လုပ်ငန်းရှင်ဝါဒ (အမှတ် ၂၁ မှ ၂၅ အထိ)

asiamastersMarch 29, 20131min1022

၂၁။ သန့်ရှင်းစင်ကြယ်မှုဟာ ဖွံ့ဖြိုးတိုးတက်မှုကိုဆောင်ကျဉ်းနိုင်တယ်။ လူသားတွေမှာက ကိုယ်ခန္ဒာနဲ့ စိတ်နဲ့ရှိနေတော့ ကိုယ်ခန္ဒာလည်းသန့်ရှင်းဖို့လိုသလို၊ စိတ်ထားလည်း သန့်ရှင်းစင်ကြယ်နေဖို့လိုတယ်။ ကိုယ်ခန္ဒာသန့်ရှင်းစင်ကြယ်ခြင်းဆိုတာကတော့ ရေကို အသုံးပြု၍ဆေးကြောခြင်းပါပဲ။ ဆံပင်တွေကို အမြဲသန့်ရှင်းအောင်ထားရမယ်။ ခံတွင်းကိုသန့်ရှင်းအောင်ထားရမယ်။ အရေပြားကို သန့်ရှင်းအောင်ထားရမယ်။ လိင်အင်္ဂါများကို သန့်ရှင်းအောင်ထားရမယ်။ စိတ်ထားမှာလည်း မနာလိုစိတ်၊ လောဘစိတ်၊ အလကားလိုချင်စိတ်များများကို ရှင်းပစ်ရမယ်။ ညစ်ပတ်နေနေရာများသည် ရောဂါများကို ဖြစ်စေတယ်။ ညစ်ပတ်သော နိုင်ငံတိုင်းဟာ ဆင်းရဲတဲ့နိုင်ငံတွေဖြစ်တယ်။ မိမိအိပ်ယာနေရာ၊ အိမ်ယာတို့ကို သန့်ရှင်းရမယ်။ မြောင်း၊ စမ်းချောင်းများဟာ ရေစီးနေရမယ်။ ကိုယ်အလုပ်လုပ်မဲ့နေရာကိုလည်းအစဉ်သန့်ရှင်းနေစေရမယ်။
၂၂။ လူသားတစ်ဦးဖြစ်လာရင် လူသားဆန်ဖို့လိုတယ်။ လူသားဆန်တယ်ဆိုတာ လူသားတွေကို နားလည်သဘောပေါက်ခြင်းဖြစ်တယ်။ လူသားတွေဟာ တစ်ဦးနဲ့တစ်ဦး မတူညီပါ။ ကျား၊ မ ကွဲပြားသလို မိမိတို့မွေးဖွားလာရာပတ်ဝန်းကျင်နဲ့အသိုင်းအဝိုင်းပေါ်မူတည်ပြီး နားလည်သဘောပေါက်နိုင်မှုအဆင့်ဆင့်ဖြစ်သွားတယ်။ အသိဉာဏ်အနုအရင့်ကွဲပြားသွားတယ်။ မှားယွင်းမှုတွေဖြစ်ခဲ့ရင် မှားယွင်းသူဟာ အသိဉာဏ်ဘယ်လောက်ရှိလဲဆိုတာကို သိရင် ခွင့်လွှတ်နိုင်သွားတယ်။ ဒီလိုမျိုးခွင့်လွှတ်နိုင်ခြင်းကို လူသားဆန်တယ်လို့ခေါ်တယ်။ နောက်လူသားတစ်ဦးဖြစ်လာရင် မိမိနဲ့အတူတကွရှင်သန်နေတဲ့ သက်ရှိသတ္တဝါများကို သနားကျင်နာစိတ်ရှိရမယ်။ စားဖို့အတွက် သတ်သော်လည်း နာကျင်စေလိုသော၊ ဆန္ဒ မပါဖို့အရေးကြီးတယ်။ လူမျိုးခြားတွေရဲ့ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ သမိုင်းကြောင်းများကိုလည်းလေ့လာရမယ်။

 

၂၃။   မိမိလုပ်နေတဲ့အလုပ်အကိုင်ကို ပိုမိုလွယ်လွယ်ကူကူလုပ်နိုင်အောင် ဖန်တီးထားတဲ့ နည်းကို နည်းပညာလို့ခေါ်တယ်။ လူသားတွေဟာ မိမိရောက်နေတဲ့နေရာမှာ ရပ်နေတာ မျိုးမဟုတ်ပဲ ကောင်းသထက်ကောင်းအောင်ကြိုးစားနေဖို့လိုတယ်။
၂၄။   လူ့ဘဝကိုရှင်သန်ရတဲ့အကြောင်းရင်းက အစာရေစာဝပြောဖို့၊ အိမ်ခြေနေရာတွေ တည်ဆောက်ဖို့၊ သမာသမတ်ကျဖို့၊ ကျန်းမာဖို့နဲ့ အရေအတွက်တိုးပွားလာဖို့ဖြစ်တယ်။ ဒီအချက်တွေအားလုံးရဲ့အစဟာ ဝင်ငွေကပဲစတယ်။ လုပ်ငန်းရှင်တို့ရဲ့တစ်ခုတည်းသော ယုံကြည်မှုမှာ ဝင်ငွေဖြစ်တယ်။
၂၅။   အမျိုးကောင်းသားတစ်ဦးနှင့် အမျိုးကောင်းသမီးတစ်ဦး အကျင်လင်မယား ဘဝသို့ ရောက်လာခြင်းသည် လူသားနှစ်ဦးကိုပေါင်းစည်း၍ ပို၍မြင့်မားသော အဆင့် တစ်ခုသို့ ရောက်ရှိလာခြင်းဖြစ်သည်။ အမျိုးသားနှင့်အမျိုးသမီးတို့၏ အားနဲ့ချက်များနှင့် မပြည့်စုံမှုများ ပေါင်းစပ်၍ ခွန်အားများဖြစ်လာသည်။ ဇနီးနှင့်ခင်ပွန်းတို့ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ရိုသေကြရမည်။

2 comments

  • MaMa

    March 29, 2013 at 6:07 pm

    asiamasters ရေ-
    ကွန့်တယ်လို့ မထင်စေလိုပါ။
    န ငယ်ကို အမြီးတပ်ခြင်းသာ ဖြစ်ပါကြောင်း။ :kwi:
    စာရေးသူရဲ့ စာလုံးပေါင်းတွေ အတော်မှန်ကန်ကောင်းမွန်တာတွေ့ရပေမယ့်….
    ပညာရှိသတိဖြစ်ခဲဆိုသလို၊
    ဆွမ်းဆန်ထဲ ကြွက်ချေးရော ဆိုသလို ဖြစ်နေတာမို့ ပြောချင်ပါတယ်။
    ဆောင်ကျဉ်း အစား ဆောင်ကြဉ်း
    ကိုယ်ခန္ဒာ အစား ကိုယ်ခန္ဓာ
    အလုပ်လုပ်မဲ့ အစား အလုပ်လုပ်မယ့်
    သနားကျင်နာ အစား သနားကြင်နာ
    အကျင်လင်မယား အစား အကြင်လင်မယား
    အားနဲ့ချက် အစား အားနည်းချက်…
    လို့ ပြင်လိုက်ရင် အကြောင်းအရာ အချက်အလက်ခိုင်မာတဲ့ ပိုစ့်လေးက ပိုလှသွားပါလိမ့်မယ်။ :hee:

  • asiamasters

    March 30, 2013 at 7:01 am

    ကျေးဇူးတင်ပါတယ်။ MaMa ရေ.. တကယ်တော့ စာလုုံးပေါင်းမှားသူများဟာ ပြင်းယိသူများသာဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ချို့စာလုံးပေါင်းမှားနေတာက ကွန်ပျူတာမှာ Zawgyi Font ကိုသုံးတော့ ဓအောက်ချိုက်ကို အောက်ကိုချဖို့က Copy Paste ပြန်လုပ်နေရတယ်။ အချိန်ကုန်လွန်းလို့ လွယ်တဲ့ ဒကိုပဲ အောက်ချပေးလိုက်တာပါ။ တစ်ချို့နေရာတွေမှာက စကားပြောတဲ့ပုံစံမျိုးနဲ့ပဲတင်ထားပေးတာပါ။ စာအုပ်ထွက်လာရင်တော့ အားလုံးကို သန့်ပြီးမှ ထွက်လာမှာပါ။ အခုတင်ထားတာကတော့ ရင်တွင်းဖြစ်ကို ဦးဦးဖျားဖျား ဖတ်စေချင်လို့ပါ။ စာရဲ့ မူလ အဓိပါယ်ကိုတော့ မပြောင်းလဲစေလောက်ပါဘူး.. ကျေးဇူးတင်စွာဖြင့်..

Leave a Reply