ကျေးဇူးပါ..။

amatminApril 1, 20131min25019

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

မျှော်လင့်ခြင်းမဲ့နေတဲ့ အတွေးတွေကို သံယောဇဉ်နဲ့ ထွန်းညှိပီး…

စိတ်ကူးလမ်းသစ်တွေ ဖွင့်ပေးတဲ့အတွက် မင်းကို ကျေးဇူးပါ..။

 

လဲပြိုလုမတတ် နာကျင်ခြင်းကြုံတိုင်း.မျှဝေခံစားပီး…

ခေါင်းမော့ရပ်တည်ဖို့.လက်ကမ်းပေးသမျှအတွက်. မင်းကိုကျေးဇူးပါ..။

 

စခဲ့တဲ့ချိန်ကတည်းက အရှုံးထင်စရာလမ်းကို ပွင့်လင်းမှုနဲ့ညင်သာစွာတွဲယူပီး…

နိုင်လိုခြင်းကင်းတဲ့ ချစ်ခြင်းနဲ့ ရင့်ကျက်စေခဲ့မှုအတွက်..မင်းကို ကျေးဇူးပါ..။

 

ကြေကွဲစရာ တွေဝေမှု တွေကြား အပြုံးတလက်နဲ့နွေးထွေးဖေးကူပီး…

ကြည်လင်စိတ်ရင်း ရွှင်သောနှလုံးနဲ့ ရင်ဆိုင်စေနိုင်တဲ့အတွက် မင်းကို ကျေးဇူးပါ..။

 

တိုတောင်းတဲ့ အချိန်တွင်း ငြီးငြူစိုးရိမ်မှုတွေကြား စိတ်ရှည်သည်းခံမှုနဲ့ ခံစားပေးပီး…

စိတ်ရင်းမှန် သောကကင်း စကားလုံးတွေနဲ့မိတ်ဖွဲ့စေခဲ့တဲ့အတွက် မင်းကို ကျေးဇူးပါ..။

 

လောဘငယ်တချို့ကြောင့် ပူလောင်စွာတပ်မက်မှုတွေကြား ချမ်းမြတဲ့မေတ္တာနဲ့လမ်းခင်းပေးပီး…

လက်ရှိရဲ့ပျော်ရွင်မှုကို မြိန်ယှက်စွာနဲ့မြည်းစမ်း လျှောက်လှမ်းစေခဲ့တဲ့အတွက် မင်းကို ကျေးဇူးပါ..။

 

ပုံစံခွက်ကျ စိတ်တံခါးကြောင့် အချစ်အမုန်းဘောင်ဘင်ခတ်သမျှကြား လွတ်လပ်တဲ့အတွေးနဲ့ဖြေလျော့ပေးပီး…

ရိုးရှင်းအပြစ်ကင်းတဲ့အချစ်နဲ့အတူ အဆုံးမရှိတဲ့တနေ့ကို အတူတွဲလျှောက်ခွင့်ပေးတဲ့အတွက် မင်းကို ကျေးဇူးပါ..။

 

thank-you-for-being-my-love

19 comments

  • KZ

    April 1, 2013 at 9:14 am

    ကျုပ် ရွာထဲ ရောက်ပြီးမှ ဒုတိယမြောက် ဖတ်ရသော ကိုဂျီးမတ် ရဲ့ ပို့(စ) ပါလား။
    :528:
    ဒီ အတွေးကို သဘောကျတာရယ်။
    အတွေးတူတဲ့ ကဗျာလေးတစ်ပုဒ် လာပေးထားတယ်။
    တိုက်တိုက် ဆိုင်ဆိုင် အရင်တပတ်က စာအုပ်ဟောင်းပြန်မွှေရင်းတွေ့ထားတဲ့ ကဗျာလေး။
    ဒီလို ကျေးဇူးအတင်ခံချင်တာ ဘယ်ဘဝမှ ဖြစ်မယ်မသိ။ ဆိုးလွန်းလို့ပါ။ :mrgreen:
    ~~~~~~~~~~~~~~

    Thank You for These Feeling
    .
    .
    For bringing me happiness,
    As though it were a gift, I would open everyday
    I thank you.

    For listening to the words I want to say,
    I appreciate you.

    For letting me share the most personal parts of your world,
    And
    For welcoming me with your eyes
    I am grateful to you.

    For being the wonderful kind, given person you are
    I admire you

    For being everything you are to me
    And
    For doing it so beautifully
    I thank you with all my heart.
    .
    .
    By: Collin McCarty

    • KZ

      April 1, 2013 at 9:24 am

      အဲ။
      ကောင်းကောင်းမန့်နေရင်း စိတ်ဖောက်ပြန်ချင်လာပြီ။ :mrgreen:

      ဘိုင်သဝေး။
      ဒီ ပို့(စ) အတွက် ကော်မရှင်ပေးဘာာာာ။
      :kwi:
      ကော်မရှင် တောင်းရခြင်း အကြောင်းပြချက် (၅) ခုပေးလို့ရတယ်။
      ကော်မရှင်ပေးဘာာာာ။

      :harr:

      • amatmin

        April 1, 2013 at 11:42 am

        အွန်.. ကော်မရှင် ဒဲ့လား မကြောက်မရွံလာပြောနေပြန်ဘီ ရယ်.. 🙂
        ဒီပို့စ်မှာ ကော်မရှင် လိုဘူးလေ..ရယ်
        နောက်ပီး ဒေါ်ဆွိကို ကျေးဇူးတင်ကြောင်းပြောနေပီလေဗျာ..
        (လာမန့်တဲ့ အတွက်ပြောပါဒယ်..)
        :kwi:

        • KZ

          April 1, 2013 at 12:10 pm

          မဟုတ်ဘူးဗျ။
          ကော်မရှင်ကိစ္စက နောက်တာပါဗျာ။ 🙂

          ဒီလို ရှိတယ်။
          လူဆိုတာ ကိုယ့်ကို ပိုက်ဆံပေးမှ လက်ဆောင်ပေးမှ ကျေးဇူးတင်ချင်ကြတာဗျ။
          ယေဘူယျ ရုပ်ပိုင်းဆိုင်ရာအမြင်နဲ့ ပေါ့နော်။

          စိတ်ဓာတ်ခွန်အား ပေးနိုင်တဲ့ သူတို့၊ စိတ်ဓာတ်မြှင့်တင်ပေးနိုင်တဲ့သူတို့ ကို အသိအမှတ် မပြုဖြစ်၊ ကျေးဇူးတင်ရမှန်းမသိ ဖြစ်နေကြတာတွေများ၊ များနေလို့။

          ဘယ်သူ ဘာပြောပြော…..
          ခု ဒီ ပို့(စ) က အဲဒီ စိတ်ခွန်အားတို့ စိတ်လမ်းကြောင်းတို့ကို တည့်မတ်ပေးတဲ့ သူကို ကျေးဇူးတင်စကားပြောထားတဲ့ အတွေးမျိုးမို့ သဘောကျတယ်ပြောတာပါ။

          ဘယ်သူဘာထင်ထင် ဒီလို နှလုံးသား အတွေးအမြင်နဲ့ ပဲ ရှေ့ဆက်ပါလေ။
          ၁ဝ ယောက် မှာ ၁ ယောက် မရှိနိုင်လို့ပါ။
          :hee:

          (စိတ်ကောင်းဝင်နေချိန် မန့်သွားခြင်းဖြစ်၏။)

  • ဦးကြောင်ကြီး

    April 1, 2013 at 9:20 am

    ကျေးဇူးပါ
    တေးမြူးလာ
    ရွေးဘူးဟာ
    ဆေးဗူးပြာ
    ဂေးရူးခါ
    သွေးမူးနှာ
    ဝေးဒူးခွာ
    မြေးဦးငါ..။

  • ရွာစားကျော် မင်းနန္ဓာ

    April 1, 2013 at 9:33 am

    ငါ တစ်ယောက်တည်း
    မူး ကွဲ ပြီး မှောက်လဲနေချိန်တိုင်း
    ငါ့ကို တွဲပြီး အိမ်အရောက်ပို့ခဲ့တာ
    သူငယ်ချင်း မင်းကို ကျေးဇူးပါ..
    :harr:

  • ဗုံ ဗုံ

    April 1, 2013 at 9:43 am

    အခုလို မူးနေတဲ့ ကြားထဲကနေ ပိုစ့်တစ်ပုဒ်ရအောင် တင်နိုင်တဲ့ မူးမတ်. အဲ အူးမတ်ကို ကျေးဇူးပါ :mrgreen: :mrgreen: :mrgreen: (ပြောပေးမယ် မုန့်ဖိုးပေးဆိုတော့ ကပ်စီးနဲနေတာ အခုတော့ ကျေးဇူးပါနဲ့ဘဲ အဆုံးသတ်သွားပီ မှတ်ကရော ဝမ်းသာထှာ :kwi:

  • ဖားသက်ပြင်း

    April 1, 2013 at 9:44 am

    ယလဲ့ ..
    နုထှာ အေ…

    :harr:

  • ရွှေတိုက်စိုး

    April 1, 2013 at 10:00 am

    မယ်တော် ကဗျာ ကောင်းလွန်းလို. တစ်ခွန်းပဲ ပြောလိုက်မယ်……. ငပေါကြီးးးးးးးးးး ဟီးဟီးဟီး :kwi: :kwi:

    • ကြောင်ဝတုတ်

      April 1, 2013 at 12:14 pm

      ဒါလေးက ဘယ်စည်းကမ်းချက်လေးနဲ့များ ငြိနေလဲလို့ စိတ်ထဲမသိုးမသန့်နဲ့ ပြန်ကြည့်လိုက်တော့…
      ဘေးကစည်းကမ်းချက်ထဲက တစ်ခုထည်းသော အနီလေးနဲ့များငြိနေသလားလို့ပါ…

      ခင်မင်လျက်-
      ဖက်ဖက်ကက်

      • GaviaGirl

        April 1, 2013 at 10:35 pm

        တမီးကတော့ နံပါတ် (၃) နဲ့ ငြိတာတွေ မြင်နေတယ်…

        မန်ဘာအော့ဖ်သတ်ပုံ…

  • တိမ်မည်း

    April 1, 2013 at 10:07 am

    သောက်တာများသွားလို ့ အိမ်ကိုတွဲခေါ်တဲ့အတွက်
    မင်းကို ကျေးဇူးပါ……….
    ကိုယ်ဖဲရှုံးချိန်မှာ အလိုက်သိသိ ပိုက်ဆံချေးတဲ့အတွက်
    မင်းကို ကျေးဇူးပါ………….
    ကိုယ်ဗိုက်ဆာချိန်မှာ ကြက်ဆီထမင်းလေးဝယ်ကျွေးတဲ့အတွက်
    မင်းကို ကျေးဇူးပါ………….
    ကာရာအိုကေဆိုချိန်မှာ ဟာမိုနီလေးလိုက်ပေးတဲ့အတွက်
    မင်းကို ကျေးဇူးပါ……….

  • kyeemite

    April 1, 2013 at 11:08 am

    ပို့အသစ်လေးတွေဖတ်ရတဲ့အတွက် “မတ်”ကိုကျေးဇူးပါ.. :hee:

  • ကြောင်ဝတုတ်

    April 1, 2013 at 11:27 am

    အဲဒီကဗျာလေးတွေ့တော့ အဲလစ်ကလစ်တန်ရဲ့ Wonderful tonight လေးကို သတိရမိပြန်သဗျ…

    It’s late in the evening; she’s wondering what clothes to wear.
    She’ll put on her make-up and brushes her long blonde hair.
    And then she asks me, “Do I look all right?”
    And I say, “Yes, you look wonderful tonight.”

    We go to a party and everyone turns to see
    This beautiful lady that’s walking around with me.
    And then she asks me, “Do you feel all right?”
    And I say, “Yes, I feel wonderful tonight.”

    I feel wonderful because I see
    The love light in your eyes.

    And the wonder of it all
    Is that you just don’t realize how much I love you.
    It’s time to go home now and I’ve got an aching head,
    So I give her the car keys and she helps me to bed.

    And then I tell her, as I turn out the light,
    I say, “My darling, you were wonderful tonight.
    Oh my darling, you were wonderful tonight.”

    ခံစားကြည့်ပါ…
    You were wonderful tonight!!!

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • နွယ်ပင်

    April 1, 2013 at 12:47 pm

    ကိုမတ်တို့ ခံစားချက်ကတော့ မိုက်သကွာ လိုက်လို့တောင် မှီဘူးရယ် .. ခိခိ :kwi:

  • MaMa

    April 1, 2013 at 6:29 pm

    ဧပြီရယ်ဖူးလ်မှာ အရူးမလုပ်ပဲ ပိုစ့်ကောင်းကောင်းလေးတင်ပေးတဲ့အတွက် ကျေးဇူးပါ။
    အရူးလုပ်ခံရ၍ စိတ်နာနေသူ :buu:

  • အရီးခင်လတ်

    April 1, 2013 at 8:01 pm

    မောင်မတ် ရဲ့ ” ကျေးဇူးပါ” ကဗျာအတွက် ” ကျေးဇူးပါ”။
    အဆုံးမရှိတဲ့တနေ့ကို လျှောက်တော့မယ် ဆိုတော့ အတော်လေးခြေညောင်း မှာဘဲ။
    အခုကထဲ က အနှိပ်အနင်းကောင်းတဲ့ ဆိုင်တွေ ရှာထားဟေ့။
    😆

  • ကျုပ်ကိုကြီးရဲ့ ရင်တွင်းဖြစ်တွေပေါ့ ခင်ဗျာ …

    ကိုကြီးမတ်ရေ …
    နှလုံးသားရေးရာမှာ အားနည်းတယ်လို့ပဲ ပြောမလား ..
    ဘယ်လို ပြောရမလဲ …
    ကျုပ်တော့ မပြောတတ်တော့ပါဘူးရယ် …
    ဒီလို ကဗျာတွေ … ဒီလို အကြောင်းအရာတွေ …
    အိုဗျာ .. အချစ်နဲ့ ပတ်သက်တာတွေ …..
    ဒါတွေကို … ဒါတွေကို .. တွေ့မိ၊ မြင်မိ၊ ကြားမိတိုင်း …

    လေနှင်ရာ လွှင့်ပါနေတတ်တဲ့ ဟောဟို .. မိုးပေါ်က တိမ်တိုက်တွေလို …
    ဘဝကို ပေါ့ပါးစွာ ဖြတ်သန်းမယ် ဆိုပြီး …
    မျက်နှာကြီးကို စပ်ဖြီးဖြီး လုပ်တတ်တဲ့ အမူအရာတွေတောင်မှ ပျောက်ရှ …
    အောက်ကျ သွားတာက နင့်ခနဲ ဖြစ်ဖြစ် သွားတတ်တဲ့ နှလုံးသား …

    ကျုပ်တော့ ဘာတွေ ပြောမိသွားတုန်းတော့ မသိဘူး …
    ကဗျာလေးအတွက်တော့ ကိုကြီး ကို ဟောဒီလိုလေး ပြောပြီး ကွန်မန့်ကို အဆုံးသတ်လိုက်မယ် ..
    “ကျေးဇူးပါ”

Leave a Reply