နွား မှာလည်း အသဲနဲ့ပါ(သို ့) ချစ်ခြင်းကိုမတားပါနဲ့

ရာမညMarch 31, 20131min21817

ရှိပါစေလေ..။ ထားရာနေ စေရာသွားရသူဆိုတော ့လည်း ဒီဘဝဒီမျှဘဲပေါ ့ ။
ပြောပြလို ့လည်းမရနိုင်ပြီမို ့လို သခင်စီမံရာအလိုလိုက်ပြီး ကိုယ့်ထိုက်ကိုယ့်ကံပါပဲ ….။
မျက်ရည်တွေလည်းခမ်းခဲ ့ပြီ ။ ဆုတောင်းတိုင်းသာပြည့်မည်ဆိုပါလျှင် မနက်ဖြန်ဆိုတာ…
ဆယ်သက် ဆယ်ကမ္ဘာ အဝေကြီးမှာ ရောက်မလာပါစေနဲ ့ … လို ့။

*********************************

မိညို နက်ကျောနှင် ့ ဂျိုပိန်တို ့သည် ဆွေမျိုးတော်သည် မတော်သည်မသိ ။ ငယ်စဉ်ကပင် အတူကြီးပြင်း
လာသူများပင်ဖြစ်သည် ။ မှတ်မိသမျှပြန်တွေးရလျှင် မြက်ခင်းစိမ်းစိမ်းကြီးများဖြင့် မျက်စိတဆုံး ကျယ်ပြော
လှသော စားကျက်ကွင်းများတွင် တနေကုန် နေခဲ့ရသည်။ နေဝင်ချိန်ရောက်လျှင် လက်ခေါက်မှုတ်သံ
ကြားရတတ်သည် ။ဒါဆို အိမ်ပြန်ချိန်ရောက်လေပြီပေါ ့ ။ တနေကုန်ဆော့ရင်း မြက်နုများစားခဲ့ပြီမို ့
ညနေစာသည် ကောရိုးရေစိမ်အနည်းငယ်လောက်ဖြင့်သာ ပြီးလေသည် ။

ဂျိုပိန်နှင့် နက်ကျော တိုနှစ်ကောင်အနက် နက်ကျောသည်မိညိုကို ပိုလို ့ပင်ဂရုစိုက်သည် ။
မြက်နုစိမ်းလေးများတွေ့လျှင် မိညိုအတွက်နေရာဦးပေးထားတတ်သည် ။ ရေသောက်ပြန်လျှင်လည်း
ရေကြည် ရေနောက်ကြည့်ပေတတ်သည် ။ ညနေစာ စားကျင်းထဲတွင် ကောက်ရိုးစများမာနေလျှင်လည်း
သူအရင်ဝါးပြီးပြန်အန်ပေးတတ်ပြန်လေသည် ။ ထို့ကြောင့် မိညိုသည် နက်ကျောကိုသံယောဇဉ်ပိုမိသည်မှာ
မဆန်း။ဂျိုပိန် နှင် ့ကားသာမန်ဆော့ဖေါ်ဆော့ဖက် ။ ဂျိုပိန်ကလည်း မိညိုကိုအထူးဂရုမစိုက်။ တစ်ခြံထဲနေ
ငယ်သူငယ်ချင်းမျှသာ ။

အတူသွား အတူလာဖြင် ့အမြဲမခွဲနေခဲ့သူတွေမို ့ အချိန်ကြာလာသည်နှင့်အမျှ သံယောဇဉ်တို ့ဆန်းသစ်
လာသည် ။ အရွယ်လည်းရောက်ကြပြီလေ ။ နက်ကျောနှင့် ဂျိုပိန်တို ့ပင်လှည်းအငှားလိုက်နိုင်နေကြပြီ ။
ဒီနှစ်ပိုင်း သိသိသာသာထွားကျိုင်းလာသောနက်ကျောသည် နွားပေါက်ကြီးတစ်ကောင်အလားခန် ့ထည်
နေသည် ။ တစ်ကိုယ်လုံးအဖြူတွင်မှ ကျောရိုးတစ်လျောက်အနက်စင်းကြီးနှင့်ဖြစ်သဖြင့် နက်ကျော ဟု
အမည်တွင်ခဲ့ခြင်းဖြစ်သည် ။ငယ်စဉ်ကမသိသာသော်လည်း အရွယ်ရောက်ချိန်၌ နက်ကျောတစ်ကောင်မှာ
နွာရှင်တိုင်း မျက်စိကျစရာဖြစ်လာသည် ။ ချောသည် ။ခန် ့သည် ။အားကောင်းမောင်းသန် သွက်လက်၍
အလိုက်သိတတ်သည် ။ ပို၍ထူးသည်ကား ရွှန်းလဲ့တောက်ပသော မျက်ဝန်းညို ကြီးများပင်ဖြစ်သည်။

နက်ကျော၏ မျက်ဝန်းနက်နက် ပြုစားချက်သည် ရွာထဲကနွားမဒန်းမလေး များအဖို ့တစ်ချက်ဆို
ဆိုသလောက် ရင်ဖိုခဲ့ရသည်။ မိညို မှာသဝန်တိုခြင်းနှင့်အတူ အမျိုးအမည်မသိသော ဝေဒနာတို ့ခံစား
ရပြန်သည် ။ နှစ်ကောင်လုံး သတိမထားမိသော်လည်း သံယောဇဉ်မြစ်တစ်စင်းသည် ချစ်ခြင်းသို ့ခရီး
ဆက်မိလေပြီ ။ ညနေ ညနေ နက်ကျောအပြန်ကို မိညိုမျှော်နေတတ်ပြီ ။ နေ ့ခင်းက စားကျင်းထဲလာထည့်
ပေးထားသည့် ပဲဖတ် နှမ်းဖတ်လေးများကိုလည်း နက်ကျောအပြန်စားဖို ့ချန်ထားတတ်သည် ။
ဤသို ့နှယ် အပြစ်ကင်းသည့် ချစ်ခြင်းတို ့သည် ရာသက်ပန်မြဲလေမည် ဟု မိညိုမှတ်ထင်ထားမိသည် ။
အခုတော့ …..ဤသို ့ဤနှယ် ဖြစ်လာမည်ဟု နည်းနည်းမှ မမျှော်လင့်ခဲ့ပါ ။
မိညို ရင်ကွဲ ရလေပြီ ။ထို ့အတူ နက်ကျောသည်လည်း ……..

**—******—-******************

ဒီသတင်းကို နေ ့လည်ကကြားခဲ့ရသည့် မိညိုမှာ နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်နေသော
နက်ကျောကိုကြည် ့၍ မျက်ရည်မဆည်နိုင်အောင်ဖြစ်နေမိသည် ။မနက်ကျလျှင် မြို ့ကဆရာဝန်လာမည် ။
ပြီးနောက် နက်ကျောနှင် ့ဂျိုပိန်တို ့ကို သင်းကွတ် ပါလိမ့်မည် ။ အကြောင်းပြချက်ကား ပို၍သန်မာပြီး
လုပ်ငန်းခွင်တွင် ထိထိရောက်ရောက် အသုံးဝင်ရန်ဖြစ်သည် ။ သခင့်အတွက်ပေးဆပ်ရသည်မှာ
နွား ၏တာဝန်ဖြစ်သဖြင့် အပြစ်တော ့မဆိုရက် ။ သို ့သော် နွား မှာလည်း အသဲနဲ့ပါ လို ့တော ့
ပြောချင်မိသည်။ မိညိုကရော ……
မျိုးဆက်တာဝန်အတွက် ရွာတောင်ပိုင်းမှ နွားသိုးကြီးမိုးထိနှင့် နောက်သုံးရက်မြောက်တွင် အိမ်ထောင်ချပေး
ကြပါလိမ့်မည် ။
ဝေးရတော ့မယ် နက်ကျောရေ …… နင့်သွေးနင့်သား နင့်ကလေးတွေကို ငါလွယ်ချင်ပေမယ့် နင်ကခိုင်းနွား တဲ့
ခိုင်းနွား ဆိုတာနဲ့ပဲ အချစ်တစ်ခု ဘဝတစ်ခုလုံးကို စတေးလေရော ့သလား ?????
ငါက မျိုးဆက်တာဝန် အဟာရအတွက် နို ့ထုတ်ပေးရမယ့်တာဝန် …. ဒီတာဝန်တွေကြောင့် နှလုံးသားကိုစတေး
ချစ်ရသူနဲ့ ဝေးရမှာ တဲ့လား နက်ကျောရယ် …….. နင်ဘယ်လောက်နာမလည်းဆိုတာမတွေးရဲဘူး
ဒီလိုပဲ … ငါလည်း နွားမမြင်ရင် နဖားကြိုးပြတ်အောင်ရုန်းတဲ့ နွားသိုးမိုးထိပြုသမျှ နုရဦးမှာဘဲလေ……
ငါမငိုတော ့ဘူး နက်ကျောရေ ……… နင်လည်း မငိုနဲ ့ ……ငါတို ့ဟာ အလှပြနေတာမဟုတ်ဘူး
ဘဝ တွေအတွက် တာဝန်ထမ်းဆောင်နေတဲ့ ခိုင်းနွားတွေ …. ရှိပါစေလေ ပြီးပါစေပေါ့ ဒီဘဝအတွက်တော ့
သခင့်အလိုကျ ပေးဆပ်ရမှာပေါ ့နက်ကျောရေ ……..

ကြိုးစားပါဦးမည်
ရာမည

17 comments

  • ရာမည

    March 31, 2013 at 3:16 pm

    ဝတ္ထု တစ်ပုဒ် အဖြစ်နဲ ့သာ …….
    တိုက်ဆိုင်မှု ရှိလျှင် ခွင့်လွှတ်ပါ

  • kai

    March 31, 2013 at 3:37 pm

    ဟဲ့.. ဒီနွား..ကောင်းကောင်းမသွားဘူး..
    ရွှမ်း..
    ဟဲ့..ဟိုကောင်ကပေကပ်ကပ်နဲ့..
    ရွှမ်း.. ရွှမ်း..
    ဟာ.. ဖေ့သားကြီး..ရုန်းလိုက်စမ်းကွာ..
    ကျွတ်..ကျွတ်..။

    ငါ့သားကြီးကို.. ဒီတခါအလှူပွဲအတွက်.. သေချာပြင်ပြီး.. လှည်းဆွဲခိုင်းရမယ်..
    ဟဲ့ကောင်.. ရွှမ်း.. ရွှမ်း..ရွှမ်း.. ရွှမ်း..
    “ယမထာ ရွှေကြိမ်လုံးရယ်နဲ့ … ထွန်တုံးကိုတဲ့ ခြေတော်တင် … နွားကြန်စုံနှင်…။
    အားအန်ကုန် သိပ်ကွာမဝေးဖို ့ ကြွားမာန်ဟုန် ထိပ်ကြားကလေးရယ်နဲ ့ နွားကြန်စုံ ပိဿာပေးတို ့ကို မိုးမော့က နှေးမှာကြောင့် ကြိုးလျှော့လို့ပေး (ဦးရာကျော်) ။
    ရွှေစာရံပွဲကိုတဲ့ သွားရအောင် နွားကြန်စုံ ခြူတွေဆွဲ၊ လှည်းကခဲ့မောင် …။ စေတီမြတ်ထွဋ်ခေါင်၊ ရွှေတောင်သို့ …။

    ရွှမ်း.. ရွှမ်း..ရွှမ်း.. ရွှမ်း..
    ရွှမ်း.. ရွှမ်း..ရွှမ်း.. ရွှမ်း..
    ရွှမ်း.. ရွှမ်း..ရွှမ်း.. ရွှမ်း..

    သနားပါတယ်..။
    ညာတာပါတယ်..
    မိသားစုဝင်လိုချစ်… ချစ်.. ချစ်ပါတယ်..။ :kwi:

    • flamingo

      April 1, 2013 at 3:13 am

      သူကြီးခင်ဗျား

      Thakhin CJ ဆိုတာ 3 star 4 star ကိုခေါ်တာလားခင်ဗျား…ကျွန်တော်နေမင်းရဲ့ပို့စ်ကိုဖတ်မရလို့ဘယ်လိုလုပ်ရမလဲဆိုတာ
      တဆိတ်လောက်လမ်းညွန်ပါအုံးခင်ဗျားး

      ကျေးဇူးတင်ပါတယ်ခင်ဗျာ

      • kai

        April 2, 2013 at 2:57 am

        ဖတ်မရတဲ့.. လင်ခ့်လေးပေးပါနော..
        သာမန်အားဖြင့်.. Thakhin CJ ဆိုတာ.. ရွာသူားတွေကိုခေါ်တာပါ..။

        ရွာသူားတွေဖတ်မရရင်.. ဖတ်မရအောင်.. ပိတ်ထားတဲ့ပို့စ်ဖြစ်ပါလိမ့်မယ်..။

  • Mလုလင်

    March 31, 2013 at 4:32 pm

    သူကြီး မှ လာမန့် ပါ့မလားလို့ စိတ်ပူ နေတာရယ် . . . . . :kwi:

  • KZ

    March 31, 2013 at 4:56 pm

    ဟယ်။ နွား ဒရာမာ ပါလား။

    မဖတ်ဖူးတော့ ဘယ်လို ခံစားရမယ်မသိ။ 🙄
    ဘာမှ မပြောတတ်။

    :buu:

  • garuda

    March 31, 2013 at 4:59 pm

    ဟာ… i7 Processor နဲ့ Windows 3.0 ကြီး run နေပါလား။ သိဘူးဗျာ တို့က ရဘူးထင်နေတာ။
    ဒါပေမယ့် i7ကြီး နှမြောစရာနော် Windows 7 or 8 ပြောင်းတင်လိုက်ပါကွယ်။ :kwi:

    တိုက်ဆိုင်မှုမဟုတ်ပဲ…တည့်တည့်ပြောလည်း…ခွင့်လွှတ်ပါတယ်ဗျာ..စုံထောက် ဇာတ်လမ်း စာရေးဆရာကြီးရယ်။ အကယ်၍ ကျွန်တော် မန့်ထားတာတွေ မရှင်းရင် တည့်တည့်မေးပေါ့ဗျာ။ 😉

  • အရီးခင်လတ်

    March 31, 2013 at 5:18 pm

    ဒီရက်မှာ နွားသား (အမဲသား) စားခြင်းအကြောင်း ပွဲကျနေတုန်း သတင်းလေးတစ်ခု ပါ။
    ပြီးခဲ့တဲ့ ၂လ လောက်ကစပြီး ယူကေမှာ ရော၊ ဥရောပနိုင်ငံ အများစုမှာပါ အမဲသားနဲ့ လုပ်တဲ့ အမဲသား အမည်တပ် အစာတွေမှာ အမဲသားအစား မြင်းသားတွေ ဖြစ်နေပါတယ်။

    http://www.food.gov.uk/enforcement/monitoring/horse-meat/#.UVgPfTejvzY

    ယူကေ ကို သွင်းတဲ့ အမဲသားတွေက ဥရောပနိုင်ငံတွေကပါ။
    အစိုးရကတော့ မြင်းသားဖြစ်တာကလွဲ လို့ ဘာအန္တရာယ်မှ မရှိပါဘူး လို့ ပြောပေမဲ့ အဲဒီ Brand တွေကို လူတွေ မစားကြတော့ဘူး။
    အန္တရာယ်မရှိဆိုပေမဲ့ မြင်းဆိုတာ စီးဖို့၊ပစ္စည်းဆွဲဖို့ သုံးတာမို့ တစ်ချို့လူတွေ (အများစု လဲဖြစ်မှာပါ) က အဲဒီမြင်းတွေကို အကိုက်အခဲ အနာ သက်သာစေတဲ့ ဆေးတွေ ကျွေးတာမို့ အဲဒီ အသားစားမိရင် သွယ်ဝိုက်အန္တရာယ် ရှိနိုင်တာပါဘဲ။

    အမှန်ကတော့ ရောင်းသူတွေက ဒီလို လိမ်ပြီးလူလည်ကျဖို့တော့ မကောင်းပါဘူး။
    ဒီမှာက အစားတိုင်းမှာ ဘာတွေ က ဘယ်လောက် % ပါတယ် ဆိုတာပြောရတာမို့ ညာရောင်းတာပါဘဲ။
    စူပါမာ့ကက်တွေ ကတော့ သူတို့ မသိဘဲ ဖြစ်ခဲ့တာပါတဲ့။

    သဘောကတော့ အမဲသားတွေ ဈေးကောင်းလာတော့
    လူသိပ်မစားသေးတဲ့ မြင်းသားကို အစားထိုးတာပေါ့။
    နောက်ပိုင်း မြင်းသားကို တရားဝင် စားလာကြမယ် ဆိုရင်တော့ နွားတွေ နဲနဲများ သက်သာသွားမလားဘဲ။
    ဂျပန်မှာတော့ အရင်ကထဲက မြင်းသားကာရီ ဆိုပြီး စားကြတာနော်။ 😆

    • kai

      April 1, 2013 at 1:01 am

      မှတ်မိသလောက်.. ဂျပန်တွေအစိမ်းစားတာ..(စားနိုင်တာ) ငါး.. နွား..နဲ့မြင်းသားပါ..။
      ငါးဆာရှိမိ..ဆုရှိကတော့.. အားလုံးသိမှာဖြစ်ပေမယ့်.. နွားသားကို ပါးပါးလွှာပြီး ဆာရှိမ်ိလုပ်တာ.. သိပ်မသိကြဖူးထင်ပါတယ်..။
      မြင်းသားလည်း.. ဒီလိုလုပ်စားကြပါတယ်..။ အဲဒီအသားတွေက.. သံကောင်..ဘက်တီးရီးယား ခိုကပ်ရခက်တယ်ဆိုကြာတာပါ..။

      “ဘဆရှိ”တဲ့…။ အသားကရဲတွတ်နေတာမို့.. တော်တော်လှတယ်ဗျ…. :kwi:

      • ဖားသက်ပြင်း

        April 1, 2013 at 6:30 am

        (မြင်းသား)ဘနိကု က အနံ့ ပြင်းသဗျ…
        အရသာတော့ အတော်ကောင်းတာကလား …
        အိုဘယ့် အကုသိုလ်တွေ

        :harr:

  • ဦးကြောင်ကြီး

    March 31, 2013 at 9:36 pm

    ဘာသာပျံ ဝတ္ထုတအုပ် ဖတ်ဖူးသဗျ၊ နာမည်ကျီးထဲကပဲ မေ့နေလို့…။ မင်းသားက ကျွန်အမဲ..။ ငယ်ငယ်လေးထဲက အာဖရိတိုက်ကနေ ခေါ်လာ၊ မြေရှင်တဦးထံရောင်းစား။ မြေရှင်သေတော့ သူဌေးမက ဆက်အုပ်ချုပ်၊ နောက်တော့ တော်သလင်းဇာတ်ခင်းကျပေါ့..။ အခုပို့စ်မှာ ဖွဲ့ထားတာနဲ့ဆိုင်လို့ သတိရမိတာ.. မင်းသား အရွယ်ရောက်တော့ အားကောင်းမောင်းသန် ဆိုတော့ သူတို့လို့ ကျွန်အုပ်ထဲက ဆယ့်ခြောက်နှစ် ကောင်မလေးတယောက်နဲ့ လွှတ်ပေးတယ်။ မျိုးစပ်တာပေါ့ဗျာ.. အိမ်ထောင်ချပေးတာ မဟုတ်ဘူး။ အကိုလုပ်သူက ညီမအတွက် သခင်မကို အသနားခံတယ်။ အဲဒီမှာ ကျွန်သဘောက်သား လူးပါးဝရမလားဆိုပီး မှတ်လောက်သားလောက် ကျောတရာ ရင်တရာ ကြိမ်ဒဏ်ချပစ်လိုက်တယ်။ ကျနော် ဖတ်ရင်းနဲ့ တွေးကြည့်တယ်၊ အရိုက်ခံရချိန် ဘယ်သင်း ပိုနာမလဲ၊ စိတ်ဒဏ်ရာလား ရုပ်နာကြင်မှုလား..။ ဘာသာတရား ရှုဒေါင့်က ကြည့်ရင်တော့ ကံတွေပေါ့ဗျာ… ဝတ္ထုတို တပုဒ်မှာလည်း အဲလိုပဲ သမီးနွားမဒန်းမလေးကို နွားထီးက ဝင်ခွတော့ အမေလုပ်သူ နွားအိုမဂျီး ဝင်တားတာ နွားထီးဂျို အခွေ့ခံရသေတယ်။ကိုယ်ပြုစဉ် မသိမှုကြောင့် လုပ်တယ်ဆိုပေမဲ့ ခံရတဲ့အခါကြတော့ ဘာကြောင့်ဆိုတာ မသိနိုင်တော့ဘူး၊ အဲဒီမှာတင် ဘယ်သူ့ကြောင့် ဘယ်ဝှာကြောင့် ဖြစ်တာပဲ….။
    တချို့များ အပျော်သဘော တိရိစာ္ဆန်အမ တိုင်ကြိုးချည်ပြီး အထီးတွေ တကောင်ပြီးတကောင် လွှတ်ပေးတာ ရှိသေးတယ်။ ကောင်းအောင်နေတော့ လွတ်သလားဆိုတော့ အချိန်တခုထိပဲ ရတယ်၊ နောက်တော့ သံသရာ ဝဲဂယက်ထဲ ပြန်မျောရတာပဲ။ ဒီဘဝ သူတော်ကောင်းဖြစ်လည်း နောင်တချိန် လူယုတ်မာ မဖြစ်မထင်နဲ့.. ကံမပြတ်သ၍ ဈန်အဘိညာဉ်ရလည်း သံသရာတကွေ့ လူနုံလူအ လူဆိုးသူခိုး ပြန်ဖြစ်လိမ့်မယ်။

  • flamingo

    April 1, 2013 at 3:07 am

    ကောင်းအောင်နေတော့ လွတ်သလားဆိုတော့ အချိန်တခုထိပဲ ရတယ်၊ နောက်တော့ သံသရာ ဝဲဂယက်ထဲ ပြန်မျောရတာပဲ။ ဒီဘဝ သူတော်ကောင်းဖြစ်လည်း နောင်တချိန် လူယုတ်မာ မဖြစ်မထင်နဲ့.. ကံမပြတ်သ၍ ဈန်အဘိညာဉ်ရလည်း သံသရာတကွေ့ လူနုံလူအ လူဆိုးသူခိုး ပြန်ဖြစ်လိမ့်မယ်။

    ဒီအပိုဒ်ကိုအကြိုက်ဆုံးဘဲ

  • တိမ်မည်း

    April 1, 2013 at 9:29 am

    နွှား ကို နွားလို ့ မြင်ပါ ပြောပီး……
    နွားကို လူလို ခံစားပြောနေတဲ့ ရာမညရေ……
    အဲ့ဒီလိုပဲပြောတော့မယ်……..
    နွားအကြောင်းကလွဲပီး ကျန်တာမရေးတက်ဖူးလား….
    ရွာထဲ မဆူဆူအောင် လုပ်နေတာလား….
    သဂျီးကကော ပို ့စ်တွေမတက်လို ့ ရွာဆူအောင်လုပ်ပီး ဂဇက် ပရိုမိုးရှင်းလုပ်နေဒလား…..
    ဂျာနယ်တွေသတင်းစာတွေကတောင် ပြည်သူတွေကို လမ်းလွဲအောင် အေးချမ်းအောင် ကြိုးစားလုပ်နေကြတဲ့ အချိန်မှာ………
    ဂဇက်က ဆူပူအောင် လုပ်နေတာလား………
    လူဇိုးတွေပဲ……

  • ကြောင်ဝတုတ်

    April 1, 2013 at 12:16 pm

    ဒါနဲ့ စကားမစပ်…
    သူကြီးအကြိုက်… ကိုဘေးနွားကင်… ရန်ကုန်မှာရပြီတဲ့ဗျ…
    သွားစားကြည့်မလို့ ပိုက်ဆံစုနေတယ်… ခိခိ

    ခင်မင်လျက်-
    အစုံစားဖက်ဖက်ကက်

  • garuda

    April 1, 2013 at 4:03 pm

    ဟင့်အင်း…ဖြစ်ဘူးထင်တယ်တဲ့….နွားကင်တော့ စားချင်တယ်တဲ့..ဒါပေမဲ့..allergy to ဘုန်းဘုန်းဖြစ်နေလို့တဲ့။
    မြန်ကုန် မှာက ဘုန်းဘုန်းများတယ်လေ…နည်းသွားတဲ့အခါ ကျန်လာမယ်တဲ့။ :harr:

  • နေဝန်းနီ

    April 1, 2013 at 8:23 pm

    အင်း ရာမ ဇာတ်ကြည့်ချင်ပါတယ်ဆိုမှ ဂါဏ ဇာတ်ကပြနေတယ် တော်ပီ ဒီပွဲ မကြည့်ပဲ ပြန်အိပ်တာကောင်းဒယ် :harr:

  • ကိုမိုက်ကယ်ဂျော်နီအောင်ပု

    April 2, 2013 at 10:07 am

    ဒါနဲ့နေကြပါဦး ချစ်တယ်ဆိုတာကို အသဲနဲ့ချစ်သလား
    ဦးနှောက်နဲ့ချစ်သလား
    ဆွဲဆန့်ပျဂျဘါအုံး
    ကျုပ်က မချစ်တတ်တော့ အသဲမရှိသလို ဦးနှောက်မရှိသလိုဖြစ်နေလို့ပါ
    ဒါပေမယ့် ထန်းရည်ကိုတော့ ကြိုက်တယ်
    ကြိုက်တာနဲ့ချစ်တာနဲ့ရောတူသလား

Leave a Reply