သုံးရောင်ခြယ် ထမင်းကြော်

Ma MaMarch 27, 20131min60640

ပိတ်ရက်နှစ်ရက်ဆက်နေတာနဲ့ ချက်ပြုတ်ကြော်လှော်စားသောက်ဖို့ ကြံမိပါတယ်။

 

ဈေးဝယ်ထွက်ရမှာ ပျင်းသမို့ ရှိတာနဲ့ပဲ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ အကြံထုတ်မိတယ်။

 

မနေ့ကချက်ထားတဲ့ ထမင်းတွေ ကျန်တာများနေတော့ မျှင်ငပိထမင်းကြော် ကြော်စားဖို့ စီစဉ်လိုက်တယ်။

 

ပုစွန်ဟင်းက ကျန်တဲ့ ပုစွန်ဆီနည်းနည်းကိုလည်း အစပြတ်သွားအောင် ထည့်ချင်သေးတယ်။

အသားအတွက်တော့ လွယ်လွယ်ကူကူ ရှိနေတဲ့ ပုစွန်ခြောက်နဲ့ ဘဲဥကိုပဲ ထည့်လိုက်မယ်။

 

စိတ်ကူးရင်း စားချင်စဖွယ် လှတပတလေးဖြစ်အောင် ထမင်းကို အရောင်၃မျိုးစပ်လိုက်ဖြစ်တယ်။

အမြင်နဲ့ စားကြပါအုံးနော်။

DSC02184

 

ကဲ- ထမင်းစကြော်တော့မယ်နော်။

အရင်ဆုံး ထမင်းကို ၃ပုံ ပုံတယ်။

၁ပုံကို ပုစွန်ဆီနဲ့ နယ်တယ်။

နောက် ၁ပုံကို မျှင်ငပိနဲ့ နယ်တယ်။

 

ဘဲဥကို ပွနေအောင် ခေါက်ထားတယ်။

ကြက်သွန်ဖြူကို ခွာပြီး ဓားပြားရိုက်ထားတယ်။

အရောင်လှအောင် ပြင်ဆင်ဖို့ ကြက်သွန်မြိတ်နည်းနည်းလည်း ထည့်အုံးမှ။

 

အရင်ဆုံး ဆီနည်းနည်းထည့်ပြီး ပုစွန်ခြောက်ကို ကြွပ်အောင် ကြော်ပြီး ဆယ်ထားပါတယ်။

 

ကျန်တဲ့ဆီနဲ့ မျှင်ငပိနယ်ထားတဲ့ ထမင်းကို ထည့်ကြော်ပြီး ပြီးခါနီးမှာ ကြက်သွန်ဖြူ ဓားပြားရိုက်ထားတာကို ထည့်မွှေပါတယ်။

ကြက်သွန်ဖြူက ကျန်းမာရေးအတွက်ကောင်းစေတဲ့အပြင်

ဆီနဲ့မကြော်ပဲ ဓားပြားရိုက်ပြီး အုပ်တာက အရသာရော အနံ့ကိုပါ တမျိုးထူးခြားကောင်းမွန်စေပါတယ်။

 

ဆီနည်းနည်းထည့်ပြီး ခေါက်ထားတဲ့ ဘဲဥကို ထည့်ကြော်ပါတယ်။

စားတဲ့အခါမှာ အဝါရောင် အမျှင်အစလေးတွေဖြစ်နေအောင်လို့ မွှေပေးပါတယ်။။

 

ပြီးရင် တစ်ခုချင်း သပ်သပ်စီ ခပ်ထားပါတယ်။

 

ဆီသင့်ရုံထည့်ပြီး ထမင်းဖြူကို ထည့်ကြော်ပါတယ်။

အရသာအတွက် ကြက်သားမှုန့်အနည်းငယ်ထည့်ပါတယ်။

 

ပုစွန်ဆီနယ်ထားတဲ့ ထမင်းကိုတော့ ဆီမထည့်ပဲ (ပုစွန်ဆီကလည်း ဆီပါထားတော့) ကြော်ပါတယ်။

အရသာအတွက် ဆားအနည်းငယ်ထည့်ပါတယ်။

ထမင်း ၃မျိုး၊ အရသာ ၃မျိုး ဖြစ်အောင်ပါ။

 

နောက်ဆုံးတော့ လွယ်ကူသက်သာတဲ့ စားချင်စဖွယ် သုံးရောင်ခြယ် ထမင်းကြော်ကို သုံးဆောင်လို့ ရပါပြီ။  :hee:

 

စားပြီးမှ စဉ်းစားမိတာက ထမင်းအဖြူကြော်တဲ့အခါမှ ဘဲဥမွှေကြော်ထားတာကို ထည့်လိုက်ရင် အရောင်၃မျိုးက ပိုလှသွားနိုင်ပါတယ်။

 

သုံးရောင်ခြယ် အရသာ၃မျိုး ထမင်းကြော်ကို အခုလိုမျိုး ပုစွန်ဆီနဲ့ မျှင်ငပိမဟုတ်ပဲ………

တခြားစိတ်ကူးတည့်ရာ Chilli sauce တို့၊ Tomato sauce တို့ နယ်ပြီးတော့ပဲ ဖြစ်ဖြစ်၊

အစပ်ကြိုက်တတ်ရင် ငရုတ်သီးစိမ်းကို ထက်ခြမ်းခွဲလှီးပြီး ဆီထဲထည့်ကြော်၊ အနည်းငယ်နွမ်းသွားရင် ထမင်းထည့်ကြော်တာမျိုးပဲ ဖြစ်ဖြစ်၊ စပ်ဟပ်ပြီး ထူးဆန်းထွေလာ ချက်ပြုတ်စားသောက်ကြည့်ဖို့ တိုက်တွန်းပါတယ်။

စားကောင်းမကောင်းတော့ တာဝန်မယူဘူးနော်။ :kwi:

 

 

 

 

40 comments

  • KZ

    March 27, 2013 at 1:59 pm

    ဟီး။ ချစ်မမ
    ကျနော်လည်း အဲဒီလို စမ်းရတာအရမ်းဝါသနာပါတာ။
    မကောင်းတော့လည်း မှတ်ထားရတယ်။
    ကောင်းတော့လည်း မှတ်ထားရတယ်လေ။
    ငပိနဲ့ နယ်ပြီး ပဲ ကြော်စားဖူးသေးတယ်။
    ပုဇွန်ဆီနဲ့ ဆိုတော့ အရသာပိုကောင်းမယ်ထင်တယ်။ အရမ်းကြိုက်တဲ့ အရသာတွေချည်းပဲ။ :mrgreen:
    ပဂိုးဒါး၊ ပဂိုးဒါး။
    စမ်းကြည့်ဦးမှပါဗျာ။
    ခံတွင်းပျက်တာကြာနေပြီဆိုတော့။
    :harr:

    • MaMa

      March 27, 2013 at 4:19 pm

      စမ်းကြည့်ပါ ခိုင်ဇာရေ။
      အစမ်းလွန်ပြီး စားမကောင်းတော့လည်း မသိသလို နေလိုက်တာပေ့ါ။ :kwi:

  • ရာမည

    March 27, 2013 at 2:09 pm

    အဲ့ သုံးမျိုးလုံးရောမွှေလိုက်ရင် ပိုများလှသွားမလား
    ဒါမှမဟုတ်
    ဒန်ပေါက်နဲ ့တူသွားမလား
    စမ်းကြည် ့ပါဦးမယ်

    • MaMa

      March 27, 2013 at 4:22 pm

      ရောလိုက်တဲ့အခါကျတော့ အရောင်တွေက သိပ်မကွဲတာမို့ မရောခင်လေး အမိအရ ရိုက်ထားလိုက်ရတာ။ အမှန်တကယ်ကတော့ ကြက်သွန်ဖြူကို ပုံမှန်အတိုင်းဆီသတ်မထည့်ပဲ
      ဓားပြားရိုက်ပြီးသားကို ချခါနီးမှာ ရောမွှေလိုက်တာလေးက တမျိုးစားကောင်းသွားတာ။ :hee:

  • kai

    March 27, 2013 at 4:12 pm

    ထမင်းကြော်တပွဲထွက်ဖို့.. သုံးခါကြော်ရတယ်.. တယ်တော့မချောင်…

    ဆိုတော့..
    သုံးရောင်ခြယ်လဖက်ရည်သတိရသွားတယ်..
    ညကြီးမင်းကြီး.. ဂလု..

    • MaMa

      March 27, 2013 at 4:26 pm

      သိပ်တော့လည်း ထူးပြီး မပင်ပန်းပါဘူး။
      ရွာ့သဂျီးမို့ မြှုပ်ကွက်လေးတစ်ကွက် အဆစ်ပေးလိုက်မယ်။ :harr:
      ထမင်းကြော်တဲ့အခါ မီးရှိန်ပြင်းပြင်းနဲ့ သိပ်မမွှေပဲ (တခြမ်းကို ကြွပ်သွားအောင်) ကြော်ပါတယ်။
      သိပ်ကြာကြာလည်း ကြော်စရာ မလိုတာမို့ ၃ခါကြော်ရတာဖြစ်ပေမယ့် မြန်ပါတယ်။ :hee:

      • kai

        March 28, 2013 at 3:43 pm

        အဲဒီအိုင်ဒီယာက.. ကိုယ်ပိုင်ဆိုရင်တော့.. တော်တော်ကိုချီးကျုးမိမှာ..
        ဆိုင်တွေကော်ပီလိုက်လုပ်မှာ.. မြင်ယောင်သေး..။

        အခုတောင်.. ဝေမမ..ကော်ပီကူးနေပြီဗျို့..
        ကော်ပီရိုက်ကြေး.. ချက်တိုင်း..တပွဲအပိုတောင်းထား.. :kwi:

        • MaMa

          March 28, 2013 at 8:25 pm

          အုံးကျူးနော် သဂျီး မယုံမရှိနဲ့။
          စိတ်ကူးပေါက်တိုင်း လျှောက်လုပ်ကြည့်လိုက်တာ။
          သဂျီးပြောပုံအရ ဘဝင်တောင် မြောက်သွားတယ်။ :kwi:
          ဘီးဇီးကွတ် (တညင်သားပေးတဲ့နာမည်) ကိုသာ ဘယ်သူကိုမှ မကျွေးဖူး (ရဲ)တာ။
          ဝေမမရဲ့ အီးဇီးကွတ်ကတော့ ကောင်းမှန်းသိပြီးသား။ :hee:

  • Mr. MarGa

    March 27, 2013 at 7:54 pm

    ဒါ သုံးရောင်ခြယ် ထမင်းကြော် ပေါ့လေ
    နတ်သမီးတွေကို ချက်ခိုင်းဖို့ မှတ်သွားမယ်
    ကောင်းရင် နတ်ပြည်မှာ ဆိုင်ဖွင့်ရောင်းမယ် :hee:
    ဖွဘုတ်မှာ တွေ့တုန်းက ဘာကြီးပါလိမ့်လို့
    အခုမှ သေသေချာချာ နည်းပါ ရတာ
    ကဲ နတ်သမီးများ အလုပ်ပေးလိုက်ပြီဗျို့ :hee:

    • MaMa

      March 27, 2013 at 8:25 pm

      ဖတ်မိတာက နတ်သမီးတွေကို ချက်ကျွေးဖို့ မှတ်သွားမယ် :kwi:
      ဒါဆို များများကြော်ရမှာပေ့ါနော်။ :harr:

      • Mr. MarGa

        March 28, 2013 at 6:51 pm

        အွမ်
        အန်တီမမခင်ဗျ
        ညက်မှန်လေး ပါဝါ တိုးလိုက်ပါဦးလို့
        :kwi:

        • MaMa

          March 28, 2013 at 8:27 pm

          ပုလင်းဖင်လို့ပဲ တည့်တည့် ပြောလိုက်ပါတော့ကွယ် :kwi:

  • မောင် ပေ

    March 27, 2013 at 7:58 pm

    ပုံမြင်ရတာနဲ ့တင် စားကောင်းမယ့်ပုံပဲ
    အဲဒီထမင်းကြော် ကို ထပ်မံတီထွင်စမ်းသစ်ပြီး ရောင်းစားဖို ့ဂွင်ဖန်လိုက်ဦးမယ်ဗျို ့

    • Mr. MarGa

      March 27, 2013 at 8:01 pm

      ကပေ ကပေ
      အိုက်ဒါ ကျုပ် အိုင်ဒီယာဗျ
      copyright ပေးပါ။ :mrgreen:

      • MaMa

        March 28, 2013 at 8:32 pm

        သကြားနဲ့ မောင်ပေတို့ ဆိုင်ဖွင့်မှပဲ သဂျီးပြောသလို ကော်ပီရွိုက်ကြေးအနေနဲ့ ဖရီးလာကြိတ်မယ်။ :harr:

  • koaung

    March 27, 2013 at 8:12 pm

    ကျန်စုကျော် ကို အားပေးသ္ဗားပါတယ် စားချင့်စဖွယ်ပါဗျား :528:

    • MaMa

      March 28, 2013 at 8:34 pm

      အချက်အပြုတ်ပညာရှင်ကြီးတွေ အားပေးတာ ဝမ်းသာပါတယ်။ :hee:

  • အလင်းဆက်

    March 27, 2013 at 8:22 pm

    အမ်..နတ်တွေက အငွေ ့စားတယ် ..
    လူတွေက အတွေ ့စားတယ် ။
    ဂဇက်ရွာသူားတွေက
    အမြင် ကို စားရတယ်ပေါ့ ။

    ဘာပဲပြောပြော အမြင်လေး ကြည့်ပြီး.. သွားရည် ကျသွားမိဘာဒယ်. ..။

    🙂

    • MaMa

      March 28, 2013 at 8:37 pm

      မစားရ ဝခမန်းဆိုတာ ဒါမျိုးပေ့ါ။
      ပုံနဲ့ နှိပ်စက်တယ်လို့ မထင်ပါနဲ့။
      ဟင်းစားမပေးပဲ ကွန်ချက်ပြတယ်လို့ပဲ တွေးပေါ့နော်။ :harr:

  • ဂယ်လည်း ကျွေးဒါ မီဟုတ်ဘဲနဲ့ .. ဟွန့် …
    ဒီဂ ဗိုက်ဆာနေဒါနော် …
    ဂွိ … ဂွီ … ဂွီး …….
    ဂလု . ဂလု .. ဂလုန် ….. :mrgreen:

    • MaMa

      March 28, 2013 at 8:42 pm

      အမြင်အာရုံနဲ့ စားသွားတယ်ဆိုရင် ထမင်းကြော်ဖိုး တောင်းမလို့။
      ခုတော့ ပြန်လျှော်ပေးရတော့မယ် ထင်တယ်။ :kwi:

  • တညင်သား

    March 27, 2013 at 11:22 pm

    ထမင်းကျော် ကို အလွန်ကြိုက် …ဒါပေမဲ့ မမ ထမင်းကျော်က အီးစီးကွတ် မဟုတ်ပဲ ဘီးစီကွတ် ဖြစ်နေတယ်…:(

    • MaMa

      March 28, 2013 at 8:43 pm

      တညင်သားနဲ့တွေ့တော့မှပဲ ထမင်းကြော်လည်း နာမည်အသစ်ရတော့တယ်။
      အီးစီးကွတ် မချက်တတ်တော့လည်း ဘီးစီးကွတ် ဖြစ်သွားရတယ်။ :eee:

  • weiwei

    March 28, 2013 at 6:32 am

    အရောင် ၃ မျိုးစပ်တဲ့ အိုင်ဒီယာကို ကော်ပီလုပ်ဖို့ မှတ်သားထားလိုက်ပြီ ..
    ဒါပေမယ့် ပါဝင်ပစ္စည်းတွေကိုတော့ ပြောင်းလိုက်မယ် …

    • MaMa

      March 28, 2013 at 8:45 pm

      ဘီးစီးမကွတ်တဲ့ အီးစီးကွတ်ကို မြည်းကြည့်ဖို့ တာဝန်ယူမယ်နော်။ :kwi:

  • kyeemite

    March 28, 2013 at 11:18 am

    ထမင်းကြော်ပန်းကန်ကြည့်ပီး သွားရည်ကျသွားတယ်ဗျာ.. :hee:

  • Ma Ei

    March 28, 2013 at 1:06 pm

    မမရဲ့ သုံးရောင်ချယ် ထမင်းကြော်လေးကို ဇွန်းရှည်လေးတပ်ပြီး
    ကိုရီးယားကားထဲက ထမင်းသုပ် စားကြသလို မွှေပြီးစားလိုက်ချင်တယ်…
    :hee:

    • MaMa

      March 29, 2013 at 7:45 am

      မအိပြောတဲ့ စားပုံစားနည်းကို မျက်စေ့ထဲ မြင်ယောင်လာတော့…
      အင်းးးးး အရသာတောင် ပိုကောင်းသွားသလိုပဲ။ :hee:

  • ကဲ ဒီတစ်ခါ ရွာတွေ့ဆုံပွဲကို မမရဲ့ သုံးရောင်ခြယ်ထမင်းကြော်နဲ့ ဧည့်ခံဘို့
    အဆိုတင်သွင်းပါကြောင်း။

    • MaMa

      March 29, 2013 at 5:16 pm

      မမြှောက်ပဲနဲ့တောင် မြှောက်ချင်နေတာ။
      မြှောက်ပေးလို့ကတော့……… :hee:

  • Novy

    March 28, 2013 at 2:19 pm

    သုံးရောင်ခြယ် ထမင်းကြော်နဲ့ ဂင်ချီလေးနဲ့ စားလိုက်ရရင်တော့…..
    ဂွတ်ထ. ဂွတ်ထ.. ကောင်းလေစွပေါ့နော်

    ဪ…
    မေ့သွားလို့ ရေနွေးကြမ်းကလေးကောမမေ့နဲ့နော်

    • MaMa

      March 29, 2013 at 5:24 pm

      မအိရဲ့ စတိုင်နဲ့ မနိုရဲ့ ကင်ချီပါ ပေါင်းလိုက်ရရင်……..
      သုံးရောင်ခြယ်ကို သုံးယောက်ပေါင်းပြီး ဧည့်ခံရမယ်။ :hee:

  • ခင်ခ

    March 28, 2013 at 2:53 pm

    မဟေသီကို ဒီပိုစ့်လေးပြပြီး သုံးရောင်ချယ် ထမင်းကျော်ခိုင်းရင် ၃ ခါကျော်ရလို့
    ၃ ခွန်းမက ပြောမလာဘဲဗျ မမရေ။ အဲဒီတော့ ကိုယ်ဘဲကျော်ရမယ့်ကိန်းမြင်တယ်ဗျို့။
    ရှာရှာဖွေဖွေ လုပ်နိုင်ပါပေ့ မမ ရေ။

    • MaMa

      March 29, 2013 at 5:28 pm

      ဒို့ရွာထဲက စတိုင်ဆိုပြီး ကိုယ်တိုင်ကြော်ပြီး မဟေသီကို ပြန်ကျွေးပေ့ါ။
      အဲဒီတော့မှ မဟေသီက သူ့လက်စွမ်းပြန်ပြရင် အမြတ်ပေ့ါ။

  • ကိုရင်စည်သူ

    March 28, 2013 at 4:15 pm

    ကိုရင်လည်း ထမင်းဟင်းချက်တာ တော်တော်ဝါသနာပါတော့..
    ယူလောက်မယ့်မိန်းမ ဒီဘဝတွေ့ခဲ့ရင်တော့.. အချက်အပြုတ်ပညာကို
    တစ်လလောက်ဖြစ်ဖြစ် အန်တီမမ ဆီမှာ ထရိန်နင်ဆင်းခိုင်းရမယ်။ :kwi:

    • MaMa

      March 29, 2013 at 5:33 pm

      ကိုရင်ရေ-
      ဗေဒင်ဆရာကို ယထြာပေးရအုံးမယ်။
      ကိုရင် ကောင်းကောင်းချက်တတ်တာကို ကြေငြာလိုက်ပါ။
      ခုခေတ်ကြီးမှာ အချက်အပြုတ်ကောင်းတဲ့ မိန်းကလေး ရှာနေရင် ကိုရင်လူပျိုကြီးဖြစ်သွားမှာစိုးလို့…..
      :harr:

  • ဦးကြောင်ကြီး

    March 29, 2013 at 10:48 am

    လေးရောင်ခြယ် လိုချင်လား.. ပဲငံပြာရည်နယ်ထားတဲ့ ထမင်းတပုံထည့်
    ငါးရောင်ခြယ် လွယ်ပါတယ်.. ထမင်းနောက်တပုံ နံနွင်းအုပ်လိုက်
    ခြောက်ရောင်ခြယ် ဒါကတော့… ငရုတ်သီးအကျက်မှုန့်ဖြူးကွာ
    ခုနှစ်ရောင်ခြယ် အတွက်ဆို… ငရုတ်သီးအစိမ်း ထောင်းထည့်..
    :kwi: :kwi: :kwi:

    • MaMa

      March 29, 2013 at 5:36 pm

      ကဲ-
      ဆရာကြောင်နဲ့ တွေ့မှပဲ ပြီးပြည့်စုံတဲ့ ရသာစုံ သက်တန့်ရောင် ထမင်းကြော်ကို ရတော့တယ်။
      ကိုပေါက်ပြောတဲ့ ရွာ့တွေ့ဆုံပွဲကျရင် အဲလိုချက်ပြီး ဧည့်ခံရမယ်။
      ကောင်းရင် ကိုယ့်နာမည်ထည့်၊
      မကောင်းဘူးလို့ ပြောကြရင် ကြောင်ကြီးနာမည်ထည့်။
      မျှတပါတယ်နော် :harr:

  • အရီးခင်လတ်

    March 29, 2013 at 8:43 pm

    မမရေ
    ငပိ နဲ့ တစ်ခါမှ ထမင်းကြော် မကြည့်ဖူးဘူး။
    စမ်းကြည့်ဦးမယ်။
    ကျေးကျေးပါ။ 🙂

  • အောင် မိုးသူ

    August 31, 2016 at 9:51 am

    အစားအသောက်တွေရှာရင်း ခုမှတွေ့ စားကောင်းမှာ ဒါမယ့် အလုပ်လည်းရှုပ်မှာ

Leave a Reply