ညရဲ့ ည

naywoon niMarch 27, 20131min1148

ရုတ် ရုတ် …ရုတ်ရုတ် နဲ့
ကိုယ့်အထုတ်ကိုဆွဲ
သူ့ပစ္စည်းသူသယ်
ဆိုက္ကား သုံးဘီး ကား
တန်ရာတန်ရာသယ်ပိုး
နေရာတွေရွှေ့ပြောင်းကြပေါ့
ဘယ်သူ့မျက်နှာ ကြည့်လိုက်ကြည့်လိုက်
ဒေါသနဲ့ အဆီဝေ့
ရာသီ ကလည်း ပူနေပြီကိုး…………။
ဟိုနေရာ ဘာဖြစ်သလို
ဒီနေရာမှာ ညာဖြစ်သလို
သလိုလိုတွေနဲ့ကောလဟာဠ
ကြောက်တတ်သူတွေကို သတ်နေသလိုပါ့
ဘယ်နေရာ ဘာဖြစ်ဖြစ် ကိုယ့် ပစ္စည်း ကိုယ့်အမိုးအောက်ရောက်ရေး
သယ်ပေး သယ်ပေး….။
အဲဒိလိုနဲ့
နေ့ကို ဒေါသနဲ့ မောင်းနှင်ပြီး
ညနေကျမှ ဝမ်းကဟာလာကြလေရော………။
ရှိတာနဲ့ဖြစ်သလိုစားသောက်ပြီး သကာလ
ညကို သောကနဲ့ဖြတ်သန်းကြရဦးမယ် ….။
အဲဒိညကတော့
ညတစ်ကာတို့မှောင်တာထက်တောင် မှောင်ပါရဲ့
ဟိုဟို ဒီဒီ ချိုးချိုး ချွတ်ချွတ်သံကြားလေးတိုင်း
ခေါင်းထောင်ကြည့်ရတာအမော …….။
88 တုန်းက တစ်ခါ
ဈေးတွေဖျက်လိုက်တော့တစ်ခါ
………………….တော့တစ်ခါ
ခုတစ်ခါ……….. နဲ့
တစ်ခါတစ်ခါတွေကလည်းများပါဘိတောင်း
နောက်ဘယ်နှစ်ခါကြုံရဦးမယ်မသိ
ဈေးပြန်ဖွင့်ရင် ဒီကုန်တွေပြန် သယ်ရဦးမဲ့အရေး
တွေးရင်းနဲ့ အာရုံလာမှပဲ
ဟင်းကနဲ သက်ပြင်းချနိုင်တော့တယ်
အမှောင်ဆုံးညကို လွန်မြောက်ခဲ့ပါပြီ အမေ……..။
နေဝန်းနီ

8 comments

  • ရာမည

    March 27, 2013 at 11:24 pm

    ပြေးသာပြေး
    လှည် ့မတွေးနဲ ့
    ဒီလိုဘေးဆိုးတွေ
    ဒီလိုကပ် မျိုးတွေ
    နေသားကျပါမှ
    သံသရာကိုပြတ်စဲ
    နိဗ္ဗန်ကိုသွားရဲမှာ
    ကဲ …. ခုတော ့
    ရသမျှအနိုင်သယ်လို ့
    ကိုယ် ့အသက်ကိုယ်ကယ်
    တကယ်ပြေးလေတော ့
    ဟိုး အဝေး ဒီတစ်သက် ……

  • johnnydeer

    March 28, 2013 at 6:59 am

    ၈၈ ဆိုတာကို တိုင်းဆူပြည်ဖျက် လုပ်ရပ်တစ်ခုလို ပုံဖော်တိုင်း အသဲနာပါတယ်…
    ဒါ စစ်အစိုးရ ရဲ့ အာဘော်စစ်စစ်ပါ…
    ကယ်တင်ရှင် အချိုး ချိုးချင်တာနဲ့ ၈၈ ကို ဒီလို ပုံဖော်တာပါ…
    ၈၈ ဆိုတာ အမြစ်တွယ်နေတဲ့ ဆိုရှယ်လစ်စနစ်ကို ပြည်သူတွေရဲ့ ညီညွတ်အားနဲ့ ဖြုတ်ချနိုင်ခဲ့တဲ့ သမိုင်းဝင် တိုက်ပွဲပါ…
    ဒါကို ၈၈ အရေးတော်ပုံ ကြုံဖူးတဲ့ သူတိုင်း သိပါတယ်…
    နောက်ပေါက် ကလေးတွေသာ ၈၈ ဆိုတာ ခေါင်းဖြတ် လူသတ် မီးရှို့ …ဒီလို စစ်အစိုးရ ပုံဖော်သလို ယုံနေကြတာပါ…
    ကျွန်တော်ကတော့ ၈၈၈၈ အရေးတော်ပုံ အတွက် အမြဲ ဂုဏ်ယူတယ်…

  • KZ

    March 28, 2013 at 8:30 am

    “သတ်” ပုံ မှားတဲ့ “ည”

    – ညာ့
    – ငြ
    – ငြာ့
    – ဉ
    – ဉာ့

  • မောင် ပေ

    March 28, 2013 at 12:06 pm

    ၈၈မှာ ကျုပ် ၅နှစ်ပြည့်ကာစပါ
    မှတ်မှတ်ရရ အဒေါ်အပျိုကြီးများနဲ ့အတူ ဆန္ဒပြလူစုထဲ လိုက်ပါရင်း
    လမ်းဘေးတစ်လျှောက် ဝိုင်းဝန်းဒါနပြုကြသော
    ဘာလီရေ ချိုချဉ်များ စားခဲ့ဖူးပါ၏

    • နေဝန်းနီ

      March 28, 2013 at 7:28 pm

      ကပေ ပြောမှ တစ်ခုအမှတ်ရတယ် ဘာတဲ့ ….။
      ကလေး ကလေး အထင်မသေးနဲ့
      ကလေးကမှ ……………… ဘာဖြစ်တာဆိုလား ???????
      88 မှာ 18နှစ်ကျော်နေပါပြီ ဒုတိယနှစ်ဖြေပြီးကာစ ကျောင်းတွေပိတ်ထားလို့ ယောင်ချာချာ မွေးသဖခင် တာဝန်ကျရာနောက်တစ်ကောက်ကောက်လိုက် လူကြီးတွေနဲ့ လိုက်လိုက်ပြီး အီရက်ဒွေ ထန်ရေ တွေ ခိုးခိုးသောက်ရတာ ပျော်ဖို့တော့ကောင်းသား …..။ 88 က အရေးတော်ပုံတော့ မှန်ပါရဲ့ တစ်ချို့နေရာတွေမှာ ဘယ်သူ့ကြောက်ရမှန်းမသိတဲ့ ကာလတစ်ခု စီ ရှိခဲ့ဖူးတယ် ….။

  • MaMa

    March 28, 2013 at 8:35 pm

    ဟုတ်ပ့ါ။
    တစ်ခါတစ်ခါတွေကလည်းများပါဘိတောင်း။
    နောက်မတစ်ခါပါစေနဲ့တော့။
    မြန်မြန် မိုးသောက်ပါစေတော့။ :byae:

  • kyeemite

    March 29, 2013 at 9:29 am

    အေးချမ်းပါစေ မြန်မာပြေ…

  • အလင်း ဆက်

    June 30, 2013 at 12:02 pm

    ရသ ဆာလောင်လာလို ့
    ကဗျာ ကို ရှာ ဖတ် ခံစားသွားပါတယ်။

Leave a Reply