မြန်မာနိုင်ငံ ရန်ကုန်မြို့က ဆင်မလိုက်လမ်းဆုံမီးပွိုင့်ကို သိကြပါသလား။

 

မြို့ထဲကလာတဲ့ကန္နားလမ်း၊ ဘုရင့်နောင်လမ်းအစနဲ့ နာနတ်တောကုန်းကျော်တံတားအဆင်း၊ လှည်းတန်းကုန်းကျော်တံတားအဆင်း……..

လမ်းတွေဆုံတဲ့ မီးပွိုင့်ပါ။

အဲဒီမီးပွိုင့်မှာ လှည်းတန်းကုန်းကျော်တံတားအဆင်းလမ်းကနေ ဘုရင့်နောင်လမ်းကိုဝင်ချင်ရင်

မီးပွိုင့်ကိုဝင်စရာမလိုအောင် လမ်းခွဲလေးပေးထားပါတယ်။

လှည်းတန်းကုန်းကျော်တံတားအဆင်းလမ်းရဲ့ ညာဘက်လမ်းခွဲပါ။

 

များသောအားဖြင့် မီးပွိုင့်မ၀င်ခင် အကွေ့လမ်းကြောအတွက် လမ်းခွဲတွေဟာ တစ်လမ်းမောင်းပဲ ဖြစ်လေ့ရှိပါတယ်။

ကိုယ်တိုင်တော့ အဲဒီလိုပဲ သိထားပါတယ်။

(အကွေ့လမ်းခွဲတွေမှာ နှစ်လမ်းမောင်းရှိကြောင်း သိတဲ့သူတွေလည်း သိကြမှာပါ။)

 

အဲဒီ လှည်းတန်းကုန်းကျော်တံတားအဆင်းလမ်းကနေ ဘုရင့်နောင်လမ်းကိုဝင်တဲ့ လမ်းခွဲလေးကတော့ နှစ်လမ်းမောင်းဖြစ်ပါတယ်။

 

နှစ်လမ်းမောင်းဖြစ်တာကြောင့် ဘုရင့်နောင်လမ်းက လှည်တန်းကုန်းကျော်လမ်းဘက်ကို ၀င်မယ်ဆိုရင်လည်း အဲဒီလမ်းခွဲလေးကပဲ ၀င်ရပါတယ်။

 

ဘုရင့်နောင်လမ်းဘက်ကလာရင် ဆင်မလိုက်မီးပွိုင့်ကို မ၀င်ခင်မှာ 

အဲဒီလမ်းခွဲလေးနေရာမှာ (ဘုရင့်နောင်လမ်းရဲ့ ဘယ်ဘက်အခြမ်းမှာ) လမ်းလယ်တုံးတွေကို ပိတ်မထားပဲ ကားကွေ့သွားနိုင်အောင် လမ်းဖွင့်ပေးထားပါတယ်။

 

မီးပွိုင့်ကိုဝင်တဲ့ ယာဉ်ကြောပြမျှားမှာလည်း အတည့်ယာဉ်ကြောအတွက်ပဲ မျှားပါပြီး

အကွေ့လမ်းအတွက် မျှားပြမပေးထားပါဘူး။

 

များသောအားဖြင့် ဘုရင့်နောင်လမ်းကနေ လှည်းတန်းကုန်းကျော်တံတားဘက်ကို သွားတဲ့ကားတွေဟာ ဘယ်ဘက်လမ်းခွဲကနေ သွားရမယ်ဆိုတာကို များသောအားဖြင့် မသိကြပဲ

(လမ်းခွဲကို နှစ်လမ်းမောင်းဖြစ်နေမယ်လို့ မသိကြပဲ)

မီးပွိုင့်ကနေပဲ ကွေ့ကြပါတယ်။

 

လမ်းကြောမှားပြီး မီးပွိုင့်ကနေ လှည်းတန်းလမ်းဘက်ကို လမ်းမှားပြီးကွေ့ဝင်ကြမယ့် ကားတွေအတွက် အဲဒီ ကတွတ်ပေါက်မှာ ဗျိုင်းမစောင့်ပဲ…..

ဘဲဥစောင့်နေပါတယ်။ :kwi:

 

ကိုယ့်ရဲ့ မသိနားမလည်မှု၊ ချို့ယွင်းမှုကြောင့် မှားမိခဲ့သောအမှားကို

အားလုံးသော မိဘပြည်သူအပေါင်းတို့ သတိထားနိုင်ကြစေဖို့…………

ရွာထဲမှာ ကြေညာစာကပ်၍ စေတနာရှေ့ထား အသိပေးအပ်ပါတယ်။

 

တလက်စတည်း ပြောချင်တာလေးတွေ ပြောရမယ်ဆိုရင်တော့…….

 

အမျိုးမျိုးသော လမ်းစည်းကမ်းတွေ၊ မီးပွိုင့်အမှတ်အသားတွေကို စနစ်တကျဖြစ်စေချင်ပါတယ်။

စနစ်တကျဖြစ်ဖို့အတွက် ပြောင်းလဲလိုက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို လူအများသိရှိရလေအောင် မီဒီယာများမှတဆင့် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးစေလိုပါတယ်။

ပြောင်းလဲလိုက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးတာထက်….

မသိသေးတဲ့သူတွေကို ကတွတ်ပေါက် ဗျိုင်းစောင့်သလို စောင့်ပြီး စားပေါက်ထွင်တာမျိုးလည်း မဖြစ်စေလိုပါ။

လူအများသိစေချင်လို့ နည်းလမ်းအမျိုးမျိုးနဲ့ အသိပေးတဲ့အခါမှာ …

ဖေ့စ်ဘုတ်လို လူမှုရေးကွန်ယက်တွေကနေ အသိပေးရင် အင်မတန်ကျယ်ပြန့် မြန်ဆန်နိုင်ပါတယ်။

အဲဒါကိုနည်းလမ်းတစ်ခုအနေနဲ့ အသုံးချနိုင်ပါတယ်။

(ခုလတ်တလော မဟာဆန်သူရဲ့ လှုပ်ရှားမှု့ နောက်ဆုံးအခြေအနေတွေကို ဖေ့စ်ဘုတ်မှာ စောင့်ကြည့်သိရှိနိုင်ကြပါတယ်။)
 

လမ်းစည်းကမ်းနဲ့ ပတ်သက်ရင်….
လမ်းဆုံတွေမှာ ထားရှိတဲ့ အချက်ပြမီးပွိုင့်တွေ ကိစ္စကို ပြောပြချင်ပါတယ်။

အချို့သော လမ်းကြောင်းတွေမှာ အကွေ့လမ်းကြောကို စစချင်း မီးပွိုင့်စိမ်းတဲ့အခါမှာ ပေးပြီးးး

အချို့သော လမ်းကြောင်းတွေမှာ အကွေ့လမ်းကြောကို မီးပွိုင့်ဝါတဲ့အချိန်မှာ ပေးပါတယ်။

 

ကိုယ်သွားနေကျလမ်းမို့ လမ်းကြောသိထားရင် အရေးမကြီးပေမယ့်….

ကိုယ်သွားနေကျ လမ်းကြောင်းမဟုတ်တဲ့အခါမှာ အကွေ့ယာဉ်ကြောအတွက်
မီးပွိုင့်စိမ်းတာနဲ့သွားရမလား၊ မီးပွိုင့်ဝါမှပဲ သွားရမလားဆိုတာကိုမသိပဲ အခက်အခဲတွေ့ရပါတော့တယ်။

 
ဒါ့အပြင်……
ယာဉ်ကြောတစ်ကြောမှာ အကွေ့မျှားပါလား မပါဘူးလား၊ အတည့်ယာဉ်ကြောအတွက်ချည်းပဲလား ဆိုတာကို ကြိုမမြင်ရတဲ့အခါ……..

 

မီးပွိုင့်ဝင်ခါနီး (မျဉ်းသေရောက်မှ) လမ်းညွှန်မျှားကို တွေ့တဲ့အခါမှာ……..

ကိုယ်ယူချင်တဲ့ယာဉ်ကြောကို ပြောင်းချင်လို့ မရတော့ပါဘူး။

 

တခါတရံ ကားတစ်စီးနဲ့တစ်စီးဆက်နေတဲ့အခါမှာ ယာဉ်ကြောအချက်ပြတဲ့မျှားကိုတောင် မတွေ့လိုက်တာမျိုး ရှိပါသေးတယ်။

 

အဲဒါကြောင့်  ယာဉ်ကြောပြတဲ့ မျှားတွေကို မီးပွိုင့်မ၀င်ခင် ခပ်ဝေးဝေး မျဉ်းပြတ်တွေမှာကတည်းက (ကိုယ်သွားလိုတဲ့ ယာဉ်ကြောကို ရွေးချယ်နိုင်စေဖို့) လမ်းပြပေးစေချင်ပါတယ်။

 

ဘုရင့်နောင်လမ်းမကြီးပေါ်က သီရိမင်္ဂလာဈေးရှေ့မှာဆိုရင်လည်း

ဘတ်စကားတွေ ယာဉ်ကြောပိတ်ရပ်ပြီး ကုန်တင် လူတင် လူစောင့်ခေါ်လုပ်လေ့ရှိတာမို့

မကြာခဏယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ပြီး လမ်းမကြီးပေါ်မှာ  ကားတွေကြပ်ကုန်ပါတယ်။

 

မဟာရန်ကုန်ကားလမ်းပိတ်ဆို့မှု၊ လမ်းကြပ်မှုပြဿနာရဲ့ အရင်းအမြစ်တစ်ခု ကို ပြောရမယ်ဆိုရင်…

ဘတ်စ်ကားတွေ စည်းကမ်းမဲ့ လမ်းပိတ်ဆို့ရပ်တန့်တာလို့ ပြောချင်ပါတယ်။

 

သီရိမင်္ဂလာဈေးရှေ့ကို နံနက်စောစော ဖြတ်သွားလေ့ရှိရာမှာ အမြဲလိုလို လမ်းပိတ်ကြပ်နေလေ့ရှိလို့ အေးရိပ်မွန်အိမ်ရာဝင်းဘက် အတွင်းလမ်းကနေပဲ ဖြတ်သွားလေ့ရှိပါတယ်။

 

တစ်ရက်တော့ ကားမကြပ်လို့ ဘုရင့်နောင်လမ်းမကြီးအတိုင်းသွားကြည့်တော့ …
လမ်းလယ်မှာ လမ်းရှင်းနေတဲ့ ယာဉ်ထိန်းရဲကို တွေ့လို့ ကျေးဇူးတင် ၀မ်းသာမိပါတယ်။

(အဲဒီအကြောင်းကို ပိုစ့်တစ်ခုမှာတောင် ရေးလိုက်မိသေးတယ်။)

 

ဒါပေမယ့် ရေရှည်ကျေးဇူးမတင်လိုက်ရပါဘူး။

နောက်ပိုင်းရက်တွေမှာတော့ လမ်းရှင်းပေးတဲ့ ယာဉ်ထိန်းရဲကို မတွေ့ရတော့ပဲ……
လမ်းက ကြပ်မြဲအတိုင်း ကြပ်နေပါတော့တယ်။
 

ရန်ကုန်မြို့မှာ ယာဉ်ထိန်းရဲအရေအတွက် မလုံလောက်ဘူးလို့
(ဘယ်သတင်းစာ၊ စာစောင်၊ ဂျာနယ်မှန်းမမှတ်မိပါ) ဖတ်သိရဖူးပါတယ်။

သီရိမင်္ဂလာဈေးရှေ့က (ယခုရက်ပိုင်းမှာ ကျောင်းလခတွေ တိုးမြှင့်လို့ ကျောင်းသားမိဘတွေ ဆန္ဒပြကြတယ်ဆိုတဲ့) အင်တာနေရှင်နယ်ကျောင်းကြီးရဲ့ ကျောင်းတက်ချိန်မှာ အဲဒီလမ်းပေါ်က ဖြတ်သွားတဲ့အခါမှာတော့……

ဘတ်စကားတွေကို ဈေးရှေ့မှာ မရပ်ခိုင်းပဲ ရှေ့အလွန်မှာသာရပ်ခိုင်းပြီး …

ကျောင်းသားကြိုပို့ကြတဲ့ ကားတွေကို လမ်းရှင်းပေးနေတာတွေ့ရတော့….

အော် …. ဒီလိုတော့လည်း လမ်းကိုရှင်းလို့ ရနိုင်သေးတာပဲလို့ တွေးမိပါတော့တယ်။
:harr: :harr: :harr:

About Ma Ma

Ma Ma has written 143 post in this Website..

ဗေဒင်ဆရာ မမေးပဲ နာမည်ပေးလိုက်မယ်။ သိပ္ပံမောင်ဝရဲ့ ခေတ်ဆန်းစာပေကို အားကျပြီး ရေးမိရေးရာ ရေးထားတဲ့ လက်စမ်းစာပေလို့။ THAKHIN CJ #8212010 ( 5/2/2016)