ကျွန်တော် ဒီရွာမှာ ဝါသနာပါတဲ့ မှုခင်းဝတ္တုလေးတွေရေးချင်လို့ ဝင်ခဲ့ တာပါ ။
အရှုပ်အထွေးတွေကိုရှောင်ပါတယ် ။ ကိုယ်က အရှုပ်တွေရေးသူဆိုတော့  ဝင်မရှုပ်ချင်တာလည်း တစ်ကြောင်း
ရင်းနှီးသူနဲပါးတော့  အထင်မှားမှာလည်း တစ်ကြောင်း စသည်တို့ ပေါ့ ဗျာ ။

အခုတော့  လမ်းကြောင်းနဲနဲသွေဖယ်ပြီး ကြုံဖူး ကြားဖူးတာလေးတွေ ပြောချင်ပါတယ်
နွား နဲ့  ပါတ်သက် တာလေးများကိုမြင်ဖူး ကြားဖူးသမျှ ပါ ။ ကျွန်တော်တို့ နိုင်ငံမှာ နွားကို
ဘက်စုံ သုံးဖြစ် သုံးကြသလိုချစ်လည်း ချစ်ကြတဲ့ သူတွေရှိပါတယ် ။ မချစ်သော်လည်း
ထမင်းရှင် ၊ ကျေးဇူးရှင်ဆိုပြီး အမွှန်းတင်သူများလည်းတွေ့ ဖူးပါတယ် ။ သူတို့ နွားကို မခိုင်းဘူးလား ?????
ခိုင်းပါတယ် …. ဘယ်သူမှအစာကျွေးပြီး အလကားမမွေးထားပါဘူး ။

နွားတွေက ပြုစုပေးရတယ် ။မယုံမရှိနဲ့  ညောင်းရင်နှိတ်ပေး နင်းပေးရပြန်ပါရော ။ ဒါမှနို့ ကောင်းကောင်း
ထွက်ပြီး ခိုင်းကောင်းပါသတဲ့ ။ ပြီးတော့  စိတ်မကြည်ရင် နို့ ထွက်နဲသလို ခြင်ကိုက်လို့ အိပ်ရေးပျက်ရင်လည်း
ပေကပ်ကပ်နဲ့ ခိုင်းလို့ မရပါဘူး ။ဒါကြောင့်  နွားခြင်ထောင်တို့ နွားခြင်မီးထည့် ပေးတာတို့  လုပ်ရပါတယ် ။
ဒီနေရာမှာ နွားကိုအထူးကျွမ်းကျင်တာကတော့  အထက်အညာက လူတွေပါ ။

သွားဖြဲမပြနဲ့  နွားပွဲစားမဟုတ်ဘူး ဆိုတဲ့ စကားကြားဖူးမယ်ထင်ပါတယ် ။နွားရဲ့ သွားကိုကြည့် ပြီး အသက်ကို
မှန်းလို့ ရတဲ့ အတွက် အရောင်းအဝယ်မှာ ပွဲစားကသွားကိုကြည့် တာပါ ။ ထို့ အတူပါပဲ နွားပွဲဈေးမှာ နွားဝယ်
သူများက ခွါအကျအပေါက်ကိုကြည့်ပါသတဲ့  ။နွားက သွက်လက်ချက်ချာပြီး ရုန်းအားကောင်းမကောင်းကို
လေ့ လာတာပါ ။ ဒီအခါမှာ အညာအရပ်ကနွားပညာရှင်ကြီးများက နွားသတ်ရုံပို့ မယ့်  နွားအို နွားထိုင်း
နွားထူတွေကိုရေချိုး ပြီး သန့် ပြန့် နေအောင်ထားပြီး နွားပွဲဈေးကိုလာရောင်းတတ်ပါတယ် ။

နွားရဲ့  တင်ပါး ပေါင်ရင်း စတဲ့ နေရာသုံးလေးခုမှာတော့ သံ ချောင်းသေးသေးလေးတွေကိုသုံးရက်ကြိုလောက်က
ရိုက်ထည့် ထားနှင့် ပါတယ် ။ နွားပွဲဈေး ရောက်တဲ့ အခါမှာတော့  အနာကရင်းနေပါပြီ ။ နွားလာကြည့် တဲ့ 
ဝယ်သူတွေရှေ့ မှာ သံရိုက်ထားတဲ့ နေရာကိုပုတ်ပြလိုက်တာပေါ့ ဗျာ ။နွားက နာလို့ ရုတ်တရက်ရုန်းကန်တာ
ကိုပဲ ခွါကျကောင်းတယ်ဆိုပြီး ဈေးကောင်းကောင်းနဲ့ ရောင်းပါတယ် ။နားမလည်ရင် နွားအိုကြီးနဲ့  ပိုက်ဘော
မိပါလေရောဗျာ ။ နားလည်သူများကျတော့  နကိုကတည်းက ဘီးစိတ်လေးယူလာပြီး အမွှေးတွေကြားထဲ
ခြစ်ကြည့် လိုက်ရင် စောစောကရိုက်ထည့် ထားတဲ့သံချောင်းကို သွားတွေ့ ပါတယ် ။

နွားကန်တော့သူများပင်စိမ်းပင်ကန်တော့ သူများနဲ့  နေလုံးကန်တော့ သူများလည်း
တွေ့ ဖူးပါတယ် ။အများအားဖြင့် ဟိန္ဒူ တွေပါပဲ ။ သူတို့ က ဘာသားမှမစားဘဲ ပဲနဲ့  အသီးအရွက်များကိုသာ
စားကြပါတယ် ။ နွားကို ခိုင်ပြီး အိုချိန်မှာ ကျွေးထား သေရင်မြေမြှုတ် အဲ့ လိုလုပ်တာမမြင်ဘူးပါဘူး။
နွားသတ်ရုံပို့ ရင်ပို့  မပို့ ရင် အချဉ်ရှာပြန်ရောင်း ……

တောရေး တောင်ရေးနဲ့  စာတော့ ဖြစ်သွားပြီ ။ပြောချင်တာက
နွားကို နွားလို့ မြင်ကြည့်ပါ ။
နွားကြောင့်  မီးမလောင်ပါစေနှင့်  ။
နွားကြောင့် အမုန်းမပွားပါစေနှင့် ။
နွားသည် အပယ်လေးပါးမှ တရိစ္ဆာန် ဘုံမှသာဖြစ်သည် ။
ထို့ ကြောင့်  ……….ဤအရာကို နွားဟုခေါ်သည် ။

ကြိုးစားပါဦးမည်
ရာမည

About ရာမည

ရာမည has written 35 post in this Website..