ကျွန်တော် ချစ်သော သီချင်း စာသားများ

alinsettMarch 26, 20131min1786

ငှက်မြန် ( သို့မဟုတ်) သားအတွက်သီချင်း

445

ဒီ သီချင်းလေးကို ခံစားကြည့်ပါဦး

ဥပေါက် စ ချစ်စရာ ့ ငှက်ငယ် ရင်သွေး.လေး…

အတောင်မစုံခင်မှာ…တစစ ကြီးပြင်းဖို ့ အစာ ခွံ ့ကျွေး…..

မိုးထက်က ကောင်းကင်ယံ ကို..ပျံတက်..ဖို ့……

အဆင်မသင့်ချိန်မှာ..ငှက်ခတ်သမားများ..တွေ ့မယ်…သတိ…ထား….

အားလုံးကို… အပေါ်စီး မြင်အောင်……

ဟိုး…ဘဝဂ်ဆီကို မြင့်မြင့် ပျံ…….

စွမ်းစွမ်းတမံ …လေအဟုတ် ..စီး..တဲ ့ ငှက်မြန်……

ဘေးကင်းစေ…..ချင်…တာ…..

စူးစမ်းထား..ကိုယ့်ရဲ ့ အသိုက်အမြုံ မခွာခင်မှာ……..

ဘဝ အတွေ ့အကြုံ ဟာ… ရနိုင်သလောက်… အားလုံး..ပိုသည် မရှိ…….

သတင်းကောင်းများ ကြားရလို ့သာ…ဂုဏ်ယူ..ချင်…..

ခွင့်ပြုချိန်တန်…ဆုံးမ အားပေးစကားတွေ မှာကြား…….

အသင့်ဖြစ်နေတဲ ့ ငှက်လိမ္မာ….

ထားခဲ့ပါ..နိမ့်ပါးတဲ ့နေရာ……..

အမြင့်ရောက်ရင်….. အမြင် ပ်ိို…ရှင်း..လင်းသွားမှာ……

ရင့်ကျက်စေ..ချင်တာ…….

————————————

ဥပေါက် စ ချစ်စရာ ့ ငှက်ငယ် ရင်သွေး.လေး…

အတောင်မစုံခင်မှာ…တစစ ကြီးပြင်းဖို ့ အစာ ခွံ ့ကျွေး…..

မိုးထက်က ကောင်းကင်ယံ ကို..ပျံတက်..ဖို ့……

အဆင်မသင့်ချိန်မှာ..ငှက်ခတ်သမားများ..တွေ ့မယ်…သတိ…ထား….

…………………….

+++++++++++++++++++++++++++++++++++++++++++++

လူ ့လောက ထဲ.. ဝင်ရောက်လာကာစ…. အရွယ်…

လူသားငယ်ကလေး တစ်ယောက်…..

အတွေ ့အကြုံတွေ / သင်ယူစရာတွေ…. မပြည့်စုံ ခင်မှာ…..

သင်ကြား လေ့ကျင့်ပေးမယ့်….. အားအင်ဝေမျှသူတွေ…. လိုပါတယ် ။

ခက်ခဲ ကြမ်းတမ်း ပြီး.ရှုပ်ထွေး…ပူလောင်လှတဲ ့ ဟောဒီ လောကကြီးထဲမှာ….

လူသားတစ်ယောက်အဖြစ်…. ရှင်သန်ဖို ့….

မြင့်မားလှပတဲ ့လူသားဘဝ တစ်ခုကို… အောင်အောင်မြင်မြင် ပိုင်ဆိုင် နိုင်ဖို ့…./ ကျကျနန တည်ဆောက်နိုင်ဖို ့….

မင်း….ကြိုးစားရမယ် ။

အဲဒီလို… တစ်စချင်း တစ်ဖဲ ့ချင်း…. စီကာစဉ်ကာ မင်း..တည်ဆောက်သမျှ အရာရာနဲ ့ ဘဝ တစ်ခုလုံးကို…

ဖျက်ဆီးပစ်မယ့်…. ဘဝဖျက်သူတွေနဲ ့လည်း..ကြုံရဦးမယ် .။။။

သတိထားပါကွယ်…..။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အားလုံးကို… အပေါ်စီး မြင်အောင်……

ဟိုး…ဘဝဂ်ဆီကို မြင့်မြင့် ပျံ…….

စွမ်းစွမ်းတမံ …လေအဟုတ် ..စီး..တဲ ့ ငှက်မြန်……

ဘေးကင်းစေ…..ချင်…တာ…..

++++++++++++++++++++++++++++

အားလုံးကိူ…အပေါ်စီးက မြင်ရဖို ့…..

ဘဝရဲ ့..အမြင့်မားဆုံး နေရာကနေ….. တလောက လုံးကို…. စီးမိုး ကြည့်../ မြင်နိုင်ဖို ့ ပါကွယ်….။

သိပ်ကို လှပမယ့်… မြင်ကွင်းတွေ… မြင်နိုင်ဖို ့….။

အားလုံးကို… ကျယ်ပြန် ့ထင်ရှားစွာ…. မြင်တွေ ့နိုင်ဖို ့……. မင်း…..

ကြိုးစားရမယ် …။

မြင့်မားတဲ ့ နေရာကို ရောက်ဖို ့… မြင့်မားတဲ ့ လှေကါးတွေကို… တစ်ထစ်ပြီး တစ်ထစ်… ကျော်ဖြတ်..လှမ်း ….တက် ရမယ် ။

ဟိုး…ဘဝဂ် ဆီ..အထိ..ရောက်ဖို ့…..

အားကြိုးမာန်တက် ..လျှောက်လှမ်းတော့မယ့်…… လူသားကလေးရေ……

မင်း….

ဘေးကင်းစေဖို ့လ်ညး…. ကိုယ် ဆန္ဒ ပြုလိုက်ပါတယ်ကွယ်….။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

စူးစမ်းထား..ကိုယ့်ရဲ ့ အသိုက်အမြုံ မခွာခင်မှာ……..

ဘဝ အတွေ ့အကြုံ ဟာ… ရနိုင်သလောက်… အားလုံး..ပိုသည် မရှိ…….

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အသိုက်အမြုံ တစ်ခုထဲကနေ….

ခွဲခွါ ဝေးလွင့်သွားတတ်တာဟာ…. ဖြစ်မြဲ ဖြစ်စဉ်တစ်ခုပါလေ…။

အဲဒီလို… ဝေးရာကို ခွဲခွါမသွားခင်လေးမှာ…..

လေ့လာပါ….

သင်ယူပါ ….

ယူနိုင်သမျှ ယူပါ…ကွယ်…။

ကြုံလာသမျှထဲက….သသ်ခန်းစာ တွေ ထုတ်နှုတ် ပြီး….အသုံးချဖို ့သိမ်းဆည်းပါ ။

လောကဆီက…. ရသမျှ အတွေ့အကြုံ တွေဟာ…ဘယ်လောက် ရရ ပိုတယ်လို ့…. မရှိပါဘူးကွယ်…. ။

++++++++++++++++++++++++++++++++++++++++++++++++++++++++

သတင်းကောင်းများ ကြားရလို ့သာ…ဂုဏ်ယူ..ချင်…..

ခွင့်ပြုချိန်တန်…ဆုံးမ အားပေးစကားတွေ မှာကြား…….

အသင့်ဖြစ်နေတဲ ့ ငှက်လိမ္မာ….

ထားခဲ့ပါ..နိမ့်ပါးတဲ ့နေရာ……..

အမြင့်ရောက်ရင်….. အမြင် ပ်ိို…ရှင်း..လင်းသွားမှာ……

ရင့်ကျက်စေ..ချင်တာ…….

……………………………….

===============================================================

ဟောဒီ အသိုက်အမြုံထဲကနေ….မင်း..ထွက်သွားဖို ့…..

အသင့်ဖြစ်နေပြီ..ဆိုရင်တော့….

လမ်းခရီးအတွက်…လိုအပ်မယ့်…. အားပေး စကားတွေ..မှာကြားချင်ပါသေးတယ် ကွယ်….။

မနက်ဖြန်မှာ…………….

မင်းး……. ခက်ခဲ ရှုပ်ထွေလှတဲ ့…. ဘဝ ဝင်္ကပါကြီးထဲ…. သွားရတော့မှာ…..။

ပြန်ဆုံတွေ ့ဖို ့……/ ဒီ အသိုက်အမြုံထဲမှာ…. နွေးထွေးစွာ…. ပြန်လည် ဆုံတွေကြဖို ့ဆိုတာက……

မသေချာပါဘူးကွယ်……။

ရှေ ့ဆက်ရမယ့်… မင်းဘဝလေး….. ဘာတွေ ဆက်ဖြစ်လာမလဲ……

စိတ်ပူ မိပါတယ်ကွယ်…… ။

သတင်းကောင်းတွေသာ..ကြားပြီး… ဂုဏ်ယူ ဝမ်းမြောက်ချင်ပါတယ် ….။

လောကထဲမှာ……. ကျကျနန ရှင်သန် လျှောက်လှမ်းဖို့ ရာ…အဆင်သင့် ဖြစ်နေပြီဆိုရင်တော့…..

သွားပါ…….။

သွားပါ…….။

သွား…ပါ….တော့…..ကွယ်….. …

ဟောဒီနေရာက မင်းအတွက်….. နိမ့်ပါး ပါတယ် ။

သွားပါတော့... လူကလေးရယ်....
သွားပါတော့…
လူကလေးရယ်….

ဟိုးးးးးးး….. မြင်မြင့် နေရာတွေနဲ ့သာ….. မင်း..ထိုက်တန်ပါတယ် ။

ထားခဲ့ပါ….. …ဟောဒီ…..နိမ် ့ပါးတဲ ့နေရာတွေက်ို……..

ဟိုးမြင့်မြင့်ကို ပျံသန်းသွားြ့ပီး လွတ်လပ်မှုကို ရှာပါကွယ်
ဟိုးမြင့်မြင့်ကို
ပျံသန်းသွားြ့ပီး
လွတ်လပ်မှုကို ရှာပါကွယ်

+++++++++++++++++++++++++

မင်းဘဝလေး..မြင့်မားလှပစွာ…. တည်ဆောက်လို ့…. ပြီးသွားပြီဆိုရင်…….

မင်းဘဝအတွက်..လိုအပ်တဲ ့… စည်းစိမ်ဥစ္စာနဲ ့ လိုအပ်တဲ ့… အသိဉာဏ်ပညာတွေ….မင်း ကျကျနန ပိုင်ဆိုင် အသုံးချတတ်ပြီဆိုရင်…..

လောကနဲ ့……

ဟောဒီ မြင်ရသမျှ အရာတွေက်ို…..ကြည့်တဲ ့…မင်း အမြင်တွေ…..

ပို ရှင်းလင်းသွားမှာပါ ။

အမြင်တွေ…ကြည်လင်လာလေလေ…..

လောက ဟာ… ပိုပြီးတော့….. နေဖို ့ထိုက်တန်လေလေပေါ့ ။

ဘဝရဲ ့အနှစ်သာရတွေက်ို…မင်း…..မြင်စေချင်တာပါ ။

လူ ့ဘဝရဲ ့အနှစ်သာရဟာ….. ဒါပဲ..လို ့……

မင်း… ကြည်လင် ပြန့်ပြူးစွာ… သိ သွားစေချင်တာပါကွယ်…။

ရင့်ကျက်စေချင်တယ်….လူကလေးရေ…..။

တည်ငြိမ်စွာ ရင့်ကျက်….. ဟိုး…မြင့်မားတဲ ့ ထိပ်ဖျားကနေ…..

ဟောဒီ လောကကို….. ကြည့်ပါ …။

မင်းကို……

အများကြီး….မျှော်လင့်ထားတယ်….လူကလေးရယ်…..။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

စိုင်းထီးဆိုင် သီဆိုခဲ့တဲ ့ ငှက်မြန် (သို ့မဟုတ် ) သားအတွက် သီချင်း ဆိုတဲ ့ သီချင်းကလေးကို…ခံစားမိတဲ ့အတွက်…..

ဟောဒီ ပိုစ့်ကို ခံစားချက်အဖြစ်…ချရေးမိကြောင်းပါ ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

လေးစားစွာဖြင့်

အလင်းဆက်

6 comments

  • အရီးခင်လတ်

    March 26, 2013 at 8:46 pm

    အရီးလဲ စိုင်းထီးဆိုင် နဲ့ စိုင်းခမ်းလိတ် အသည်းစွဲပရိတ်သတ် ပါ။
    ဒါပေမဲ့ ဒီသီချင်း ကို မသိခဲ့ဘူး။
    စာသားလေးတွေက အဓိပ္ပါယ်အပြည့်ပါ။
    { တည်ငြိမ်စွာ ရင့်ကျက်….. ဟိုး…မြင့်မားတဲ ့ ထိပ်ဖျားကနေ….. ဟောဒီ လောကကို….. ကြည့်ပါ …။}
    မှန်တာပေါ့။
    အားလုံးကို ခြုံမြင်နိုင်ဖို့ ကိုယ် (စိတ်ဓာတ်) က အမြင့်မှာ ရှိနေရမှာ။
    ပြောသာပြောရ။ လက်တွေ့ကျင့်ဖို့ မလွယ်တာ အမှန်ဘဲ။
    ဒါပေမဲ့ ဒီလို နဲ့ ဖြေးဖြေးချင်း တက်ကြရမှာပါ။

  • အလင်းဆက်

    March 27, 2013 at 8:02 pm

    အရီးရေ..
    ကိုထီး ရဲ ့ ပရိတ်သတ် ချင်းတူပြီ ။
    ကိုထီးသီချင်းတွေထဲမှာ.. ကျွန်တော် အရမ်း ရင်ခုန်ခဲ့ရတဲ ့သီချင်းတွေ ရှိတယ် ။
    ဒါကြောင့် ..ဒီ တစ်ပုဒ်ကို စပြီး.ခံစားကြည့်လိုက်တာ ။
    နောက်ထပ် သီချင်းလေးတွေ ခံစားချင်ပါသေးတယ် ။

    ဖတ်ရှု ပြီး..ထပ်တူလိုက်..ခံစားပေးလို ့ ကျေးဇူးဗျ ။

    ကျွန်တောလည်း..ဖြည့်ဖြည်းချင်း…တက်ချင်တယ် ။

    အမြင့်ကို ရောက်လေ…
    ပြုတ်ကျရင် ပိုနာလေ..
    အဲ… အားလုံးကို အပေါ် စီးကနေ မြင်လေ….ပေါ့ ။ အဟိ ။

    အမြင့်ကို တက်ချင်သူအတွက်..ပြုတ်ကျကိန်းတွေ ရှိတယ်ဆိုတဲ ့
    စကားလည်း..သွား သတိရမိတယ် ။

    :kwi:

  • ကြည်ဆောင်း

    March 28, 2013 at 8:57 am

    ကြည်ဆောင်းလဲ ဘိုထီးသီချင်းတွေ အကုန်လိုက်မဆိုတတ်ပေမဲ့ သီချင်းအားလုံးတော့ သိတယ်ထင်တာ..
    ဒီသီချင်းဘာလို့ မသိရတာပါလိမ့်..
    အင်း ……………..
    အကုန်သိတယ်ဆိုတဲ့ အထင်ပြောင်းမှ
    :harr:

    • KZ

      March 28, 2013 at 9:04 am

      ဟိ။
      မသိဖော်ရဘီ။
      အလက်ဆင်း ကျုပ်လည်း ဒီ သီချင်းကို မသိလို့ ငြိမ်နေတာ။
      ဆို ပြဘာ။
      :kwi:

  • kyeemite

    March 28, 2013 at 11:26 am

    အ တူတူဘဲ
    ကျုပ်လည်း ဘိုထီးခရေဇီ..
    ဒီသီချင်းကို မသိ.. :kwi:

  • အလင်းဆက်

    March 28, 2013 at 6:53 pm

    တိန်…

    ဒီသီချင်းကို မသိတဲ ့ သူတွေ တော်တော် များနေပါ့လား ။
    ကျွန်တော်ကတော့ မထင်မှတ်ပဲ.. ဒီသီချင်းလေးက်ို နားထောင်ဖြစ်ခဲ့လို ့…
    စာသားလေးတွေကလည်း.. သားတစ်ယောက်ကို ရည်ရွယ်ထားသလိုလို..နဲ ့
    ဒဿနလည်းဆန်တဲ ့ အားအင်လေးတွေ ပေးနေလို ့
    အခုထိ အလွတ်ရ မှတ်မိနေပါသေးတယ် ။

    ဒီသီချင်းကို ဦးထီးက မူရင် အဆိုရှင် ဟုတ်မဟုတ်တော့ကျွန်တော် မသိပါဘူး ။
    သူ ဆိုထားတာကို တော့ သေချာကိုူ နားထောင် ဖြစ်ခဲ့တာပါ ။
    အခုထိလည်း ကျွန်တော် ပြန် ပြန်နားထောင်ဖြစ်နေတဲ ့သီချင်းလေးပါ ။

    သီချင်းကလေးကို နားထောင်ချင်သူတွေအတွက်..
    လင့်ခ်လေး ပေးထားပါတယ်နော် ။
    တေးရေးသူကတော့..ခန့်မော် လို ့ ရေးထားပါတယ် ။
    စိုင်းခမ်းလိတ်မဟုတ်ပါဘူး ။

    စိုင်းထီးဆိုင်ရဲ ့ပါရမီရှင်ဆိုတဲ ့တေးစီးရီးထဲမှာ.. ပါတဲ ့သီချင်းလို ့…ထင်ပါတယ် ။

    youtube စာမျက်နှာမှာ..သွားရောက် နာေးထာင်ကြည့်ဖို့တော့..
    ဒီလင့်လေး ပေးထားပါတယ်နော်။
    http://www.youtube.com/watch?v=hGMgmrCHn6o

    🙂
    🙂

    ခင်မင်လေးစားစွာ…
    အလင်းဆက်

Leave a Reply