လူ နွား မြက်

naywoon niApril 1, 20131min1289

ဟော့ဒိ ကမ္ဘာဟာ
သူ့အတိုင်းအဆနဲ့သူမို့
လူ နွား မြက် (လူ တိရိစ္ဆာန် အပင်)
သူ့အချက်နဲ့သူငင်
သဘာဝ တရားနဲ့သုတ်သင်
သဟဇာတ ဖြစ်စေဖို့ ဖန်တီးနေလေ့ရှိတယ် …….။
လူ တစ်မျိုးထဲမျိုးပွား
အတိုးပဲရှိ အလျော့မရှိရင်
ဟော့ဒိမြေပေါ်မှာ လူတွေချည့်ပြည့်နှက်
ဘာတွေဆက်လုပ်ကြလိမ့်မလဲ
ပုရွက်ဆိတ်အုံကြီးကြီးနဲ့သာတူနေလိမ့်မယ်…..။
ချစ်စရာမုန်းစရာ လွမ်းစရာဆွေးစရာ
ဘာစရာမှ မရှိ လူတွေချည့် လှုပ်လှုပ်ရွရွ
ပုပု ကွကွ လှုပ်ရှား
ဘာတွေများထူထောင်နိုင်လိမ့်မလဲလေ……။
နွားဆိုတာလဲ ဒီလိုပဲ
သူတို့ကိုသာဒီအတိုင်း သတ်ဖြတ်မစားသောက်ပဲ
ထားကြည့်မလား
နေရာတစ်ကာ မြင်မြင်ရာမှာ
နွားတွေနွားတွေ
သူတို့တွေ ရှောင်နေရတာနဲ့ပဲ
လူသားတွေ ဘာအလုပ်ဖြစ်လာလိမ့်မလဲ …။
မြက်ပင်တွေလည်း ဒီလိုပဲ
မရှင်လင်းပဲ မရိတ်သင်ပဲ
သူ့သဘာဝအတိုင်းထားကြည့်
ကိုယ်တွေကော မြက်တောထဲမှာနေနိုင်မှာတဲ့လား
မြက်တောထဲမှာ နွားတွေရှောင်
အတော်ခက်အောင်လုပ်နဲ့နော်
အဲဒိတော့လည်း …..
သဘာဝ တရားက
မြက်တွေကို နွားတွေကစားစေ
နွားတွေကိုလူက စားစေ
လူတွေကျပြန်တော့
လူတွေအချင်းချင်း သတ်ဖြတ်ပစေတဲ့
ဒါမှ လူနွားမြက် ဂေဟ စနစ်နဲ့
ကမ္ဘာမြေ သက်တမ်းပြည့် နေနိုင်လိမ့်မယ်….။

နေဝန်းနီ

9 comments

  • အရီးခင်လတ်

    April 1, 2013 at 8:33 pm

    ဟိုဘက် နွား Post မှာ
    ဦးဇင်းကြောင် က လူဆိုတာ ဆုံလည်နွား လိုဘဲ သံသရာက မလွတ်သ၍ ဖြစ်ချင်တာဖြစ်မတဲ့။ လို့ ဟောထားတယ်။
    လူကလဲ နွားဖြစ်နိုင်တဲ့ သဘောပေါ့။
    နွားကတော့ မြက် မဖြစ်နိုင်ဘူး မဟုတ်လား။ 🙄

    😛

    • kai

      April 2, 2013 at 2:53 am

      နွားအီအီးကတော့.. မြက်ဖြစ်နိုင်တယ်..အရီးတော်ရဲ့.. :kwi:
      နွားစားထားတဲ့.. မြက်သီးတွေက.. မြေပေါ်ကျရင်.. မြက်ပြန်ပေါက်တယ်လေ..

      ဆိုတော့…
      တကယ်တန်း အနုစိတ်ခွဲရင်.. သက်ရှိ..သက်မဲ့.. အရာဝတ္တုတွေက.. ကယ်မစ်ကယ်ကွန်ပေါင်းအစုအဝေးတွေပါ..
      ဟိုလူထဲ…ဟိုသတ္တဝါထဲ..ဟိုအရာဝတ္တုထဲ..နည်းနည်းဆီမျှပါပြီး ..ဂေဟစနစ်လည်တာမို့.. ဘဝသံသရာလို့.. ရှေးက.. သိပ္ပံနားမလည်ခင်.. ပြောခဲ့ကြတာဖြစ်မယ်..။ :harr:

  • ဒီလူဂျီးး
    အကုသိုလ် အတုံးအခဲဂျီးဘဲ … :mrgreen:
    အောင်မာ ဒါတောင် ပေါလိုက်သေးတယ်
    မျှတအောင်လို့ဒဲ့ …

    နောက်တာပါဗျာ ..
    ဘာမန့်ရမှန်း မသိတာနဲ့ …
    မန့်ချင်လွန်းတာနဲ့ ..
    အင်းးး အဲ .. ဘိုကြောရမဲ …
    ဂလိုဘဲ မန့်ခဲ့ဒယ်ပေါ့ဂျာ ….
    မကျေနပ်ရင်လည်း မျှတသွားအောင် ကျုပ်ကို လာသတ်လှည့်ဗျာ …
    စိတ်ဆိုးဒတ်ဝူးးး ဟီးးး :mrgreen:

  • kthwinzayarmyo

    April 2, 2013 at 1:00 pm

    သဘာဝ မျှခြေ
    စွမ်းအင်တည်ဲမြဲ မှု နိယာမသဘော တွေ အရပေါ့
    လူတွေ များလာတော့ မြက်တွေ။ နွားတွေ များလာအောင်
    အထွက်တိုးအောင် ကြိုးစားကြတာပေါ့…..
    မရတော့ဘူးဆိုတော့ …. ကိုယ် အတတ်နိုင်ဆုံး မပါအောင်(သတ်ဖြတ်ကြထဲ) ကြိုးစားကြတာပေါ့

  • ဦးကြောင်ကြီး

    April 3, 2013 at 10:51 am

    လူနွားမြက်
    အူပါးလှပ်
    ထူသားဝက်
    သူစားတတ်
    ရှုဝါးနှပ်
    ဖြူဓါးဆက်
    ဂူနားကပ်
    မူအားဖက်..။

  • နေဝန်းနီ

    April 4, 2013 at 8:27 pm

    ဟိုတစ်ဘက်မှာ နွားကို ဇာတ်လိုက်ထားပြီးငြင်းခုံနေကြတာတွေ့လို့ ကြားထဲက ကိုယ်တွေးမိတာလေးချရေးလိုက်မိတာပါ….။ သံသရာ လည်တယ်ဆိုတာကို ထည့်ပြောကြမယ်ဆိုရင်တော့ သူ့စကားလုံးလိုပဲ ဆုံးမှာမဟုတ်ပေးဘူး …..။
    သူကြီးပြောသလို နွားတဲ့မြက်သီး ဆိုတာထက် နွားက အပင်စုံစားရတာဆိုတော့ အသီး(အစေ့)လည်းစုံပါတယ်…။ အဘမြန်မာပြည်အလယ်ပိုင်းမှာ မိုးခေါင်နေတော့ နွားစာက သီးသန့် မကျွေးနိုင်ကြရှာပါဘူး …..။ ကုက္ကိုရွက်တောင် ခုတ်ကျွေးကြရတာဆိုတော့ နွားအီးအီးက မြက်တင်မဟုတ် ကုက္ကိုပင်တောင်ပေါက်လာနိုင်သေးတယ်….။
    @ အံဇာရေ အကြောင်းမရှိပဲနဲ့တော့ လာသတ်လို့မရပါဘူးကွာ …။ လူလူချင်းပဲဖြစ်ဖြစ် လူက တိရိစ္ဆာန်ကိုပဲဖြစ်ဖြစ် တိရစ္ဆာန်က လူကိုပဲဖြစ်ဖြစ် တိရစ္ဆာန် အချင်းချင်းပဲဖြစ်ဖြစ် အကြောင်းညီညွတ်မှ သတ်လို့ရတာပါ….။ ဘယ်လောက်ပဲ ဘာသာတရားကိုင်းရှိုင်းတဲ့ ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ဘုရားဆောင်ပေါ်မှာ ပင့်ကူအိမ်လာဖွဲ့ရင် ဖယ်ရှားပစ်ကြတာပဲ….။ သူ့အိမ်ယာ ဖျက်စီးမိပါလားလို့ တွေးမိတဲ့သူရှားပါတယ်…။ အဲဒိလို ပင့်ကူအိမ်ကိုဖယ်ရှင်းရင်းနဲ့ ပင့်ကူလေးလည်းသေသွားနိုင်တာပဲ…။ အဲဒါကို ဘုရားကိုကြည်ညိုဖို့ သပ္ပယ်အောင် ရှင်းတယ် ဒေါသစိတ်မပါဘူး ဘာညာ ဘာညာ သာရကာ လျှောက်ပြောနေလည်း သူ့တစ်ပါးအိမ်ယာဖျက်စီးတာပါပဲ…။ အကောင်လေးသေသွားရင် သူ့အသက်သတ်တာပါပဲ…။ ဒီလိုပဲ မြွေကဖားကိုစားတယ် သူ့အစာအတွက် လူက မြွေကိုသတ်တယ် စားချင်မှလည်းစားမယ် အန္တာရာယ်ဖြစ်မှာမို့ အဆိပ်ရှိတဲ့သတ္တဝါ ကိုက်ရင်ဘာဖြစ်တယ်ညာဖြစ်တယ်အကြောင်းပြလို့သတ်တယ်…။ နွားသားစားနေကျမို့ ထပ်စားချင်လို့သတ်တယ်လေ…။ ဘာမှမဖြစ်ပါဘူး …။ ဒါလေးကိုလည်းပြောချင်လို့ပါ….။ ဒို့ဗမာစကားရှိတယ်မဟုတ်လား အရူးအမဲသားကျွေးသလိုဆိုတာ ….။ နွားမြင်တိုင်းလက်ညိုးထိုးပြတယ်ဆိုတာ ….။ အဲဒိစကားအသွားအလာကောက်ကြည့်လိုက်ရင်း ရှေးဗမာကြီးတွေမှာ အမဲသားစားတာကိုအားပေးတယ်ဆိုတာသိနိုင်ပါတယ်နော် …..။
    kthwinzayarmyo ရေ ခုနှစ်တွေမှာ တို့မြန်မာပြည်က အသက်ကြီးတဲ့သူရာနှုန်းနဲနေသေးလို့ရယ် အသက်ကြီးတဲ့သူရာနှုန်းများလာရင်တော့ နို့စားနွားတွေများမှကိုက်မယ်နဲ့တူရဲ့ ….။ ဘာတဲ့ 40 ပြည့်ရင် အမိနို့သက်ကုန်တယ်ဆိုတာ ….။ ဒါကြောင့် 40 မှ ဘဝ စတယ်လို့ပြောတာထင်ရဲ့….။
    ကိုကြောင်ကြီးရေ…..။ ကျနော်ကတော့ အမဲသားထက် ဝက်သားကိုပိုကြိုက်ပါတယ်….။ ချက်ရလွယ်သလို စားတော့လည်းသွားကြားမညှပ်ဘူး ….။ သိပ်လည်းအားစိုက်ပြီးဝါးစရာမလိုဘူးလေ…..။ ကျနော့် အထင်က အမဲသားက ပိုပြီးအနံ့ပြင်းတယ်ထင်ရဲ့….။ အမဲစားစားပြီးရင် ပါးစပ်ထဲကအနံ့ကတော်တော်နဲ့မပျောက်ဖူးဗျ….။ ရှောင်တာမဟုတ်ပေမဲ့ အမဲသားတော့စားခဲပါတယ်…။ ဘာမှစားစရာမရှိတော့လည်း ကြိတ်ဝါးရတာပေါ့ဗျာ ဟုတ်ဘူးလား ….။

  • မောင် ပေ

    April 4, 2013 at 8:37 pm

    လူရယ်
    နွားရယ်
    မြက်ရယ်
    လနမ
    ဆိုတော့က
    အိမ်း
    နက်ဖန်
    ၄ ရယ် ရ ရယ် ၅ ရယ်
    အဲ့သုံးလုံးခွေသာထိုးပေတော့မောင်။

  • ခင်ခ

    April 4, 2013 at 11:49 pm

    လူ နွား မြက် ပိုစ့်ဆိုတော့ အဲဒီသုံခုလုံးပါအောင် မန်မယ်ဗျာ။
    နွားက မြက်စားပြီး အားရှိတယ်။
    လူက မြက်စားတဲ့ အမဲသား(နွား၏အသား)စားပြီး အားရှိတယ်။
    ဒါပေမယ့် လူက မြက်ကို တိုက်ရိုက်စားရင် ဘာမှမဖြစ်ဘူးဗျ။
    သူနေရာနဲ့သူ ဖြစ်တည်နေခြင်းက အကျိုးရှိပေ၏ပေါ့လေ။

  • Alinsett @ Maung Thura

    May 7, 2015 at 3:27 pm

    .အခု…. ဂေဟစနစ်ကြီး နေမကောင်းဘူး…တဲ့…
    .ဆေမှားကြီး မိခဲ့တာ ဆိုပါတော့…

    :k:

Leave a Reply