missing

 


 

 

 

 

 

 

 

 

 

 

 

 

  • သူ အနားမှာ ရှိနေတုန်းက ပျော်ရွှင်မှုသည် အချစ် ဖြစ်သည်ဆိုလျှင်…..
  • သူ အနားမှာ ရှိမနေနိုင်မှ သိတဲ့ ကသိကအောက်ခံစားမှုသည် အလွမ်းပဲ ဖြစ်မည်။

 

  • ရနေတုန်းက အတိုင်းမသိ ယူငင်နေသော အရာများသည် အချစ် ဖြစ်သည်ဆိုလျှင်…..
  • မရနိုင်တော့မှ ဖြစ်ပေါ်လာတဲ့ တမ်းတမှုသည် အလွမ်းပဲ ဖြစ်မည်။

 

  • စွန့်လွှတ်ပေးဆပ်ရမှုမှာ ကျေနပ်နေတာသည် အချစ် ဖြစ်သည်ဆိုလျှင်…..
  • ပိုင်ဆိုင်ရယူလိုက်ရ၍ အငြူစူခံရသည့်အရာသည် အလွမ်းပဲ ဖြစ်မည်။

 

  • ထွက်ပေါ်စ နေမင်းကို မျှော်လင့်ရသလို ခံစားချက်မျိုးသည် အချစ် ဖြစ်သည်ဆိုလျှင်…..
  • ဝင်တော့မဲ့ နေမင်းကို တားဆီးမရ ကြည့်နေရသော ခံစားချက်မျိုးသည် အလွမ်းပဲ ဖြစ်မည်။

 

  • အိပ်ပျော်စေသော ဆေးတစ်ခွက်သည် အချစ် ဖြစ်သည်ဆိုလျှင်…..
  • မျက်စိကြောင်စေသော ကော်ဖီတစ်ခွက်သည် အလွမ်းပဲ ဖြစ်မည်။

About ဇီဇီ

ဇီဇီ has written 357 post in this Website..

CJ # 129120