ပုံပြင်

ငွက္ကေလးMarch 27, 20131min13310

တစ်ခါတုန်းက ထူးဆန်းသော ကမာ္ဘကြီးတစ်ခုရှိလေသည်။ အဲ့ဒီကမာ္ဘသူကမာ္ဘသားတို့သည် ငြိမ်းချမ်းစွာနေထိုင်ကြသည်။ ဘာသာရေးမှိုင်းမိမှု့မရှိ။ ကိုးကွယ်ရာ ဘာသာတစ်ခုသာရှိကြသည်။ သူတို့အားလုံးသည် အသိဉာဏ်ကြွယ်ဝကြသည်။ အယုံမလွယ်ကြ။ အသားအရောင် ခွဲခြားမှု့လည်းရှိဟန်မတူ။ လူမဲ၊ လူဖြူ၊ လူနီ၊ လူဝါ အကုန်ယှဉ်တွဲနေကြသည်။ ပူးပေါင်းကြသည်၊ ရိုင်းပင်းကြသည်။ အဲ့ဒီကမာ္ဘကြီးတွင် နိုင်ငံတစ်နိုင်ငံတည်းသာရှိသည်။ တစ်ကမာ္ဘလုံးသည်၊ တစ်နိုင်ငံသာဖြစ်သည်။ တစ်ကမာ္ဘလုံးသည်လူမျိုးတစ်စုတည်းဖြစ်လေသည်။

ဤအရာသည် ပုံပြင်တစ်ပုဒ်ဖြစ်သည်။ ဤပုံပြင်၏ ဖန်ဆင်းရှင်သည်

ကျွန်ပ်ကိုယ်တိုင်ဖြစ်တော့သည်။

တစ်ခါတုန်းက ကမာ္ဘကြီးတစ်ခုရှိလေသည်။ ကမာ္ဘကြီးထဲတွင်….

ကလေးတစ်သိုက် ကစားနေကြသည်။

—–

`ကဲ၊ ငါတို့ သူခိုးကိ ုရဲလိုက်ဖမ်းတမ်း ကစားကြမယ်၊ ဟေ့ကောင်ကုလား

(အသားမဲမဲကောင်လေး တစ်ယောက်ကို ရည်ရွယ်ပြီးပြောလိုက်သည်) မင်းက

အသားမည်းတော့ လူဆိုးလုပ်´

`အမ်၊ ဘာဆိုင်လို့တုန်းကွ၊ မင်းကလဲ´

`ဆိုင်ဆိုင် မဆိုင်ဆိုင်၊ အသားမဲလို့ လူဆိုးလုပ်၊ မလုပ်ချင်ရင်မပါနဲ့၊

ငါက ရဲလုပ်မယ်၊ အိပို နင်က အိမ်ရှင်မလုပ်´

`အေးပါကွာ၊ ပါချင်ပါတယ်၊ ငါသူခိုးလုပ်ပါ့မယ်´

တစ်ချို့ကလေးများက ဘောလုံးကန်နေကြသည်။

`ဟေ့ကောင်၊ ဝက်ကြီး (ခပ်ဝဝ ကောင်လေးကိုခေါ်လိုက်သည်)၊ မင်းက ဂိုးစောင့်´

`ဘာဖြစ်လို့တုန်းကွ´

`ဝလို့´

ရပ်ကွက်ထဲတွင် ကလေးမတစ်သိုက် စကားတွေဖောင်ဖွဲ့နေကြသည်။

`ဟဲ့၊ နင်ဟိုသတင်းကြားပြီးပြီလား၊ ခရမ်းလွန်ရောင်ခြည်တွေ လာတော့မယ်တဲ့၊

အဲ့ဒါတွေထိရင် ဘာဖြစ်တယ်ဆိုလားပဲ၊ ငါလည်း အပြင်ထွက်ရင်သတိထားနေရတယ်၊

ခရမ်းရောင်ရောင်ခြည်တွေ လေထဲမှာ တွေ့ရင် အိမ်ထဲဝင်ပုန်းကြဟဲ့ သိလား´

`ဟေ၊ ဟုတ်ကဲ့လား၊ ကြောက်စရာကြီး၊ ဂြိုလ်သားတွေလာမှာလားမသိဘူး၊ အီး၊ အဲ့တာ

ပန်ကန်ပြားပျံက ရောင်ခြည်တွေများလားဟယ်´

`အာ.. မဟုတ်ပါဘူး၊ အဲ့ဒါ မကောင်းတဲ့ သူတွေကို သိကြားမင်းက

ရောင်ခြည်ထိုးပြီး လိုက်ရှာတာနေမှာဟ´

`ဟယ်၊ အေးနော်၊  ကြောက်လိုက်တာဟယ်၊ ငါဘာတွေများ လုပ်ထားမိပါလိမ့်၊

သိကြားမင်းက ဟိုထိုးဒီထိုးနဲ့ ပေါ်ကုန်မှဖြင့်´

`ဟဲ့၊ ဘာကြီးတုန်း´

`အော်၊ သူ့ရောင်ခြည်တွေနဲ့ ဟိုလျှောက်ထိုး ဒီလျှောက်ထိုးနဲ့၊ ငါမဟုတ်တာလုပ်ထားတာတွေ ပေါ်ကုန်မှဖြင့်လို့´

စစ်ပွဲတစ်ခု…

`ပစ်ကွ၊ ပစ်၊ ချ၊ အကုန်သတ်ပစ်၊ တိုင်းပြည်နဲ့လူမျိုးအတွက်ကွ၊ ငါတို့

လူမျိုးကို ဒီလိုလာစမ်းလို့ ဘယ်ရမလဲ၊ သွေးရဲပြီးသားကွ၊ သူတို့

တစ်မျိုးလုံး မျိုးဖြုတ်ပစ်´

`လေယာဉ်ပေါ်ကနေ ဗုံးတွေကြဲချဖို့ ပြင်ထားကြ၊ တစ်မြို့လုံးပြာကျပါစေ၊ ဒါမှဒီကောင်တွေ ပြန်မလှန်နိုင်မှာ´

`ဟေးး၊ သူရဲကောင်းတွေပြန်လာပြီကွ၊ တစ်မြို့လုံးကို တက်သိမ်းပြီး ရန်သူတွေ

တစ်ယောက်မကျန် အကုန်သတ်ပစ်နိုင်တဲ့ သူရဲကောင်းကြီး´

`သူတို့ပြောတဲ့ သူရဲကောင်းဆိုတာ၊ ငါအဖေကို သတ်သွားတဲ့ လူသတ်သမားကြီးပေါ့

(ငိုလျှက်)၊ ခုတော့ ငါ့မှာအဖေမရှိတော့ဘူး၊ အမေကလည်း ဗုံးမှန်ပြီး သေမလို၊ ရှင်မလို´

“မျိုးချစ်စိတ်ဓါတ်ယှဉ်သန်ထက်မြက်ရေးအတွက် လှုံ့ဆော်ခြင်း “

ဟိုလူမျိုးတွေလုံးဝမကောင်းဘူး။ ဒီလူမျိုးတွေ ငါတို့ကို ဂုတ်သွေးစုပ်

အမြတ်ထုတ်နေကြပြီ။ ဟိုလူမျိုးကို ဟိုလိုဖိနှိပ်လိုက်ဟေ့၊ ဒီအမျိုးတွေရဲ့

ဆိုင်တွေမစားကြနဲ့ဟ။

`ဟားဟား၊ ငါဒီလိုတွေ ပြောလိုက်တာ လူတွေမျိုးချစ်ကုန်ကြပြီကွ´

နတ်နန်းဟုခေါ်သော နေရာတစ်ခုတွင်

`ကဲ ဘိုးဘိုးကြီးကို ပူးဇော်ကြ၊ ဘိုးဘိုးကြီးက မင်းတို့အားလုံးကို

စောင့်ရှောက်မကွဲ့၊ အလှူငွေတွေ ဆက်ကြ၊ ဆက်ကြ´ `ဟော၊ ကြာသာပတေးသား

မောင်ကျော်ကျော်က ဘိုးဘိုးကြီးနတ်နန်းအတွက် ၅၀၀ဝ တဲ့ဗျ၊ ဘာမှမပူနဲ့၊

အလုပ်အဆင်ပြေမှာ´

`အားလုံးကို ဘိုးဘိုးကြီးကမေတ္တာနဲ့ စောင်မကြည့်ရှု့ပေးတယ်ကွဲ့၊ မယုံမကြည်မလုပ်ကြနဲ့၊

နတ်အကိုင်ခံရမကွဲ့ နော်.. ´

`ဘိုးဘိုးကြီးက အားလုံးကို ကာကွယ်စောင့်ရှောက်မယ်ဟေ့´

တစ်ခုသောနေ့တစ်နေ့တွင် ဘိုးဘိုးကြီးနတ်နန်းရှိရာ ရပ်ကွက်မီးလောင်လေသည်။

နတ်နန်းခေါင်မိုးပါမီးစွဲလေတော့သည်။

`ဟာ၊ နတ်နန်း မီးစွဲနေပြီဟေ´ `ရေတွေ ပက်ကြ၊ ပက်ကြ၊ မီးချိတ်မီးကပ်တွေယူ၊ လုပ်ကြပါဟ´

မီးစွဲကာ ခေါင်မိုးပေါ်က ထုတ်တန်း ဘိုးဘိုးကြီးရုပ်ထုပေါ်ပြုတ်ကြလေ၏။

`ဒုန်း´

`ဟာ၊ ဘိုးဘိုးကြီး နှစ်ပိုင်းပြတ်သွားပြီဟေ့´

 

ဤအရာသည် ပုံပြင်တစ်ပုဒ်ဖြစ်လေသည်။ ဒီပုံပြင်တွင် ကျွန်ပ်သည်

ဖန်ဆင်းရှင်ဖြစ်လေ၏။ ပုံပြင်ထဲကလူသားများကို သောက်မြင်ကတ်လာကာ၊ ပြောင်းလဲပစ်လိုက်လေသည်။

`ကဲ လူသားအားလုံး အသားအရောင် တစ်သွေးတစ်ရောင်ထဲဖြစ်စေ´

`လူမျိုးတစ်မျိုးထဲ၊ တစ်နိုင်ငံထဲဖြစ်စေ´

`ကိုးကွယ်ရာ ဘာသာတစ်မျိုးတည်းဖြစ်စေ´

`ဦးနှောက်တွေ ပျောက်ကုန်ပြီ၊ စဉ်းစား ခြင့်ချိန်ကြရအောင်၊

ဦးနှောက်တစ်လုံးစီလည်း ခေါင်းထဲရောက်စေ´

`ကိုယ်ချင်းစာစိတ်တွေ ရှင်သန်ကြစေ´

ဖြစ်စေ… ဖြစ်စေ…

တစ်ခါတုန်းက လွန်စွာငြိမ်းချမ်းသော ကမာ္ဘကြီးတစ်ခုရှိလေသည်။

ထိုကမာ္ဘကြီးသည် ပုံပြင်ထဲမှာဖြစ်လေ၏။

 

…ငှက်ငယ်…

www.blogpieces.blog.com

10 comments

  • MaMa

    March 27, 2013 at 4:35 pm

    ငှက်ကလေးရဲ့ ပုံပြင်ထဲက လွန်စွာငြိမ်းချမ်းသော ကမာ္ဘကြီးကို ရောက်ဖို့ ရှေ့ဆက်သွားရမလား၊ နောက်ပြန်ဆုတ်ရမလား။ :byae:

  • kai

    March 28, 2013 at 5:02 am


    John Lennon – Imagine Lyrics
    Writer(s):LENNON

    Imagine there’s no heaven
    It’s easy if you try
    No hell below us
    Above us only sky
    Imagine all the people living for today

    Imagine there’s no countries
    It isn’t hard to do
    Nothing to kill or die for
    And no religion too
    Imagine all the people living life in peace

    You, you may say
    I’m a dreamer, but I’m not the only one
    I hope some day you’ll join us
    And the world will be as one

    Imagine no possessions
    I wonder if you can
    No need for greed or hunger
    A brotherhood of man
    Imagine all the people sharing all the world

    You, you may say
    I’m a dreamer, but I’m not the only one
    I hope some day you’ll join us
    And the world will live as one

    • KZ

      March 28, 2013 at 8:11 am

      တဂျီးရဲ့ ဒီ ကော်မန့်ကြီး ဖတ်မိပြီး တစ်မနက်လုံး ဒီ သီချင်းကြီး
      စိတ်ထဲ စတစ် ဖြစ်နေပါပေါ့လား။
      :harr:

  • မောင် ပေ

    March 28, 2013 at 12:16 pm

    မည်သို ့ပင် ဆိုစေကာမူ
    မူကာစေဆို ပင်သို ့မည်
    ထို ့ကြောင့်
    ကျွန်ုပ်သည် ပုံပြင်ဖတ်သည်

  • Wow

    March 28, 2013 at 12:32 pm

    I like the Fairy Tales. :528:

  • ဦးကြောင်ကြီး

    March 29, 2013 at 11:19 am

    ပုံပြင်
    ယုံထင်
    ကုန်စင်
    ဗုံဝင်
    ခုန်သင်
    မုန်ချဉ်
    အုံလျင်
    ထုံခင်..။

  • kyeemite

    March 29, 2013 at 3:45 pm

    ပုံပြင်လေးရော..သီချင်းလေးရောကြိုက်ပါဂျောင်းးး

  • အရီးခင်လတ်

    March 29, 2013 at 10:12 pm

    အမှန်တော့ ဘယ်ဘာသာရေးဘဲ ဖြစ်ဖြစ် သေပြီးချိန်ကို ပြောကြတာ။
    ခရစ်ယာန်ဘာသာ ဆိုရင် ဘုရားသခင် ကိုမှ မယုံကြည်ရင် ကောင်းကင်ဘုံ မရောက်၊ ငရဲ ရောက်မတဲ့။
    ဒီလိုကောင်းကင်ဘုံရောက်ဖို့ကို ဘုရားသခင် ယုံကြည်ရတာလား။
    ဗုဒ္ဓဘာသာမှာတော့ သရဏဂုံမတည်ရင် (ဘုရား၊ တရား၊ သံဃာ ကို မကိုးကွယ်၊ မဆည်းကပ် ရင်) ကောင်းရာသုဂတိမလားဘူးတဲ့။
    ကောင်းရာသုဂတိလားဖို့ ကို သရဏဂုံ ၃ ပါး ကိုအားကိုးရတာလား။

    ခရစ်ယာန်တစ်ယောက်က ဗုဒ္ဓဘာသာဝင် တစ်ယောက်ကို မင်းတော့ ငရဲရောက်မှာလို့ ပြောခဲ့ရင် မယုံသလို
    ဗုဒ္ဓဘာသာဝင် တစ်ယောက်က ခရစ်ယာန် တစ်ယောက် ကိုသွားပြီး မင်းတော့ သရဏဂုံမတည်လို့ ငရဲသွားမှာ လို့ ပြောရင်လဲ သူယုံမှာမဟုတ်ပါဘူး။
    ကိုယ့်ဘာသာမဟုတ်ရင်ဘဲ ကျန်သူတွေက ငရဲသွားမဲ့သူတွေ ဖြစ်နေပြီ။
    ဒီမှာတင် မမြင်နိုင်တဲ့ သေခြင်းတရားနောက်ကွယ်က အကြောင်းကို ပြုပြီး အငြင်းပွါးစရာတွေဖြစ်လာတာ။
    သေပြီး ဘာ ဖြစ်မယ် ကိုယ်လဲမသိနိုင်၊ သူလဲ မသိနိုင်ပါဘူး။

    တကယ်တော့ လက်ရှိကာလ ကလွဲလို့ ဘာကမှ အရေးမကြီး ပါဘူး။
    အဲဒါဟာ အမှန်တရားပါဘဲ။
    ဒီတော့ လက်ရှိ အသက်ရှုနေတုန်းလေး အနီးကလူနဲ့ သင့်အောင်နေဖို့၊ အချင်းချင်း ကူညီ မေတ္တာထားဖို့ဘဲ လိုပါတယ်။
    ချစ်ခြင်းတရား ၊ ကိုယ်ချင်းစာတရား ရှိမှ လူမှာ ဒေါသ၊ မောဟ၊ လောဘ ကင်းမယ်။
    အဲဒီအချိန်မှာ နောက်ဆုံးထွက်သက် ဖြစ်သွားလဲ ဟိုဘက်မှာ ဘာရှိရှိ မသွားရဲ။ မကူးရဲ စရာ မရှိပါဘူး။
    ဒါဟာ ဘာဘာသာရေး နဲ့မှ မဆိုင်ပါဘူး။

    ဒါကြောင့် Atheist တွေက ပြောတာ။
    သူတို့ ဟာ ဘာ ဘုရား ကိုမှ မယုံဘူး။ အလေးမထားဘူး။
    လူလူချင်းစာနာရေးကိုဘဲ အလေးထားတယ်တဲ့။
    ဘာသာရေးအတွက် ကိုယ့်ဘာသာမဟုတ်တဲ့ အဆောက်အဦတွေ၊ ရုပ်ထုတွေ ကိုဖျက်နေချိန်မှာ သူတို့က အဲဒီ ဘာသာရေးအဆောက်အဦတွေ၊ ရုပ်ထုတွေ ကို ရှေးဟောင်းပစ္စည်းလို တန်ဖိုးထားသတဲ့။
    ပျက်သွားတာတွေကို နှမြောသတဲ့။
    ကိုယ့်ဘာသာ ကို ကာကွယ်ဖို့ သူများဘာသာ ကို အပုတ်ချစော်ကားရမယ် ဆိုရင်ဖြင့် ဘယ်လိုမှ ကောင်းတဲ့အယူ ဟုတ်မှာမဟုတ်ပါ။

    ဒီတော့ ဘာသာမရှိဘဲ လူသားချင်းစာနာတတ်ပြီး စိတ်အေးချမ်းစွာထားတတ်တဲ့ သူတစ်ယောက်နဲ့ ဘာသာရေးအတွက် ဆိုပြီး ကာကွယ်ရင်း ဒေါသတွေနဲ့ပူလောင်နေတဲ့ သူတစ်ယောက်
    သူတို့ ရဲ့ နောက်ဆုံးထွက်မှာ ဘယ်သူက ညင်သာမယ် ထင်ပါသလဲ။
    ကိုယ့်ကိုယ်ကိုရော ဘယ်လိုမျိုး အခြေအနေနဲ့ နောက်ဆုံးအချိန်ကို လိုချင်ပါသလဲ။

    ကိုယ့်ပုံပြင် ကိုယ် အဆုံးသတ်ရမှာပါ။

    John Lennon ရဲ့ သီချင်းလိုဘဲ ဘာဘာသာမှ မရှိဘဲ ကမ္ဘာကြီးအေးချမ်းမယ် ဆိုရင်လဲ ကျွန်မလဲ atheist လုပ်ချင်ပါတယ်။
    ဒါပေမဲ့ ဘာသာမဲ့ တွေ မှာလဲ လောဘ၊ ဒေါသ၊ မောဟ တွေ နဲ့ အချင်းချင်းမပြေလည်တာတွေ ရှိနေတော့ ဘာသာရေး က ကမ္ဘာကြီးကို မအေးချမ်းစေတာ မဟုတ်ပါဘူး၊
    လူတွေရဲ့ အတ္တ ဦးစီးတဲ့ လောဘ၊ ဒေါသ၊ မောဟ တွေကသာ ကမ္ဘာကြီးကို မအေးချမ်းစေတာပါ။
    အဲဒီလို လောဘ၊ ဒေါသ၊ မောဟ ကို နဲအောင် ဘာသာရေးတွေ က လုပ်ပေးရမဲ့အစား သူတို့ ကပါ ပိုကဲ နေတာတော့ မပြောတော့ဘူး။
    🙄

    • kai

      March 30, 2013 at 3:25 am

      သာဓုပါအရီးလတ်ခင်ဗျား..
      တကယ့်ဗုဒ္ဓဘာသာစစ်စစ်က..လူသေပြီးဖြစ်တဲ့.. ရှေ့နောက်ဘဝအယူကို မယူဘူးလို့.. ယုံကြည်ပါတယ်.။
      မရှိဘူး..ရှိတယ်..မဟုတ်ပါ..။
      မယူတာဖြစ်ပါကြောင်း..။
      ========
      မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသ ဘိက္ခုဝဂ် စူဠမာလုကျသုတ်တော်ကောက်နုတ်ချက်…

      သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ ဟု ငါမဟော ကြား။ သတ္တဝါသည် သေသည်မှ နောက်၌မဖြစ်ဟု ငါမဟော ကြား။ သတ္တဝါ သည် သေသည်မှ နောက်၌ ဖြစ် လည်း ဖြစ်၏ ဖြစ်လည်းမဖြစ် ဟု ငါမဟောကြား။ သတ္တဝါ သည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ်မဖြစ်သည်လည်း မဟုတ် ဟု ငါမဟောကြား။

      မာလုကျ ပုတ္တ.. ထိုအကြောင်း ကိုအဘယ့်ကြောင့် ငါမဟောကြား သနည်း။ မာလုကျပုတ္တ..ထိုအကြောင်းသည် အကျိုးစီးပွား နှင့် မစပ်..မြတ်သော သာသနာတော် ၏ အစအနမျှလည်း မဖြစ်..ဝဋ်ဆင်းရဲကို ငြီးငွေ့ခြင်းငှာ မဖြစ်နိုင်..ရာဂကင်းခြင်းငှာ မဖြစ်နိုင်..ရာဂ ချုပ်ခြင်းငှာ မဖြစ်နိုင်..ကိလေသာမီးငြိမ်းအေးခြင်းငှာ မဖြစ်နိုင်..ထူးသောဉာဏ်ဖြင့် သိခြင်း ငှာမဖြစ်နိုင်..သစ္စာလေးပါးကို သိခြင်းငှာ မဖြစ်နိုင်..ချုပ်ငြိမ်းခြင်းငှာမဖြစ်နိုင်..ထို့ကြောင့် ထိုအကြောင်းအရာကို ငါဘုရား မဟောကြား…..

      မာလုကျ ပုတ္တ.. အဘယ်ကို ငါဘုရား ဟောကြားသနည်း.. မာလုတျ ပုတ္တ ဤကား ဆင်းရဲတည်းဟု ငါဘုရား ဟောကြား၏။..ဤကား ဆင်းရဲဖြစ်ကြောင်းတည်း ဟုငါ ဘုရားဟောကြား ၏။..ဤကား ဆင်းရဲချုပ်ရာတည်း ဟုငါဘုရားဟောကြား၏…ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့်တည်း ဟုငါဘုရားဟောကြား၏..

      မာလုကျပုတ္တ.. ထိုတရားကို အဘယ်ကြောင့် ငါဟောကြားသနည်း.. မာလုကျပုတ္တ..ထိုတရား သည် အကျိုးစီးပွား နှင့် စပ်၏..ထိုတရား သည်မြတ်သောအကျင့်ဖြစ်သော သာသနာတော်၏ အစအန ဖြစ်၏..ဝဋ်ဆင်းရဲ၌ငြီးငွေ့ခြင်းငှာ..ရာဂ ကင်းခြင်းငှာ..ရာဂချုပ်ခြင်းငှာ..ကိလေသာမီး အေးငြိမ်းခြင်းငှာ.. ထူးသောဉာဏ်ဖြင့်သိခြင်းငှာ.. သစ္စာလေးပါးကို သိခြင်းငှာ..ချုပ်ငြိမ်းခြင်းငှာဖြစ်၏..ထို့ကြောင့် ထိုတရားကို ငါဟော ကြား၏.

  • nay khin

    March 30, 2013 at 11:14 am

    ကောင်းပါတယ် မှတ်သားစရာလေးပါ

Leave a Reply