စိုက်သင့်ပါသည် ဂမုန်းစေတီ…

Ma EiMarch 28, 20131min65434

စိုက်သင့်ပါသည် ဂမုန်းစေတီ…

ဂမုန်းပင်များကို နေအိမ်ခြံဝန်းများတွင် ကျက်သရေဆောင် အလှအဖြစ်လည်းကောင်း၊အကျိုးသက်ရောက်မှုကို ယုံကြည်၍လည်းကောင်း စိုက်ပျိုးလေ့ရှိကြပါသည်။

ဂမုန်းအမျိုးမျိုးတို့တွင် ဆေးဖက်ဝင်သော၊ ဥစ္စာစည်းစိမ် ချမ်းသာနှင့်ပြည့်စုံစေသော၊ စုန်းနတ် ပယောဂဘေး၊ ရန်သူတို့၏ ဘေးရန်မှ ကာကွယ်ပေးတတ်သော ဂမုန်းများရှိသကဲ့သို့ စီးပွားလာဘ်လာဘ တိုးတက်စေသော်လည်း၊ မိသားစုတွင် ကျန်းမာရေး ချူချာစေသော အမှုအခင်း ပြသနာ အဖုံဖုံ၊ ဘေးရန်များခြင်း စိတ်သောက မျိုးစုံဖြစ်စေတတ်သော ဂမုန်းများလည်း ရှိကြောင်း ဖတ်မှတ်ရဖူးပါသည်။

1..စေတီဂမုန်း အပင်၊အပွင့်များ
1..စေတီဂမုန်း အပင်၊အပွင့်များ

ဂမုန်းစေတီတွင် ရွက်ဖတ်များ ကြွေသွားမှ စေတီပုံဂမုန်းဥကိုတွေ့ရမည်ဖြစ်သည်။ မတ်လလောက်တွင် ရိုးတံရှည်အဖူး ထွက်လာပြီးသစ်ခွပွင့်ကဲ့သို့ စိမ်းဝါရောင် အပွင့်များ ပွင့်တတ်ကာ တစ်ခါတစ်ရံ အသီးသီးပါသည်။ စေတီပုံ ဥတစ်ဥမှ အဖူးတစ်ခိုင်နှင့် ပင်ပွားတစ်ပင် ထွက်ကာ မျိုးပွားတတ်ပါသည်။ သို့သော်လည်း စေတီဥတိုင်း အဖူးခိုင်ထွက်ခြင်းမရှိပါ၊ စေတီဂမုန်းပင်မှ အဖူးခိုင်များများထွက် အပွင့်များများပွင့်လျှင် စီးပွားလာဘ်လာဘ တိုးတက်ခြင်း၊ ဝင်ငွေတိုးခြင်း စသည့် ကောင်းခြင်း အရာများရရှိမည်ဟုယုံကြည်ကြပါသည်။

2...စေတီဂမုန်း အပွင့်များ
2…စေတီဂမုန်း အပွင့်များ
3...စေတီဂမုန်း အပင်
3…စေတီဂမုန်း အပင်

 

အိမ်ခြံဝန်းအတွင်း မစိုက်ပျိုးသင့်သော၊ခိုက်တတ်သော ဂမုန်းပင်များ ဖြစ်သည့် ဆင်စွယ်ဂမုန်း၊ ဗေဒါဂမုန်း၊ ကုမုဒြကြာဂမုန်းများ စိုက်ပျိုးထားမိပါကလည်း စေတီဂမုန်းရှိနေလျှင် ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးစေကာ စီးပွား တိုးတက်စေကြောင်း မှတ်သားထားမိသည်များကို အိမ်တွင်စိုက်ပျိုးထားသော စေတီဂမုန်းအပင်၊အပွင့် ပုံနှင့်တကွ တင်ပြ၍  ဂမုန်းစေတီ စိုက်သင့်ပါသည် လို့မျှဝေလိုက်ပါတယ် ….

ခင်တဲ့

မအိ

34 comments

  • KZ

    March 28, 2013 at 2:10 pm

    အင်။
    ဒါ ဂမုန်းစေတီကိုး။
    မမြင်ဖူးဘူး မွအိ။
    အပြင်မှာမြင်ရင်ကို မြေစိုက်သစ်ခွမှတ်နေမှာရယ်။
    :hee:

  • Ma Ei

    March 28, 2013 at 2:28 pm

    အပွင့်လေးတွေကလဲ
    သစ်ခွပွင့်နဲ့တူတာကိုး…
    :hee:

  • Good™

    March 28, 2013 at 5:12 pm

    အိမ်မှာလဲ စိုက်ထားတယ်။ ခုလို ဂမုန်းစေတီ အကျိုးကျေးဇူးကို သိရလို့ ကျေးဇူးပါ ခင်ဗျ။
    အိမ်ကအပင်တွေ က တစ်ဥကို အပွင့်နဲ့အပင် နှစ်ခုစီ ထွက်တာတွေ ရှိတယ်။

    • Ma Ei

      March 29, 2013 at 9:32 am

      ဟုတ်တယ်နော်..
      တစ်ခါ အပွင့်နှစ်ခိုင်ထွက်တာ ကြုံဘူးတယ်…
      အကျိုးကျေးဇူးတွေထက် အပွင့်ပွင့်တာတွေကိုပျော်မိတာပါ…

  • MaMa

    March 28, 2013 at 6:32 pm

    လှတယ် မအိရေ။ (လူနဲ့ ပန်းကို ရောချသွားတာ) :hee:
    စိုက်ချင်လို့ ဘယ်မှာ ဝယ်ရသလဲ ညွှန်ပေးပါအုံး။

    • Ma Ei

      March 29, 2013 at 9:38 am

      ကျိုက်ထီးရိုး ဘုရားဖူးသွားတုံးက ဝယ်လာခဲ့တာရယ်…
      ကြာတော့အပင်တွေပွားလာတာနဲ့ အများကြီးဖြစ်နေတာ…
      မမလိုချင်ပေးပါ့မယ်…ဖုန်းဆက်လိုက်မယ်နော်…

  • မောင် ပေ

    March 28, 2013 at 8:01 pm

    အိလေးရေ
    မောင်ပေ့ ဆီကို
    အိပ်ပက်လက်ကားနဲ ့တစ်ပင်ပို ့လိုက်ပါကွယ်

    • Ma Ei

      March 29, 2013 at 9:46 am

      ပို့ပေးချင်ပါတယ်ကွယ်…
      အဲ့ဒီကား ရှာမတွေ့လို့…
      :hee:

  • kyeemite

    March 29, 2013 at 9:24 am

    မမြင်ဖူးသေးဘူး မအိရေ..
    ဟုတ်တယ်နော..သစ်ခွနဲ့တူတယ်
    ဓါတ်ပုံလေးတွေနဲ့ ရှင်းပြလို့ ကျေးဇူးပါ :hee:

    • Ma Ei

      March 29, 2013 at 9:50 am

      အပွင့်ခက်လေးတွေ များနေတာနဲ့ တင်ဖြစ်သွားတာပါ…
      မနှစ်က တစ်ခက်ပဲပွင့်လို့ စိတ်မကောင်းဖြစ်လိုက်ရသေးတယ်…

  • ရွှေတိုက်စိုး

    March 29, 2013 at 10:55 am

    မအိ ကျွန်တော်လဲ တပင်လောက်ပေးပါလားဟင်……….
    အပင်စိုက်တာ ဝါသနာပါတယ်… ပါသလောက် ကံမပါတာက စိုက်တဲ့အပင် သေသေသွားတယ်.. ဟိဟိဟိ..

    • Ma Ei

      March 29, 2013 at 11:11 am

      ဂမုန်းစေတီကတော့ ရေသိပ်မလောင်းရပါဘူး..
      စိုက်ချင်ရင်ပေးပါမယ်…

      • padonmar

        March 30, 2013 at 7:59 pm

        မွအိရေ
        အပင်ရော အပွင့်လေးပါလှလို့ ဝင်တန်းစီပါတယ်။

  • အရီးခင်လတ်

    March 29, 2013 at 10:17 pm

    မအိရေ
    အပွင့်လေးတွေက လှလိုက်တာ။
    အနံ့ရော ရှိလား။
    ငယ်တုန်းက အဖေ နဲ့ အမေ အပြင်သွားတုန်း အစ်ကိုမောင်တွေ နဲ့ ဘော်လုံးကန်တာ ဂမုန်းပင်ကြီး ကိုထိပြီး ကျိုးသွားတာ ကြိုးနဲ့ မသိမသာတုတ် ထားကြတာ သွားသတိရတယ်။
    အဲဒီ ဂမုန်းက ဧည့်လာဂမုန်း ဆိုဘဲ။
    မှန်သလားမမေးနဲ့။ ငယ်တုန်းက အိမ်မှာ ဧည့်သည် ဆိုတာမပြတ်ဘူး။
    အိမ်မှာ စိုက်မဲ့အစား ဟိုတယ်တွေမှာ ထားဖို့ကောင်းတာ။
    😆

  • ဟဲဟဲ ….
    စေတီဂမုန်း အပွင့်ပွင့်ရင် စီးပွားတိုး၊ ဝင်ငွေတိုးတယ် ဆိုဒေါ့ကာ …
    ဟိုပုံထဲမှာ ပွင့်နေဒါဂို ထောက်သဖြင့် …
    အန်တီအိ တို့ စီးပွားတိုးနေဒယ်လို့ တစ်ထစ်ချ တွက်ပလိုက်ဒယ် ….
    ကျုပ် တွက်ကိန်း မှန်ရင် ကွမ်းကျွေးဘာ .. ဟီးဟီး … :mrgreen:

    • kai

      March 30, 2013 at 12:13 am

      ဟုတ်တယ်နော.. တွေးကြည့်ရတာ.. ဘီလ်ဂိတ်အိမ်မှာဆို.. အဲဒီဂမုန်းချည်းနေမှာ..။ :kwi:
      ကျုပ်လည်း.. အိ်မ်မှာ စေတီပုံSago Palm လေးစိုက်ထားတယ်..။ ကမ္ဘာ့ရှေးအကျဆုံး..အပင်တမျိုးပေါ့..။

      • အိုက်ဒါဒေါ့ သိဝူးး ဘဂျီး …
        ဘဂျီးက ကျုပ်တို့ထက်စာရင် ဘီလ်ဂိတ် အိမ်နဲ့ ပိုပြီးနီးဒါဘဲ …
        တွေးမကြည့်ဘဲ ပြေးကြည့်ပါ့လားဂျ ….

        တီတီအိ …
        ဟို လျှာထုတ်ပြဒါ ကျုပ်ဘဂျီးနော် ..
        ကျုပ် ဟုတ်ဘူး … :mrgreen:

        Sago Palm က သုံးမျိုး ရှိတယ် ဆိုလားဘဲ …
        True Sago Palm, King Sago Palm, Queen Sago Palm ဆိုလားဘဲ …
        သဂျီးဟာက ဘာအညိုးအစားဒုံးဒေါ့ သိဝူးးး
        ချကားမစပ် … အိုက်ဒီ အပင်တွေအပေါ် ရှေးအယူအဆ အရ …
        အသီး သီးခဲ့ရင် အမြုတေ ဖြစ် .. ဆိုဘဲ …
        :kwi:

        • kai

          March 30, 2013 at 1:24 am

          အဲဒီအပင်အမျိုးအစားတွေက.. ဈေးကြီးတယ်..
          မြန်မာတွေ စိုက်ပြီး.. ကမ္ဘာကိုထုတ်ရောင်းဖို့ကောင်းတယ်..။

          http://jurassicplantsnursery.com/2.html

        • MaMa

          March 30, 2013 at 6:50 am

          ဒီလိုအပင်မျိုးတွေ အခုလည်း မြန်မာပြည်မှာ အလှစိုက်ဖို့ ပျိုးပင်ရောင်းတဲ့သူတွေ စိုက်ရောင်းနေကြပါတယ်။
          Sago Palm လား၊ စီးပွားတိုးဂမုန်းလား ဆိုတာသာ မသိတာ။

      • etone

        March 30, 2013 at 11:55 am

        ဆီအုံး အပုမျိုး ဟုတ်ဘူးလား သဂျီး အပင်ဂ .. ကမ်ပဏီတွေမှာ အလှစိုက်တာတော့ ညင်ဖူးဒါဗြဲ 🙄

      • KZ

        March 30, 2013 at 1:55 pm

        အဲဒါ တောထန်း မျိုး ဟုတ်ဘူးလား။ 🙄

        အိမ်တွေမှာ စိုက်ရင် တောထန်း ဆိုတော့ တန်းထော အောင် ဆိုလားပဲ။

        :harr:

      • padonmar

        March 30, 2013 at 8:02 pm

        သူကြီးပြတဲ့အပင်က မုန်တိုင်ပင်လို့ထင်ပါတယ်။(ကြိမ်ထန်းလို့ ခေါ်ကြတာလည်း ဒီအပင်ပဲထင်ပါတယ်)
        သထုံဖက် ကျိုက်ထီးရိုးဖက်တွေမှာရပါတယ်။
        မြေပဒေသာမှာလည်းရောင်းပါတယ်။

        • တီတီ …
          ရှူးးးး တိုးတိုးဗျ …
          ကျုပ်ဘဂျီးက မြန်ပြည်မှာ ဒီလိုအပင်တွေ ပေါမှန်း သိတာမဟုတ်ဘူး …
          အိုက်ဒါ သူ့ကို မလှိမ့်တစ်ပတ်နဲ့ ကျုပ် ရောင်းမလို့ ကြံနေဒါ … :mrgreen:

        • kai

          March 31, 2013 at 1:16 am

          အောက်မှာ.. ဂိုဂယ်ကပြနေတဲ့..ဈေးလေးကြည့်ပါဦး..
          ဒိုင်နိုဆောခေတ်.. လွန်ခဲ့တဲ့နှစ်သန်း၁၀၀-၂၀ဝလောက်ကတည်းကမျိုးဆက်ရှိတဲ့အပင်တဲ့..
          အာရှမှာ မူရင်းမျိုးရှိတာမို့… မြန်မာပြည်မှာပေါတာနေမှာ..။
          =
          Shop for Sago Palm on Google
          Nearly Natural 4 Ft. Sago Pa…
          $83.00
          Lowe’s
          Outdoor Sago Cycas Green…
          $299.00
          Frontgate
          Sago Palm ‑ 4′
          $74.99
          Target
          3 Gallon ‑ Sago Palm Tr…
          $97.46
          Brighter Bloo…
          Flora Novara Artificial Sago…
          $56.99

      • Ma Ei

        April 1, 2013 at 11:56 am

        Sago Palmအပင်လေးတွေက ကြီးလာရင် စေတီပုံမဖြစ်တော့ပဲ အပင်ရိုးတံရှည်သွားပါတယ်…အရွက်နုလေးတွေထွက်စမှာ နဂါးဦးခေါင်းပုံနဲ့ တူတာမို့ အင်မတန်လှပါတယ်…Comment မှာသာ ပုံလေးထည့်ခွင့်ရရင်ပေါ့လေ …. :hee:

  • etone

    March 30, 2013 at 11:52 am

    ွှအန်တီအိရေ… သမီးတို့တော့ မယ်တော်ကြီး ဂမုန်းကို စိုက်ထားပါတယ် ။ သူက ရွက်သစ်ထွက်တို်င်း တနည်းမဟုတ်တနည်းနဲ့ …လာဘ်လာဘဝင်တာလည်း သတိထားမိတယ် …. ။ အရင်က သစ်ပင်စိုက်တာ ဘာညာ သိပ်အစွဲ မရှိခဲ့ဖူးဘူး …သစ်ပင်တွေနဲ့ စီးပွားရေး ၊ လူမှုရေး ဘာညာ ဘာညာ ပတ်သတ်တယ်လို့လည်း မယုံကြည်ခဲ့ဖူးဘူး … သူများ ပြောလို ့ပိုက်ဆံရမလားဆိုတဲ့ စိတ်နဲ့ … ဝယ်စိုက်ကြည့်ရာကနေ ….. အရွက်သစ်ထွက်တိုင်း … ငွေဝင်နေတော့ …… ဟုတ်သော်ရှိ မဟုတ်သော်ရှိ … အဟီး .. ဂရုတစိုက်နဲ့ စိုက်ထားပါတယ် ။ သူ့အတွက် မြေဩဇာကျွေး ၊ ရေသန့်လောင်းပြီး စိုက်ထားပါတယ် .. ဟီး (ပိုက်ဆံ ..ပိုက်ဆံ :mrgreen: ) အရွက်သစ်များ စုပြုံထွက်မလား ဆိုတဲ့ စိတ်နဲ့ … နင်းကန်မြေဩဇာကျွးအားဆေးတွေ ကျွေးပေမယ့် …. တခါထွက်လျှင် တရွက်ပဲ ထွက်ပြီး အဲ့ တရွက်ကလည်း … တလနေလို့ တခါတောင် ထွက်ချင်မှ ထွက်တာပါ … ။

    စေတီဂမုန်းက မြင်တော့ မြင်ဖူးတယ် … စိုက်တော့ မစိုက်ဖူးဘူး … အချိန်ရလျှင် မနက်ဖြန် မြေပဒေသာ ကျွန်းကို သွားပြီးဝယ်ဦးမယ် …. ။ :harr:

  • ဝင့်ပြုံးမြင့်

    March 31, 2013 at 10:43 pm

    မအိတုန်ရေ – မယ်တော်ကြီးဂမုန်းက ညဘက်မှာ အနံ့တစ်မျိုးထွက်တယ်။ အဲဒီအနံ့က လူအတွက် မကောင်းဘူးလို့ ပြောကြတယ်။ ဒါကြောင့် အိမ်ထဲမှာ မထားဘဲ အပြင်ထုတ်ထားရတယ်တဲ့။
    သူကြီးပြောတဲ့ မုန်တိုင်ပင်က တစ်ပင်ကို ၂သောင်းလောက်ပေးရပါတယ်။ အိမ်မှာ အများကြီးပဲ။ စိတ်ပျက်လွန်းလို့။ သူက မသေဘူး။ ရေမလောင်းလည်း မသေနိုင်ဘူး။ သေအောင်လို့ အပင်ကို ဇောက်ထိုး လှန်ပစ်လိုက်တာတောင် မသေဘူး။
    မအိပြောတဲ့ စေတီဂမုန်းက နေရာသန့်မှ ပွင့်တယ်လို့ ကြားဖူးပါတယ်။

    • kai

      April 1, 2013 at 2:12 pm

      အဲဒီ..ဘာတဲ့.. မုန်တိုင်ပင်က.. ဈေးကြီးတာကို… ဇောက်ထိုးလှန်ပြီးတောင် သတ်ရက်တယ်နော..
      ကျုပ်မတော့.. သေမှာစိုးသမို့.. နေကြိုက်တယ်ဆိုတာမို့.. နေတောင်ထုတ်လှမ်းနေရတာ..
      နေဦး..
      အသက်ပြင်းတယ်ဆိုတာမို့.. အငတ်တလလောက်ထားကြည့်ဦးမယ်.. :kwi:

    • etone

      April 1, 2013 at 3:05 pm

      အန်တိအိကိုရော ဆရာမဝင့်ပြုံးမြင့်ကိုပါ ကျေးဇူးတင်ပါတယ်နော် ။
      မယ်တော်ကြီး ဂမုန်းကို အိမ်ထဲမှာ စိုက်ထားတာပါ ။ အစေးတွေကိုလည်း အန္တရာယ်ရှိလား မရှိလား မသိပဲ မထင်လျှင် မထင်သလို အရွက်တွေ ဖဲ့ ထုတ်တဲ့ အခါ …. ဒီတို်င်း လက်နဲ ့ ကိုင်တွယ်နေခဲ့တာ ။ အခုဆို ဆင်ခြင်လို့ ရပါပြီ ။

  • Mon Kit

    April 1, 2013 at 11:53 am

    မအိရေ.. ညီမ ဘွတ်ကင်လုပ်ထားမယ်နော်..
    သင်္ကြန်ပိတ်ရက် တစ်ပင်လောက် လာမ မလို့.. ဟီးးးးးးးးးး..
    နောက်ဆို ညီမလည်း သစ်ပင်တွေ စိုက်တော့မယ်..
    ကြိုတင်ပြီး ကျေးဇူးတင်ထားတယ်နော်….. :hee:

  • Ma Ei

    April 1, 2013 at 12:28 pm

    စနေ၊တနင်္ဂနွေ နှစ်ရက် ရွာထဲက အိမ်ကလေးကို မရောက်ဖြစ်ချိန်မှာ
    အလည်လာကြတဲ့ သူကြီးနှင့်တကွ ရွာသူရွာသားတွေ အချင်းချင်းဧည့်ခံ
    စကားပြောနေကြရလို့ အားနာလိုက်တာ… :hee:

    အမ ပဒုမ္မာ ရေ ပေးချင်ပါတယ်…

    မလတ်ရေ…ဂမုန်းပင်တွေမှာ အမည်နဲ့အလိုက် အစွမ်းရှိကြတာမို့
    ဂမုန်းအကြောင်း စာတစ်စောင်ပေတစ်ဖွဲ့လို့ ကျမ်းတွေရှိခဲ့တာပေါ့နော်…

    မဟာရာဇာ အံစာတုံး …ကွမ်းစားတာရောဂါတွေဝယ်စားနေသလိုဖြစ်တာမို့
    ကွမ်းဆိုရင်တော့ မကျွေးပါ…

    အိတုန်လေး…မယ်တော်ကြီးဂမုန်း အစေးက အန္တရယ်ရှိလို့ မျက်လုံး၊ပါးစပ်ထဲ
    မဝင်အောင်သတိထားရပါမယ်…

    ဆရာမပြုံးရေ…စေတီဂမုန်းအပင်က မြေသန့်၊နေရာသန့်လေးမှာထားရပါတယ်…
    အပင်ချစ်သူဘဲထင်ရဲ့နော်…

    မွန်ကစ် ပိတ်ရက်တစ်ရက်လောက်လာခဲ့ကြမလား…ဖိတ်ပါတယ်၊Phone ဆက်လိုက်မယ်…

    • Mon Kit

      April 2, 2013 at 12:56 pm

      လာမှာပေါ့ မအိရယ်…
      ဖုန်းမဆက်လည်း လာမှာဘဲ…
      :hee:

  • Shwe Thaungyin

    May 7, 2016 at 5:03 pm

    ဂမုန်းတွေနဲ့ပါတ်သက်သော စာအုပ်(သို့)PDF ရှိလျှင် ဖတ်လို့ရမယ့်နေရာလေးဖြစ်ဖြစ်
    တင်ပေးလို့ရမယ်ဆို တင်ပေးပါလားခင်ဗျ…..စေတီဂမုန်းကခုမှ တွေ့ဖူးပါတယ်
    တင်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်နော်ဗျ…….

  • Thint Aye Yeik

    May 9, 2016 at 11:22 am

    ရုပ်ပွါးတော်ဂမုန်းတို့ဘာတို့ရော… ရှိမလား မသိ…

    :k:

Leave a Reply