အလှူပေး သူဌေးဖြစ် give away

ခြစ်ခင်ယားပါသော ရွာသူရွာသားအပေါင်းနဲ့ နောက်တက်တဲ့ သမီးလေးများသိစေရန်..

အကျွန်ုပ်ဦးကြောင်ကြီးမစားရက် မသောက်ရက် နှစ်ရှည်လများ ကြိုးပမ်းတကုတ် စုဆောင်းသိမ်းဆည်းထားသော ပွိုင့်တသိန်းကျော်စလုံးကို မိမိစေတနာရှိသူအား လွှဲပြောင်းပေအပ်ရန် မာမွတ်လျှာပြွတ် အယာတိုလာ ခိုင်မေနီ (ခ) ရွာသဂျီးဦးစ်ခိုင်သဂျီးထံမှ သဘောတူချက် ရရှိပြီးဖြစ်ရာ ၎င်းအား ပက်ပက်စက်စက် နင့်နင့်သီးသီး မှိုချိုးမျှစ်ချိုး လိပ်ပက်လက်လှန်ပစ်သလို ပြန်မထောင်နိုင်အောင် လိုရင်းတိုရှင်း အပွင့်လင်းဆုံး ဝေဖန်ထောက်ပြနိုင်သူအား ညဏ်ပူဇော်ခ ပေးအပ်မည်။

မှတ်ချက်။ ပွိုင့်တသိန်း = တသိန်းကျပ်တိတိ

My Points

  • Points: 104821 Kyats
  • Rank: Titanium

13 comments

  • KZ

    April 1, 2013 at 9:06 am

    အင်။
    ရွာကြီး စည်ကား/ပူညံ/ပွက်လောရိုက်ရန် အောင်ကြူးရဲ့ စွမ်းဆောင်ချက်လားဟင်…??? 🙄

  • ရွာစားကျော် မင်းနန္ဓာ

    April 1, 2013 at 11:40 am

    ဦးခိုင် ပြန်မထနိုင်အောင်
    တိုတိုတုတ်တုတ်နဲ့ ထောက်ပြလိုက်မယ်
    ရော့အင့်စ်… (လက်မနဲ့)
    :harr:

  • ကိုသင်း

    April 1, 2013 at 3:10 pm

    သူကြိး နာလံမထူနိုင်အောင်
    သူ့ နှစ်လုံးပြူးကြိးကို ယူဖွက်ထားလိုက်မယ်လေ။
    ( ပစ်စရာမရှိရင်—သေပြိ ဆရာ—သေပြိ ဆရာ)

  • kai

    April 1, 2013 at 3:22 pm

    ရွာထဲရှိသမျှ အပျိုချောတွေ.. လှည့်ရမ်းနေသူကာလသားဂေါင်းကပြောရှာတယ်..
    တကယ်က..
    သူ့မှာဘာကိုယ်ပိုင်ပွိုင့်မှမရှိ..။
    ဒဏ်ကြေးအနေနဲ့. အနှုတ်၁သိန်း.. အကြွေးတောင်ရှိသေး..

    ဆိုတော့..
    ရှေ့က.. မိုင်းနပ်စ်(အနှုတ်) နဲ့.. ပွိုင့်တွေဝေမှာတဲ့နော..
    သူပြောတဲ့.. ပညတ်တွေကို မယုံနဲ့.. :kwi:

    • အစကတော့ …
      ပယ်ပယ်နယ်နယ် ပျစ်ပျစ်နှစ်နှစ်
      ထူးထူးချွန်ချွန် လေးလေးပင်ပင်
      ဝေဖန်ပစ်လိုက်မလို့ဘဲ …
      ဒါမယ့် …
      ဒါကို ဖတ်လိုက်ရတဲ့ အချိန်ကျတော့
      အနုတ်လက္ခဏာတွေ တန်းစီ မြင်ယောင်လို့မို့ ..
      တော်ဘာဘီလေဆိုပြီး …
      ခင်းထားတဲ့ ဖျာကို ပြန်သိမ်းပြီး ထွက်တွားဒယ် .. တူနှယ့်နှယ် …

  • အရီးခင်လတ်

    April 1, 2013 at 5:42 pm

    ဒီနေ့ ရွာထဲဝင်သူတိုင်း ပွိုင့် တစ်သိန်း ရမယ်ဆိုတာ မှန်ပဟေ့။
    ကကြောင်ကြီး စပြီး ရသွားပါပြီဗျို့။
    သူမှာ နဂိုက လေးထောင်ကျော်ဘဲရှိတာနေမှာ။
    သူကြီးက နီးတဲ့ နေရာက စပြီး ပေးတာ နေမှာ။

    သတင်း ဆက်ဖြန့်ကြပါဦး။
    လူတိုင်း ပွိုင့်တိုးအောင်။ 😆

  • ဦးဦးပါလေရာ

    April 1, 2013 at 5:45 pm

    သူ့ rank ကလဲ Titanium မဟုတ်။
    ကျုပ်ကို ပြောပြတာတော့ Plutonium ဖြစ်ကြောင်း…။
    :kwi:

  • ကိုမိုက်ကယ်ဂျော်နီအောင်ပု

    April 1, 2013 at 6:20 pm

    ဒီပိုစ့်နဲ့တော့မဆိုင်ဘူးဗျ
    တရုပ်နိုင်ငံ နယ်စပ်တွေမှာရောက်ရှိနေတဲ့ မြန်မာ့သစ်လုံး တန် သုံးသိန်းကျော်ကို
    ငွေချေပြီးသည်ဖြစ်စေ မပေးချေရသေးပြီဖြစ်စေ မြန်မာနိုင်ငံ သီလဝါဆိပ်ကမ်းအထိ
    ပြန်ပို့ပေးဘို့ တရုပ်နိုင်ငံသမ္မတအသစ်မှ နယ်စပ် သစ်ကုမ္ပဏီများကို အမိန့်ပေးခဲ့ပါတယ်
    မလိုက်နာသူများကို အရေးယူမယ်လို့လည်းဆိုပါတယ်။ အောက်က
    http://www.barnyarbarnyartarraka.com မှာပါ
    မြန်မာ့စစ်ဗိုလ်ချုပ်မှူးကြီးဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ယ္ခုအခါ ရဟန်းဘောင်မှာ
    ဝင်ရောက်သွားပြီး တရားအားထုတ်လျှက်ရှိရာ တရားထိုင်နေစဉ်တွင်
    ပြိုးပြိုးပျက်ပျက်အရောင်များထွက်လျှက်ရှိတယ်ဆိုပါတယ်
    http://www.barnyarbarnyartarraka.com
    ရွှေတိဂုံစေတီတော် ဂေါပက အချို့ဟာ ( အားလုံးမဟုတ်ပါ ) မိမိတို့ခိုးယူထားမိတဲ့
    စေတီတော်နှင့်သက်ဆိုင်သော ငွေသား ရွှေသားများကို တိတ်တစ်ဆိတ် ပြန်လည်ပေးအပ်ခဲ့ပါတယ်
    http://www.barnyarbarnyartarraka.com
    မြန်မာနိုင်ငံသား ဘီလီယံနာသူဌေးကြီး ဦးတေဇဟာ မိမိရဲ့ကျန်ရစ်နေတဲ့ ဘဝအချိန်များကို
    နိုင်ငံတော်တွက်ပေးဆပ်မယ်လို့ ဆုံးဖြတ်လိုက်ပြီး လက်တွေ့တစ်စိတ်တစ်ဒေသအနေနှင့်
    http://www.myanmargazette.net ရဲ့ ဆိုဒ်တည်ထောင်သူ ဦးခိုင်ကို
    ဒေါ်လာ တစ်သိန်းနှစ်သောင်းခြောက်ထောင်ကိုးရာ ပေးအပ်ခဲ့ပါတယ်
    ဒီလိုပေးအပ်ခြင်းဟာ ဒီဆိုဒ်ရဲ့ စာရေးဆရာ မန်ဘာများရဲ့ ပိုစ့်များ ကော်မန့်များကို ဖတ်ရှု့
    ကြိုက်နှစ်သက်လို့ ဖြစ်တယ်လို့ ဆိုပါတယ်
    http://www.barnyarbarnyartarraka.com

  • MaMa

    April 1, 2013 at 6:34 pm

    ရွာထဲမှာ သဂျီးတင်မက သမီးတော်လေးကိုပါ ထိပါးတိုက်ခိုက်နေတာမို့ သဂျီးပေးတဲ့ Rank က Titanium တော့ မဖြစ်နိုင်ဘူး။
    Aluminium ကို Titanium လို့ အမြင်မှားနေတာများလားးးးးးးးးးးးးးး :kwi:

  • ကိုမိုက်ကယ်ဂျော်နီအောင်ပု

    April 1, 2013 at 6:55 pm

    ဒီပိုစ့်နဲ့တော့မဆိုင်ဘူးဗျ
    တရုပ်နိုင်ငံ နယ်စပ်တွေမှာရောက်ရှိနေတဲ့ မြန်မာ့သစ်လုံး တန် သုံးသိန်းကျော်ကို
    ငွေချေပြီးသည်ဖြစ်စေ မပေးချေရသေးပြီဖြစ်စေ မြန်မာနိုင်ငံ သီလဝါဆိပ်ကမ်းအထိ
    ပြန်ပို့ပေးဘို့ တရုပ်နိုင်ငံသမ္မတအသစ်မှ နယ်စပ် သစ်ကုမ္ပဏီများကို အမိန့်ပေးခဲ့ပါတယ်
    မလိုက်နာသူများကို အရေးယူမယ်လို့လည်းဆိုပါတယ်။ အောက်က
    http://www.barnyarbarnyartarraka.com မှာပါ
    မြန်မာ့စစ်ဗိုလ်ချုပ်မှူးကြီးဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ယ္ခုအခါ ရဟန်းဘောင်မှာ
    ဝင်ရောက်သွားပြီး တရားအားထုတ်လျှက်ရှိရာ တရားထိုင်နေစဉ်တွင်
    ပြိုးပြိုးပျက်ပျက်အရောင်များထွက်လျှက်ရှိတယ်ဆိုပါတယ်
    http://www.barnyarbarnyartarraka.com
    ရွှေတိဂုံစေတီတော် ဂေါပက အချို့ဟာ ( အားလုံးမဟုတ်ပါ ) မိမိတို့ခိုးယူထားမိတဲ့
    စေတီတော်နှင့်သက်ဆိုင်သော ငွေသား ရွှေသားများကို တိတ်တစ်ဆိတ် ပြန်လည်ပေးအပ်ခဲ့ပါတယ်
    http://www.barnyarbarnyartarraka.com
    မြန်မာနိုင်ငံသား ဘီလီယံနာသူဌေးကြီး ဦးတေဇဟာ မိမိရဲ့ကျန်ရစ်နေတဲ့ ဘဝအချိန်များကို
    နိုင်ငံတော်တွက်ပေးဆပ်မယ်လို့ ဆုံးဖြတ်လိုက်ပြီး လက်တွေ့တစ်စိတ်တစ်ဒေသအနေနှင့်
    http://www.myanmargazette.net ရဲ့ ဆိုဒ်တည်ထောင်သူ ဦးခိုင်ကို
    ဒေါ်လာ တစ်သိန်းနှစ်သောင်းခြောက်ထောင်ကိုးရာ ပေးအပ်ခဲ့ပါတယ်
    ဒီလိုပေးအပ်ခြင်းဟာ ဒီဆိုဒ်ရဲ့ စာရေးဆရာ မန်ဘာများရဲ့ ပိုစ့်များ ကော်မန့်များကို ဖတ်ရှု့
    ကြိုက်နှစ်သက်လို့ ဖြစ်တယ်လို့ ဆိုပါတယ်
    http://www.barnyarbarnyartarraka.com

  • weiwei

    April 2, 2013 at 11:52 am

    ဦးကြောင်ကြီးပွိုင့်တစ်သိန်းဟာ ငွေကျပ်တစ်သိန်းနဲ့ မညီတဲ့ ဂဇက်ဥပဒေ ရှိပြီးသားလေ ..
    သူကြီးသမက်ဆိုပြီး ဥပဒေကို လက်တစ်လုံးခြားလုပ်လို့ ဘယ်ရမလဲ .. :kwi:

Leave a Reply