သက်ဆိုင်သူ သို့

nay khinApril 1, 20131min694

အကို …..ရေ

သင်္ကြန်ရောက်တော့မယ် နှစ်သစ်မှာ အကိုတစ်ယောက်ကျန်းမာပါစေ…ချမ်းသာပါစေ

အိမ်ထောင်ရှင်မကောင်းတစ်ယောက်နဲ့    ဆုံဆည်းပါစေလို့   ရင်ထဲကနေ အကို မသိပဲဆုတောင်းပေးနေခဲ့တယ်…

အကိုတို့ ချစ်သူ နှစ်ယောက်ဒီသင်္ကြန်မှာပဲ စွန့်လွတ်ခဲ့ရတယ် အကိုရဲ့   စိတ်နေစိတ်ထားလေးက သိပ်ကိုဖြူစင်ပါတယ်

အကို့ ရဲ့    ချစ်သူက တစ်ခြားတစ်ယောက်နဲ့  မင်္ဂလာဆောင်တော့မယ် သတိုးသားလောင်းစီးဖို့  ရထားလက်မှတ်ဝယ်ဖို့ အတွက်

အကို့ မှတ်ပုံတင်ငှားပေးခဲ့တယ်…

အစအနောက်သန်မှုလေး တစ်ခုကြောင့် နားလည်မှုတွေလွှဲသွားတဲ့ ချစ်သူတွေအများစုဟာ ရင်ကွဲပက်လက် လမ်းဆုံကိုရောက်သွားခဲ့ကြပါတယ်

တစ်ဦးနဲ့တစ်ဦး နားလည်မှုလေးတွေနဲ့ နှစ်သစ်မှာ တစ်သက်လုံးမခွဲရအောင် ရွှေလက်မြဲစေခြင်ပါတယ်

ချစ်ခင်တဲ့ ချစ်သူစုံတွဲတွေအားလုံးအတွက် ရည်ရွယ်ပြီး တင်ပြပေးပါတယ်။

( ၁၅.၉.၁၉၈၃ ) နေ့ ဟာ အကို့ မွေးနေ့လေးပါ။ အကိုမေ့နေမှာစိုးလို့ ကြိုပြောပြထားတာပါ။

စိတ်ထားဖြူစင်တဲ့ အကိုတစ်ယောက် မွေးနေ့မှာလဲ ပျော်ရွှင်ပါစေ…

ရင်ဘတ်အငှားဖြင့် ခံစားဖော်ပြပေးပါသည်။

4 comments

  • ခင်ခ

    April 1, 2013 at 2:53 pm

    ရင်ဘတ်အဌားဖြင့် ခံစားဖော်ပြပေးတဲ့ ပိုစ့်ကို
    အဌားမဟုတ်သော မျက်လုံးဖြင့် အကျွန်ုပ် ဖတ်ပြီးပါကြောင်း။

  • ဗုံ ဗုံ

    April 1, 2013 at 3:11 pm

    အော် ဘယ်လိုပါလိမ့်ကွယ် … အစအဆုံးသိချင်ပါဘိတော့ နေခင်ရယ် :mrgreen:

  • အရီးခင်လတ်

    April 1, 2013 at 8:39 pm

    ချစ်တိုင်းလဲမညား ဇာတ်လမ်းတွေ အများကြီးမို့ နေခင့် အစ်ကို လဲ နောက်ထပ် ချစ်တဲ့သူ တစ်ယောက်ထပ်တွေ့ဦးမှာပါ။
    မွေးနေ့ဆုတောင်းအတွက် နဲနဲ စောနေသေးသလားလို့။
    ၉လပိုင်းမှာ ထပ်ပြီး တင်လိုက်နော်။ 😛

  • “နားလည်မှု” ….
    “နားလည်မှု” …….
    “နားလည်မှု” ………..
    ဒါ အချစ်တစ်ခုမှာ အရေးအကြီးဆုံးပါပဲ …
    {သိဒလို တတ်ဒလို ခပ်တည်တည် ဖောလိုက်အုံးမှ} :mrgreen:

    အောက်က စာတွေကို မဖတ်ခင် …
    အကို … ရေ …… ဆိုဒဲ့ စကားလုံးလေးကို မြင်လိုက်ရတဲ့အခိုက် …
    ငါ့ကိုများ ခေါ်နေသလား ဆိုတဲ့ အတွေးတွေနဲ့
    ရင်ထဲ ဒိန်းကနဲ ဖြစ်သွားမိတယ် ခင်ရယ် …
    တကယ်ပါပဲကွယ် … :mrgreen:

Leave a Reply