တစ်ဖက်သတ် အချစ်

ဇီဇီMarch 29, 20131min33083

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

သူ့ကို ပြောခဲ့ဖူးတယ်။

“ကိုယ်က ချစ်နေရရုံနဲ့ ကျေနပ်တယ်”

ပြောဖို့ကသာ လွယ်တာပါကွယ်။

တစ်ခါတစ်ခါ သူ့အချစ် နှမ်းတစ်စေ့လောက်ကို လက်ဖျစ်တစ်တွက်လောက် ရလိုမှုရဲ့ အပူကို ဘယ်သူ ကိုယ်ချင်းစာတတ်ပါသလဲ။

 

သူ့ကို ပြောခဲ့ဖူးတယ်။

“စွန့်လွှတ်တဲ့ အချစ်က မြတ်တယ်”

ပြောဖို့ကသာ လွယ်တာပါကွယ်။

ပိုင်ဆိုင်ချင်စိတ်ကို အခြေခံပြီး ဖြစ်တည်လာတဲ့ အချစ်တစ်ခုကို မရနိုင်တော့မှ စွန့်လွှတ်ဖို့ စဉ်းစားရတဲ့ ကြေကွဲမှုကို ဘယ်သူ ကိုယ်ချင်းစာတတ်ပါသလဲ။

 

သူ့ကို ပြောခဲ့ဖူးတယ်။

“ပေးဆပ်ခြင်းနဲ့ ချစ်သွားမယ်”

ပြောဖို့ကသာ လွယ်တာပါကွယ်။

တုံ့ပြန်မှုမရှိတဲ့ ချစ်ခြင်းတစ်ခုအတွက် ပေးခဲ့၊ ပေးနေ၊ ပေးဦးမဲ့ စေတနာနဲ့ အနစ်နာခံမှုတွေကို ဘယ်သူ ကိုယ်ချင်းစာတတ်ပါသလဲ။

 

သူ့ကို ပြောခဲ့ဖူးတယ်။

“မင်း အနား ရှိရုံ နေခွင့်ပြုပါ”

ပြောဖို့ကသာ လွယ်တာပါကွယ်။

ကိုယ်ပိုင်ဆိုင်ခွင့်မရတော့တဲ့ လူအနားနေပြီး အဲ့ဒီ လူကို လွမ်းနေရတဲ့ အလွမ်းမျိုး ဘယ်သူ ကိုယ်ချင်းစာတတ်ပါသလဲ။

 

သူ့ကို ပြောခဲ့ဖူးတယ်။

“ချစ်ရသူ ပျော်တာမြင်ရရုံနဲ့ နေပျော်ပါတယ်”

ပြောဖို့ကသာ လွယ်တာပါကွယ်။

သူ့ပျော်ရွှင်မှုက ကိုယ့်ကြောင့်မဟုတ်တဲ့ အခြေအနေတစ်ခုကို စောင့်ကြည့်နေနိုင်တဲ့ စိတ်လေးကို ဘယ်သူ ကိုယ်ချင်းစာတတ်ပါသလဲ။

 

သူ့ကို ပြောခဲ့ဖူးတယ်။

“အဝေးကပဲ ချစ်ပါတော့မယ်”

ပြောဖို့ကသာ လွယ်တာပါကွယ်။

ဒီ ကမ႓ာမှာ သူ့ကို ချစ်နေသော ကိုယ်တစ်ယောက် ရှိနေမှန်း မေ့လျော့နေတတ်တဲ့ သူ့ကို ငေးနေရတဲ့ နာကျင်မှုကို ဘယ်သူ ကိုယ်ချင်းစာတတ်ပါသလဲ။

 

One-sided Love တဲ့…

တစ်ဖက်သတ် အချစ် ပေါ့…

ပေးလိုက်တဲ့ အချစ်နဲ့ ပြန်ရတဲ့ အချစ်မှာ လုံးမမညီမျှတဲ့ အခြေအနေတစ်ခုကို တစ်ဖက်သတ်အချစ်လို့ ခေါ်ပါသလား…..။

ချစ်ခြင်းမေတ္တာမှာ အသွားအပြန်ရှိတယ် ဆိုတဲ့ စကားကို အသုံးချခွင့်မရတဲ့ အခြေအနေတစ်ခုကို တစ်ဖက်သတ်အချစ်လို့ ခေါ်ပါသလား…..။

ကိုယ် ယုံကြည်တဲ့ ချစ်ခြင်းမှာ မသက်ဝင်တဲ့သူကို မျှော်လင့်ရတာ တစ်ဖက်သတ်အချစ်လို့ ခေါ်ပါသလား…..။

 

နောက်ဆုံးတော့…

နီးကပ် ပြိုင်မျဉ်းနှစ်ကြောင်းလို…

မြင်သာမြင်ရ…

ဆုံစည်းခွင့်မရှိသလောက် နည်းပါးတဲ့…

အခြေအနေလေးမှာ နေတတ်အောင်နေရဦးတော့မယ်…။

 

ပြိုင်မျဉ်း နှစ်ကြောင်း…

အနန္တအကွာအဝေးမှာ…  

ဆုံစည်းခွင့်ရှိတယ် ဆိုတဲ့…

မမှီမကမ်း သီဝရီတစ်ခု ကို…

စွဲကိုင်ရင်းနဲ့ပေါ့…။

 

 

ဝန်ခံချက်။     ။ ကိုယ်တွေ့ လုံးဝ လုံးဝ မဟုတ်ကြောင်း။ ခုရက်ပိုင်းအတွင်း ကြားရတာတွေ ခံစားပြီး ရေးထားကြောင်း။

83 comments

  • ဦးကြောင်ကြီး

    March 29, 2013 at 9:24 am

    ဖက်သက်ခြစ်
    ကြက်ငှက်ဖြစ်
    လက်မှတ်စစ်
    တပ်ထွက်ညစ်
    ဓာတ်ပျက်ဟစ်
    ဝက်သက်အစ်
    စွက်ဖက်ရစ်
    နတ်ချက်မျှစ်..

    • KZ

      March 29, 2013 at 10:25 am

      အောင်ကြူးကဗျာဖတ်ပြီး ဝက်သားမျှစ်ချဉ်ဟင်း စားချင်လာပြီ။
      :eee:

  • Myo Thant

    March 29, 2013 at 9:30 am


    အချစ်ဆရာမကြီးပါလား

    • KZ

      March 29, 2013 at 10:26 am

      ဟမ်။
      အဲဒီ စကားက
      ရွဲ့ပြောတာလားဟင်။

      :buu:

      • ပြောစမ်းဘာအေ ဟုတ်တယ်လို့
        အုန်းသိးခြစ်တယ်
        ခါဂျက်ဥခြစ်တယ်
        အားလူးခြစ်တယ်
        ကြက်သွန်ခြစ်တယ်လို့
        ပြောလိုက်းစမ်းဘာအေ လန့်သွားအောင်

        • KZ

          March 30, 2013 at 1:39 pm

          ဟုတ်တယ်။

          လေးပေါက် ပြောတဲ့ အတိုင်းပဲ။

          အခြစ် ဆြာမဂျီးပဲ။။ :mrgreen:

          ခါဂျက်ဥခြစ်တယ်…..
          အာလူးခြစ်တယ်…….
          ကြက်သွန်ခြစ်တယ်…….
          သင်္ဘောသီးလည်းခြစ်တယ်……
          ပြီးတော့မှ အားလုံးလန့်သွားအောင် အော်မယ်။

          “ဟောဒီက သင်္ဘောသီးသုပ် ချဉ်/ငံ/စပ် ရမယ်!!!!!!!!!!!!!!!!!” လို့….

          :harr: :harr: :harr:

  • တစ်ဖက်သတ် အချစ် ..
    တစ်ဖက်သတ် အချစ် ….
    မမခိုင်ဇာ ရေ …
    အဲ့ဒီ အချစ် ရင်ကို နင့်စေတယ် …
    တကယ် … တကယ် … 🙁

    • KZ

      March 29, 2013 at 10:29 am

      ရင်ဖွင့်သံတွေ ကို
      ဒီဘက်နားက ဝင်ပြီး
      ဟိုဘက်နားက မထွက်နိုင်တော့လည်း ဒီလိုပဲပေါ့။

      ကျုပ်ကိုကလည်း စိတ်ခံစားချက် ခံနိုင်ရည် နည်းပါးပါတယ်အေ။

      :byae:

  • ခင်ခ

    March 29, 2013 at 10:29 am

    (တစ်ဖက်သတ် အချစ်ဟာဆိုးပါတယ်
    အသက်မက ချစ်တာ ခတ်လှတယ်
    အမြဲ စွဲကာနေသူမယ် မခွဲဘဲ သူ့ကိုမျှော်ကာရွယ်။)
    ကိုယ်တွေ့ လုံးဝ လုံးဝ မဟုတ်ပါ၊ အဆိုတော် ကိုမြကြီးရဲ့ သီချင်းစာသား တစ်ချို့ …………။

    • KZ

      March 29, 2013 at 10:33 am

      ရတာမလို
      လိုတာမရ
      ဘဝတွေပါ ကိုခရယ်….
      🙁

  • တိမ်မည်း

    March 29, 2013 at 10:49 am

    ကျွန်တော့် သူငယ်ချင်းတယောက်ရှိဖူးပါတယ်….
    ကောင်မလေးကို ကြိုက်တာလဲ တပိုင်းသေနေပီ….
    နေ ့တိုင်း ဘက်စ်ကားဂိတ်မှာ သွားစောင့် သူ ့နောက်လိုက် (စကားလိုက်ပြောတာမဟုတ်ဖူး… ဒီအတိုင်းကြီးကို နောက်က လိုက်လျှောက်နေတာ….)
    အပြန်လည်း အဲ့အတိုင်းပဲ…..
    ဇွဲကတော့ ဘာကောင်းလဲ မမေးနဲ ့ ခြောက်လလောက် အဲ့အတိုင်းပဲ……
    အဲ့ဒါ ဟိုက မသိပဲနေမလား သိတာပေါ့….. လိုက်ပြောဆိုတော့လည်း ပြောရဲဖူး……
    နာမည်သိလား ရီးစားစာရေးပေးမယ်ဆိုတော့လည်း ပေးရဲဖူးတဲ့… (နောက်မှ သိရတာက နာမည်ကို မသိသေးတာတဲ့ အသေအချာ…………….)
    ဒါပေမယ့် ဆရာသမားက မပေးပဲသိမ်းထားတဲ့ ရီးစားစာတော့ များသား……..
    စာသားလေးတွေကညွန် ့လို…. မပေးရဲတာ တခုပဲရှိတယ်……
    အဲ့လို တဖက်သက်အချစ်များဆိုလို ့ကတော့ လေတယ်ကွယ်……..
    ဒါပေမယ့် အခုတော့ အဆင်ပြေသွားပါပီ…..
    ဘယ်လို အဆင်ပြေသွားလဲတော့ လာမမေးနဲ ့…. အဲ့ဒါ ဝတ္တုတို တပုဒ်စာရေးလို ့ရတယ်…..
    :mrgreen:

    • KZ

      March 29, 2013 at 11:05 am

      အဲဒါမျိုးများ ရေးပါလား တိမ်မည်းရယ်။
      အတုယူချင်တဲ့ သူတွေ ယူလို့ရတာပေါ့။ :mrgreen:

      ဇွဲဆု ရသွားတဲ့ သဘောများလားကွယ်။ 🙄

      • တိမ်မည်း

        March 29, 2013 at 3:18 pm

        ဒီလို ဒီလို အဆင်ပြေသွားပီ ဆိုတာက ဟိုကောင်မလေးက ချစ်ချစ် တယောက် ရသွားပီ…..
        ကျွန်တော့်ကောင်ကလည်း နောက်တယောက် ပြောင်းကြံနေတာကိုပြောတာ…..
        အထင်မကြီးလိုက်ပါနဲ ့ကွယ်… ဟီးဟီး…….
        :mrgreen:

        • KZ

          March 29, 2013 at 3:20 pm

          ဟယ်။
          အဟုတ်မှတ်လို့ ။ :mrgreen:

          ဂလိုဆို ကူနိုင်တဲ့သူရှိတော့ဘူးပေါ့။
          :buu:

      • တိမ်မည်း

        March 29, 2013 at 3:40 pm

        ရှိဝူးရယ်…. တကယ်တမ်းကလည်း အဲ့တယောက်ကို လိုက်နေတုန်းက ကျွန်တော်အဝေးရောက်နေတာလည်း ပါတယ်…. တခြား သူငယ်ချင်းတွေ လည်း ဝိုင်းပြောကြပါတယ်…. အရာမထင်ဖူးကွယ်……
        ကျောင်းတုန်းက တခါ အဲ့ဒီလိုပဲ နာမည်မသိ မေဂျာမသိ ကောင်မလေး တယောက်ကို လိုက်ဖူးတယ်…. ကိုယ်ကလည်း ဘေးနားမှာ ရှိနေတော့ စိတ်မရှည်ဖူးရယ်….
        နဲနဲ အထွန် ့တက်ပီး လိုက်ကျောင်းပေးလိုက်တာ… မြှားဦးက ကိုယ့်ဘက် လှည့်လာလို ့ မနဲ ရှောင်လိုက်ရတယ်……..
        အခုတော့ နောင်တရသလိုတော့ အဖြစ်သား… အဟိ… :mrgreen:

      • မဟုတ်ဘူး နှောင့်ယှက်တယ်ဆိုပြီးရဲတိုင်လိုက်တာ.
        အဲတော့ ရဲစခန်းရောက်သွားရော.။
        အဲတော့ နှစ်ဖက်မိဘရဲစခန်းလိုက်ရတာပေါ့။
        စခန်းရောက်တော့ နှစ်ဖက်မိဘက ငယ်သူငယ်ချင်းဖြစ်နေတော့
        အမူ့ပိတ်ပြိးတစ်ခါထဲပေးစားလိုက်တဲ့ဇာတ်လမ်းလေ။.
        ဝတ္တုုနာမယ် ရဲစခန်းဖူးစာ တဲ့။

        • တိမ်မည်း

          April 1, 2013 at 9:35 am

          ကောင်းလိုက်တဲ့ အိုင်ဒီယာလေး မှတ်ထားဦးမှ…… :mrgreen:

    • garuda

      March 29, 2013 at 2:21 pm

      ဒီလူ ဗမာပြည်မှာမွေးတာ တော်တော်ကံကောင်းတယ်။ တစ်ခြားနိုင်ငံမှာဆိုရင် အနဲဆုံးတော့ ရဲစခန်းခေါ်သွားပြီး အမေးအမြန်းခံရမှာ။
      Stalking လို့ပဲပြောမလား။ :harr:
      http://www.police.nsw.gov.au/community_issues/domestic__and__family_violence/what_is_stalking

      • တိမ်မည်း

        March 29, 2013 at 3:14 pm

        အဲ့ဒါကလည်း လိုက်ပုံလိုက်နည်းရှိတယ်ဆရာ….
        သူလည်း သူ ့နည်း သူ ့ဟန်မို ့လိုသာရယ်…..
        နည်းလမ်းများမဟန်လို ့ကတော့ အနားမှာ ခနတာ သွားပီး နာမည်မေးမိရင်တောင်….
        အချုပ်ကို ဖရီး ရောက်သွားနိုင်တယ်….
        :mrgreen:

  • ဖားသက်ပြင်း

    March 29, 2013 at 10:53 am

    အခြစ်ဆိုဒါ မကောင်းဆိုးဝါးတကောင်နဲ့ တူသဒဲ့ ..ကံဆိုးတဲ့သူမှ တေ့နိုင်တာတဲ့ ..
    ကျနော်ဒဂယ်ယီး ကံဆိုးခဲ့တာလား ဒဲ့ ..

    ဆြာယီး မျတန်းတင့် လား … ဥက္ကလာတာယာ လား ဆြာယီး တယောက်ယောက်ပေါ့ဗျာ
    အဲ့လို ပြောသွားသလားပဲ ဗျာ.. ဉာဏ်မမီပါဘု

    :harr:

    • KZ

      March 29, 2013 at 11:09 am

      အမျိုးမျိုးပြောကြတာပါပဲ အေ။

      နောက် ကြားဖူးတာတစ်ခုက
      အချစ်အကြောင်းဆိုတာ သရဲ အကြောင်းလိုပဲ တဲ့။
      လူပြောများနေကြပြီး သေချာသိမြင်ဖူးသလားဆိုတော့လည်း မဟုတ်ဖူး တဲ့။

      ဆိုတော့ ကိုယ့်အတွေ့အကြုံနဲ့ ယှဉ်ပြီး ပြောကြတာပါပဲလေ။

      ကျုပ်လည်း ဉာဏ်မမှီပါဘူးရယ်။ :mrgreen:

  • Myo Thant

    March 29, 2013 at 12:52 pm

    တစ်စုံတစ်ယောက်အပေါ်
    မလျော်ကန်တာမသိ
    ချစ်မိသည့်အခါ
    တစ်ဖက်သတ်သာလျင်
    အကြင်နာကိုတမ်းတ
    လွမ်းရတာပဲ အဖတ်တင်
    ( သို့သော် ) အပြစ်မမြင်
    ချစ်ချင်တာပဲသိတယ်လေ ၊

    • KZ

      March 29, 2013 at 1:00 pm

      ကဗျာလေး အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုု မျိုးသန့်။
      :hee:
      It is nice and true.

    • garuda

      March 29, 2013 at 2:13 pm

      အပြစ် မမြင်ပါဘူး
      ချစ်ချင်တာပဲ သိတဲ့နောက်….
      ဖြစ်သမျှဟာ အကောင်းပဲပေါ့
      မင်းရင်ခွင်နဲ့ ခွဲခွာနေဖို့ မရဲပါဘူး….
      အနားနားမှာ အမြဲရှိပါရစေ…
      (အပြစ်မမြင် – ဝိုင်းစုမျိုးသန့် အဲ…မှားလို့ဗျာ ဝိုင်းစုခိုင်သိန်း :harr: )

  • thureinmaung

    March 29, 2013 at 2:32 pm

    အရမ်းပင်ပန်းပါတယ်၊ သူ့ဝန်ထုပ်ကြီးကို ကိုယ့်ရင်ဘတ်ထဲမှာသိမ်းဆည်းထားပြီး
    ကိုယ့်ဟာကိုယ်ဒုက္ခရောက်နေရတဲ့အခြေအနေလို့ပြောရင်လွန်မယ်မထင်ပါ၊
    ကြုံဖူးတဲ့သူတွေဘဲနားလည်တတ်တဲ့ခံစားမှုပါဘဲ။
    ဒါပေမယ့်အချိန်ကြာလာရင်တော့သူလည်းသိင်္ခါရသဘောတရားကိုမလွန်ဆန်နိုင်
    ပါဘူး၊ခံစားမှုတွေတဖြည်းဖြည်းပေါ့ရွှတ်သွားပြီးနောက်ဆုံးမှာတော့မေ့မေ့ပျောက်ပျောက်
    ဖြစ်သွားတာပါဘဲ၊ ဘယ်သူကမှအဲဒီဒုက္ခကြီးကိုတစ်သက်လုံးမသယ်သွားနိုင်ပါဘူးဗျာ။

    • KZ

      March 29, 2013 at 2:37 pm

      အချိန်က မှေးမှိန်အောင် လုပ်မပေးနိုင်ခင် အထိ
      စိတ်ထဲထည့် သယ်သွားရမဲ့ အချစ်ဝန်ထုတ်ဝန်ပိုးတစ်ခုပေါ့ဗျာ။
      🙁

      • တကယ်ပြောရင် အချစ်ဆိုတာ
        အိမ်ထောင်မကျခင်သာ အရသာခံပြောလို့ကောင်းတဲ့ စကားလုံးပါဗျာ။
        တကယ်လဲ အိမ်ထောင်ကျပြီးရော ပြဿနာပေါင်းစုံနဲ့ရောထွေးပြီး
        အချစ်ကို တခုတ်တရ မပြောနိုင်တော့ပါဘူး

        • KZ

          March 30, 2013 at 1:44 pm

          ဟုတ်တယ်။
          ဟုတ်တယ်။ :mrgreen:
          အဲ ဒီ တော့ ဒီ “အချစ်” ဆိုတာ တပြောတည်း ပြောနေတဲ့ လူတွေကို ထောင်ချ လိုက်ရင် ကောင်းမယ်။ :mrgreen:

          “အိမ်ထောင်” “အိမ်ထောင်”

          :harr:

  • GaviaGirl

    March 29, 2013 at 2:48 pm

    သီချင်းဆိုပြမယ်နော်…

    မိန်းကလေးဘက်က ချစ်တာကို အရေးလည်းမစိုက်တော့ စိတ်နာတယ်..ရှင်လေ တန်ဖိုးမထားတာတွေ…ကြာလာလေ ပိုသိလာ…ပေးမိတဲ့အချစ်တွေကို တစ်ချက်လောက် ဂရုစိုက်လာရင်…ဝမ်းနည်းအောင်အမြဲလုပ်ခဲ့တာတွေ..ကိုယ်ခွင့်လွှတ်နိုင်ပါတယ်…

    မနေ့ကအထိ မင်းရဲ့အချစ်မျှော်လင့်မိတယ်… မင်းကမသိ တစ်ချက်မှ မကြည့်တာ ဘယ်လိုလုပ်မလဲ..ဝေဒနာတွေပဲ ဆက်တိုက်ရတဲ့အချိန်တိုင်းမှာ..ကြောက်မိခဲ့ပြီချစ်သူ..တို့မိန်းကလေးပါ…

    :byae: :byae: :byae:

    • KZ

      March 29, 2013 at 2:53 pm

      ဟင်း:::::::
      ဘာပြောရမှန်းမသိတော့ပါ။
      ဘာသီချင်းပြန်ဆိုပြရမှန်းမသိတော့ဘူးလို့။

      အဲဒါတွေ ….
      အဲဒါတွေ ……
      ကိုယ်ပိုင်ခံစားချက်ကြောင့်လည်း စိတ်ပင်ပန်း…..
      အငှါးခံစားချက်ကြောင့်လည်း စိတ်ပင်ပန်း……
      :byae: :byae:

  • amatmin

    March 29, 2013 at 2:59 pm

    တဘက်တည်းကချစ်နေမိလို့.မဆုံနို်င်တာတင်မကဘူး..
    နှစ်ဘက်စလုံး ချစ်ပါရက်.
    မဆုံနိုင်တာဒွေ လည်း ဒု နဲ့ ဒေး ရှိတယ်ဆိုတာ..
    သတိချပ်မိရင်….ဖြေသာမှာပါလို့.. 🙂

    • KZ

      March 29, 2013 at 3:23 pm

      မဖြေသာဘူး။

      (နှစ်ဘက်စလုံး ချစ်ပါရက်.
      မဆုံနိုင်တာဒွေ လည်း ဒု နဲ့ ဒေး ရှိတယ်ဆိုတာ..)

      အဲဒါ ပိုဆိုးတယ်။ 🙁

      လာနှစ်သိမ့်တာနဲ့မတူဘူး။
      အနာကို တုတ်နဲ့ ရိုက်သလို လာပြောနေတယ်။

      :byae:

      • MaMa

        March 29, 2013 at 5:20 pm

        အနာကို တုတ်နဲ့လာရိုက်တဲ့ အမတ်ကို တုတ်နဲ့ ပြန်ရိုက်လိုက်ပါ ဆွိရေ။
        လွှတ်တော်မတက်တဲ့ အမတ်ဆိုပြီးတော့ အကြောင်းပြလိုက်ပေ့ါ။ :harr:

        • KZ

          March 29, 2013 at 5:26 pm

          ဒီ အမတ်မင်းတော့လား.:::::::
          လူကြိုက်များပြီး မစွံတဲ့ အပြစ်နဲ့
          လူဦးရေအတိုင်း သူ့ပြန်ရိုက်ရရင်
          သေသွားနိုင်တယ် ချစ်မမ။ :mrgreen:
          ဇာတ်လမ်းတိုင်း ထိတ်တုန်းခတ်ခံရလည်းမမှတ်သေးဘူးရယ်။
          :harr:

        • amatmin

          March 29, 2013 at 5:27 pm

          အွန်း..တုတ်နဲ့ အရိုက်ခံဖို့
          ကိုယ့်ဘာသာရွေးရမယ်ဆိုရင်တော့..
          ဆရာမသာ ရိုက်မယ်ဆိုရင်..
          ဘာကြိမ်လုံးဆိုလား.. အဲ့ဒါဆို မဆိုးဘူးရယ်..
          :harr:

    • နှစ်ဖက်လုံး အလွယ်တကူ မဆုံနိုင်ရင် ဆုံအောင်လုပ်ပေးမယ့်
      အကျုးိဆောင်နဲ့ ဆက်သွယ်လိုက်ပါ။
      အားလုံးအဆင်ပြေသွားစေရမယ်

      • KZ

        March 30, 2013 at 1:49 pm

        ဟယ်။
        ဟိုတခါပြောထားတဲ့ ပွဲစားလုပ်ငန်း စပြီလားဟင်။
        ကျုပ် ရဲ့ အချစ်ပို့(စ) မှာ လေးပေါက်ကြီး လာစည်းရုံးနေပါ့လား။ :mrgreen:
        ကာစတန်မာရရင် ပို့(စ) ပိုင်ရှင်ကို ကော်မရှင်ပေးပါဦးနော်။

        :harr:

  • garuda

    March 29, 2013 at 5:21 pm

    ရှေးဆက် နှစ်ပါးသွားကြဖို့အတွက်
    အိုး..နိုး..မဖြစ်နိုင်
    ညှိလို့မရတဲ့ တို့အဖြစ်ကြောင့်

    ငါနဲ့ မင်းနဲ့ အိုမျဉ်းနှစ်ကြောင်းလို
    ဆုံဆည်းဖို့ရန် မရှိ
    ငါနဲ့မင်းနဲ့ ဒီဘဝတော့ကွယ်
    ပြိုင်မျဉ်း နှစ်ခုလိုပဲ…
    (မျဉ်း- နောနော်)

    ကိုယ်နေချင်တာ
    မင်းအနားမှာပါ
    (မင်းအနားမှာ-အဲလက်စ်)

    အဝေး အဝေး ကပဲချစ်နေမယ်
    အချစ်တွေ ရင်ထဲသိမ်းကာရယ်
    မင်းပျော်နေရင် အမြဲ ငါကြည်နူးတယ်
    (အဝေးကပဲချစ်နေမယ်-ဒိုရေမီ)

    မင်းရဲ့ ချစ်တဲ့သူစွန့်လွှတ်ခဲ့ရင်
    ဒီရင်ခွင်ထဲ ရောက်အောင်လှမ်းခဲ့
    ကိုယ်ဆန္ဒများ
    စွဲလမ်းမှုတွေများခဲ့ အမှောင်ကွယ်ရာမှာ
    ကိုယ့်စိတ်ကူးရူးများ လွန်နေပြီကွာ
    အားလုံးထက် မင်းကို ချစ်နိုင်တယ်
    ဒီလိုတစ်ယောက်ထဲ ရူးသွပ်တဲ့နေ့များ သူကသိမှာလား
    (ပေးဆပ်မယ့်အချစ်-ဇော်ပိုင်)

    ပေးဆပ်ခြင်းက အချစ်စစ်လားကွယ်
    နှလုံးသားနုငယ်ကျွမ်း တော့မယ်
    ကြည်ဖြူစွာခွင့်လွှတ်တတ်သူ ရင်ခွင်ထဲမှာ
    ပေးဆပ်ခြင်းနဲ့အချစ် ဖြစ်မယ်….
    (ကိုယ်ချစ်-စိုးလွင်လွင်/ဘိုဖြူ)
    မန့်ချက်။ ကိုယ်တွေ့ လုံးဝ ဝလုံး မဟုတ်ကြောင်း။ ခုရက်ပိုင်းအတွင်း ဖတ်ရတာတွေ ခံစားပြီး သီချင်းစာသား အပိုင်းအစများ
    တင်ချင်းဖြစ်ကြောင်း။ :harr:

    • KZ

      March 29, 2013 at 5:29 pm

      မင်း ကို ပြန်ချစ်ဖို့ ကြိုးစားခဲ့ပါတယ်။
      မိန်းကလေးတစ်ယောက် အနေနဲ့ မချစ်နိုင်စရာ ဘာတစ်ခုမှမရှိဘူး။
      ဒါပေမဲ့ ဘယ်လိုမှ ချစ်လို့မရဘူးကွာ။

      ဂလုဒ ,
      အနော်လည်း မခိုင်ကြီး သီချင်း ဆိုပြတာနော်။
      :harr:

      • garuda

        March 29, 2013 at 5:51 pm

        ဘယ်နေရာမှာ ရှိလိမ့်မလဲ
        ကိုယ်ကိုယ်တိုင်လည်းမသိတယ်
        ဒီတစ်နေ့လုံး ဒီတစ်ညလုံး
        မင်းရဲ့အကြောင်းကိုတွေးရင်း
        ဘယ်သူနဲ့မင်းရှိမလဲ
        ဘယ်ရင်ခွင်မှာ အိပ်စက်မလဲ
        ကိုယ်မသိဘူး မဆိုင်ပါဘူး
        မင်းလေးကိုယ့်ကို သတိရပြီးတာပဲ
        (သတိရရင်ပြီးတာဘဲ-မျိုးကျော့မြိုင်/ဝိုင်းစတုန်း)
        တူမကြီးရေ ဦးကြီးလည်း မျိုးဘူးကြီး သီချင်းကို ဆိုပြတာနော်။
        :harr:
        :harr:

        • GaviaGirl

          March 29, 2013 at 6:00 pm

          အနော်လည်းဆိုပြရစေ..သီချင်း.. 🙂
          rap လေး ရွတ်မယ်နော်..

          အိပ်မက်ထဲပြောနေပြီး အပြင်မှာကျတော့ တစ်ခြားစီပါလား…မိန်းကလေးအတွက် ဟားရီစရာလား..ဝန်ခံပါတယ်..အချစ်စိတ်က ရှင်သန်လာတယ်.. ပိုပြီးတော့ လျင်မြန်လာမယ်…ဘယ်တော့များပြောထွက်မှာလဲ…မင်းရဲ့ဘက်က မသိနိုင်တော့လို့..မိန်းကလေးပဲ ဖြစ်နေတာမို့…ရင်ထဲမှာ အချစ်တွေကဆို့…ဒါတောင်မှ မင်းရဲ့ဘက်က စိတ်ကူးယဉ်လို့ ကောင်းနေတုန်းလား…မင်းအတွက်နဲ့ ရင်မောလိုက်တာ..မချစ်ဘူးဆိုရင် ပြောလိုက်ပါ…ငါ့ကိုလည်း မချစ်ဘူးဆိုရင် နင့်ပါးစပ်က ဖွင့်ပြောလိုက်ပါ…မသိစိတ်က အဖြူရောင်တွေကို ဆိုးနေမိပြီ နင်နဲ့ငါနဲ့..ပြောမထွက်တဲ့ စကားလုံးတွေက ရင်ထဲမှာထည့်..ယောက်ျားလေးဖြစ်လိုက်ချင်တယ်…နင့်နေရာ ဝင်လိုက်ပြီးတော့ ဖြစ်လိုက်ချင်တယ်… နင့်ကိုလေ အရမ်းချစ်တယ်လို့ ဖွင့်ပြောပြီးတော့ ချစ်လိုက်ချင်တယ်…

          :byae: တစ်သက်လုံးဆိုခဲ့ရတဲ့ သီချင်းနော်… ငိုပလိုက်မှာ.. :byae:

        • KZ

          March 29, 2013 at 6:06 pm

          ဟယ်။ ရွာ ထဲက အဆိုကျော်တွေပါလား။

          ဘာပြန် ဆိုရမှန်းမသိတော့ပါဘူး။

          :kwi:

        • garuda

          March 29, 2013 at 6:54 pm

          rap သီချင်းဆိုရင်လုံးဝမကြိုက်….rap သီချင်းဆိုရင်လုံးဝမကြိုက်rap သီချင်းဆိုရင်လုံးဝမကြိုက်…
          rap သီချင်းဆို….ရင်…လုံး…….၀…….မကြိုက်။ :hee: :hee:
          (သီရိဂျေမောင်မောင်)

  • Nay Chi

    March 29, 2013 at 6:29 pm

    ကိုယ်ပိုင်ဆိုင်ခွင့်မရတော့တဲ့ လူအနားနေပြီး အဲ့ဒီ လူကို လွမ်းနေရတဲ့ အလွမ်းမျိုး ဘယ်သူ ကိုယ်ချင်းစာတတ်ပါသလဲ။

    >>>> မီးမီး ကိုယ်ချင်းချာပါတယ်..။ ကိုယ်ဂျင်းရှာ နာ ခဲ့ ရ ဘီ လေ..။ ကိုယ် ဂျင်း ရှာ နာခဲ့ရဘီ..။

    • KZ

      March 29, 2013 at 6:32 pm

      အယ်။
      ကိုဂျင်းရှာလို့ရပါတယ်။
      နာ့ ကို တော့ဟုတ်ဘူးနော်။
      နာ မဟုတ်ဘူးလို့ပြောထားတယ်နော်။ ခြည်ခြည်
      :kwi:

    • garuda

      March 29, 2013 at 7:03 pm

      ကိုယ့်ဘဝကို စွန့်သွားတော့ နေခြည်..ကိုယ့်အနားကို မင်းလေး မလာနဲ့တော့။ :byae:

      ဆောရီးပါ…ဒီနေ့ ပဲဟင်းစားတာများသွားလို့..တလုံး လည်လိုက်မိတယ်။
      အဲဒါကြောင့် အနားမလာခိုင်းတာပါ။ :harr:

      • KZ

        March 30, 2013 at 11:29 am

        ဂလုဒ နော်။
        အဲလာ ကျုပ် ကောင်မလေး။
        မထိနဲ့။ မီးပွင့်သွားမယ်။
        ကင်မလာ မီးပွင့်ပြောပါတယ်။

        :harr:

        • မီးပါတော့ ဆိုမယ်ကွာ ငါလဲ ငါရတဲ့သီချင်းဆိုမယ်

          ရန်သူငါးပါးထဲမှာ အင်မတန်ဆိုးဝါးလှတာ
          ူူသူခိုးဓမြထက်ဆိုးတဲ့ရန်သူပါ
          ရန်သူမီးကို သင်အမြဲသတိပြုပါ

          မီးရဲ့ကိုကိုများအတွက် သီးသန့်

        • garuda

          March 30, 2013 at 10:14 pm

          အဲတော်..ကေဇီရယ်….ယု ကောင်မလေးကို ထိရဲပါဘူးတော်
          နောက်ထှာပါဟယ်…တော်ကြာ..ကျုပ်နောက်တွဲကြီး ဝင်ဖတ်နေရင်..
          အထင်လွဲပြီး အတီးခံရအုံးမယ်။ 🙁 🙁

  • မောင် ပေ

    March 29, 2013 at 9:02 pm

    ကျုပ်ကတော့ နှစ်ဖက် နဲ ့အားရစွာ ဖက်ပြီး ချစ်ချင်တာကလား

    • KZ

      March 30, 2013 at 11:30 am

      ကပေ က တော့ လေ။

      :mrgreen:

  • Silver Twig

    March 29, 2013 at 10:17 pm

    go ahead KZ, it doesn’t matter whether it’s base on true story or what you heard.
    I am willing to consult this kind of love affair with my friends. If he wins her heart I get one table, if he loses, I get Whiskey in return of consultant fee.

  • etone

    March 30, 2013 at 11:07 am

    ကျွန်မကို ချိဒယ် ပျော့စ်ဘာဒေါ့ကွီ
    စောင့်နေရတူ မောဘီပေါ့ကွီ
    ရှင် ဘာဂျောင်းများ နှောင့်နှေးနေယဲ
    ဒဂယ်ချိုလျှင် ကျွန်မ ချကားယေး နားထောင်ဒေါ့ ..
    ရှင့်ကို ချိတယ် ကြားရဲ ့လား ကွီ …နောက်တထောက် ထပ်ကြောမယ်
    အသီးလေး ကျွန်မပေးမယ် … ဂယ်ချိုရင် ရှင် ယောက်ကျား ဟုတ်ဝူးးးးးးးး
    ဒီမှာ အိပ်မက်တွေ .. မက်ဟပ်ဟပ်ဟပ်…. ရေးးးးး

    :kwi: သူများတွေလို သီချင်း ဆိုပစ်လိုက်တာ … ခိခိ … မမခိုင်ဇာရေ … တဖက်သတ်ဆိုတဲ့ ဖီလင်မျိုးက ….အောင့်သီးအောင့်သက်နဲ့ အတော့်ကို စိတ်ထောင်းကိုယ်ကြေဖြစ်စေနိုင်တဲ့ အနေထားမျိုး …ဒါပေမယ့်လည်း … နှစ်ဦး နှစ်ဖက် ချိပါတယ်ပေါဘီး … သတ်နေကြတာ ထက် စာလျှင်တော့…နည်းနည်း ပိုကောင်းမလားပဲ ….. ။ ဒီတော့လေ … ခေတ်တွေလည်း ပြောင်းကုန်ပါပြီ … အဟဲ … နီ နာ့ကို ကြိုက်လား ကြိုက်ဝူးလား တည့်တည့် တွားမေးလိုက်… ခိခိ … ။ ကြိုက်ဖူးဆိုလည်း အရင်းပေါ့ … ခိခိ … :kwi:
    (နောက်တာပါ မမခိုင်ဇာရေ … ကိုယ်က ပေါတောတောရေးပေမယ့် …တချို့ ချို့သော လူတွေက ရွှေဉာဏ်တော် စူးရောက်ပြီး …….တော်ကြာ Etone ပြောလို့ ခေတ်ပြောင်းပြန်ဖြစ်သွားလျှင် သမိုင်း တရား ခံ ဖြစ်နေတော့မယ် ဘာညာ ပြောခံနေရဦးမယ် …တခါ ပြောခံရဖူးတယ် .. ဟွင်းးးး 👿 )

    ပေးလိုက်တဲ့ အချစ်နဲ့ ပြန်ရတဲ့ အချစ်မှာ လုံးမမညီမျှတဲ့ အခြေအနေတစ်ခုကို တစ်ဖက်သတ်အချစ်လို့ ခေါ်ပါသလား…..။

    ဆိုတာကတော့ … give & take ပုံစံမျိုးရီးဖြစ်တွားဘီ … ကိုယ်ကချိနေရတာနဲ့ ကျေနပ်ပြီး ဘာကိုမှ မမျှော်လင့်ထားလျှင် ဘီလောက် အေးချမ်းလိုက်မလဲ … ခိခိ …. ။ကံမကောင်းရင် တသက်လုံး အပိုရီးဖြစ်မယ် ။ :mrgreen:

    စာနီကြီး ဖတ်ပြီးတော့မှ …. ထင်ချင်သလိုလို ဖြစ်တွားဘီ …. ။ 😆

    • KZ

      March 30, 2013 at 11:24 am

      အဲဒီအနီ စာလုံးက ဂယ်ပြောထားတာနော်။ :mrgreen:
      တုန်တုန် နော်။
      ကျုပ် မဟုတ်ဘူးနော်။ :mrgreen:

      ခုမှ တဖွတ်သတ်အချိ လေးကို အငှါး ခံစားခါစ ရှိသေး။
      ဒါကြောင့် လား ပေါင်းများစွာနဲ့ မေးထားမိတာပါ။ ခွိခွိ
      :kwi:

      အဲဒီလို မထင်ရဘူးလေ။
      :harr:

    • ကံမကောင်းရင် တသက်လုံး အပိုရီးဖြစ်မယ် ။ :mrgreen: ညည်းအဲလိုပြောတော့
      ဟိုတစ်ယောက်က မျက်ရည်စို့နေပြီအေ့
      ညည်အပိုကြီးဖြစ်ချင်ပေမယ် သူက လူပိုကြီးဖြစ်ချင်ဘူးတဲ့အေ့

  • ဗုံဗုံ

    March 30, 2013 at 11:41 am

    သေချာတာ ချစ်ရင်ချစ်တယ် မုန်းရင်မုန်းတယ် အဲ့ဒါရှင်းတယ်
    အချိန်ကြာကြာခံစားနေလို့ ဒို့ဘယ်လွယ်မှာလဲ
    ပျော်ပျော်နေအေးတယ် ကောင်းတယ် ကောင်းတယ်အေးတယ်… အဲ.. ဆက်ဆိုတတ်တော့ဘူးးး မမခိုင်ဇာဆိုပြ …. :mrgreen: :mrgreen:

    • KZ

      March 30, 2013 at 11:47 am

      အဲဒီ သီချင်း ဆိုတတ်ဘူးဗျ။
      နောက်ပြီး ဒီ သီချင်း ကို မမ ကို မဆိုပြနဲ့။။
      :kwi:
      ဟို လူဂျီး ကို ဆိုပြလိုက်။ :mrgreen:

      • ဗုံဗုံ

        March 30, 2013 at 12:32 pm

        ဆိုပြလိုက်ပီ သိလားမမခိုင်ဇာ အိုက်လူဂျီးက ပြောတယ် သူ့ကိုဆိုပြနဲ့တဲ့ ဟို ဂျီးဒေါ်ကို ဆိုပြလိုက်တဲ့ :mrgreen: :mrgreen: :mrgreen:

        • KZ

          March 30, 2013 at 1:31 pm

          ဟယ်။
          နာ က ဘယ်လူဂျီးကိုပြောပြီး ဗုံ က ဘယ်လူဂျီးကို သွားဆိုပြတာဘာလိမ့်။ 🙄

          :mrgreen: :mrgreen: :mrgreen:

  • သေချာတာ နှစ်ယောက်လုံးက တနင်္ဂနွေသားဗျာ
    ရှေ့မှာ အ ပါတယ်
    (ရမ်းပစ်ကြည့်တာပါ ထိချင်သူထိ)

    • KZ

      March 30, 2013 at 2:01 pm

      အတိဝူး။
      ဘာဘာ ဘာမှ အတိဝူး (စီဒီ- ဦးဆာ)
      :mrgreen: :mrgreen: :mrgreen:

    • အိမြတ်ချယ်

      March 30, 2013 at 2:56 pm

      ဟာ ထိတယ်ကွာ ဖေပေါက်ကြီး ရမ်းပစ်ချက်ကတော့ကွာ ဒုတ်ဒုတ်ထိဘဲကွာ :harr: :harr: :harr:

  • Mr. MarGa

    March 30, 2013 at 2:32 pm

    ပြောကြတယ်
    တစ်ဖက်သတ် အချစ်အကြောင်းတွေ
    ပြောကြတယ်
    ချစ်နေရရင် ကျေနပ်ပြီဆိုလား
    ပြောကြတယ်
    အဝေးကပဲ စောင့်ရှောက်မတဲ့
    ပြောကြတယ်
    ငါက ချစ်ရုံချစ်တာတဲ့
    ပြောကြတယ်…………….
    ပြောကြတယ်…………….
    ပြောကြတယ်…………….
    ဘယ်လိုပြောပြော
    အတ္တတော့ ရှိကြသူချည်း
    ဘယ်လောက်ပြောပြော
    တစ်ဖက်သတ်ကနေ နှစ်ဖက်ညီ ဖြစ်ချင်သူချည်း
    တကယ်တော့
    လူတွေဟာ အတ္တနဲ့ နေကြတာပါကွယ်………………………… :mrgreen:

    • KZ

      March 30, 2013 at 8:13 pm

      ဒီ စကားတွေကို ကိုယ့် သူငယ်ချင်း ကို ပြောသင့်တယ် သကြားရယ်။ :mrgreen:

  • ကိုရင်စည်သူ

    March 30, 2013 at 7:20 pm

    တဖက်သတ်အချစ်ဆိုတာ ပူလောင်ပါတယ်..
    တကယ် တစ်ဖက်သက်အချစ်သေချာရင်လည်း
    မရရအောင်.. မရရတဲ့နည်းလမ်းနဲ့ ရအောင်
    ယူစေချင်တယ်…။ (ကိုယ့်တုန်းက မရခဲ့တာကိုး.. ဟီးးး :mrgreen: )
    တားကတော့ ကိုယ်ချစ်ကို မမက်တော့ပါဘူး..
    သူချစ်ကိုပဲ စောင့်တော့မယ်… 😳
    မကြီးဇာမှာ တူမလေး.. ညီမဝမ်းကွဲလေး.. ဘာလေးညာလေးများ
    ရှိသေးရားဟင်.. ဂေါင်ထိအောင် ပစ်ချင်လို့ဘာ.. :kwi:

    • KZ

      March 30, 2013 at 8:19 pm

      တော့!!! ကရင်စည် …….!!!
      သေချာကြည့်နော်။
      ကျုပ် ကိစ္စဟုတ်ပါဘူးဆို။ :mrgreen:
      ကျုပ်က ကျုပ်ကြိုက်ရင် ရ ရမှ။
      :kwi:

      နောက်တာပါဟ။ :mrgreen:
      ကျုပ် ညလေး၊ တူမလေးတွေက ဒီ ရွာမှာ တစ်ပုံကြီးပဲ ကြိုက်ရာပြော။ :mrgreen:
      အပြင်မှာတော့ရှိဘူး။ :mrgreen:
      ရှိသလောက်ရှာရရင်လည်း ဒီရွာထဲ က ကျုပ်မောင် ၂ ယောက်နောက်က ကိုရင် တန်းစီရဦးမယ်… :mrgreen:
      ကျုပ် မွေးမယ်ဆိုရင်လည်း သမီးလေးအထိလည်း တန်းစီထားတဲ့လူရှိပြီးသားတော့။ :mrgreen:

      မှတ်ကရော။ ဂေါင် ပစ် ချင်ဦး။
      :harr: :harr: :harr:

  • သူကလေး

    April 5, 2013 at 9:50 am

    ဘီတူ့ကိုများတစ်ဖတ်သတ်ချစ်နေလဲသိဘူးနော်
    ကိုယ်ချင်းစာပါတယ် ကိုယ်ချင်းစာပါတယ် =)

  • surmi

    April 22, 2014 at 3:23 pm

    တကယ်တော့ ……
    တဖက်သတ်အချစ်ဟာ ဆိုးတယ်လို့ပြောကြပေမယ့်လည်း
    ကောင်းတဲ့ဖက်က လှည့်တွေးရင်
    တစ်ဖက်တည်းကို ငြိမ်းရတဲ့မီးမို့
    ပိုလွယ်တယ်လို့ဆိုနိုင်မလားပဲ ။

    သို့ပင်သို့ငြား
    လူဆိုတာက အချစ်နဲ့မကင်းနိုင်လေတော့
    ချစ် ချစ် ချစ်ကြရမှာပါပဲ လေ
    ဒီနေရာမှာ ပြောလိုတာက ပွဲတိုင်းကျော်တဲ့ စစ်သူရဲတစ်ယောက်ဖြစ်ဖို့ဆိုရင်
    အမြဲရှုံးနေလို့တော့မဖြစ်ချေဘူး
    နိုင်ပွဲလေးတော့ရဦးမှဖြစ်မှာ
    ဒီတော့ …………

    ဥုံ ……… ဖြစ်ချင်ရာဖြစ် စိတ်မညစ်နဲ့ ရဲဘော် ဆက်လုပ်
    :mrgreen:

    • ကေဇီ

      April 22, 2014 at 3:28 pm

      ခွိ။
      ပြန်တူးနေတာ။။
      သများ မဟုတ်ပါဘူးဆို

      😀

  • မဟာရာဇာ အံစာတုံး

    April 22, 2014 at 3:32 pm

    ခုချိန်မှာ ပြန်ဖတ်လိုက်ရတော့
    အင်း … ရင်ထဲမှာ ဘယ်လိုဂျီးတော့
    ဘယ်လိုဂျီးတုန်းပဲ ….

    • ကေဇီ

      April 22, 2014 at 3:33 pm

      ခွိ။
      တစ်နှစ်ရှိပြီနော့။
      မစ်ရှင် အောင်မြင်တယ်ပေါ့နော်။

      :mrgreen:

      • မဟာရာဇာ အံစာတုံး

        April 22, 2014 at 3:41 pm

        မအောင်မြင်ဘဲ ရှိမလားဗျာ ..
        ဒဂယ့် ဂရိတ်ကြီးတွေကို မှီဝဲဆည်းကပ်ထားတာကိုး ခင်ဗျ ..
        :mrgreen:

  • TNA

    April 22, 2014 at 6:47 pm

    😥 :byee: ဘေယောင်ဂျွန်းလေးကိုချစ်မိတဲ့အချစ်က ဘယ်လိုအချစ်မျိုးဖြစ်မှာပါလိမ့်။ 😥 :byee:

    • ကေဇီ

      April 22, 2014 at 6:52 pm

      ဘေ မသိ
      ရောင် မသိ
      ဂျွန်း မသိ အချစ်

      :s:

    • ဇီဇီ ခင်ဇော် (15102012)

      August 20, 2014 at 7:21 pm

      မသိတာ ပဲ ကောင်းးးပါတယ် ကွိ
      :mrgreenn:

  • kyeemite

    August 20, 2014 at 2:59 pm

    -ခုမှဒီပို့စ်ဖတ်ဖြစ်တယ်ဗျာ
    -သီချင်းဆိုပြိုင်ပွဲကျင်းပနေကြသကိုးဗျ
    -ကျုပ်လည်းဆိုလိုက်အုံးမယ်…
    -ရီးဇားလေးထားရတာလည်း
    -ဇီးပြားလေးစားရသလိုပဲ
    -နံပါတ်နှစ်ချစ်ချစ်ဟာလည်း
    -နံပါတ်တစ်ချစ်ချစ်လိုပဲ
    -ချစ်ပီးရင်မုန်း…ခဏထားအုံး…လူပျိုအပျို ချစ်ကြကြိုက်ကြ..ညားကြတာပဲ
    -ကျနော့ရည်းဇား…….တတိယမြောက်…နင်ဘသူလဲ
    -(ဘိုဘိုဟန်..အော်ဆိုသွားသီ) :s:

    • ဇီဇီ ခင်ဇော် (15102012)

      August 20, 2014 at 7:20 pm

      မီးးရေ
      မီးးးရေ
      ဟောဒီမှာာာာာာာာ
      :mrgreen:

  • ဟိဟိ.. အတိတ်တွေက ပြန်ဖတ်တော့လည်း ရယ်ချင်စရာကြီး…
    အဲ.. ကဗျာကိုပြောတာ ဟုတ်ဘူးနော်.. 🙂

    • ဇီဇီ ခင်ဇော် (15102012)

      August 20, 2014 at 7:17 pm

      အဲ့ တုန်းးး ကတော့ရေလည် ခံစားးးရတယ်နော်
      ဟီးးးးးး
      :mrgreenn:

  • manawphyulay

    August 20, 2014 at 3:18 pm

    တွေ့ခွင့်မကြုံ ဆုံခွင့်မရ
    ဘဝခြင်းတွေ ဘယ်လိုပင် ခြားစေတော့
    သူ ရှိနေသည့် အသိလေးနှင့်သာ
    ရင်မှာ မျှော်လင့် တောင့်တနေပေမယ့်
    အရင်ကလည်း နေတတ်ခဲ့သည်မို့
    နောင်လည်း….
    နေတတ်နေဦးမှာပါကွယ်….. :mrgreen:

    • ဇီဇီ ခင်ဇော် (15102012)

      August 20, 2014 at 7:18 pm

      သူ မပါတဲ့ ဘွမှာ နေတတ်ဖို့ အရေးးးကြီးးးး

      :mrgreen:

Leave a Reply