ကျွန်တော်တို့က ဗုဒ္ဒဘာသာတွေပါ….

စောင့်ထိန်းရတဲ့ ငါးပါးသီလထဲမှာ ဘာမစောင့်ထိန်းနိုင်နိုင် ကာမေသုတော့ ထိန်းနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားကြပါတယ်…ဒုသနသော ဆိုတာလဲ တအားကြောက်ပါတယ်…
မုဒိန်းမှုဆိုတာ အရွံရှာဆုံး ပြစ်မှု တစ်ခုပါ….
ကျေးဇူးပြုပြီး အဲ့ဒီ ပြစ်မှုကို မကျုးလွန်ကြပါနဲ့….

မကျေနပ်လို့ ပေါက်ကွဲထွက်ချင်နေပါသလား….ဒေါသထွက်လို့ လူသတ်ချင်နေသလား….
ဒါးနဲ့ ထိုးသတ်ပစ်လိုက်…
ခေါင်းကို ဒုတ်နဲ့ ရိုက်ခွဲပစ်လိုက်….ဘာမှ ဖြစ်မသွားဘူး…
လည်လှီးတော့ မသတ်ပါနဲ့….
လည်လှီးသတ်တယ်ဆိုတာ ကျွန်တော်တို့ အရွံရှာ အစက်ဆုတ်ဆုံး လုပ်ရပ်ပါ…
မုဒိန်းမှု ကျုးလွန် လည်လှီးသတ်ဆိုတာကတော့ ပြောဖွယ်ရာမရှိပေါ့….ဘယ်လောက်စက်ဆုတ်လိုက်သလဲဆိုတာ…

နောက်ပြီး….
သတ္တ၀ါတွေ အမျိုးမျိုး ရှိတဲ့အထဲ လယ်ယာစိုက်ပျိုးရေးနိုင်ငံဆိုတော့ စားဖို့ စပါးကို နွားနဲ့ပဲ ဒိုးတူဘောင်ဖက် လုပ်နေကြရတာပါ….
လယ်ထွန်ရင်တောင် ဖေ့သားကြီး နေမမြင့်ခင်လေး ရုန်းထားဦးဆိုပြီး ချစ်စဖွယ် ပြောခိုင်းတတ်တာပါ…
နွားဆိုတာကို တိရ စ္ဆန်လို့တောင် မြင်တတ်တဲ့ လူမျိုး မဟုတ်ကြပါဘူး…မိသားစုဝင်တစ်ယောက်လို သဘောထားတဲ့ လူမျိုးပါ….
မဖြစ်မနေ သတ်ရလို့ ထွက်လာတဲ့ အသားကိုတောင် နွားသားလို့ မခေါ်ရက်လို့ အမဲသားလို့ ပြောင်းခေါ်ခဲ့တဲ့လူမျိုးတွေပါ….
ကျွန်တော်တို့ သိပ်ချစ်တဲ့ …ထမင်းရှင်လို့ ယူဆထားတဲ့ နွားတွေကို ကျွန်တော်တို့ ရှေ့မှာ ကျေးဇူးပြုပြီး ပျော်ပျော်ပါးပါးကြီး သတ်မပြကြပါနဲ့….

နောက်ပြီး ယောက်ကျား နဲ့ မိန်းမ ချစ်ကြမလား….ယူကြမလား…ချစ်လေ…ယူလေ…
ရပါတယ်…ဘာမှ မဖြစ်ပါဘူး…
ဗုဒ္ဒဘာသာနဲ့ ယူလို့ ဗုဒ္ဒဘာသာထဲ ၀င်ရမယ်လို့ ဘယ်ဥပဒေမှ ပြဌာန်းမထားပါဘူး…
ဘယ်သူမှလဲ အတင်း မ၀င်ခိုင်းပါဘူး…
မ၀င်လဲ ရိုက်နှက်ပြီး ဇွတ်မ၀င်ခိုင်းပါဘူး…ကိုယ် ယုံကြည်ရာပေါ့…
ဒါပေမယ့်…ယူတဲ့ သူတိုင်းကို သူများဘာသာထဲ ဇွတ်ဆွဲသွင်းသွားတာကိုတော့ မှန်တာပြော ဘယ်လိုမှ လက်ခံလို့မရပါဘူး…ကျေးဇူးပြုပြီး ဒီလိုလဲ မလုပ်ပါနဲ့…

သည်းခံတတ်ပါတယ်…
မြတ်စွာဘုရားကလဲ သည်းခံဖို့ချည်း ဟောထားလို့ သည်းခံတတ်အောင် အကုန်လုံး လေ့ကျင့်နေတဲ့ လူစားမျိုးတွေပါ…
ဒါပေမယ့်….ဒါပေမယ့်ပေါ့လေ….
အပေါ်က ပြောထားတာတွေ…ကျွန်တော်တို့ မကြိုက်တဲ့ဟာတွေ မလုပ်ပဲ နေကြည့်ကြပါလား…
ဘာသာတွေ အကုန်လုံးချစ်ခင်စည်းလုံးနေလို့ရတယ်…
လည်ပင်းဖက် ပေါင်းလို့ရတယ်…
ထာဝရ ငြိမ်းချမ်းစွာ နေလို့ရတယ်…
ငြိမ်းချမ်းရေးတရားတွေပေါ့…

(လက်တခု ဖြစ်လာဖို့အတွက် လက်ဝါးဖက်က ကြည့်ဖို့ လိုသလို …လက်ဖမိုးဖက်ကလဲ ကြည့်ဖို့ လိုပါတယ်…ဒီတင်ပဲလား…မကသေးပါဘူး…လက်ချောင်းလေးတွေ ထိပ် အပေါ် ဗျုးကနေ ကြည့်ဖို့လဲ လိုအပ်ပါတယ်…အမြင်တွေ အားလုံးပေါင်းစပ်လိုက်မှ လက် ဆိုတာကို အမှန်အတိုင်း ပုံသဏန် ပေါ်လာမှာပါ….ဒါကတော့ လက်ဖ၀ါး တခြမ်းထဲ မြင်တဲ့ အမြင်တခုထဲနဲ့ ရေးထာတာပါ…ကျန်တဲ့ အမြင်တွေ ထွက်လာစေချင်တဲ့ စိတ်နဲ့ ရေးထားတာပါ…ဒါမှ ငြိမ်းချမ်းရေးဆိုတဲ့ ပုံစံအစစ်အမှန်ပေါ်လာမှာပါ….)

(အရင်တုန်းကတော့ ဘာသာရေးနဲ့ ပတ်သက်လို့ တော်ယုံတန်ယုံ ဆွေးနွေးခဲပါတယ်…အမုန်းများမယ်…ရန်ဖြစ်မယ်ဆိုပြီးတော့လေ…အဲ့ဒီလို မဆွေးနွေးခြင်းဟာလဲ ပြသနာကို ပိုမိုကြီးထွားစေတယ် လို့ ပဲ ကျွန်တော် တော့ မြင်တာပါပဲ….ကျွန်တော့်အမြင်ပေါ့…ရည်ရွယ်ချက်ကတော့ ငြိမ်းချမ်းရေးအတွက် ရေးတာပါ…လိုရင်းမရောက်လို့ကတော့ ရေးသားသူရဲ့ ချွတ်ယွင်း အားနည်းမှု သက်သက်သာ ဖြစ်ပါတော့တယ်)

(ကျောင်းတုန်းက Drawing သင်တော့ ခွက်တလုံး ဆွဲတယ် ဆိုပါတော့…Front View သမားက လေးထောင့်ဆွဲတယ်….TOP View သမားက အ၀ိုင်းဆွဲတယ်…Side View သမားက သူ့အမြင် ထပ်ဆွဲတယ်…အားလုံးပေါင်းမှ ခွက်တလုံး ဖြစ်လာတာပဲ မဟုတ်လား….တခါတလေတော့လဲ Missing View ကို မြင်ကြည့်လို့မရတာတော့ ဘယ်တတ်နိုင်မလဲနော)

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...