ခြောက်တက်ကွေ့ပုံရိပ်အချို့

အေတြးေလးMarch 28, 20132min16910

DSC03702မနေ့ကရွှေစာရံကိုသွားကြတယ်ကျတော် တို့ ခြောက်တက်ကွေ့ကိုရောက်တော့ ပြင်ဦးလွင်ရာသီ ဥတုဘာလို့အဲလောက်ပူနေရလဲဆိုတာကို သိလိုက်ရတယ်။ဒီပုံတွေကိုကြည့်လိုက်ကြပါနော်။DSC03707DSC03706DSC03705DSC03704DSC03703အပင်တွေအားလုံး ကမီးလောင် ပြင်ကိုဖြစ်လို့ ကျွန်းပင် တွေဆိုတာလေ အရွက်တောင်မမြင်ရတော့ဘူး ။

ဟိုတုန်းက အဲဒီနေရာကနေရိုက်လိုက်ရင်မြင်ရတာကဒီလိုတွေလေ။DSC02828DSC02889DSC02871နေရာတွေကမတူပေမယ့် ဒီနေရာတွေမှာလဲ ခြောက်ကပ်လို့နေပါတယ် ။ဒါကတော့ အဝေးကိုရိုက်ထားတာလေ။အပေါ်ကပုံတွေကတော့ ကားနဲ့မို့ လွတ်လွတ်လပ်လပ် မရိုက်ခဲ့ရတော့သေချာမရိုက်လိုက်ရတာကိုတော့နားလည်ပေးစေချင်ပါတယ်ခင်ဗျာ။

10 comments

  • KZ

    March 28, 2013 at 2:40 pm

    သစ် တစ်ပင်ခုတ် အချုပ် ၃ လ။ 🙄
    တောမီးတစ်ခါ ရှို့ ဖရီး အော့(ဖ) ချာ့(ချ)။ 🙄

    • အတွေးလေး

      March 28, 2013 at 10:23 pm

      အရင်ဆုံးလာပြီး အားပေးတဲ့အတွက်ကျေးဇူး ပါနော်။

  • အလင်းဆက်

    March 28, 2013 at 7:02 pm

    အတွေးလေးရေ..
    မြင်ရတာ စိတ်မသက်သာစရာနော် ။
    သစ်ပင်တွေဟာ..
    ကမ္ဘာမြေကြီးအတွက်.. အင်မတန် အရေးပါတဲ ့နေရာကနေ..ပါနေလို ့…
    ထိန်းသိမ်းကြသင့်ပါရဲ ့ ။
    ဒါပေမယ့်… ထိန်းသိမ်းသင့်တယ်..ဆိုတဲ ့ အသိနဲ ့ နေလာရင်းနဲ ့ပဲ…
    ပြုတ်ပြုတ်ပြုးန်း.နေတာကိုလည်း..
    မြင်နေရလေရဲ ့ ။

    သစ်ပင်တွေကိ်ု…. ချစ်တဲ ့
    အလင်းဆက်

    • အတွေးလေး

      March 28, 2013 at 10:21 pm

      အမှန်ပေါ့ ကိုကြီးအလင်းဆက်ရေ သစ်ပင်တွေကိုချစ်တတ်တာကိုတော့ကျတော်လည်းသဘောကျတယ်ဗျာ။အဟဲ။

  • မောင် ပေ

    March 28, 2013 at 7:47 pm

    လွန်ခဲ့တဲ့ ၂ပတ်ကျော်တနင်္ဂနွေတုန်းက ၊ ကျုပ်လဲပဲ ပြင်ဦးလွင် ရောက်ခဲ့တယ်
    သိသိသာသာ သတိထားမိတဲ့အချက်ကတော့ ပြင်ဦးလွင်သည် မအေးတော့ပါ ။
    ခါတိုင်း မန်းတလေး နွေရောက်ရင် ၊ ရံဖန်ရံခါ ပြင်ဦးလွင် ကို အပူသွားရှောင်နေကြဟာ ။
    အခုတော့ မအေးခဲ့ပြီ မေ… ဖြစ်ခဲ့ရပါပြီ

  • အတွေးလေး

    March 28, 2013 at 10:17 pm

    ဟုတ်ပါတယ်ဗျာ ပြင်ဦးလွင်က အခုတော်တော်ကိုပူနေပါပြီ အားပေးတဲ့ အတွက်လည်းကျေးဇူးတင်ပါတယ် ကိုမောင်ပေ ရယ်။

  • မေမြို့မှာလဲ ပူတာ ကြာပါပြီ။
    ဒါပေမယ့် လေက တော့ အေးသေးတယ်။
    မန်းလေးကနေတက်သွားရင် ပြင်စာရောက်တာနဲ့ ရာသီဥတု က ပြောင်းသွားတာပါဘဲ။
    ထုံးဘိုနားကတော့ ပူမှ ပူ။

    နောက်ဒီအချိန်ဆိုသစ်ပင်တွေက အရွက်ကြွေချိန်လေ။
    နောက် နွေဦးပေါက်ဆိုတော့ တောမီးလဲ လောင်တတ်ပါတယ်၊

    ခြောက်တက်ကွေ့ဆိုတာလေးကို ခြောက်ထပ်ကွေ့ လို့ ပြင်ပေးလိုက်ကြပါနော်။
    အကွေ့က ခြောက်ထပ်ဆင့် နေလို့ ခြောက်ထပ်ကွေ့လို့ ခေါ်တာပါ။

  • kyeemite

    March 29, 2013 at 9:08 am

    အင်း..ကျုပ်တို့ငယ်ငယ်ကတော့ မေမြို့တက်တဲ့လမ်းဘေးဝဲယာတလျှောက်
    သစ်ပင်သစ်တောကြီးတွေဖုံးနေခဲ့တာ…လွမ်းသဗျာ…

  • Ma Ei

    March 29, 2013 at 10:04 am

    အရင်က ခြောက်ထပ်ကွေ့မှာ ကျွန်းပင်ကြီးတွေ
    တောလောက်ထူလို့ ရုပ်ရှင်တွေလာရိုက်ကြတာ၊
    တွေ့မိတယ်…
    ခုတော့ လမ်းချဲ့ဖို့ ကျောက်ထုတ်၊
    ကတ္တရာကြိုဖို့ အပင်ခုတ် ဆိုတော့လဲ
    ဒီလိုဖြစ်သွားတော့တာပေါ့နော်…

  • ဘေးက ခြောက်ကပ် ရှုခင်းတွေ ကြည့်ရတာ
    ကျုပ်တို့ အညာဘက်လိုပါပဲ …
    နွေလည်ခေါင် ပူကလည်း ပူနဲ့ …
    အရိပ်ခိုစရာလည်း ရှားပါးနေခဲ့ …
    ဘယ်လို ပြောရမလဲ …
    ပုံတွေ ကြည့်သွားတယ်ပေါ့ဗျာ …

Leave a Reply