လုပ်ငန်းရှင်ဝါဒ (အမှတ် ၁၆ မှ ၂ဝ အထိ)

asiamastersMarch 29, 20131min1142

၁၆။ ရုပ်ခန္ဒာကိုယ်ကို အသား၊ အရိုး၊ သွေးတွေနဲ့ဖွဲ့စည်းထားတယ်။ အသားတိုးပွားပြီးလှပလာဖို့အတွက် သန့်ရှင်းလတ်ဆတ်သော အသားများကို စားသုံးရမယ်။ သေနေပြီးသော အသေကောင်များကို မစားရ။ အသားမစားသူများအနေနဲ့ ပဲကို များများစားရမယ်။ အသားလည်းမစားသူ၊ ပဲလည်းမစားသူများဟာ ချိနဲ့ပြီး လူစဉ်မမီသူများဖြစ်လာတယ်။
၁၇။ လူသားတွေမှာ ရှိသင့်ရှိထိုက်တဲ့ ကြံ့ခိုင်မှုနဲ့ မြင့်မားသောအရပ်အမောင်းများရှိဖို့ဆိုရင် အရိုးများ သန်မာကြီးထွားဖို့လိုတယ်။ အရိုးများသံမာကြီးထွားဖို့အတွက် နွားနို့နဲ့ နို့ထွက်ပစ္စည်းများကို များများ စားသုံးရမယ်။ ဒိန်ချဉ် ကို အမြဲသောက်ရမယ်။ အသက်ကြီးသူတွေအတွက် အဆီထုတ်ထားတဲ့ နွားနို့ကိုသောက်နိုင်တယ်။ ကလေးသူငယ်ကအစ နွားနို့နဲ့ ဒိန်ချဉ်ကို များများတိုက်ရမယ်။
၁၈။ လူသားတွေမှာလိုအပ်တဲ့ အမြှင်ဓါတ်၊ ဗီတာမင်ဓါတ်များနဲ့ သတ္တုဓါတ်များရနိုင်ဖို့အတွက် အသီးအရွက်များကို များများစားပေးရမယ်။ အသီးအရွက်များစားသုံးရာမှာ ရေစင်စင်ဆေးပြီးမှာသာစားသုံးရမယ်။ ကစီဓါတ်ရဖို့အတွက် ဂျုံ၊ ဆန်၊ပြောင်း၊လူး၊ဆပ်အစရှိသည်တို့ကိုစားသုံးရမယ်။ စားအုန်းဆီစားသုုံးခြင်းမှရှောင်ကျဉ်ရမယ်။ ဆီကိုနဲနဲပဲစားရမယ်။ ပဲဆီ၊ နှမ်းဆီ၊ သံလွင်ဆီများ စားသုံးနိုင်တယ်။ တစ်ရက်ကို ရေ (၈) ခွက်သောက်ရမယ်။ မနက်စာကို ပုံမှန်စားရမယ်။ ကိုယ်ခံအားကောင်းဖို့ သံပုရာရေ၊ လိမ္မော်ရည်၊ အချဉ်ဓါတ်ပါတဲ့အသီးများကို စားသုံးရမယ်။ အချိုဓါတ်၊အငံဓါတ် နဲ့ အဆီတွေကို လွန်ကဲစွာစားသုံးခြင်းမှရှောင်ကျဉ်ရမယ်။ မိမိအသက်အရွယ်နဲ့ကျန်းမာရေးအခြေအနေအရ စားသင့်တဲ့ အဟာရများကို အဟာရပညာရှင်များနဲ့ ဆွေးနွေးတိုင်ပင်ပြီးစားရမယ်။
၁၉။ ကွမ်းစားခြင်းကို လုံးဝရှောင်ကျဉ်ရမယ်။ ဆေးလိပ်သောက်ခြင်းဟာ ကိုယ်ခံအားကို ကျဆင်းစေတယ်။ အရက်သောက်တဲ့နေရာမှာ ရည်ရွယ်ချက်ရှိရှိသောက်တတ်ရမယ်။ အရက်သောက်ခြင်း၏ပထမရည်ရွယ်ချက်မှာ ခံတွင်းမိန်စေဖို့ဖြစ်တယ်။ ဒုတိယရည်ရွယ်ချက်မှာ အစာချေညက်ဖို့ဖြစ်တယ်။ တတိယရည်ရွယ်ချက်မှာ မိတ်ဆွေအပေါင်းအသင်းတိုးရန်ဖြစ်တယ်။ စတုတ္ထရည်ရွယ်ချက်မျာ ပျော်ရွှင်ဖို့ဖြစ်တယ်။ ဒီရည်ရွယ်ချက်တွေကို မသိသောက်သူများဟာ အရက်ရဲ့ ကျေးကျွန်များသာဖြစ်သွားလေ့ရှိတယ်။ ဘိန်းကို အခြေခံတဲ့ မူးယစ်ဆေးဝါးများကို လုံးဝအသုံးမပြုရ။
၂၀။ စိတ်ပိုင်းခွန်အားကို အမြဲတိုးပွားနိုင်အောင်လုပ်ရမယ်။ စိတ်ပိုင်းခွန်အားကို တိုးပွားစေတဲ့ ပထမဆုံးအကြောင်းက မိမိလုပ်နေသောအလုပ်အပေါ် ပြင်းပြင်းပြပြ ယုံကြည်ချက်ရှိဖို့လိုတယ်။ ယုံကြည်ချက်ဆိုတဲ့နေရာမှာ မိမိလုပ်နေတဲ့အလုပ်ဟာ မျှတတဲ့အလုပ်ဖြစ်တယ်။ တရားဥပဒေနဲ့အညီဖြစ်တယ်၊ လူသားတွေရဲ့ကောင်းကျိုးအတွက်ဖြစ်တယ်ဆိုတာက စွဲစွဲမြဲမြဲ ယုံကြည်ရမယ်။ ပြင်းပြင်းပြပြ ယုံကြည်သူတွေဟာ ပိုသိသိလာကြတယ်။ သိအောင်လည်းကြိုးစားကြတယ်။ ပိုသိလာသူတွေဟာ ပိုပြီးတော့ ကတိတည်လာကြတယ်။ ပိုပြီးကတိတည်လာသူတွေကြားမှာ ညီရင်းအစ်ကို မေတ္တာတစ်ရားတွေဟာ ပေါက်ဖွားလာတယ်။ ညီရင်းအစ်ကို မေတ္တာတရားတွေကနေ မေတ္တာတရားလို့ခေါ်တဲ့ လူသားတွေရဲ့ ကောင်းကျိုးကို လိုလားတဲ့စိတ်ဆိုတာပေါ်လာတယ်။ လူသားတွေရဲ့ကောင်းကျိုးကို အစဉ်လိုလားသူတို့ဟာ သေသည်အထိဇွဲမလျှော့ကြတော့ပါ။ ခွန်အားအကြီးမားဆုံးသောစိတ်အင်အားများကို ပိုင်ဆိုင်လာကြသည်။

2 comments

  • mobile

    April 12, 2013 at 3:29 pm

    ကောင်းတယ်ဗျာ ဒီပို့ထဲက စာသားတွေကို သဘောကျတယ်…..
    ကွန်မန်း တစ်စောင်မှမရတဲ့ ပို့စ်တွေကို လိုက်ဖတ်ကြည့်တာ …..
    ဒီပို့ကတော့ ကွန်မန်းပေးသင့်တယ်ထင်လို့ ပေးထားခဲ့ရပါကြောင်း……..

  • kai

    April 13, 2013 at 3:12 am

    မြန်မာတွေက ဆင်းရဲတာမို့. ကွန်မြူနစ်စကားနဲ့ပြောရရင်.. “ပစ္စည်းမဲ့ဒေါသ”တွေ စွတ်ထွက်နေကြတာ..
    ဒီကြားထဲ.. မဆလအတွေးအခေါ်တွေ…မသိစိတ်ထဲရိုက်သွင်းသပ်စွဲနေတာမို့.. သူဌေး..ငွေရှင်.. ကြေးရှင်ဆို.. လူဆိုး.. မကောင်းတယ်ချည်းမြင်တာ…

    ဆိုတော့…
    တိုင်းပြည်တခုတည်ထောင်ရာမှာ.. အရေးအကြီးဆုံးက… လုပ်ငန်းရှင်..အရင်းရှင်များဖြစ်ရပြီး.. သူတို့လိုလူဖြစ်လာစေရမယ့်.. လုပ်ငန်းရှင်ဝါဒ အင်မတန်အရေးကြီးကြောင်း…

Leave a Reply