ကွန်ပျူတာဟာသများ

etoneJuly 24, 20101min702

မေး။ ။ကွန်ပျူတာ မှာ ဗိုင်းရပ်စ်တွေ မဝင်အောင် ဘယ်လို ကာကွယ်ရမလဲဆရာ။
ဖြေ။ ။ ကွန်ပျူတာကိုု ပိတ်ထားပါ။ပို ပြီးသေချာအောင် ကွန်ပျူတာမီးပလက်ကိုပါဖြုတ် ထားလိုက်ပါ။

မေး။ ။ကွန်ပျူတာ ထဲကို ဗိုင်းရပ်စ်ဝင်လာပြီးဆိုရင် ဘယ်လို ရှင်းထုတ်ရသလဲဆရာ။
ဖြေ။ ။ hack disk ကို ဖြုတ်ပါ။ ပြီးနောက် ရေနွေးပူပူထဲ ထည်.ပြုတ်ပါ။ပိုပြီးသေချာ သွားအောင် တူဖြင်.ထုပါ။

မေး။ ။အင်တာနက်ကဖေးဆိုတာဘာလဲဆရာ။
ဖြေ။ ။ အင်တာနက်ကဖေးဆိုတာ အင်တာနက် အသုံးပြုခနဲ.နေ.တွတ်မကိုက်လို. ကော်ဖီပါတွဲရောင်းနေရတဲ.အင်တာနက်ဆိုင်ထင်ပါရဲ.။

မေး။ ။အွန်လိုင်းဆိုတာ ဘာလဲဆရာ။ ဖြေ။ ။အွန်လိုင်းဆိုတာ အွန်စောရဲ. ညီမပေါ.ကွယ်။

မေး။ ။vzo မှာကိုယ်.ရုပ်သွင်ပေါ်လာအောင်ဘယ်လိုလုပ်ရမလဲဆရာ။
ဖြေ။ ။ ဝက်ကန်တပ်လိုက်ပါ။ အဆင်မပြေသေးရင်တော.ဆင်ကန်တပ်ဖို.လိုအပ်ပါ လိမ်.မယ်။

မေး။ ။ ဆရာ သမီးရဲ.စက်ထဲမှာ နိူးနိူးဂျက်မ ဗိုင်းရပ်စ် ဝင်လာတယ်ဆရာ။ဘယ်လို ဖြေရှင်းရမလဲ။
ဖြေ။ ။သမီးရဲ. စက်ထဲကို ဟောင်ကောင် ဂျက်မ အခွေသာထည်.လိုက်ပါ.။ ဟောင်ကောင်ဂျက်မ က နိူးနိူး ဂျက်မကို တိုက်ခိုက်ပါလိမ်.မယ်။

မေး။ ။ကွန်ပျူတာဆို တာ ဘာလဲဆရာ။သူရဲ.အလုပ်လုပ်ပုံလေးပြောပြပါဦး။
ဖြေ။ ။ ဆရာအမြင်ကတော. ကွန်ပျူတာဆို တာ ရုံးခန်းတွေထဲမှာ သော.ခတ်ထားတဲ.ကောင်ပါ။ အအေးခန်းနဲ. တောင်ထားရသေးတာ ။ သူကဘာအလုပ်မှလုပ်တာလည်းမတွေ.မိဘူး။

မေး။ ။အန်တီ ဗိုင်းရပ်စ်(antivirus) တွေမနိူ်င်တဲ.ဗိုင်းရပ်စ်တွေရှိသလားဆရာ။ဖြေပေးပါဦး။
ဖြေ။ ။အန်တီ ဗိုင်းရပ်စ်မနိူင်တာ အဖြစ်နိူင်ဆုံးကတော.အန်ကယ်ဗို်င်းရပ်စ် ဘဲဖြစ်မယ် ထင်ပါတယ်။

မေး။ ။သမီးကွန်ပျူတာ ထဲက ဖိုင်တွေမှာ ” မင်းကိုချစ်တယ်” ဗိုင်းရပ်စ် ဝင်လာတယ်ဆရာ။ ကွန်ပျူတာ ကို ဝင်းဒိုး ပြန်တင်လိုက်မှ ရမလားဆရာ။အကောင်းဆုံးနည်းလမ်းကို ပေးပါဦးဆရာ။
ဖြေ။ ။ အကောင်းဆုံးနည်းလမ်းကတော. သူ.ကိုချစ်တယ်လို.ပြန်ဖြေ လိုက်ပါ ။

2 comments

  • kopauk mandalay

    July 24, 2010 at 2:14 am

    မသိလို့မေးပါရစေခင်ဗျာ။
    ကွန်ပြူတာသုံးနေတဲ့ကောင်လေးကောင်မလေးတွေက
    ဒေါင်းလုပ်ဆွဲတယ် ဒေါင်းလုပ်တယ်ပြောနေကြတယ် ကျန်တဲ့ဘယ်တိရိစ္ဆာန်ကိုရော သူတို့ပြောသလိုလုပ်လို့ရပါသလဲဖြေပေးစေချင်ပါတယ်။

    • etone

      July 24, 2010 at 3:16 am

      mouseဆိုတဲ့အကောင်ကိုလည်းတစ်ချိန်လုံးဖိနေရသေးတာ မေ့နေပြီလားကိုပေါက်ရေ ။

Leave a Reply