ရွာသူား အားလုံးကို နုုတ်ဆက်ခဲ့ပါသည် နှင့် သူကြီးသို့ အိတ်ဖွင့်ပေးစာ

ကထူးဆန္းApril 1, 20131min47829

မပြောချင်ပေမဲ့ ပြောရတော့မှာပေါ့
နုတ်မဆက်ချင်ပေမဲ့ နုုတ်ဆက်ရတော့မှာဘဲ ..
ဘာဖြစ်လို့ဆိုတာတော့လာမမေးနဲ့ ..
မေးလည်း မပြောဘူး . ဂဇက်နှင့် ခွဲတော့မည် ။

အားလုံးကို နုတ်ဆက်ခဲ့ပါသည်။

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXxx

သူကြီးကိုတော့ ပြောပြစရာ ရှိနေလို့ အိတ်ဖွင့် ပေးစာ အဖြစ်ဘဲ ပေးလိုက်ပါသည် .။

သိရသလောက်ပေါ့ ။

အနော်တို့ မြန်မာပြည်ကြီးက ကြော်ညာ အမြန်ဆုံး အင်တာနက် နုံး နဲ့ ပေးရတဲ့ လစဉ်ကြေး ၊ တပ်ဆင်ခကြေးတွေပါ ။

Yadarpone Teleport

1. ADSL … speed 1 M .. Monthly fee .. US-100 , Installation fee Ks .100000 , yearly fees . US60

2. Wimax … speed 512 K , Monthly fee .. US-130 , Installation fee US-920 , yearly fees . Ks 900000

3. Metro .. speed 8 M , Monthly fee .. US-2500 , Installation fee US-2560 ,

Red Link

Wimax … speed 2 M , Monthly fee .. US-90 , Installation fee 450000 , Yearly fees US 60

Sky net

Super coporate , speed 2 M , Monthly fee .. ks. 650000 , Installation fee Ks 1500000

Fortune (Fiber)

speed 2 M , Monthly fee .. ks.125000 , Installation fee Ks 560000 , Yearly fees .. US 60

အနော် ဖုန်းနဲ့ မေးပြိး သိရသလောက်ပါ ။

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

မှားတာ ရှိရင် ထောက်ပြကြပါနော် ။

Sky net က လွှင့်တဲ့TV က စကာင်္ပူ ။ ထိုင်းတွေ မှာ ကြည့်လို့ မရဘူးပြောပါတယ် ။

ခေါင်းစဉ်မြင်တော့ ဘာတွေ ကွီုင် ကုန်ပြီလဲ ထင်လိုက်တယ် မဟုတ်လား … မှန်မှန်ပြော ။…. :hee:
ဒီနေ့ ဧပြီ တစ်ရက်မှာ ရွာသူားတွေကို နုတ်ဆက်ပြီး မနက်ဖြန် ဧပြီ ၂ ရက်မှ ပြန်ဆုံမည်ပြောတာပါ …. :kwi: happy april fool

29 comments

  • kai

    April 1, 2013 at 2:07 pm

    အောင်မလေး.. ကျေးဇူးတင်လို့.. သေပါပြီဗျ..
    ယူအက်စ်မှာ.. အခုမှ ဧပြီ၁အရူးနေ့ ဝင်သွားသမို့.. သေလိုက်တာပါ.. :buu:

  • KZ

    April 1, 2013 at 2:10 pm

    ကထူးဆန်း လူဇိုးဂျီး။
    :harr:

    ဟုတ်တယ်။
    Sky Net က ဒီမှာမရဘူး။ 🙂

    • kai

      April 1, 2013 at 2:25 pm

      MRTV-4 ရောရလားဟင်.. သီဟပူရကျွန်းက.. ဘာမြန်မာချာနယ်တွေဖမ်းကြည့်လို့ရသလည်း ဆွိမမခင်ဗျ..
      ( သေနေရာက.. ဇုမ်ဘီအနေနဲ့ ခဏထလာပြီး.. မေးတာပါ..) :buu:

      • KZ

        April 1, 2013 at 2:30 pm

        MRTV-4 ကိုတော့ အွန်လိုင်းကပဲ ကြည့်ဖူးပါတယ်ဗျ။
        မကောင်းပါဘူး။ အ ထစ် အ ထစ် ပါရယ်။

        ကျန်တဲ့ မြန်မာလိုင်းကတော့ ဘာတွေမှ ကြည့်လို့ရဘူးမှတ်တာပဲ။
        Sky Net တုန်းက တော့ ရမလားလို့ မေးဖူးလို့ မရမှန်းသိတာ။

  • Novy

    April 1, 2013 at 2:20 pm

    ကိုထူးဆန်းရေ..
    ဒီစာကို မနိုမတ်တက်ရပ်လို့မရတဲ့ကြားထဲကမန်လိုက်တာပါ
    တော်သေးတာပေါ့ တကယ်ကြီးနုတ်ဆက်တာမဟုတ်လို့

  • amatmin

    April 1, 2013 at 2:21 pm

    ကိုယ်လည်း အခွင့်ကြုံတုန်း လိုက်ပြောမယ်ဆိုပီး..
    ကထူးဆန်း ခေါင်းစဉ်ကြောင့်ပြေးဝင်လာတာ
    မောသွားဒါပဲ အဖတ်တင်သဗျာ..
    အင်တာနက်ဈေးနှုန်းတွေ အတွက်ကျေးဇူးဗျ..
    မနေ့ကတင် သယ်ရင်းတယောက်မေးလို့ စုံစမ်းဖို့ လိုနေတာရယ်..
    ခုတော့ ကွက်တိ… :hee:

  • ခင်ခ

    April 1, 2013 at 2:31 pm

    ကထူးဆန်း ရေ ရွာကို ဘိုင်ဘိုင် ဆိုလို့ တကယ် ထူးဆန်းနေလို့ ဝင်ကာအပြေးဖတ်လိုက်တာ။
    ဟင် ဟုတ်လဲ ဟုတ်ဘဲ နဲ့။

  • ဖားသက်ပြင်း

    April 1, 2013 at 2:32 pm

    မိုက်တယ် မလိမ်ာဝူး

    :harr:

  • ဗုံ ဗုံ

    April 1, 2013 at 2:52 pm

    ဦးလေးကြီးကတော့ နောက်ထှာနော် တစ်ကယ်မှတ်လို့ ဝမ်းသာနေ.. အဲ ဝမ်းနည်းနေတာ :mrgreen:

  • Ma Ei

    April 1, 2013 at 2:58 pm

    ဒါဆိုလဲ မနက်ဖန်ပြန်ဆုံကြမယ်နော်…

  • kyeemite

    April 1, 2013 at 3:21 pm

    မထိတ်သာ မလန့်သာ ကထူးဆန်းရယ်..လူဇိုး :harr:

  • kai

    April 1, 2013 at 3:28 pm

    မေးစရာနောက်တခုပေါ်လို့ပါ..
    ယူအက်စ်မှာ.. ISP ဆီအင်တာနက်လိုင်းလျှောက်ရင်.. upload/download speedဆိုပြီးအမြဲပြောရပါတယ်..
    မြန်မာပြည်က.. ဘယ်လောက်လဲ.. စစ်ဆေးသိပါရစေခင်ဗျ..

    http://www.speedtest.net/
    မှာစစ်လို့ရပါတယ်.။

    ခုလောလောဆယ်.. အိမ်ကသုံးနေတဲ့.. ကျုပ်စပိဒ်က..

    • တိမ်မည်း

      April 1, 2013 at 4:38 pm

      သဂျီးရယ် စမ်းခိုင်းမနေပါနဲ ့… တခါတလေ အဲ့ပေ့လေးတောင် အဖြစ်ရှိအောင် တက်မလာဖူး….
      စမ်းဖို ့နေနေသာသာ…..

    • ဦးကြောင်ကြီး

      April 3, 2013 at 10:18 am

      စမ်းကြည့်တာ တခါနဲ့တခါ သိပ်တော့တူဗူးဗြ… ဒါပေသိ ပျမ်းမျှနှုန်းတော့ သိရမယ်ထင်အိ….။ လဆင်ဘီလ်မှာတော့ download 50M upload 25M ပြောသာပဲ.. လက်တွေ့တော့ :byae: ဘာပဲပြောပြော သဂျီးထက်တော့ သာဒယ်…။
      သဂျီးထက် သားမက် အမြန်နှုန်းသွက်
      အဟတ် အဟက် သမီးဒေါ်လေး အသက်…
      ဖလပ် ဖလပ် ပျံပြေးပီမှတ်… :harr:
      http://www.speedtest.net/result/2618891289.png

      • ဦးကြောင်ကြီး

        April 3, 2013 at 10:23 am

        တိန်ငါ့ကြတော့ ပုံတင်လို့ရဗူး.. သဂျီးဇုတ် ယောက္ခမတော်ဝူး.. သမီးဒေါ်လေး ခိုးပြေးမယ်..။
        Download16.53/mbs Upload 2.09/mbs Ping 32s Grade B- Faster than 62% of U.S.

  • weiwei

    April 1, 2013 at 3:31 pm

    တကယ်လန့်သွားတယ် … အိပ်ငိုက်နေတာတောင် ပြေသွားတယ် … :kwi:

  • koyinmaung

    April 1, 2013 at 3:33 pm

    ကထူးဆန်း နှုတ်ဆက်ပုံများ…
    ထူးဆန်းလိုက်ပါဘိ….လူဇိုးလေးရေ…..

  • ရွာသူ jujuma .

    April 1, 2013 at 3:58 pm

    ဖြစ်ရလေတယ်အေ ..

  • cobra

    April 1, 2013 at 5:10 pm

    နောက်နဲ့နော်……….
    သေချာပြီဆိုမှ ထွက်မှာနော်…။

  • အရီးခင်လတ်

    April 1, 2013 at 5:16 pm

    ကထူးဆန်း (အကျယ်ကြီး အော်သည်)

    ဧပြီ တစ်ရက် မှာ Google က April Fool အကြောင်းကို ပြောမလို့ ဝင်လာပါရက် နဲ့ ဒီခေါင်းစဉ် ကို သတိလက်လွတ် ယုံလိုက်မိသေးတယ်။
    တောက်(စ်) (စီဒီ တူ ဂဂ) 👿

    Google ကလဲ Google Nose တဲ့ ဗျို့။ (Smelling is believing.)
    Google NoseBETA leverages new and existing technologies to offer the sharpest olfactory experience available:
    Street Sense vehicles have inhaled and indexed millions of atmospheric miles.
    Android Ambient Odor Detection collects smells via the world’s most sensible mobile operating system.
    SMELLCD™ 1.8+ high-resolution compatible for precise and controlled odors.
    အနံ့ခံ ကားနဲ့ အနံ့တွေ စုပြီး ကိုယ့် မိုဘိုင်းဖုန်း ကနေ အဲဒီ အနံ့တွေကိုခံ ရမယ်။
    http://www.google.com/intl/en/landing/nose/

    youtube ကလဲ Good Bye လုပ်နေသတဲ့။ ပြီးတော့ youtube ရဲ့ နောက်ဆုံး Best Video ရွေးနေဆိုဘဲ။
    “Charlie Bit My Finger – Again!” က လက်ရှိ အကောင်းဆုံး ရနေ။
    http://www.youtube.com/watch?v=_OBlgSz8sSM

    Twitter ကလဲ တစ်လ ၅ပေါင်ပေးမှ a,e,i,o,u vowel တွေ ကို type လုပ်လို့ ရမတဲ့။
    Vergin ကတော့ သူ့လေယာဉ်တွေမှာ Glass Floor ထားပြီး လူတွေ အောက် ကိုငုံ့ကြည့်လို့ ရအောင် စီစဉ်ပေးမတဲ့။
    http://www.mirror.co.uk/news/uk-news/virgin-launch-new-jet-see-through-1795500

    ဂဇက် ကတော့ ဒီနေ့ ရွာထဲ ဝင်လာသူတိုင်း ကို ပွိုင့် တစ်သိန်း ဆိုလား။
    ကြားတာဘဲ။

    :kwi:

  • ဦးဦးပါလေရာ

    April 1, 2013 at 5:28 pm

    Yadarpone Teleport ရဲ့ Wimax … speed 512 K က နှစ်စဉ်ကြေး ၉၀၀၀ဝ -လို့ထင်ပါကြောင်း

  • MaMa

    April 1, 2013 at 6:13 pm

    ရွာနဲ့ ၂ရက်လောက် ဝေးနေတာ….
    အခုဝင်လိုက်တဲ့ အချိန်မှာ ခေါင်းစဉ်တွေလိုက်ကြည့်ရင်း…
    ကထူးဆန်း ပိုစ့်ကိုမြင်တော့ ဘာတွေများဖြစ်လို့ပါလိမ့်ဆိုပြီး အတော်အံ့ဩသွားတယ်။

    April fool မှာ ငါ့ကိုတော့ ဘယ်သူမှ အရူးလုပ်လို့ မရဘူးလို့ ကိုယ့်ကိုကိုယ်အထင်ကြီးနေတာတောင် ပျက်သွားပြီ။
    အလျှော်ပြန်ပေးပါ။ :kwi:

    အမှန်ဆို မနက်ဖြန်လောက်မှ ဖော်လိုက်ရင် ကွန်မန့်တွေ ၂ဆ ၃ဆ တက်လာရင် သဂျီးဆီက ဘော်ချက်ပြီးသား ဖြစ်သွားမှာ။ :harr:

  • နေဝန်းနီ

    April 1, 2013 at 7:41 pm

    မစိမ်းသဘင်ကြီးရယ်….။ အော်အော် ကထူးဆန်း ကထူးဆန်း ဒါလေးနဲ့ သူများတွေကို အေပရယ်ဖူးလ် လုပ်သတဲ့လား ရယ်လည်းမရယ်ရဘူး :harr:

  • GaviaGirl

    April 1, 2013 at 9:39 pm

    အဟဲ… အဲ့ဒါတွေသိလို့..တစ်နေ့လုံး ဖွဘုတ်လည်းမတက်..ရွာထဲလည်းမဝင်…
    မနက်မိုးလင်းပါပြီဆိုကတည်းက April Fool လုပ်ခံထားရလို့ မှတ်သွားတာ… ဒီနေ့တစ်နေ့လုံး ဘူပြောတာမှ မယုံဝူး.. ဒါဗျဲ… ဟိဟိ..

  • ဟက်လူဂျီးး

    ဧပြီ ၂ ရက် ပြန်ဆုံမယ် ပြောပြီး
    ခုထိ ရောက်မလာဘူး
    နာဂျင်ဘီထင်ဒယ် … ဟီးးး :mrgreen:
    ဂံဒေါ့နော် .. ဥထူးဆန်းဂျီး

  • myanmar oscar

    April 2, 2013 at 2:48 pm

    အကျိုးမရှိ အကျိုးရှာ၊စာရေးသူတွေအတော်များ မန်းဂေဇတ်ကလူတွေများ
    ကောင်းရာကောင်းကျိုး ကိုယ်ကျိုးမဖတ်တဲ့ ဗဟုသုတစာပေ၊ရသတွေ၊
    ပြုုပြင်ရေးတွေ မရေးကြဘူးလား သူကြီးကဘာလုပ်နေလဲ

  • uncle gyi

    April 2, 2013 at 10:47 pm

    သိနေတယ်လေ
    သိသိကြီးနဲ့ဝင်မနှုတ်ဆက်ရကောင်းလားဖြစ်မှာစိုးလို့
    ကဲ တာ့တာ့

Leave a Reply