြားစကား ကြား(ဂျား)စကား ခါး ခါး ခါး

 

တစ်နေ့ တစ်နေ့ မျိုးစုံနေအောင် ကြားနေရတဲ့ မကောင်းသတင်း၊ အဆိုးသတင်းတွေကို နားမှာကြားမိခဲ့တော့ ဘာရယ် တော့ မဟုတ်ပါဘူး ငယ်ငယ်က ကြားဘူးခဲ့တဲ့ ပါးစပ် ဇာတ်လမ်းလေးတစ်ခုကို သွားပြီ သတိရမိလေရဲ့။ ဖြစ်ရပ်မှန်တော့ မဖြစ်နိုင်ပေမယ့် ဒီပုံပြင်ရဲ့ အဓိက ပေးချင်တဲ့ အသိလေးကတော့ တော်တော့ကို သင်ခန်းစာ ယူစရာကောင်းတယ်ပဲ ဆိုရမယ်ထင်။

တစ်ကယ်တော့ ဒီဇာတ်လမ်းလေးက ပုံပြင်မဟုတ်ပါဘူး။ ဖြစ်ရပ်တစ်ခုကို ခြေခံပြီးပေါ်လာတဲ့ အကြောင်းရင်းလေးပါ။ ဘာများပါလဲ။ အားလုံးလဲ ကြားဖူးပြီးသားပါ။ “ခလုပ်တိုက်၊ ဖါးပြုပ်ကိုက်၊ တရုပ်ရိုက်” ဆိုတဲ့ ဖြစ်ရပ်လေးပေါ့။ တစ်ကယ်တော့ ဆန္ဒရှိလို့သာ ရေးမယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့် အမှန်အတိုင်းဆိုရရင်ကျွန်တော်လဲ ဒီဇာတ်လမ်းလေးကို အတိအကျ မမှတ်မတော့ပါ။ သို့ပေမယ့် ကျွန်တော်မှတ်မိသလောက်ကလေးနဲ့ပဲ သွေးသောက်တို့ကို ပြန်ကာဝေမျှလိုက်ပါသည်။ ဒီဇာတ်လမ်း အစအဆုံးကို ကောင်းစွာ မှတ်မိနေသူ အများအနေဖြင့်လဲ ကျွန်တော်၏ မှားယွင်းလွဲချော်မှုများကို ခွင့်လွှတ်ပေးနိုင်မည်ထင်ပါသည်။

—         —         —

            တစ်ခါက မြန်မာ အဖွားကြီးတစ်ယောက် လမ်းသွားနေရင်းနဲ့ လမ်းမှာ တစ်စုံတစ်ခုသော အရာနဲ့ ခလုပ်တိုက်မိခဲ့ရာ သူမ၏ ခြေထောက်မှာ ကွဲ၍သွားခဲ့သည်။ ထိုကဲ့သို့ အဖွားအို၏ ခြေထောက်တွင် ကွဲသွားသော ဒါဏ်ရာကြောင့် သွေးများထွက်နေသည်ကို လမ်းသွားတစ်ဦးမှာ မြင်ရာအဘယ့်ကြောင့် ခြေထောက်တွင် သွေးများထွက်နေသနည်းဟု အမေးစကားပြုခဲ့၏။ အဖွားအိုကလဲ “ခလုပ်တိုက်”မိသောကြောင့် သွေးများထွက်နေသည်ဟု ပြန်လယ်ဖြေကြားခဲ့သည်။

သို့ရာတွင် အဖွားအို၏ အသံကပဲ အရွယ်ကြောင့် ကြည်လင်ပြတ်သားမှု မရှိတော့လို့လား၊ ကြားသူကပဲ နားကြားလွဲသွားခြင်း လားတော့ မသိ ထိုသူ၏နားတွင် “ဖါးပြုပ်ကိုက်”၍ သွေးများထွက်သည်ဟု ကြားသွားလေ၏။

မိုးတွင်းအခါမှ မိုးရွာခါနည်းတွင် တအွမ်အွမ် အော်တက်သော လူကို ဘာအန္တရာယ်မှ မပေးတက်သော ဖါးပြုပ်ဆိုသည့် အကောင်မှာ ထို အဖွားအို၏ ခြေထောက်ကို ကိုက်သည်။ ဒါဏ်ရာမှာ ကြီးသလားသေးသလားတော့မသိ သွေးတော့တော်တော်များ သည်ဟု ထိုထိုသော အမေးစကားပြုသူ ပုဂ္ဂိုလ်၏စိတ်တွင် တွေးကာ အအံ့ဩကြီး အံ့ဩ မိသွားလေတော့သည်။ လူလူ လူတို့၏ အမူအကျင့် ဓလေ့ထုံးစံအတိုင်း မိမိစိတ်ထဲတွင်ရှိသောခံစားချက်ဖြစ်စေ ထူးဆန်းထွေလာသတင်းကိုဖြစ်စေ ရင်ထဲတွင်ကိန်းအောင်းထား ရသည်ထက် သူတပါးကို ပြောပြရခြင်းကို အလွန်ပင်အရသာတွေ့တက်သော သဘာဝအရ ထိုပုဂ္ဂိုလ်သည်လဲ သူ့ပတ်ဝန်းကျင်ရှိလူများ အား “အမယ်အိုတစ်ဦး။ ဖါးပြုပ်ကိုက်၍ ခြေထောက်တွင် သွေးများရွဲနေသည်ကို တွေ့ရကြောင်း”ကို ကိုယ့်ထမင်းကိုယ်စားကာ ထိုသတင်းကို ဖြန့်နိုင်သမျှ ဖြန့်လေပြီ။

ထိုသတင်းမှာလဲ ရုတ်ချင်းပင် ပြန့်သွားလေပြီ။ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် စကား စကား ပြောပါများသွားသောအခါ နားစွန်နားဖျား ကြားသူများ၏အကြားတွင် ဖါးပြုပ်ကိုက် ဟူသော ဝေါဟာရအစား သံတူကြောင်းကွဲ “ တရုတ်ရိုက်” ဟူ၍ ပြောင်းလဲသွား ကာ “အမယ်အိုတစ်ဦး တရုပ်ရိုက်၍ ဒါဏ်ရာ ရသွားလေပြီ” ဟုဖြစ်သွားလေတော့၏။ ထိုသတင်းမှာလဲ ဖုံး၍မရ ဖိ၍မရနိုင်လောက် အောင်ပင် ပြန့်နှံသွားကာ လူအများ၏ပါးစပ်ဖျား အလွန်ရေပန်းစားသော သတင်းပင်ဖြစ်သွားပြီ။ ဇာတ်လမ်းလေး အဆုံးတွင် မတော့ “ငါတို့ မြန်မာ သက်ကြီးရွယ်အိုကို ဒီတရုပ်တွေက ရိုက်စရာလား။ ဒါဏ်ရာရအောင် လုပ်စရာလား” ဆိုပြီး အမျိုးကိုချစ်သူတွေ၊ ပြသနာ၏ အခြေခံ ဇစ်မြစ်ကို စုံစမ်းရန် ပြင်းရိသူတွေ၏ လက်တစ်ဆစ်သာသာဒေါသကြောင့် အုံးအုံးကျွက်ကျွက်နှင့်ပင် ထိန်းမနိုင်သိမ်းမရ အစမရှိ ၍ အဆုံးလဲမသိနိုင်သော ပဋိပက္ခ အရေးအခင်းကြီး ဖြစ်သွားလေတော့သတည်း…။

—         —         —

            ဘာမဟုတ်သော အဖြစ်အပျက်ကလေးတစ်ခုမှအစပြုကာ ထိန်းမနိုင်သိမ်းမရလောက်အောင် ကြီးမားသွားသည့် ပဋိပက္ခအကြောင်း၊ တစ်ဆင့် တစ်ဆင့်ဖြင့် အဆင့်များလေလေ လွဲမှားမှုများနိုင်လေ၊ တိကျမှု နည်းနိုင်လေလေဖြစ်သည့် ကြားစကားတို့၏ အခြင်းကို ဒီဇာတ်လမ်းလေးက မီးမောင်းထိုးပြလျက်ပါ။

စာရှု့သူများကို ကျွန်တော် တစ်ခုတော့ အနူးအညွှတ်တောင်းဆိုချင်ပါသည်။ဒီဇာတ်လမ်းလေးကို မျက်စိဖြင့် မဖတ်ကျပါနှင့် နားဖြင့် နားမထောင်ကျပါနှင့်။ ဦးနှောက်ဖြင့် ဖတ်ကျပါ၊ နှလုံးသားဖြင့် နားထောင်ပေးကျပါ။ တိကျမှုရာခိုင်နှုန်းနည်းသော ကြားစကားတွေ အားလုံးကို မယုံကျပါနှင့်။ အထူးသဖြင့် မလိုသူတွေ၏ သွေးထိုးစကားများဖြစ်သည့် ကြား(ဂျား)စကားတွေပါ ပါဝင်လာနိုင်သဖြင့် တွေးတော ဆင်ခြင်ပြီးမှသာယုံပေးကျပါ လို့ ကျွန်တော့ တောင်းပန်ချင်ပါသည်။

ကြားစကား ကြား(ဂျား)စကားတို့ကြောင့် ခါးသီးသော အဖြစ်ဆိုးမှ ကင်းဝေးနိုင်ကြပါစေ။        ။

 

—Courage—

15 comments

  • padonmar

    March 26, 2013 at 1:35 am

    အခုချိန်မှာ အပေါများဆုံးက ကြားစကားတွေပါပဲ။
    ယုံသူတွေကလည်း ယုံပဲယုံနိုင်လွန်းကြပါတယ်။

  • kai

    March 26, 2013 at 3:04 am

    ၉၆၉ ထင်ရှား ပေါ်လာချိန်နဲ့.. ဘာလို့ချိန်ကိုက်မကြည့်ကြတာလည်ဟင်င်…
    ဖားပြုတ်လည်းမကိုက်.. တရုတ်လည်းမရိုက်.. စနစ်တကျဖန်တီးမှု..ပါကိုပါကြောင်း.. :kwi:
    အစိုးရမှာ.. ဖေ့စ်ဘုတ်မှတဆင့်.. အမဲလိုက်စေလိုပါကြောင်း..
    အစိုးရအနေနဲ့.. တောင်းရင်.. ဖေ့စ်ဘုတ်က.. အချက်အလက်အကုန်ထုတ်ပေးမှာဖြစ်ကြောင်း..။

    ဂိုဂယ်ကနေတဆင့်.. အီးမေလ်းအချက်အလက်တွေလည်း.. တောင်းလို့ရမယ်ထင်ပါကြောင်း..

    ဒန်တန့်တန်…။

    • နေဝန်းနီ

      March 26, 2013 at 10:40 am

      အကြောင်းကြောင့် အကျိုးထင်တာပေါ့ သူကြီးရယ် အဓိက ဆင်ခြင်တုံ့တရားနဲ့ ဒီမိုကရေစီဆိုတာ ကို သေချာ သင်ကြားပေးဖို့လိုနေတာကိုပြတာပါပဲ….။ ကျောင်းတွေမှာ ဒီမိုကရေစီ ဘာသာရပ်ကို သီးခြား ထည့်သွင်း သင်ကြားပေးသင့်တယ်လို့ ယူဆရပါကြောင်း

    • garuda

      March 26, 2013 at 6:32 pm

      ဖေ့စ်ဘုတ် လုပ်မနေနဲ့ အစိုးရက သူကြီးဆီ အရင်လာတောင်းမှာ..ပြီးရင် ကြီး၄ကြီးကို အရင် ထည့်မှာ။ အချုပ်ထဲပြောတာပါ။
      :harr:
      :harr:
      :harr:

  • ဦးကြောင်ကြီး

    March 26, 2013 at 10:52 am

    ဂျားစကား
    ဘရားသား
    ကြားထား
    ဓါးပါး
    ယားကျား
    ကားသွား
    နားပါး
    လားမား..။

  • KZ

    March 26, 2013 at 11:59 am

    သစ်ပင်ထက်မှာ နားကာ တေးကြူနေတဲ့ ငှက်ငယ်လေးတောင် ပြုတ်ကျသွားမယ်……
    မြစ်တွေချောင်းတွေ ခမ်းကာ ငါးတွေလေမှာ မြူးပျော်လို့ကွယ် ဆန်းသစ်သွားသတဲ့……
    ဒါပေမဲ့ကွယ် …..
    ကြားစကား လက်ဆင့်မကမ်းနဲ့….
    မယုံနဲ့ကွယ် ကြားစကား နားပိတ်ခါထား…..
    မပြောနဲ့ကွယ် ကြားစကား မင်းလေးမသိပဲ…..
    အတင်းတွေ ချဲ့ကားပြောတဲ့
    ကောလဟာလ မင်းမယုံနဲ့…….
    :harr:

  • garuda

    March 26, 2013 at 6:28 pm

    မင်းနဲ့တို့ နှစ်ယောက်အကြောင်းက ရှင်းနေပြီ
    အောင်သွယ်တွေ မလိုတော့ပြီ
    ကြားစကားများမယုံနဲ့ ဘေးဖယ်ထား
    ခပ်မိုက်မိုက် ချစ်ကြစို့
    (ခပ်မိုက်မိုက် ချစ်ကြစို့ – Rဇာနည်.ရှင်ဖုန်း) :ha: :ha:

    • အဂျစ်

      March 27, 2013 at 12:37 pm

      ကြားစကားများမလဲမင်း မယုံနဲ့ကွာ… ရွှေအိမ်မက်လေးများပျက်မှာစိုး……. 🙂

  • မောင် ပေ

    March 26, 2013 at 7:56 pm

    မိတ်ထီလာမှာ ဖြစ်သွားတဲ့ ကိစ္စကတော့
    ကြားစကားကြောင့်တော့ မဟုတ်ဘူးဗျ
    ဒါပေသည့် အဲ့နောက်ပိုင်း ထပ်ထွက်လာတဲ့
    ကြားစကားတွေကိုတော့ သတိထားရမှာ အမှန်ပါပဲ

  • nature

    March 26, 2013 at 7:57 pm

    ၉၆၉-၉၆၉-၉၆၉ ဆိုပြီးပုတီးစိတ်တာထက် အရဟံ-အရဟံ- အရဟံ ဆိုပြီးပုတီးစိတ်ရတာက ပိုပြီးပီတိဖြစ်စေတယ်။

    • Courage

      March 27, 2013 at 3:45 am

      ဗုဒ္ဓံ၊ဓမ္မံ၊သံဃံ ဆိုတဲ့ ထေရဝါရ ဗုဒ္ဓသာသနာရဲ့ ဆောင်ပုဒ်ကနေ ဘယ်လိုကနေ ဘယ်လို ၉၆၉ ဆိုတဲ့ ဆောင်ပုဒ်ကို ပြောင်းလဲသွားသလဲဆိုတာကိုတော့ ကျွန်ုပ် ဉာဏ်မမှီလို့ မှတ်ချက်ပေးစရာလဲ မရှိသလို ဝေဖန်ချက်ပေးဖို့ ကိုလဲ့ မစွမ်းသာပါဘူး။
      သို့ပေမယ့် ဆောင်ပုဒ်တစ်ခုကိုချမှတ်ဖို့တို့၊ သူတပါးကို ပုတ်ခတ်ဖို့တို့ ဆိုတာက ပါးစပ်ထဲက လျှာ အလုပ်လုပ်နေရင်ဖြစ်ပါတယ်။
      တစ်ကယ်တော့ ကိုယ့်ခံယူချက်ကို ကိုယ်ဘယ်လောက်ယုံကြည်သလဲ၊ ကိုယ့်လုပ်ဆောင်မှုဟာ ခြောက်ပြစ်ကင်းရဲ့လားဆိုကို စမ်းစစ်ဖို့သာ အခက်ခဲဆုံးပါ။
      ကြားစကားမပြောပါနဲ့ ကြားဂဏန်းကြောင့် မွဲသွားတဲ့ သူတွေကတော့ အများကြီးပဲဗျို့

  • GaviaGirl

    March 28, 2013 at 1:36 pm

    ကြားစကားတွေကို မယုံနဲ့ကွာ..
    အားလုံးဟာ အနာဂတ်မှာ…

    အမြင်ကျယ်ကြပါဗျိုးးးးး…… သူများဆင်တဲ့အကွက်ထဲကို မသိလို့ ဝင်မိရင်တောင် သိတဲ့သူတွေက ရအောင်ထိ်န်းပေးကြပါ… တစ်ခုတော့ ရှိတာပေါ့..တစ်ချို့သောအမှန်တရားတွေက တည့်တိုးပြောချလိုက်လို့ မကောင်းတာတွေရှိတော့.. ခေါင်းဆောင်ကောင်းတို့ အတတ်ပညာထဲမှာ အမှန်တရားဖြစ်နေသည့်တိုင် အလိမ္မာနဲ့ပြောအပ်တယ် ထင်တာပဲ…

  • ရွာစားကျော် မင်းနန္ဓာ

    March 28, 2013 at 1:59 pm

    ကြားစကားက ခါးမခါး တော့ မသိဘူး
    အငဲ ကတော့
    အချစ်ဟာ ခါး ခါး ခါး
    အချစ်ဟာ ခါးလွန်းတယ်ဟေ့.. တဲ့

  • uncle gyi

    March 28, 2013 at 10:45 pm

    အခမဲ့သတင်းဖြန့်တဲ့နေရာ
    မြန်မာကိုဘယ်သူပြိုင်လို့နိုင်ပါလိမ့်

  • zarlay

    April 12, 2013 at 3:55 pm

    မှန်လိုက်လေခြင်းနော်

Leave a Reply