သို့ သူငယ်ချင်း

လူကေလးMarch 31, 20131min20917

သို့ သူငယ်ချင်း

 

ဒီမတ်လ တစ်လလုံး ရွာထဲမှာ စာမတင်ဖြစ်ခဲ့ဘူး .. ရေးချင်တဲ့အကြောင်းတွေကများနေပေမယ့် စာမေးပွဲတွေကများ .. အလုပ်တွေကလည်း မအားခဲ့တာကြောင့် ရွာထဲကို ဝင်တောင်မကြည့်ဖြစ်ခဲ့ဘူး.. .. .

ရေးချင်နေတဲ့ အကြောင်းအရာလေးထဲက တစ်ခုကို ဒီနေ့တင်လိုက်ပါတယ်..  ဒီ စာလေးကတော့ သူငယ်ချင်းတွေရဲ့ အရေးပါမှုနဲ့.. သူတို့ကိုအလေးထားမှုလေးကို ရေးထားတာပြဲဖြစ်ပါတယ်.. သူငယ်ချင်းဆီကို ပေးတဲ့စာ ဆိုလည်း မမှားပါဘူး .. လူတိုင်းမှာ အဓိပ္ပါယ်တစ်မျိုးစီ .. နားလည်မှုတစ်မျိုးစီ ရှိကြတာကိုသိပေမယ့် .. ဒီစာလေးကတော့ လူကလေး နားလည်ထားတဲ့ သူငယ်ချင်း ဆိုတဲ့ ဝေါဟာရရဲ့ တစ်စိတ်တစ်ဒေသကို ရေးထားတာပါ.. နားလည်မှုချင်းထပ်တူမကျသည့်တိုင်အောင် .. သူငယ်ချင်းတွေကို တန်ဖိုးထားတာချင်း တူမယ်လို့ထင်ပါတယ်..

———————————————————————————————————————————————————————————

 

သူငယ်ချင်း..

ငါ ထွက်ပေါက်တွေကို မုန်းတယ်.. အယောင်ဆောင်ထွက်ပေါက်တွေကိုမုန်းတယ်.. အားနည်း အားငယ်ချိန်မှာ .. အားကိုးအားထား စရာလို့ ထင်ယောင်ထင်မှား ဖြစ်စေတဲ့ ထွက်ပေါက်ကိုလည်း မုန်းတယ်.. ဘယ်လောက်ပဲ အသိရှိရှိ.. ဘယ်လောက်ပဲသတိထားထား .. လူတစ်ယောက်ရဲ့ ဘဝမှာ တစ်ကြိမ် တော့ မှားဖူး ကြတာပဲပြောကြပေမယ့် .. ဒီလို အယောင်ဆောင်ထားတဲ့ ထွက်ပေါက်ထဲကို ကျွံသွားတဲ့ အမှားမျိုးတော့ ငါအဖြစ်မခံချင်ဘူး .. နင်တို့ ထင်ထားတဲ့ ငါ.. နင်တို့မြင်ထားတဲ့ငါဟာ.… ဒီထွက်ပေါက်ကြောင့် နင်တို့မထင် မမြင်ခဲ့ဘူးတဲ့ သူငယ်ချင်းအသစ်တစ်ယောက်လို ဖြစ်သွားတယ်မဟုတ်လား .. .. ..

ငါ မကျွံချင်ဘူး .. တကယ်ပါ .. အဲဒီ ထွက်ပေါက်က အယောင်ဆောင်ထားတယ်ဆိုတာ ငါတကယ် မသိခဲ့တာပါ..

 

သူငယ်ချင်း ..

လူတွေက ဒုက္ခတွင်းထဲရောက်နေချိန်မှာဆို တစ်စုံတစ်ဦးက ကမ်းလိုက်မယ့် လက်ကို မျှော်နေတတ်ကြတာပါပဲ.. အဲဒီအချိန်ကမ်းတဲ့လက်ဟာ တကယ်ပဲ ဒီလူကို ကယ်တင်နိုင်မှာလား .. တကယ် ကယ်တင်ချင်လို့လား .. ဒါမှမဟုတ် ဒီလူ့အသားကို စားချင်လို့လား .. သူဘယ်လိုရည်ရွယ်ချက်နဲ့ လက်ကို ကမ်းသလဲဆိုတာ ငါတို့မသိနိုင်ဘူး မဟုတ်လား .. အဲဒီလို အချိန်ဆို ဘာမှ စဉ်းစားမနေဘဲ.. ကယ်တင်ရှင်လို့ထင်တဲ့ လူရဲ့လက်ကို ငါတို့ ဆုတ်ကိုင်ထားမိရက်သား ဖြစ်သွားကြမှာ ပေါ့. . . သူဟာ ငါတို့အတွက် ဘယ်လိုကင်တင်ရှင်လဲဆိုတာ ဒုက္ခတွင်းထဲကနေ အပေါ်ကိုရောက်မှ ငါတို့သိရတာ.. . .

ကယ်တင်ရှင်အစစ်နဲ့ ကြုံတွေ့ခဲ့ရင်တော့ အတိုင်းမသိပေါ့..  အယောင်ဆောင်ထားတဲ့ ကယ်တင်ရှင်ဖြစ်နေခဲ့ရင်တော့ ဒုက္ခတွင်းထဲပဲ ပြန်ဆင်းလိုက်ချင်ရဲ့. . သူငယ်ချင်းရော ဘယ်လိုထင်လဲ..

 

သူငယ်ချင်း..

ငါ အခု အယောင်ဆောင်ထားတဲ့ ထွက်ပေါက်ထဲကို ဝင်မိရက်သားဖြစ်နေပြီ.. ကယ်တင်ရှင်လို့ ထင်ထားခဲ့မိတဲ့ လူသတ်သမားတစ်ယောက်ရဲ့ လက်ကို ငါလှမ်းဆုပ်ကိုင်လိုက်မိပြီ .. မှားမှန်းသိရက်နဲ့ တော့ ငါဇွတ်မတိုးဝံ့ဘူး .. မှန်လာမလားဆိုပြီးတော့လည်း ငါမျှောမလိုက်ချင်ဘူး .. ပြောင်းလဲသွားတဲ့ ငါ့အပြုအမူ တွေကိုငါမုန်းတယ်.. သူငယ်ချင်း ..

ဒါပေမယ့် ပြောင်းလဲသွားတယ်လို့ နင်တို့ထင်နေတဲ့ ငါ့ကိုတော့ မမုန်းလိုက်ကြပါနဲ့..

သေချာတာတစ်ခုကတော့ ဒီပြောင်းလဲခြင်းတွေက အမှန်မဟုတ်ဘူးဆိုတာပဲ .. . . ငါအစစ်အမှန် .. ငါ့ဘဝအစစ်အမှန် .. ငါ့ရည်မှန်းချက်အစစ်အမှန်.. ငါ့မျှော်လင့်ချက်အစစ်အမှန် . နင်တို့သူငယ်ချင်းအစစ်အမှန် .. ငါ့သဘာဝ အစစ်အမှန် တွေကို ဒီအယောင်ဆောင်ပြောင်းလဲ မှုတွေက မဖုံးအုပ်နိုင်ပါဘူး ..

 

သူငယ်ချင်း ..

ဒီအယောင်ဆောင်ထွက်ပေါက်ထဲမှာ လမ်းပျောက်နေတဲ့ ငါ့ကိုသာ စစ်မှန်တဲ့လမ်းကို ဝိုင်းရှာပေးကြပါ.. ငါကိုယ်တိုင်လည်း ကြိုးစားပြီးရှာမယ် .. နင်တို့ လည်း ကူညီမယ်မဟုတ်လား .. ငါရွေးချယ်တဲ့လမ်း ငါဆုံးခန်းတိုင်အောင် လျှောက်မယ်ဆိုရင် တောင် လမ်းမှားကြီးဆို နင်တို့က ငါ့ကို ဝိုင်းရပ်စေပေးကြပါ.. .. လူတွေဟာ တစ်ကြိမ်တစ်ခါတော့ မှားဖူးကြတယ်ဆိုပေမယ့် .. နင်တို့က ငါ့အမှားကို မြင်ရင် ပြင်ပေးကြပါ.. နင်တို့ ရဲ့ စကားတွေဟာ . . . ငါအသိမဲ့ နေချိန်မှာတောင် .. သတိထားရမယ့် စကားလို့ ငါယုံကြည်ထားတယ် .. သူငယ်ချင်း ..

 

သူငယ်ချင်း..

ငါအခု လမ်းဆုံမဟုတ်တဲ့ နေရာမှာ ရပ်နေတယ်.. ငါ့မှာ ချိုးကွေ့စရာ ဘယ် ညာ လမ်းမရှိဘူး.. .. လမ်းဖြောင့်တစ်ခုမှာ တွေဝေစွာနဲ့ ရပ်နေတာပါ.. ငါတွေဝေနေတယ်ဆိုပေမယ့် နင်တို့တွန်းရင် ငါရှေ့ကို ရွေ့မိမယ်. . နင်တို့ဆွဲရင် ငါနောက်ကိုလိမ့်မိမယ်. . ငါကိုယ်တိုင်ကတော့.အဲဒီအယောင်ဆောင်ထွက်ပေါက်ထဲမှာ.ရပ်နေတော့မှာပဲ… .

တစ်ခုတော့ ယုံပေးသူငယ်ချင်း.. မည်သည့်အစွန်းကို ငါရောက်သွားသည်ဖြစ်စေ . . . နင်တို့ရဲ့ ငါ့အပေါ်ထားတဲ့ စေတနာ မေတ္တာကို ငါဘယ်တော့မှ မစော်ကားဘူး .. သူငယ်ချင်း. . ဘယ်လိုလဲ နင်တို့ငါ့ကို ကူညီမလား… ?????

 

 

လူကလေး

 

17 comments

  • ခြေစုံကို ရပ်လို့ … တွေဝေ နေဆဲကွယ် …
    နောက်ဆုတ်ရမှာကို တွေးလည်း …
    မပြတ်သားသေးပါ … မေးပါရစေဦး ….
    ရို့ …. ရို့ … :mrgreen:
    လမ်းဖြောင့်ဂျီး တီခုပေါ်မှာ တွေဝေနေဒယ်ဆိုလို့
    စကားလေး စပ်မိဒုန်း သီချင်း ဆိုကျိဒါဘာ ….

    ပြောရရင်တော့ဗျာ ….
    ကျုပ်သာ အူးလေးရဲ့ သယ်ရင်း တစ်ယောက်ဆိုရင် …
    ဖက်တွယ်၊ ဆုပ်ကိုင်ထားတဲ့ လက်တွေကို
    အရင်ဆုံး လွှတ်နိုင်ဖို့ တိုက်တွန်းမိမှာပါ ….
    ကျုပ်ဂဒေါ့ ဂလောက်ပဲ ပြောဒတ်ဒယ်ဂျ ….

    • အရီးခင်လတ်

      April 1, 2013 at 8:51 pm

      ဟဲ့ မောင်အံ
      အဲဒါ ရှေးတုန်းက (အရီး ဦးလေး/အဒေါ် တွေ ခေတ်) နာမည်ကြီး သီချင်းဟဲ့။
      အဆိုတော်က ဘိုဘိုဟန် တဲ့။
      မင်းက ဘယ်သူပြန်ဆိုလို့ သိနေတာလဲ။
      😆

      • ဖားသက်ပြင်း

        April 2, 2013 at 6:56 am

        ရှီတူလွင် ပြန်ဆိုတယ် အရီးရဲ့ …
        တခြား အငယ်ထဲကလည်း ပြန်ဆိုသူ ရှိအူးမယ် ထင့် ..။
        အဲ့ဒိ့ သီချင်းက Round Chord ဖြစ် တီးရလွယ် လေတော့ …
        ဂီတာတီး စသင်တဲ့ အခါ ပြဌာန်း သင်ခန်းစာ ဆန်ဆန် တောင်
        ဖြစ်နေသေး ..ဟုတ်တယ်လေ.. သင်ပေးမယ့် ဦးလေးတွေ အကိုတွေ ခေတ်က
        နာမည်ကြီး ဆိုလွယ်တေး သီချင်း ဖြစ်နေတာကိုး … ဒီသီချင်းရယ်..
        အစ်ကိုမောင်တွေက ပြောတာလား ရယ် အကြီးတလုံးအသေးတလုံးရယ်နဲ့
        ဂီတာ စတီးလာခဲ့ရတာပါဗျာ…

        :harr:

  • လူကလေး

    April 1, 2013 at 8:56 am

    အော်.. အံစာအတုံးရယ်..

    တစ်ခါတစ်ခါ ဆန္ဒ နဲ့ ဦးနောက်နဲ့ ထပ်တူမကျတဲ့အခါ တယ်ပင်ပန်းရတယ်မဟုတ်လား..

  • KZ

    April 1, 2013 at 8:59 am

    ဘယ်သူ တွန်းလို့မှလည်း ရှေ့မရွှေ့နဲ့။
    ဘယ်သူ ဆွဲလို့မှလည်း နောက်ကို ပြန်မလိမ့်နဲ့။
    ကိုယ့်သဘောနဲ့ ကိုယ်သာ ဘယ်သွားမယ် ဆုံးဖြတ်ပစ်။
    နောင်တရဦး……..တန်တယ်ရယ်။။ :mrgreen:

    ဟီး။ ပြသနာ အရင်းအမြစ်မသိပဲ ထင်ရာမြင်ရာပြောသွားတာ။ :mrgreen:

    • လူကလေး

      April 1, 2013 at 9:23 am

      ဆန္ဒအတိုင်းသာ လုပ်လိုက်ရရင်တော့လား.. ဟင်း .. ဟင်း ..

      နောင်ကျရင် မတချင်လို့ ဒီလိုလေးရေးပီးမေးကြည့်တာပါ..

      ကျေးဇူးပါ .. KZ..

  • ဦးကြောင်ကြီး

    April 1, 2013 at 9:02 am

    ဖိုထိုးကြည့်ပါလား… :kwi:

    • လူကလေး

      April 1, 2013 at 9:25 am

      ဒီကိစ္စနဲ့ ပတ်သက်ပြီးပြောရရင်.. အဲဒီ ဖိုထိုးတဲ့အကြောင်းတော့ နားမလည်ဘူးဗျ..

  • GaviaGirl

    April 1, 2013 at 10:47 am

    သူငယ်ချင်းရေ….
    ထွက်ပေါက်က ထွက်ပေါက်ယောင်ဖြစ်နေမှန်းသိသိကြီးနဲ့…. နောက်ပြန်ဆုတ်ဖို့လည်း အချိန်မီသေးရက်နဲ့…. ပြန်ဆုတ်လာခဲ့ပါ သူငယ်ချင်း… ငါတို့တွေ လက်ကမ်းနေပါ့မယ်…

    အဲ..တစ်ခုပဲ… နင်ထွက်ပေါက်ထဲမှာ အချစ်ဆိုတာများ ပါနေလားဟင်င်… နှလုံးသားကို သေချာမေးပါနော်…. ရင်းနှီးမှုတွေထဲမှာ နှလုံးသားကို ရင်းရတာလောက် ရင်နာဖို့ကောင်းတာ မရှိဘူး…

    ငါ့သူငယ်ချင်း…
    နင့်ကို အကြွင်းမဲ့ယုံပါတယ်…. နင့်ဆုံးဖြတ်ချက်နောက်မှာ ငါတို့တွေ အဆင်သင့်ရှိနေပါ့မယ်..

    ချစ်တဲ့…
    GaviaGirl လေး…

    • လူကလေး

      April 1, 2013 at 11:16 am

      ဟုတ် ပါတယ် ..
      သယ်ရင် း Gavia ..
      ရှေ့ကို ဆက်မတိုးချင်တာတော့ အမှန်ပါပဲ..
      သူငယ်ချင်း Gavia ရဲ့ comment ဟာ နောက်ကို တစ်လှမ်းဆုတ်လိုက်မိစေပါတယ်. .

      ကျေးဇူးကမ္ဘာပါ..
      လူကလေး..

  • ခင်ခ

    April 1, 2013 at 1:39 pm

    နေထွက်ရာအရပ်ကို မျက်နှာမူပြီး
    လက်နှစ်ဖက်ကို ဆန့်တန်းပါ။
    လက်ယာဘက်လက် ရှိသည့်အရပ်သည် တောင်
    လက်ဝဲဘက်လက် ရှိသည့်အရပ်သည် မြောက်
    ကျောဖက်ရှိသည့်အရပ်သည် အနောက်။
    ကဲ ရှေ့ နောက် တောင် မြောက် အရပ်မျက်နှာတွေသိရပြီမို့ လူကလေး ကြိုက်ရာရွေးကာ သွားပေါ့ဗျာ။

    • လူကလေး

      April 1, 2013 at 6:04 pm

      ကံဆိုးလေစ ခခ ရေ..

      နေမထွက်သေးဘဲ .. မိုးအုံ့ နေတုန်းမို့ပါ.. ဒီတိမ်ညိုတိမ်မဲတွေ မရှိတော့ရင်ဖြင့် .. ခခ ပြောသလို လုပ်ကြည့်ရတာပေါ့ဗျာ . .

  • ဗုံ ဗုံ

    April 1, 2013 at 4:27 pm

    လူကလေးရယ် အိပ်ချိန်တန် ဗျိုင်းရှေ့ကပျံ …. ဘာမှစဉ်းစားမနေနဲ့ အိပ်ပစ်လိုက် :mrgreen:

    • လူကလေး

      April 1, 2013 at 6:06 pm

      အိပ်ချိန်တန်ချင်လှပီ .. ဗုံကလေး ရဲ့ ..
      အတိတ်မေ့ရောဂါဆိုတာလား.. အဲဒါ ဖြစ်ဖူးချင်တာဗျ. .

  • အရီးခင်လတ်

    April 1, 2013 at 8:48 pm

    { ကယ်တင်ရှင်လို့ ထင်ထားခဲ့မိတဲ့ လူသတ်သမားတစ်ယောက်ရဲ့ လက်ကို ငါလှမ်းဆုပ်ကိုင်လိုက်မိပြီ .}
    တွင်းထဲမှာ နစ် နေမဲ့ အစား သူရဲ့ ပရိယာယ် ကို နင်းပြီး ကိုယ့်ထွက်ပေါက်ကို ရအောင် ယူလိုက်သင့်ပါတယ်။
    တွင်းပေါ်ရောက်ရင် သူကို အနိုင်ရအောင် ထိုးပစ်လိုက်။
    ကိုယ့်လက် တွေကတော့ သန်မာနေဖို့ တော့လိုမယ်။
    မဟုတ်ရင် မသန်တဲ့ လက်တွေက တွင်းထဲ ကနေလဲ အပြင်ကို တွယ်တက်နိုင်မှာ မဟုတ်တာ သေချာတယ်။
    😛

  • Thu Thu Htet

    April 3, 2013 at 4:02 pm

    ကျုပ်ကတော့အသေဆွဲမှာဘဲစ်
    လာခဲ့ လာခဲ့ … ဒီဘက်ကိုလာခဲ့
    ကျုပ်နားရောက်တဲ့ထိကိုဆွဲခေါ်မယ်
    ဘယ်တော့မှ အယောင်ဆောင်ထွက်ပေါက်ထဲကျွံမကျစေရဘူး 🙂

Leave a Reply