ခက်တော့ခက်ကုန်ပြီ…ခိုင်ရေ
ခက်တော့ ခက်ကုန် ပြီ ထင်တယ် သူကြီးခိုင်ရေ…
သူများ ဖွဘုတ်လင့်တွေ တင်ခွင့်မရှိရင်တော့ ပိတ်လိုက်ပါ သူကြီး please.
အောက်ကလင့်က တော်တော်လေး အုံကြွအောင် လုပ်နေတယ်လို့ ယူဆ လို့ တင်ပြတာပါ။ အဆင်မပြေရင်တော့ ပိုစ့်ကို ပိတ်ပေးပါ..။ မြန်မာပြည်ကတော့ ဟုတ်ဟန်မတူဘူး။ သူ့ကိုယ်သူ ဗမာတစ်ဝက် ကုလားတစ်ဝက်ဆိုလား။ ဘုန်းကြီးတွေကို လည်းပြောချင်ရာပြော..အောက်က သူ့ဘက်သားတွေက လည်း ၀င်ဆဲနဲ့။ ရွှေည၀ါဆရာတော် တို့ဘာတို့ဘာ ပါတယ်။ တကယ်အကြမ်းဖက်တဲ့ ဘုန်းကြီးဆို နိုင်ငံတော်က တစ်ခုခုလုပ်လာမှာပေါ့။ သူနဲ့လည်းမဆိုင်။ အဲ့သူတို့ ပြောနေတဲ့ ဘုန်းကြီးတွေက ဒကာ/ဒကာမတွေ အများကြီးဗျ။ အဲဒီလူတွေကို ဆွပေးနေသလို လည်းဖြစ်..တစ်ခြားမူဆလင်တွေ ကိုလည်း ဘုန်းကြီးမုန်းတီးရေး ဆွပေးသလိုတွေ ဖြစ်နေပြီထင်တယ်။
https://www.facebook.com/yeyint.thitsar
အောက်ပါလင့် ကိုလည်း သူ့ အထဲမှာ ရှဲထားသေးတယ်။ ibtimes က ကြည့်ရတာတော့ သာမန် အွန်လိုင်း သတင်းဆိုဒ်တစ်ခုလို့ ထင်ပါတယ်။ သူကြီးတော့ သိမလားပဲ။ ဘယ်သူတွေ နောက်ကွယ်က စီမံနေတဲ့ သတင်းဆိုဒ် လည်းတော့မသိ။
http://www.ibtimes.co.uk/articles/450375/20130326/saydaw-wirathu-myanmar-969-burma.htm
နဲနဲ စဉ်းစားကြစေလိုပါတယ် (credit to FR) ဘယ်သူတွေက သွေးကြွအောင်ဖွနေလည်း။ အခုဟာက နှစ်ဖက်လုံးက အပြိုင်အဆိုင်ဖွနေတဲ့ပုံစံပါ
ကုလားအစွန်းရောက်ကလည်း ဖွ…..ဗမာအကြမ်းဖက်တွေကလည်းဖွ နဲ့တော့ ဒုက္ခများကုန်ပြီထင်တယ်။ ကြားထဲက အေးအေး ဆေးဆေးနေတဲ့
မူစလင်နဲ့ ဗုဒ္ဓဘာသာတွေ ထပ်ခံရအုံးမယ် ထင်ပါတယ်။ တမင်သက်သက် မြန်မာတွေ ဒေါသထွက်ပြီး အုံကြွလာရင် နှိမ်နင်းခံရအောင် လုပ်နေတာနဲ့ တူပါတယ်။ မြန်မာများ ဥာဏ်လွှာပြီးသုံးကြပါ စိတ်လိုလက်ရ မဖြစ်ပါစေနဲ့လို့ ပြောလိုပါတယ်။
garuda
တကယ်ဘဲ မဟုတ်တဲ့ မဖြစ်သင့်တဲ့ သတင်းမပြန့် စေချင်ရင်ဖြင့်
ကိုယ့် Facebook မှာ အကြမ်းဖက်ပုံတွေ၊ သတင်းတွေ၊ ဘာသာရေး (ဘယ် ဘာသာကို မဆို) ပုတ်ခတ် ဆဲဆိုတဲ့ သတင်းတွေ၊ အချင်းချင်း ဆဲဆိုနေတဲ့ စာတွေကို Shareတဲ့ သူကို Unfriend ဒါမှ မဟုတ် Block လုပ်လိုက်ပါ။
ဒီလို Block လုပ်တဲ့ သူတွေ များသွားရင် သူ့ဆီ က သတင်းတွေ မပွါးတော့ ဘဲ ရပ်သွားပါမယ်။
တစ်ယောက်ချင်း က နေ သတင်းတွေ ဖြန့်နိုင်သလို တစ်ယောက်ချင်း ကနေလဲ သတင်းတွေ ရပ်အောင် လုပ်လို့ ရပါတယ်။
ကိုယ်ကလဲ ဆက်မဖြန့်ပါနဲ့။
စေတနာ အမှန် နဲ့ ညီညီညွတ်ညွတ် ပူးပေါင်းဖို့ဘဲ လိုပါမယ်။
ဒီလို Link တွေ ရွာစာမျက်မှာပေါ် တင်စေ၊ မတင်စေ ကတော့ သူကြီးသဘောပါဘဲ။
Was this answer helpful?
LikeDislikeအရီးရေ…ကျွန်တော်ကို ကလည်း..မနေနိုင်မထိုင်နိုင်…အဲဒီလိုဆိုဒ်မျိုးတွေပဲ..သွားသွားကြည့်တတ်တယ်….အမှန်တော့..လေ့လာတဲ့
အနေနဲ့..မအအောင်လို့ပါ။ တစ်ခြားမှာတော့ မရှဲပါဘူး..။သူပြောတာတွေတောင်..ကိုယ်က မဟုတ်တာတွေ့တော့ ပြန်ပြောချင်ပေမဲ့..
အရှည်..အရှည်..ဖြစ်ကုန်မှာစိုးလို့..၀င်မမန့်ဖြစ်ပါဘူး။ နှစ်ဖက်စလုံး ညီညီ ညွတ်ညွတ်ဖြစ်ဖို့ လိုတာတော့ အမှန်ပဲ။ နှစ်ဖက်စလုံးမှာက သွေးခွဲတဲ့ လူတွေရှိနေတာကိုး။
Was this answer helpful?
LikeDislikeChile Passes Hate Crime Law After Anti-Gay Killing | Fox News Latino
latino.foxnews.com/…/chile-passes-hate-crime-law-after-anti-gay-killi…
Jul 12, 2012 – Chile’s president signed an anti-discrimination bill into law on … Chile to pass legislation against hate crimes and discrimination after the killing.
သူများနိုင်ငံတွေက.. လုပ်နေကြပြီ..
Anti-discrimination law, Hate Crime Law တဲ့..။ လူလူချင်းခွဲခြားနှိမ့်ချမှုတိုက်ဖျက်ရေးဥပဒေပါ..။ အဲဒါ.. မြန်မာပြည်မှာ.. မြန်မြန်ပြဌာန်းသင့်နေပြီဖြစ်ပါကြောင်း..။
Was this answer helpful?
LikeDislikeဝီရသူ ဆိုတဲ့ အကောင့် သုံးခုတွေ့တယ်
သံသယဖြစ်စရာပါ
သတိထားပြီးစဉ်းစားကြဖို့ ပါ
Was this answer helpful?
LikeDislikeချင့်ယုံ …
ဆိုတဲ့ စကားက ဒီနေရာမျိုးမှာ
တာသွားပြန်ရော ဥလုံဂျီးရေ ….
အမြင်အရ ပေါရရင်ဒေါ့ …
ူမူးလွန်းနေတဲ့အခါရယ် .. အိပ်ချင်မူးတူး ဖြစ်နေတဲ့ အခါရယ် …
ဒီလို အခါသမယမျိုးမှာ ကြည့်မယ် ဆိုရင်ဖြင့် …
ဝါးတားတားကြီး ဖြစ်မှာ ကျိန်းသေတယ် … ဟီးဟီး ..
Was this answer helpful?
LikeDislikeအဲဒါကြောင့် ဖွဘုတ်လို့ ပြောတာပေါ့..
အင်း
ကိုယ်တိုင်လည်း မဖွနဲ့
သူများ ဖွတိုင်းလည်း မရှယ်ကြပါနဲ့ဗျာ
Was this answer helpful?
LikeDislikeအူးယေး ဂလုနရာဇာ ဂွမ်လုံစောင်ခြုံရေ
ဖွဘုတ်ပေါ်မှာ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ပေါကြောင်ကြောင်တွေ ရှဲတဲ့ လူက ရှဲ ….. ၊ ဖတ်ပြီး သဘောကျလို့ မိတယ်ဟဆိုပြီး ဟုတ်တာ မဟုတ်တာ ၊ လုပ်သင့်မလုပ်သင့် မစဉ်းစားပဲ ရှဲတဲ့ လူကလည်း ထပ်ရှဲ …. ဒါနဲ့ပဲ ပွထကုန်တာ … ။ မဟုတ်က ဟုတ်က ရေးထားတာ တွေတော့ အများကြီးတွေ့ တယ် … ဖတ်ပြီး ဒေါသထွက်လို့ …. ပယ်ပယ်နယ်နယ် ထတုပ်ရလျှင်လဲ ဖွဘုတ်ပေါ်တက်ရန်ဖြစ်နေတာ … မကောင်းဘူး ဖြစ်တော့မယ် … ဒီတော့ … အူးလေးရေ …
ဦးနှောက်မရှိတိုင်း … လက်သရမ်းရှဲနေတဲ့ဟာတွေ ၊ ကိုယ့်ကိုယ်ကို ဥာဏ်သိမ်ကြောင်း ပြတယ်လိုကပဲ … ယူဆပြီး ဘလော့လိုက်ပါအေ ။ :harr:
Was this answer helpful?
LikeDislikeကိုယ်တိုင်ကတော့…ဒေါသထွက်လို့ဟုတ်ဘူးအေ(ဒေါသထွက်လည်း ကိုယ်တွေက ဘာမှလုပ်နိုင်ဘူးလေ) သိသင့်တာလေးတွေ သိရအောင်ပါ။ ဒါပေမဲ့.. ဘလိုင်းကြီးဆဲဆို တဲ့ ဆိုဒ် ဆိုရင် တော့အကျိုးမရှိလို့ ဘလော့ပါတယ်။ ဒါပေမဲ့ ပညာသား ပါပါ လူတွေကို ဆွတတ်တဲ့ ဆိုဒ်မျိုးဆိုရင်တော့ ၀င်ကြည့်ဖြစ်တယ်လေ။ သိထားသင့် တာလေးတွေသိထားရအောင်ပါ။ တစ်ခါတစ်လေလဲ သူ့အမြင်
ကိုယ့်အမြင်နှိုင်းယဉ် လို့ရတာပေါ့။
Was this answer helpful?
LikeDislikeအင်း
ခက်တော့ခက်ကုန်ပြီ..ခိုင်ရေ…

Was this answer helpful?
LikeDislikeခက်တော့ ခက်ကုန်ပြီ ဂလုဒ ရယ်။
ခေါင်းစဉ်က သဂျီးကို ပြောမယ်ဆိုလည်း ဦးခိုင် ဖြစ်ဖြစ် ကိုခိုင် ဖြစ်ဖြစ် သုံးပေါ့လို့။
:harr:
ခုတော့…

ခုတော့….
ဟိုနေ့ကတည်းကလည်း ဟိုလူကြီး ခေါင်းစဉ်နဲ့ လန့်နေတာပါဆို။
ခုတလော ဒီ နာမည်ကြားတိုင်း ရင်တွေ ခုန်ခုန်လာလို့ပါ။
ဖဘက ဖွချက်တွေကိုတော့ မတားနိုင်တဲ့ တူတူ
ကိုယ့်တိုင်မဖွ၊
သူများဖွလည်း မဖတ် နည်းလမ်းပဲသုံးနေသေးတယ်။
:harr:
Was this answer helpful?
LikeDislikeအော်..တူမကြီးရယ်..တောင်းပန်ပါတယ်(အောင်လ)…နောက်ဆို..သဂျီးပဲပြောင်းခေါ်လိုက်ပါ့မယ်။ အိုကွယ်..နာမည်ကြားတိုင်း…
ရင်ခုန်တယ်ဆိုတော့….နှလုံးသားလေး က နုနယ်လွန်းလှ ပါတယ်ကွယ်။ ရွာထဲမှာရှိတဲ့ နှလုံးသားကြမ်းကြမ်း စိတ်ကြမ်းကြမ်း ကြီးတွေနဲ့ တော့ မတွေ့ပါစေနဲ့ လို့ဆုတောင်းပေးလိုက်ပါတယ်ကွယ် :harr:
ဟုတ်တယ်..ဖဘက ဖွချက်က တော့ အစိုးရ တစ်ခုခုလုပ်ဖို့သင့်ပြီ ထင်ပါတယ်။…အခုတော့ အသံကြောင့် ဖားသေဆိုတာမျိုးလို ဖြစ်နေပြီ။
Was this answer helpful?
LikeDislike