လုပ်ငန်းရှင်ဝါဒ (အမှတ် ၁၁ မှ ၁၅ အထိ)

asiamastersMarch 28, 20131min711

၁၁။ ဘယ်အလုပ်ပဲလုပ်လုပ် အချိန်ကအရမ်းအရေးကြီးတယ်။ အချိန်လွန်သွားရင်တော့ဘာမှတန်ဖိုးမရှိတော့ဘူး။ တန်ဖိုးတွေဟာ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာသာရှိတယ်။ အချိန်အတိအကျဖြစ်အောင်လုပ်ရမယ်။

၁၂။ လူသားတစ်ဦးဖြစ်လာရင် များများသိအောင်ကြိုးစားရမယ်။ များများသိသူများမှာ များများရွေးချယ်နိုင်တယ်။ သိတယ်ဆိုတဲ့နေရာမှာ နှစ်မျိုးရှိတယ်။ ပထမသိခြင်းက လူ့ကိုယ်ခန္ဒာအာရုံခံ အစိတ်အပိုင်းတွေဖြစ်တဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် တို့နဲ့သိတဲ့အာရုံသိဖြစ်တယ်။ ဒီလိုသိခြင်းမျိုးတွေက လူတွေရော တိရိစ္လာန်တွေရောမှာရှိတယ်။ တိရိစ္ဘာန်ဆိုတာက အိပ်၊ စား၊ ကာမ အလုပ်သုံးခုပဲလုပ်တဲ့သတ္တဝါကိုခေါ်တယ်။ လူတွေဟာ အိပ်၊ စား၊ကာမ ပဲလုပ်ရင် လူ့တိရိစ္ဆာန်တွေဖြစ်တယ်။ နောက်တစ်ခုသိခြင်းက ဉာဏ်သိ (သို့) အသိဉာဏ်ဖြစ်တယ်။ ဒီအသိဉာဏ်ကတော့ တိရိစ္ဆာန်အချို့မှာ အနည်းငယ်ရှိနိုင်ပေမဲ့ လူသားတွေမှာ အကြီးမားဆုံးဖြစ်တယ်။ ဒီအသိဉာဏ်ကြောင့် လူသားတွေဟာ မဟာလူသားတွေဖြစ်လာတယ်။ အသိဉာဏ်ထဲမှာဘာတွေပါလဲဆိုရင် ၁) သင်ယူနိုင်ခြင်း၊ ၂) စဉ်းစားနိုင်ခြင်း ၃) မှတ်သားနိုင်ခြင်း ၄) အတွေ့အကြုံကို အသုံချတတ်ခြင်းနဲ့ ၅) ဆင်ချင်တတ်တဲ့အရည်အချင်းတွေဖြစ်တယ်။ အသိဉာဏ်ကို တိုးအောင်လုပ်လို့ရတယ်။ အသိဉာဏ်တိုးချင်ရင် မိမိလေ့လာတဲ့ဘာသာရပ်ကို လေးလေးနက်နက်ယုံကြည်ပါ။ များများဖတ်ပါ။ များများရေးပါ။ များများနားထောင်ပါ။ ကိုယ်သိလာတာတွေကို သူများကို ပြန်မျှဝေပါ။ မိတ်ဆွေအပေါင်းအသင်းများများထားပါ။ ခရီးများများသွားပါ။ အသိဉာဏ်မတိုးသူများဟာ အာရုံတွေနောက်ကို သာတကောက်ကောက်လိုက်လေ့ရှိတယ်။ လူသားအဖြစ်မှ တိရိစ္ဆာန်အဖြစ်သို့ကျရောက်ကုန်တယ်။ အသိဉာဏ်အမြင့်မားဆုံးလူတွေဟာ သူတော်စင်တွေဖြစ်လာတယ်။

၁၃။ လူသားတစ်ဦးဖြစ်လာရင် ခွန်အားတိုးပွားနေအောင် အမြဲတစေကြိုးပမ်းလုပ်ဆောင်နေရမယ်။ ခွန်အားဆိုတဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာခွန်အားနဲ့ စိတ်ပိုင်းဆိုင်ရာခွန်အားဆိုပြီး နှစ်မျိုးခွဲနိုင်တယ်။ ရုပ်ပိုင်းဆိုင်ရာခွန်အားပဲဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာခွန်အားပဲဖြစ်ဖြစ် အမြဲတိုးပွားနေအောင် ကြိုးပမ်းနေကြရမယ်။ အသက်အရွယ်အလိုက်ခွန်အားများကွားခြားနိုင်သော်လည်း မိမိရဲ့နောက်ဆုံးထွက်သက်အထိ မိမိရဲ့ ခွန်အားကို ထိန်းသိမ်းသွားရမယ်။
၁၄။ လူသားတစ်ဦးအတွက် တန်ဖိုးအရှိဆုံးအရာမှာ မိမိရဲ့ ကိုယ်ခန္ဒာဖြစ်တယ်။ မိမိရဲ့ ကိုယ်ခန္ဒာဟာ မိမိကိုးကွယ်တဲ့ဘုရားကျောင်းနဲ့တူတယ်။ မိမိကိုယ်ခန္ဒာ ကို ညစ်နွမ်းစေမဲ့အလုပ်များမလုပ်ရ။ မိမိကိုယ်ခန္ဒာအစိတ်အပိုင်းကို အသုံးပြု၍ ကာမဂုဏ်ကို မရောင်းစားရ။ ကိုယ်တွင်းအင်္ဂါများကို မရောင်းစားရ။ မိမိကိုယ်ခန္ဒာကို အမြဲသန့်ရှင်းအောင်ထိန်းသိမ်းထားရမည်။
၁၅။ ရုပ်ခန္ဒာကို ခွန်အားရှိစေလိုလျှင် ဖွံ့ဖြိုးတိုးတက်လိုရင် အစပြုရမည်မှာကလှုပ်ရှားမှုဖြစ်တယ်။ လူသားတွေရဲ့ ကိုယ်ခန္ဒာကို အရိုးနဲ့အသားတွေနဲ့ဖွဲ့စည်းထားတယ်။ အသေးငယ်ဆုံးကလပ်စည်းလေးမှာလည်း မွေးဖွားခြင်း၊ ကြီးထွားခြင်း၊ သေဆုံးခြင်း ဆိုတဲ့ သံသရာလည်နေတယ်။ ဒီလိုမွေးဖွားလာလိုက်၊ ကြီးပြင်းလိုက်၊ သေဆုံးလိုက်ဖြစ်နေတဲ့ ကလပ်စည်းလေးတွေအတွက် အဓိကလိုအပ်ချက် လှုပ်ရှားမှုလိုအပ်ခြင်းဖြစ်တယ်။ လှုပ်ရှားမှုကြောင့်ကလပ်စည်းလေးအသစ်အသစ်တွေဟာ ပေါ်ပေါက်နေတယ်။ လူ့ကိုယ်ခန္ဒာ မှာရှိတဲ့အစိတ်အပိုင်းအားလုံးကို လှုပ်ရှားပေးဖို့လိုတယ်။ ကောင်းတာက နံနက်စောစော မှာ လှုပ်ရှားမှုလုပ်တာအကောင်းဆုံးပါပဲ။ နံနက်စောစော အချိ်န်မှာရှိတဲ့လေဟာ အသန့်ရှင်းဆုံးဖြစ်တယ်။ ကိုယ်လက်လှုပ်ရှားမလုပ်သူများဟာ ရောဂါထူပျောခြင်း၊ ပြင်းယိခြင်းနဲ့ သက်တမ်းတိုသူများဖြစ်လာတယ်။ လူသားအားလုံး လေ့ကျင့်ခန်းလုပ်ရန်လိုတယ်။

One comment

  • MaMa

    March 29, 2013 at 5:42 pm

    လိုက်နာသင့်တဲ့ အချက်လေးတွေ သိရလို့ ကျေးဇူးတင်ပါတယ်။ :hee:

Leave a Reply