အရောင်ရင့်မှတ်တမ်း ( ဧပြီ ၂၀၁၃)

kaiApril 2, 20133min48644

 

******************************************************
BURMA RELATED NEWS – APRIL 01, 2013
******************************************************
AP – AP is 1st international news agency to open bureau as Myanmar eases ban
AP – Privately owned daily newspapers return to Myanmar, challenging state monopoly
AP – Myanmar police say 13 children die in electrical fire at mosque
Reuters – Private dailies re-emerge in Myanmar, face difficulties
Reuters – Muslims vanish as Buddhist attacks approach Myanmar’s biggest city
AFP – Religious ‘radicals’ driving Myanmar unrest: experts
AFP – Myanmar rebukes UN over religious violence claim
UPI – Myanmar destruction troubles rights group
UPI – Human rights group seeks Myanmar inquiry
Bernama – Myanmar’s Leadership As Asean Chair In 2014 Critical To Success Of AEC
Bernama – Malaysia Monitoring Situation In Myanmar
Bangkok Post – Myanmar under the microscope
The Nation – Myanmar sets up emergency committee to handle sectarian violence
Aljazeera – Thousands displaced by Myanmar dam
CP/AP – Asia expert confirmed as first Canadian ambassador to live in Myanmar
Tech in Asia – KT Care Fights to Improve Computer Literacy in Myanmar
China.org.cn – Singapore president on state visit to Myanmar
China Daily – 4 private dailies now in Myanmar
The Korea Herald – ‘Time is now’ for investment in Myanmar: chamber chief
The Irrawaddy – Anti-Muslim Violence Finally Subsides in Central Burma
The Irrawaddy – Thai Authorities Restrict Aid Deliveries to Devastated Refugee Camp
The Irrawaddy – 882 Homes Torched in Meikhtila, Satellite Images Show
Mizzima News – Who can stem the tide of Buddhist supremacy in Myanmar?
Mizzima News – Security expert warns of pipeline explosion
Mizzima News – No hard sell on Myanmar timber
DVB News – Arakan probe delays publication of anticipated report
DVB News – Police failed to stop killing, arson: HRW
******************************************************

“အခုအချိန်က ပြုပြင်ပြောင်းလဲမှု လုပ်နေတဲ့အတွက် အရင်ကထက် အလုပ်ကို ၁ဝ ဆလောက် ပိုလုပ်နေရတယ်။ တစ်သက်လုံး မလုပ်လာတာတွေကို ပြန်လုပ်နေရတာ။ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့ ဌာနတွေဆို ပိုဆိုးတယ်။ တပ်ကအရာရှိတွေ အစားထိုး ဝင်ရောက်လာရင် အစကနေ ပြန်သင်ပေးရတယ်။ အလုပ်မတွင်ဘူး။ ပြန်ရှင်းပြလို့လည်း မရဘူး။ ဥပဒေနဲ့ ပတ်သက်တဲ့ ဌာနတွေဆို ပိုဆိုးတယ်။ အချိန် အရမ်းယူရတယ်။ အရပ်ဖက် ဝန်ထမ်းထဲက ထူးချွန်တဲ့သူတွေကိုပဲ ရာထူးတိုးပေးသင့်တယ်။ ဒါမှ အများပြည်သူနဲ့ ဆက်ဆံရတဲ့အခါမှာ ရုံးလုပ်ငန်းတွေ မြန်ဆန်မှာ ဖြစ်သလို ပြောင်းလဲမှုတွေ ပြုလုပ်တဲ့အခါ အချိန်ယူစရာ မလိုတော့ဘူး” ဟု နေပြည်တော်ရှိ ဝန်ကြီးဌာနတစ်ခုတွင် တာဝန်ထမ်းဆောင်နေသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် တစ်ဦးက ပြောပြခဲ့သည်။

“ဒီတစ်ခါ အပြောင်းအလဲ လုပ်တာက လုပ်ငန်းအောင်မြင်တာ၊ မအောင်မြင်တာနဲ့ သိပ်မဆိုင်ဘူးလို့ ထင်တယ်။ တချို့ လုပ်ငန်းအောင်မြင်တဲ့သူတွေ အပြောင်းခံရတဲ့အထဲပါပြီး လာဘ်ပေးလာဘ်ယူများတယ်လို့ အများထင်မြင်သူတွေတော့ ဘာမှမဖြစ်ဘူး။ ကျွန်တော့်အမြင် ပြောရရင် သမ္မတရုံးရဲ့ ဗဟိုချုပ်ကိုင်မှုကို ပိုပီပြင်အောင် လုပ်တယ်လို့ ယူဆပါတယ်။ ဗဟိုဦးစီးစနစ်နဲ့ ဗျူရိုကရေစီ ယန္တရားကို ပိုမိုပီပြင်အောင် လုပ်လိုက်တဲ့သဘော ဖြစ်နေတယ်။ သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့တွေ၊ ဝန်ကြီးဌာနတွေမှာ လုပ်ပိုင်ခွင့် ထင်သလောက် မရဘဲ အရင်အစိုးရရဲ့ အုပ်ချုပ်မှုပုံစံနဲ့ ဘာမှမကွာဘူး ဖြစ်နေတယ်။ အရေးကြီးတဲ့ ပညာရေးဝန်ကြီးဌာနမှာပဲ လူသစ်တွေ ထည့်လိုက်တာက အနာဂတ် ပညာရေးအတွက် ရင်လေးစရာပါ။ အရင်က အစိုးရသမ္မတရုံး ညွှန်ချုပ်တွေကိုလည်း အဲဒီကိုပဲ ရွှေ့ခဲ့တာ။ အခုလည်း စစစ ဒု-ချုပ်ကို ယဉ်ကျေးမှုကို ရွှေ့တယ်လို့ သိရတယ်။ ဘာမှ ဆက်စပ်မှု မရှိတဲ့နေရာ၊ မဆိုင်တဲ့နေရာတွေကို ပို့တာဟာ mismanagement ပါပဲ။ သမ္မတကတော့ လုပ်ငန်းအားလုံး ပွင့်လင်းမြင်သာမှု ရှိရမယ်လို့ ပြောတယ်။ ဒါပေမယ့် ဆက်သွယ်ရေးဝန်ကြီး ထုတ်ပယ်မှုကအစ ပွင့်လင်းမြင်သာမှု မရှိဘူး။ ကျွန်တော် နားလည်သလောက်တော့ ညွှန်ချုပ်နဲ့ ညွှန်ကြားရေးမှူး level မှာ အရည်အသွေးနဲ့ အရည်အချင်းက သိပ်မကွာဘူး။ အစိုးရရဲ့ အဓိကပြဿနာက အရင်အစိုးရလိုပဲ ဗဟိုချုပ်ကိုင်မှု များလွန်းတဲ့အတွက် အစိုးရရဲ့ ယန္တရားက မသွက်လက်ဘူး ဖြစ်နေတာပါ။ ဒီအပြောင်းအလဲဟာ ဘယ် Criteria ပေါ်မှာ ဆုံးဖြတ်သလဲဆိုတာ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် ဝန်ထမ်းလောကမှာတော့ အကြောက်တရား လွှမ်းမိုးသွားပြီ” ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားသည်။

 

Credit: http://www.first-11.com/

44 comments

  • ဦးဦးပါလေရာ

    April 2, 2013 at 9:15 am

    အရင်တက်နှင့်တာကို အရင်မန့်ရရင်-
    အခု လူပြောင်းတာတွေက ပြစ်ချက်ကြောင့်မဟုတ်ပဲ
    စကား နားမထောင်လို့ လို့ ထင်တာပဲ…။
    အင်း… တကယ်တော့ စကားနားမထောင်တာလဲ ပြစ်ချက်ကြီးတစ်ခုပဲ။
    အခုဟာက အမှားအမှန်ဆိုတာထက်
    အလုပ်ဆက်လုပ်လို့ ရမရ ဆိုတာလဲ ရှိပါသေးတယ်။
    နောင် ဆယ့်ရှစ်လလောက်အတွင်းအလုပ်ဆက်လုပ်လို့ရတဲ့လူတွေနဲ့ လုပ်စရာတွေ တစ်ပုံကြီးရှိသေးတယ်။
    အခု မြန်မာ့ တိုးတက်ပြောင်းလဲမှု့က အီ နေသလိုဖြစ်နေပြီ။

  • လူကြီးတွေ အတည်ပြောနေတဲ့နေရာ
    ကန့်လန့် ကန့်လန့်နဲ့ ပါလိုက်အုံးမယ် .. ဟီးဟီး … :mrgreen:

    ပါဂျင်ဒဲ့ အကြောင်းကတော့ အီးအီး ဟုတ်ဘူး ..
    အရောင်ရင့် မှတ်တမ်းဆိုလို့ …
    လူငယ်ပီပီ နှလုံးသားရဲ့ အရောင်ရင့် ပုံကို မှတ်တမ်းတင်ခွင့်ပုဘာ …

    အဟမ်းးး ဟမ်းးး
    ဒီလရဲ့ အဖွင့်အစမှာ ရာသီဥတု သာယာသလိုလို ရှိပေမယ့်
    တကယ်တမ်းကျတော့လည်း မုန်တိုင်းက မုန်တိုင်းပါပဲ …
    နောက်ဆုံး မထူးတော့တဲ့ စိတ်တွေနဲ့ပဲ
    ဖြစ်ချင်ရာ ဖြစ်
    လောကကြီးကို ဒီလအတွက် ပြောင်ချော်ချော်နဲ့ အရွှဲ့တိုက်လိုက်ဦးမယ်
    နေနှင့်ဦးပေါ့ ဒီလ လောကဂျီးရယ် … ဟဲဟဲဟဲ … :mrgreen:

  • weiwei

    April 2, 2013 at 11:45 am

    တခြားနေရာတွေတော့ မသိပေမယ့် ကျွန်မအလုပ်လုပ်တဲ့နေရာမှာတော့ လုံးဝ (လုံးဝ) တိုးတက်ပြောင်းလဲမှု မရှိပါဘူး … အဆိုးဘက်ကိုတောင် ပိုပြီး ဦးတည်နေတာ တွေ့ရတယ် …

  • ကိုရင်စည်သူ

    April 2, 2013 at 4:29 pm

    Positive & Negative

    ကျနော် ဒီစာလေးရေးရတာက အကြောင်းရှိပါတယ်။ကျနော်တို ့အလုပ်နဲ ့
    ပတ်သက်ပြီး နောင်တော်တွေရဲ ့ရင်ဖွင့်သံတွေကျယ်လောင်လာတော့
    ကိုယ်ချင်းစာပြီးရေးဖြစ်ပါတယ်။

    ရင်ဖွင့်သံတွေကတော့ ထုံးစံအတိုင်း အလုပ်နဲ ့ပတ်သက်တဲ့အဆင်မပြေမှု
    တွေ..မိဝေးဖဝေး ဇနီးမယားကိုခွဲ..မိသားစုကိုပစ်ရတော့ အိမ်လွမ်းဒဏ်တွေ
    ပါပဲ..

    အဲ..ကျနော်နဲ ့အပတ်စဉ်တူတူ သူငယ်ချင်းကျတော့ ကံကောင်းတယ်ပြောရ
    မလားပဲ..သူ ငယ်ငယ်တဲက ကြိုက်ခဲ့.Proposeလုပ်ခဲ့တဲ့ ကောင်မလေးက
    Singapore မှာကျောင်းတက်နေတယ်..သူ ့သဘောင်္ကလဲ Singapore ကို
    အမြဲတမ်းကပ်တယ်..အဲတော့ အမြဲလိုလိုတွေ ့ဖြစ်ပြီး နောက်ဆုံးအဆင်ပြေ
    သွားကြတယ်။

    ကျနော်ဆိုလိုချင်တာက ဘယ်အလုပ်ပဲဖြစ်ဖြစ် အကောင်းအဆိုးဒွန်တွဲနေတာ
    ပါ။Point of view ချင်း မတူလို ့ ဝါဒချင်းကွဲနေတယ်လို ့ပဲထင်ပါတယ်။
    ကိုယ့်အလုပ်ကို အမြဲမကောင်းမြင်နေရင်တော့ စိတ်ညစ်နေရမှာပဲ။
    ကျနော်တို ့အလုပ်က မိဘ၊ဇနီးမယား၊မိသားစုခွဲပြီးလုပ်ရတယ်။မှန်တယ်။
    ဒါသည်..Negative။ တဖက်ကကြည့်ရင် ကျနော်တို ့ပင်ပင်ပန်းပန်းလုပ်လို ့ရ
    တဲ့ ဝင်ငွေသည် ဖြူစင်သည်..

    သစ်ခိုးထုတ်လို ့ရတဲ့ငွေ..ဘိလပ်မြေ၊သံ ရောင်းလို ့ရတဲ့ငွေ..လက်ဘက်ရည်
    ဖိုးတောင်းလို ့ရတဲ့ငွေ မဟုတ်ဘူး။ကိုယ့်လုပ်အား..ကိုယ့်ပညာနဲ ့ကိုယ့်
    မိသားစုကို မချမ်းသာတောင် လောက်ငအောင် ကျွေးနိင်တဲ့အတွက် ကိုယ့်
    လိပ်ပြာ ကိုယ်လုံတယ်။အဲဒါသည်…Positive။

    ဒါကြောင့် အမြဲတမ်း အဆိုးမြင်နေတာထက်စာရင် ကောင်းကွက်ကိုရှာတွေး
    မယ်ဆိုရင် မိမိကိုယ်တိုင်လဲ အလုပ်မှာပျော်လာနိင်ပြီး စိတ်ချမ်းသာမှုလဲ
    ရနိင်ပါတယ်။ဒါ့အပြင် Self Confidence လဲတိုးလာနိင်ပါတယ်။

    အောင်မြင်မှုတခုရဲ ့ 50%သည် မိမိကိုယ်ကိုယုံကြည်မှုရှိခြင်းပါ။
    Negative point of view နဲ ့ပဲကြည့်နေမယ်ဆိုရင် Self Confidence လဲ
    ရနိင်မှာမဟုတ်သလို အောင်မြင်မှုလဲမရနိင်ပါဘူး။ဒါကြောင့် အောင်မြင်မှု
    တခုဟာ မိမိခံယူချက်အပေါ်အများကြီးမူတည်ပါတယ်။ကျနော်
    တယောက်ထဲရဲ ့အမြင်ကို ပြောပြတာပါနော်……..

    ကျနော်တို ့ဗုဒ္ဒဘုရားရှင် ဟောခဲ့တဲ့ “အဓိပတိပစ္စယော” မှာ အဓိပတိ (၄)ပါး
    ပါဝင်ပါတယ်။
    ဆန္ဒာဓိပတိ။ ။မိမိအလိုရှိရာဆန္ဒကို
    စိတ္တာဓိပတိ။ ။ပြင်းပြထက်သန်သောစိတ်ဖြင့်
    ဝီရိယာဓိပတိ။ ။ဝီရိယစိုက်ထုတ်ကြိုးစားခဲ့လျှင်
    ဝီမံ္မသာဓိပတိ။ ။ကြီးမားသောအောင်မြင်မှုကိုရလတ္တံ။

    Annawa Chitthu
    PS:လွတ်လပ်စွာ သဘောထားကွဲလွဲနိင်ပါသည်။

    • လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါသည် ဆိုဒေါ့ကာ …
      မကွဲလွဲဘူး ဆိုရင်ရော ဘာပုဒုန်းးး
      ဘာလဲ .. ကိုရင်က မိုက်လို့လား …
      ဟီးးး လဂါး လာနောက်ဒါဘာရို့ …. :mrgreen:

  • အရီးခင်လတ်

    April 2, 2013 at 11:29 pm

    ဒီသတင်းကို ဘာလို့ မတင်ကြတာလဲဟေ့။ 😉

    Marketing တော့ Marketing ပါဘဲ။
    စေတနာ ပါတဲ့၊ ပညာပါတဲ့ လို့ Maketing ခေါ်နိုင်သပေါ့။

    အပြင်မှာတော့ မသိ။
    ဓာတ်ပုံတွေထဲမတော့ မနာလိုစရာကောင်းအောင် ဒီ အသက်အရွယ် နဲ့ အင်မတန်အရွယ်တင်နေတာဘဲ။
    အခုခေတ်မင်းသား တွေ များ သနားစရာတောင် ဖြစ်သွားတယ်။
    😆

    ———————————————————-
    ဧပြီ ၂ရက်နေ့ ၂၀၁၃ Hot News Weekly မှကူးယူပြီး တင်ပါသည်။

    http://www.hotnewsweekly.com/archives/19195

    စိုးသူကတစ်စေတနာနှစ်စေတနာသုံးစေတနာကြောင့်Free Show ပြုလုပ်ခဲ့တာပါတဲ့
    စိုးသူ၏ PAST and PRES ENT LIVE SHOW ကို MINOR GROUND တွင် မတ်လ (၃၀)ရက်က ကျင်းပပါသည်။
    ““တစ်စေတနာ နှစ်စေတနာ သုံးစေတနာ ပါပဲ။အားလုံးကလဲ ကျွန်တော့အပေါ်စေတနာ၊မေတ္တာ ထားကြလို့အစဉ်ပြေပြေနဲ့အားလုံး အောင်မြင်သွားတာပါ။
    မီဒီယာ ရဲ့ကျေးဇူးကောင့်လဲပါပါတယ်။ အနုပညာမောင်နှမတွေကလဲ အမှတ်တရစကားလေးတွေလာ ပြောပေးတော့ကြည့်ရတဲ့ ပရိသတ် တွေလဲ အမြင်တစ်မျိုးဆန်းတာပေါ့ အားလုံးကလဲ လှိုက်လှိုက်လှဲလှဲကူညီကြပါတယ်။ မမြင်ရတာကြာ ပြီဖြစ်တဲ့ ပရိသတ်ကိုအားပါးတရ ဖျော်ဖြေချင်တာနဲ့ ဧည့်သည် အဆိုတော်တွေမခေါ်ဖြစ်လိုက်တာ ဒီထက်ပိုပြီးတော့ ဆိုချင်သေးတာ မိုက်ခရိုဖုန်းကအဝေးရောက်တဲ့ အခါ ဒီလေးဖြစ်တော့ ဟိုးနောက် ကပရိသတ်တွေဆီမရောက်လိုက် ဘူး။ စိတ်ထဲမှာ ဒီထက်ပိုပြီး အားပါးတရဖျော်ဖြေချင်သေး တယ်။ပရိသတ်တွေအရမ်းပင်ပန်း ပြီး အိမ်ပြန်ချိန်တွေနောက်ကျမှာ စိုးလို့ နောက်ပွဲတွေလုပ်ဖို့တော့ လောလောဆယ်မစဉ်းစားရသေး ဘူး။ သင်္ကြန်မကြုံတာကြာပြီဆို တော့ သင်္ကြန်ဆိုမြန်မာပြည်မှာပဲ ရှိနေမှာပါ။
    ဒီပွဲမှာ ဝမ်းနည်းစရာ ကောင်းတာကတော့ ကိုပြေငြိမ်း ကို အရမ်းသတိရမိတယ်။ ပရိသတ် ကြီးက နွေးနွေးထွေးထွေးအားပေး ခဲ့တဲ့အတွက်အရမ်းကျေးဇူးတင် တယ်။
    TV က ပရိသတ်တွေကို လဲကျေးဇူးတင်တယ်။ ပရိသတ် အတွက်ကောင်းမွန်တဲ့ အနုပညာ တာဝန်တွေထမ်းဆောင်ချင်ပါ သေးတယ်””ဟုစိုးသူက Free Show ကျင်းပပေသည့်အပေါ်ပြောကြား ခဲ့ပါသည်။
    စိုးသူ၏ Free Show သို့ ပရိသတ် ၆သောင်းကျော်လာ ရောက်အားပေးခဲ့ကြောင်းလည်း သိရသည်။

    • KZ

      April 3, 2013 at 9:28 am

      ဟုတ်ပါ့။ ဟုတ်ပါ့။
      ဘယ်မှာတုန်း မသိ။ ကျန်တဲ့ မင်းသားတွေနဲ့ ယှဉ်ပြီး ဓာတ်ပုံတွေပြထားတာ။
      ။ကျန်တဲ့ မင်းသားတွေ နေခဲ့တော့ပဲ။ :mrgreen:
      သရုပ်ဆောင်တာမကြိုက်ခဲ့ပေမဲ့ သူ့သီချင်းတွေကို ကြိုက်ခဲ့ဖူးတယ်။.
      :528:

  • kai

    April 3, 2013 at 3:01 am

    အင်တာနက် ပွင့်လင်းမှုရဲ့ နောက်ကွယ်က အန္တရာယ် Google ဥက္ကဌ စိုးရိမ်
    2013-04-02

    ကမာ္ဘ့အထီးကျန်အဖြစ်ဆုံး နိုင်ငံတွေထဲမှာ အပါအဝင်ဖြစ်တဲ့ မြန်မာနိုင်ငံမှာ အင်တာနက်ပွင့်လင်းမှု တိုးတက်လာတာနဲ့အညီ စိုးရိမ်စရာအချက်တွေရှိနေကြောင်း Google ကုမ္ပဏီ ဥက္ကဌ မစ္စတာ Eric Schmidt က မနေ့က ပြောလိုက်ပါတယ်။

    မြန်မာနိုင်ငံမှာ Google ကုမ္ပဏီက အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်ဖို့အတွက် ပြီးခဲ့တဲ့လကလာရောက်ခဲ့တဲ့ မစ္စတာ Eric Schmidt က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အကောင်းမြင်တဲ့အချက်တွေရှိသလို၊ စိုးရိမ်စရာတွေလည်းရှိနေကြောင်း Google စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    အဲဒီထဲက အဓိကအချက်အနေနဲ့ မြန်မာနိုင်ငံမှာ ကာလရှည်ကြာရှိနေခဲ့တဲ့ ဘာသာရေး ပဋိပက္ခတွေဟာ အင်တာနက်ပေါ်ရောက်ရှိ ဖုံးလွှမ်းသွားပြီး၊ နောက်ထပ်ဖိနှိပ်မှု ခေတ်သစ်တစ်ခုဆီ ဦးတည်သွားမှာကို အထူးစိုးရိမ်မိတယ်လို့ ရေးသားခဲ့ပါတယ်။

    ဖိနှိပ်ချုပ်ချယ်မှုတွေ တားဆီးမှုတွေ ဖယ်ရှားလိုက်တာနဲ့အမျှ နဂိုမူလကရှိနေတဲ့ ဘာသာရေးတင်းမာမှုတွေဟာ မီးရှို့မှုတွေ၊ သတ်ဖြတ်မှုတွေနဲ့အတူ ထကြွလာလို့ အစိုးရအနေနဲ့ စစ်တပ်ကို အသုံးပြုရတဲ့အခါ မြန်မာနိုင်ငံရဲ့ အင်တာနက်ဟာလည်း အန္တရာယ်ကာလအပိုင်းအခြားထဲ ရောက်ရှိသွားတော့မှာဖြစ်ပါတယ်လို့ မစ္စတာ Schmidt က ဆိုပါတယ်။

    ဒါ့ပြင် လက်ရှိမြန်မာနိုင်ငံ အခြေအနေတွေကြောင့် အင်တာနက် လွတ်လပ်ခွင့်အပေါ် ထိပါးနိုင်တဲ့ဘေးက ကယ်တင်နိုင်မယ့်သူအဖြစ် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်သာရှိကြောင်း၊ ပဋိပက္ခအခြေအနေတွေ အေးချမ်းလာရေးမှာ မြန်မာနိုင်ငံသားတွေရဲ့ ပင်ကိုယ်စိတ်နှလုံး သဘောထား ကောင်းမွန်တာကလည်း အကောင်းဘက်ကို မျှော်လင့်နိုင်တဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း Google ကုမ္ပဏီ ဥက္ကဌ မစ္စတာ Eric Schmidt က ရေးသားခဲ့ပါတယ်။
    http://www.thithtoolwin.net/2013/04/rfa-burmese-04-02-13_2.html#.UVs-7_I2H3V

  • ဖားသက်ပြင်း

    April 3, 2013 at 1:26 pm

    သဂျီးရေ အကောင်ကိုက်တာလား အတက်ခ် ခံရတာလားဗျို့ ..
    ပိုစ့်တွေ စွတ်စက်တက်နေတယ်.. ဘာတွေလဲမသိ မဖွင့်ရဲလို့..

    2013/04/03 ~13:30PM GMT +6.5

    • kai

      April 3, 2013 at 2:38 pm

      ကွန်ပျူတာနဲ့ Register လုပ်.. အလိုလိုဝင်လာတာတော့… မဟုတ်ဖူး..
      လူတွေဗျ..
      ရိုးသားပုံတော့မရ..။

  • Mr. MarGa

    April 3, 2013 at 8:02 pm


    Post date: Wed, 04/03/2013 – 19:54
    source- moi.gov.mm/mrtv/node/730

    • Mr. MarGa

      April 3, 2013 at 8:06 pm

      သဂျီးရေ myanmar 3 ဖြစ်သွားတယ်ထင်တယ်။
      ဖတ်မရရင် မြင်တဲ့သူ ပြင်ပေးကြပါနော်။
      တင်ချင်ဇော လောကြီးသွားတာ :kwi:

      • kai

        April 5, 2013 at 6:07 am

        ဂိုဂယ်က.. myanmar 3 တရားဝင်သုံးပြီမို့.. ကျုပ်လည်း ဘာလုပ်ရကောင်းမလည်းတွေးနေတာ..
        http://www.google.com.mm
        မိုက်ခရိုဆောဖ့်ပါဝင်လာရင်တော့…
        ဇော်ဂျီဖေါင့်.. ဆာယိုနာရပဲ.. :buu:

        • weiwei

          April 5, 2013 at 8:49 am

          အစိုးရရုံးတွေမှာ myanmar 3 ပဲ သုံးရတာမို့လို့
          ဂဇက်အတွက်နဲ့ အင်တာနက်အတွက် ကွန်ပျူတာသီးသန့်ထားပြီး ဇော်ဂျီကို သုံးနေရတာ ….
          အားလုံး တစ်ခုထဲဖြစ်သွားရင်ကောင်းမယ် ..

        • Mr. MarGa

          April 5, 2013 at 4:17 pm

          ဒါကို ပြောရမယ်ဆိုရင်
          လောလောဆယ် ခဏ စောင့်ပါဦး
          ဘာလို့လဲဆိုတော့ အစိုးရကလွဲလို့ ကျန်တဲ့ ဆိုက်တွေက ဇော်ဂျီခင်ဗျ။
          နောက်ပြီး ဖတ်မိ၊ မှတ်မိသလောက်တော့ myanmar 3 ကို develop လုပ်တဲ့ အဖွဲ့က ဖျက်လိုက်ပြီလို့ တွေ့မိသလိုပဲ
          (တွေ့မိတာ ပြောတာ သေတော့ မသေချာ။)
          နောက် အဲဒီ myanmar 3 နဲ့ zawgyi က တွဲမိရင် ဘာတွေ ဖြစ်လာမှန်းမသိလို့ သဂျီးသာ ပြောင်းရင် ကျွန်တော်တို့တွေ ချာချာလည်ဦးမှာ။
          ဒါကြောင့် လက်ရှိမှာတော့ မပြောင်းဖို့ ပြောချင်သဗျ။

        • အဟမ်းး
          ဒီနေရာမှာ နည်းနည်း ဝင်ပါပါရစေ … :mrgreen:
          တားဒို့လည်း ရုံးမှာ ညန်မာသရီး ကိုဘဲ သုံးရဒါ ခည ..

          သဂျား ပေါဒဲ့ ..
          ညန်မာသရီး (Myanmar NLP) အဖွဲ့က ဖျက်လိုက်ဒါ
          ကြာဘာဘီ … သူရို့လည်း ဝ တွားလောက်ဘာဘီ …

          ဒီလို အခြေအမြစ် မရှိ ဖြစ်တွားဒဲ့ ဖောင့်ကို ဂူဂဲလ် ယူသုံးဒယ်ဆိုဒေါ့ဂါ ..
          အင်း .. မြှောက်ပေးဒဲ့လူဒွေ ချိလို့ ထင်ဘာရဲ့ ..
          နို့ .. ယူနီကုတ် စံနှုန်းနဲ့ အနီးကပ်ဆုံး တူတာကလည်း ..
          ဒီ ညန်မာသရီး ဖောင့်ဘာဘဲ ..
          အကုန်ဒေါ့ တူဘူးနော့ …

          ((ဒီအကျောင်းအရာ နည်းနည်းပါးပါးဂို ပို့စ်တင်ပြီး ပေါဘာဒေါ့မယ် .. နို့မို့ တအားရှည်တွားလိမ့်မယ်)) :mrgreen:

        • Mr. MarGa

          April 5, 2013 at 4:44 pm

          အဲဒီ မြန်မာသရီးကို စ ထုတ်ပေးကတည်းက ပြောင်းချင်ခဲ့ပါတယ်။
          ပြောင်းလဲ ပြောင်းဖို့ ကြိုးစားခဲ့တယ်။
          တိတိကျကျ ပြောရရင် ယူနီကုတ်စံကို အနီးစပ်ဆုံး တူတယ်ဆိုလို့ တကယ် သုံးချင်တယ်။
          ဒါပေသိ အဆင်မပြေမှုပြောင်း များစွာနဲ့ပဲ နောက်ဆုတ်ခဲ့ရတယ်။
          နောက်ထပ် မရှင်းတာတစ်ခုက
          ဒီ ဇော်ဂျီဖောင့်ဟာ ယူနီကုတ်စံ မဖြစ်ဘူးဆိုရင် ဖြစ်အောင် ပြောင်းနိုင်သလား
          သူ့ရဲ့ နောက်ဆုံး ဗားရှင်းက ၂၀၀၈ ဆိုတော့ အဲဒါကို ယူနီကုတ်စံ ပြောင်းရမယ်ဆို အတော်အဆင်ပြေမယ်။
          ဇော်ဂျီနဲ့ ပတ်သက်မှ သဂျီးကို ပြောချင်တာလေးပေါ်လာတယ်။
          အဲဒီ သူ့ရဲ့ မူရင်း developer site ဖြစ်တဲ့ alpha.com.mm က အခု ပျက်သွားပြီ ထင်ပါတယ် (ဖျက်လိုက်တာလားတော့ မသိဘူး)
          အဲဒါကြောင့် ဘေးမှာ ထည့်ထားတဲ့ အဲဒီလင့်လေးကို ဖယ်သင့်မယ်ထင်လို့

        • Mလုလင်

          April 12, 2013 at 2:43 am

          အံဇာတုံးက “သူတို့လဲ ဝသွားလောက်ပါပြီ” တဲ့ . . . . . . . . . . . . .

          “ဝ သွားလောက်ပါပြီ”
          “ဝ သွားလောက်ပါပြီ”
          “ဝ သွားလောက်ပါပြီ”
          “ဝ သွားလောက်ပါပြီ”

          ကိုရင် မာဇ ရေ . .ဇော်ဂျီ Vs MM3 အကြောင်းကို ပြောရရင် . .တော့ တစ်ထောင့်တစ်ည လိုဖြစ်တော့ မှာပဲ . . . . . သေချာတာကတော့ ရိုရိုး ဖောင့်နဲ့ဆို A4 တစ်စောင် ၂ ရာ၊ MM3 နဲ့ ဆို ၅၀ဝ ပါဗျ . .။

  • kai

    April 5, 2013 at 6:04 am

    Majority of Americans favor legalizing pot, poll shows
    CBS News – ‎33 minutes ago‎

    For the first time since it began asking the question four decades ago, the Pew Research Center has found that a majority of Americans support marijuana legalization.

    ကြည့်ရတာ.. အမေရိကား..ဆေးခြောက်ချတာတရားဝင်ဖြစ်တော့မယ်နဲ့တူတယ်..။
    “government of the people, by the people, for the people, shall not perish from the earth.”

  • မိုက်ကယ်ဇီးနစ်သ်နိုဗန်ဘာ

    April 5, 2013 at 8:19 am

    ウィンドウズ8ではマイクロソフトさんが対応しましたよ。
    ミャンマー語に関して、
    フォント作成デベロッパーから怒られちゃうニュース
    なのであまり言えねえなあ〜

    I LuV Uniforms, actually I’m

  • kai

    April 5, 2013 at 4:00 pm

    ဂျာမန်မတွေကြမ်းနေတာကြည့်ချင်ရင်..

    • Foreign Resident

      April 5, 2013 at 6:18 pm

      https://www.facebook.com/photo.php?fbid=554859861203853&set=a.208727039150472.52354.100000395332469&type=1&permPage=1

      အဲဒီပုံထဲက ကောင်မလေးတွေက နောက်တစ်ဖွဲ့ ၊
      နောက်တစ်နေရာ မှာ ဖြစ်တာထင်တယ် ။
      အဲဒီ VDO လေးကော မရဘူးလား ???
      😛

      သူတို့လေးတွေ မြန်မာပြည်မှာရော ၊
      ဆန္ဒ လာမပြချင်ကြဘူးလားဟင် ။

      အဘ က Discrimination ကို အားမပေးချင်ပေမယ့် ၊
      သူတို့လေးတွေ မြန်မာပြည်မှာ ဆန္ဒ လာပြမယ်ဆိုရင်တော့ ။
      ကိုယ်တိုင် ကိုယ်ကျကို သွား အားပေးလိုက်ဦးမှာ ။
      ဟီ ဟိ ။

      • Foreign Resident

        April 5, 2013 at 7:00 pm

        အခုမှ သေချာ ရှာဖတ်မိတယ် ။
        သူတို့က FEMEN အဖွဲ့တဲ့ ၊ ယူကရိန်း မှာ စဖွဲ့တာတဲ့ ။
        အမျိုးသမီး အခွင့်အရေးအတွက် လှုပ်ရှားတဲ့ အဖွဲ့တွေလေ ။
        သူတို့က Topless နှင့် ဆန္ဒပြကြလေ့ ရှိတယ် ။
        FEMEN Myanmar အဖွဲ့ကော ဘယ်တော့ ဖွဲ့မလဲ မသိဘူး ။

        အဲဒီ အဖွဲ့က တောင်းဆိုထားတာတွေက ၊
        အမျိုး သားတွေ Topless နှင့် လျှောက်သွားတာကို လက်ခံရင် ၊
        အမျိုး သမီးတွေ Topless နှင့် လျှောက်သွားတာကိုလဲ လက်ခံရမယ်တဲ့ ။
        အမျိုး သမီးတွေ ကို ဘရာဇီယာ ဝတ်ခိုင်းမယ် ဆိုရင် ၊
        အမျိုး သားတွေ လဲ ဘရာဇီယာ ဝတ်ရမယ်တဲ့ ။

        အင်းးးးး ၊ အဘ တို့လည်း ၊ အိုကြီး အိုမ မှ ၊
        ဘရာဇီယာ ဝတ်ရတော့မယ် ထင်တယ် ။
        ဒုက္ခ ၊ ဒုက္ခ ။

        • အရီးခင်လတ်

          April 7, 2013 at 9:22 pm

          တောင်းပန်ပါတယ် ကိုအဘရယ်။
          ဝတ်ဆိုလဲဝတ်လိုက်ပါ။
          ဘရာဇီရာ လှလှလေးတွေ ကို စပွန်စာ ပေးပါမယ်။
          😆

    • အရီးခင်လတ်

      April 7, 2013 at 9:19 pm

      အစ္စလာမ်ဘာသာဝင်အများစု နေတဲ့ နိုင်ငံတွေမှာ မုဒိမ်းမှုကျူးလွန် ခဲ့ရင် မိန်းကလေးတွေ မလုံ့တလုံဝတ်စားတာက အကြောင်းရင်းဖြစ်တာမို့ အဲဒီ မိန်းကလေး က တောင် အပြစ်ပေးခံရသေးသတဲ့။
      ဒီလို ချွတ်နေရင်တော့ တစ်ချိန်လုံး မုဒိမ်းအကျင့်ခံနေရပြီး ထောင်ထဲက ထွက်ရမှာ မဟုတ်တော့ဘူး။
      ဒီ မမ တွေကလဲ အစွန်းမှာ ဟို ကိုကို တွေ ကလဲ အစွန်းမှာ။
      ဟိုဘက် ဒီဘက် အထဲ ကို နဲနဲစီ ရွှေ့လာကြဖို့ ကောင်းတယ်။

  • kai

    April 7, 2013 at 4:43 am

    မေးလ်ဂရုမှစာကို မှတ်တမ်းကျန်ရန် ဖော်ပြခြင်းသာဖြစ်သည်။

    =
    မော်လာနာပသီဦးကျော်ဦး၏ဝေဖန်ချက်

    လတ်တလောဖြစ်ပေါ်နေသော ပဋိပက္ခများတွင် “၇၈၆” ဂဏာန်းသည်လည်း ပယောဂတစ်ခုသဖွယ် ပါဝင်လျှက်ရှိသည်။ မြန်မာမွတ်စလင်မ်တို့သည် နှစ်ကာလအတန်ကြာကတည်းက “၇၈၆” ဂဏာန်းကို မိမိတို့၏ ဆိုင်များ၊ အိမ်များတွင် ချိတ်ဆွဲခဲ့ကြသည်။ မည်သူက စတင်ခဲ့မှန်းမသိရသော ဤအလေ့အထသည် ယခုအခါ ပြဿနာဖြစ်စေမည့် အကြောင်းခံတစ်ခု ဖြစ်လျှက်ရှိပေသည်။ မွတ်စလင်မ်တို့သည် မရိုးသားသောသဘောထားဖြင့် ဤဂဏာန်းကို ချိတ်ဆွဲနေကြသယောင်၊ သို့မဟုတ် တစ်စုံတစ်ရာက ချိတ်ဆွဲရန် လှုံ့ဆော်လိုက်လေသယောင် အထင်လွဲမှား ခံရလျှက် ရှိပေသည်။

    အစ္စလာမ်ကို မလိုမုန်းထားသူများမှ ဤဂဏာန်းနှင့်အပြိုင် အခြားဂဏာန်းတစ်ခုကို တီထွင်၍ မိမိတို့၏ နောက်လိုက်ဩဇာခံများ၏ အိမ်များ၊ ဆိုင်များ၊ ယုတ်စွအဆုံး မော်တော်ကားများအထိ ချိတ်ဆွဲစေလျှက် အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျှက် ရှိပေသည်။ ဤသည်မှာ မိမိတို့က စတင်ခဲ့သော အခြေအမြစ်မရှိသည့် ကျင့်သုံးမှုတစ်မှုတစ်ခု၏ အကျိုးဆက်ရလဒ်လည်း ဖြစ်ပေသည်။

    အစ္စလာမ်သာသနာက မိမိ၏ သာသနာဝင်များကို အိမ်များ၊ ဆိုင်များတွင် “၇၈၆” ချိတ်ဆွဲရန် ညွှန်ကြားထားခြင်း မရှိပေ။ အစ္စလာမ့်တရားဓမ္မစာပေများကို အလုံးစုံ လိုက်လံရှာဖွေ ဖတ်ရှုလျှင်လည်း “၇၈၆” ချိတ်ဆွဲရန် ညွှန်ပြဟောပြောချက်ဟူ၍ လုံးဝ တွေ့ရလိမ့်မည် မဟုတ်ပေ။ ဤအလေ့အထသည် မြန်မာနိုင်ငံနှင့် အချို့သောနိုင်ငံများရှိ အစ္စလာမ်ဘာသာဝင်များ၏ အလေ့အထသက်သက်သာဖြစ်သည်။

    ဤသို့ အစ္စလာမ့်တရားတော်အရ အခြေအမြစ်မရှိသော ကိစ္စရပ်တစ်ခုကို မွတ်စလင်မ်တစ်ဦးက သာသနာ့ကျင့်သုံးမှုသဖွယ် သဘောထားမည်ဆိုလျှင် ဗစ်ဒ်အတ်ခေါ် တရားလမ်းစဉ်အသစ် တီထွင်ဖော်ထုတ်မှုဖြစ်၍ လွန်စွာ အပြစ်ကြီးပေသည်။ ဤကဲ့သို့ လုပ်ရပ်မျိုးကို စွန့်လွှတ်ရန် အတိုင်းထက် အလွန် အရေးကြီးလှပေသည်။

    ယခုအခါ မြန်မာမွတ်စလင်မ်တို့သည် သမိုင်းစဉ်၏ ပြုပြင်ပြောင်းလဲမှု အချိုးအကွေ့တစ်ခုကို ကြုံတွေ့ရင်ဆိုင်ရလျှက် ရှိပေသည်။ ဤပြုပြင်ပြောင်းလဲမှုကာလသည် မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ သတိပေးသကဲ့သို့ အခက်အခဲ၊ အကျဉ်းအကြပ် စမ်းသပ်မှုများ ပြည့်နှက်လျှက်ရှိသော ကာလပင် ဖြစ်သည်။ ဤကာလတွင် မြန်မာမွတ်စလင်မ်တို့သည် အသွင်သဏ္ဍာန်အမျိုးမျိုးဖြင့် ခုတုံးလုပ် အသုံးချခံရလျှက် ရှိသဖြင့် အကျဉ်းအကြပ်အခက်အခဲစမ်းသပ်မှုသည် ပို၍ ပြင်းထန်သည်ဟု ဆိုနိုင်ပေသည်။

    ဤသမိုင်းကြောင်းအရ ဖြစ်ပေါ်လာသော ပြုပြင်ပြောင်းလဲရေး ကာလကြီးတွင် မိမိတို့ကိုယ်တိုင်လည်း လိုက်ပါပြောင်းလဲနိုင်မှသာ မြန်မာမွတ်စလင်မ်တို့သည် မြန်မာ့လူ့အစုအဝေးတွင် ဆက်လက် ရှင်သန်တည်မြဲနိုင်မည် ဖြစ်သည်။ သို့မဟုတ်ပါမူ ရေးစီးကြောင်းအတွင်းမှ အမှိုက်သရိုက်ဒိုက်မှော်များသဖွယ် ကမ်းတစ်နေရာတွင် ကပ်ကျန်ခဲ့ဖြစ်သာ ဖြစ်ပေသည်။

    ပြုပြင်ပြောင်းလဲရေးနှင့်အတူ လိုက်ပါပြောင်းလဲခြင်း မရှိလျှင် အပယ်ခံ၊ အကျဉ်ခံများအဖြစ် စည်းဝိုင်းအပြင်ရောက် အနာဂါတ်ပျောက်ဆုံးနိုင်သည်ဟုဆိုသဖြင့် မွတ်စလင်မ်တို့သည် မိမိတို့၏ ဘာသာရေး ကျင့်သုံးမှုများကို စွန့်လွှတ်ရတော့မှာလား။ အများစုနှင့်ရော၍ ရေလိုက်ငါးလိုက် ပေါ့ဆစွာ နေရတော့မှာလားဟု မေးစရာရှိပေသည်။ လက်ရှိ ပြုပြင်ပြောင်းလဲရေးနှင့်အတူ လိုက်ပါပြောင်းလဲရမည်ဟု ဆိုခြင်းသည် ဘာသာရေးကျင့်သုံးမှုများကို စွန့်ပစ်ရမည်ဟူသော အဓိပ္ပါယ် (အလျဉ်း) မထွက်ပါ။ ထို့ပြင် ရောယိမ်းလိုက်ဘသားယိမ်းလိုက် ပေါ့ဆစွာနေထိုင်ရမည်ဟု ဆိုလိုခြင်းလည်း လုံးဝ မဟုတ်ပါ။

    လိုက်ပါပြောင်းလဲရမည်ဟူသောစကားသည် မြန်မာမွတ်စလင်မ်တို့အနေနှင့် နောက်က မကျန်ရစ်ဘဲ အများနှင့်တန်းတူ ရင်ဘောင်တန်းလိုက်နိုင်ရန် ရည်ရွယ်ပြောဆိုခြင်းသာ ဖြစ်သည်။ ထိုသို့ လိုက်ပါရန်အတွက် မိမိတို့ ကျောကုန်းပေါ် မည်သူကမျှ လာမတင်ဘဲ၊ မိမိတို့ကိုယ်တိုင်တင်ထားသော ဝန်ထုတ်ဝန်ပိုးများကို ပထမဆုံး ဖယ်ရှားပစ်ဖို့ အရေးကြီးပါသည်။

    ကျွန်တော်တို့သည် “၇၈၆”နှင့်အလားတူ အစ္စလာမ်က ညွှန်ပြထားခြင်းမရှိသော ကျင့်သုံးမှုများကို အရေးတကြီးလုပ်၍ အရိုးစွဲ ကျင့်သုံးလျှက် ရှိကြပါသည်။ အစ္စလာမ်က ဗလီဝတ်ကျောင်းတော်များကို (အလွန်အကျွံ) ဆင်ယင်ချယ်သခြင်း မပြုရန် တားမြစ်ထားသည်။ ကျွန်တော်တို့က ဗလီဝတ်ကျောင်းတော်များကို ရွှေမချယုံတမယ် ချယ်သကြသည်။ ထိုအခါ မျက်စိစပါးမွှေးဆူးသူကိုချည်း အပြစ်တင်မည်ဆိုလျှင် တရားမျှတမည် မဟုတ်ပေ။

    အစ္စလာမ်ကို ဖြန့်ချိပို့ချမည့် ကျောင်းများရှိရန် အလွန် အင်မတန်အရေးကြီးသည်မှာ မှန်ကန်ပါသည်။ သို့သော် တစ်နိုင်ငံလုံးတွင် ပညာရှင်များမွေးထုတ်ပေးရန် အဆင့်မှီသည့် ကျောင်းကြီးကျောင်းကောင်း ဆယ်ဂဏန်းမျှရှိလျှင် လုံလောက်ပါလျှက် ကျောင်းများကို မှိုလိုပေါက်အောင် ဖွင့်လှစ်ထူထောင်ထားကြသည်။ တစ်ရွာတည်းမှာ အာလင်မ်ကျောင်း နှစ်ကျောင်းသုံးကျောင်း ဖွင့်ထားသည့်ရွာ ရွာတစ်ရွာမက ရှိနေည်။ ထိုကျောင်းများ လည်ပတ်နိုင်ရန် အဓိကသုံးစွဲရသည့် ရန်ပုံငွေမှာ ဆင်းရဲသားများအဓိကစားထိုက်သည့် ဇကတ်ငွေ ဖြစ်သည်။ ဆင်းရဲသားများအဓိကစားထိုက်သည့် သိန်းထောင်ပေါင်းများစွာကို မလိုအပ်ဘဲ အပိုဖွင့်ထားသော ဘာသာရေးကျောင်းများက ကောက်ခံသုံးစွဲပစ်လျှက် ရှိပေသည်။ ထိုသို့ သုံးစွဲရန် အစ္စလာမ်က ညွှန်ပြထားလျှင် မည်သို့မျှ စောဒကတက်ရန် မရှိပေ။ သို့သော် ဤသို့ ဖောင်းပွနေသော ကျောင်းများသည် မြန်မာမွတ်စလင်မ် လူ့အစုအဝေး၏ ရှေ့ဆက်ရမည့် ခရီးလမ်းတွင် ဝန်ထုပ်ဝန်ပိုး ဖြစ်နေပြီဆိုလျှင်မူကား ဝန်ထုပ်ဝန်ပိုးကို စွန့်လွှတ်မည်လား။ အများနှင့်တန်းတူ ရင်ဘောင်တန်းလိုက်ပါမည်လား ဆိုသည်ကို စဉ်းစားရွေးချယ်ကြရတော့မည် ဖြစ်သည်။

    အရေးအကြီးဆုံးမှာ လက်ရှိဖြစ်ပွားနေသော ပြဿနာရပ်များတွင် မွတ်စလင်မ်များဘက်မှလည်း ပြုပြင်စရာများရှိလာကြောင်း အသိအမှတ်ပြုရန် ဖြစ်သည်။ ထို့ပြင် ထိုပြုပြင်ရမည့်အချက်များကို စာရင်းချကြည့်လျှင် အစ္စလာမ်က ညွှန်ပြထားခြင်း မရှိသော “၇၈၆”ကဲ့သို့ ကိစ္စများကို ဘာသာရေး၊ သာသနာရေးသဖွယ် လုပ်နေခြင်းက အများစုဖြစ်သည်ကို တွေ့ရမည် ဖြစ်သည်။ ဤအချက်ကို နားလည်သဘောပေါက်သော အိုလမာသာသနာ့ပညာရှင်များ၊ အဖွဲ့အစည်းခေါင်းဆောင်များက မိမိတို့ လူ့အဖွဲ့အစည်းကို ထောက်ပြ ညွှန်ကြားကြရမည် ဖြစ်ပါသည်။ မြန်မာမွတ်စလင်မ် ခေါင်းဆောင်များအနေနှင့် ဤအလုပ်ကို ပြုပြင်ပြောင်းလဲရေးကာလတွင် ပထမဆုံးလုပ်ရမည့် အလုပ်ဟု သဘောထား၍ ရဲဝံ့ပွင့်လင်းစွာ ဆောင်ရွက်ကြပါရန် နှိုးဆော်လိုက်ပါသည်။

    မော်လာနာပသီဦးကျော်ဦး

    သမိုင်းသုတေသီ၊ အစ္စလာမ့်သာသနာ့ပညာရှင်နှင့် ဓမ္မသတ်မှူး

    ဖုန်း- 09 444 011 806

    Email: pathikyawoo59@gmail.com

    • အရီးခင်လတ်

      April 7, 2013 at 9:10 pm

      ပြသနာတစ်ခုဖြစ်ရင် သူများကို အပြစ်မတင်ဘဲ ပထမဆုံး ကိုယ့်အမှားကို ပြန်ကြည့်ပြီး ပြင်ဖို့ကြိုးစားတာ သူတော်ကောင်း တွေမှ လုပ်နိုင်တာပါ။
      ဒါကြောင့် မော်လာနာပသီဦးကျော်ဦး ရေးထား ပြောထားတာသာ အမှန်ဖြစ်ရင် သူဟာ ဘယ် ဘာသာကို ကိုးကွယ် သူဖြစ်စေ သူတော်ကောင်း လို့ သတ်မှတ်ပါတယ်။
      ဒီလို ကိုယ့်အမှားကို ကိုယ်ပြင်မှ အများကြားမှာ တင့်တယ်တဲ့ ဘာသာ၊ အများလက်ခံတဲ့ ဘာသာ (လက်ခံ က ကိုးကွယ် နဲ့ မတူပါ) ဖြစ်မှာ သတိချပ်ကြပါ။

  • ကိုရင်စည်သူ

    April 7, 2013 at 4:59 pm

    https://www.facebook.com/hellboylu

    ဒီစာကို တင်သင့်မတင်သင့် သေချာစဉ်းစားပြီးမှ တင်ခြင်းဖြစ်ပါတယ်..။
    ————————————————————————–

    လတ်တလောဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေမှာ ပါဝင်လေ့ရှိတဲ့ လူမသိ သူမသိ သွေးသံရဲရဲ သတ်ဖြတ်ခံရတဲ့ အလောင်းတွေရဲ့ အမှတ်တမဲ့မဟုတ်တဲ့ မှုခင်းမှတ်တမ်းဆန်ဆန် အသေးစိတ် ပုံတွေကို ဘယ်သူတွေက သေသေချာချာအနီးကပ်ရိုက်ယူပြီး ဘယ်သူတွေက ဘယ်သူ့ဆီက ကူးယူလို့ .. ဘယ်သူတွေက စတင်ဖော်ပြနေခဲ့ကြသလဲ ဆိုတဲ့ ပဟေဠိကြီးက …. အမြဲတမ်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်..။

    ရခိုင်အရေးအခင်း …..= မသီတာထွေးအလောင်း
    ဓါတ်ပုံဘယ်သူရိုက် = ………………………..မသိ။
    ိထိုဓါတ်ပုံကို ဘယ်သူက ပေး..။
    Online ပေါ် ဘယ်သူတင် ……………………………မသိ။
    (ကျောဘက်နဲ့ မှောက်လျက် အနေအထားဖြစ်အောင် အလောင်းကို ဘယ်သူ ပြောင်း)
    လေ့လာကြည့်ရင်. . အဲဒီပုံရဲ့ …. ဇစ်မြစ် ………..= ဘယ်သူသိ …။

    မိတ္ထီလာအရေးအခင်း … = ဦးဇင်းကြီး ဦးသောဘိတ ရုပ်ကလာပ်(အလောင်း) .. ဓါတ်ပုံဘယ်သူရိုက်….= ..မသိ၊ ဆိုင်ကယ်ပေါ် ဘယ်သူတင်ပြ..)
    ထိုဓါတ်ပုံတွေကို ဘယ်လိုလုပ် ရ..။
    facebook ပေါ် ဘယ်သူကတင် ……………………$%^%$^&^%#@..။

    ခုနောက်ဆုံး ထွက်လာတဲ့ ဦးသောဘိတကို … အမျိုးသားတစ်ဦး ဖေးမထားတဲ့ပုံက အစစ်ဟုတ်မဟုတ်တော့မသိပါ…။
    အစစ်ဆိုလျှင် ဓါတ်ပုံရိုက်တဲ့သူက ဗမာလား ..ကုလားလား….။
    ဗမာဆိုလျှင် ခုလောက်ဆို အလောင်းပဲရှိနိုင်သည်..။
    ဗမာ ..ဗမာ ချင်းဆိုလျှင်လည်း ဓါတ်ပုံရိုက်ဖို့ အချိန် ရသည်အထိ … ဘာ့ကြောင့် အချိန်ဖြုန်းသနည်း..။

    ဥပမာ – ဗမာအချင်းချင်းဆိုလျှင် ..
    နေဦး ဓါတ်ပုံရိုက်ဦးမယ်.. အကူအညီ နောက်မှသွားခေါ် …
    ဒီသဘော .. မဖြစ်နေဘူးလား…။

    ကုလားဆိုလျှင်လည်း ဖေးမထားသော တစ်ယောက်တည်းသမားဗမာမှာ ခုလောက်ဆို .. အသက်ပျောက်နေလောက်ပြီ …။
    မူရင်းလင့်က .. မည်သည့်နေရာက ထွက်လာမှန်းမသိ…။

    ———————————————————————–

    လုံခြုံရေးစည်း ကျိုးပေါက်တာလား ….။
    အခြားနည်းလမ်းနဲ့ … ရသွားတာလား…။

    ========================================================

    အထူးခြားဆုံးက facebook တွင် ဘာသာရေး နှင့်ပတ်သက်ပြီး ဒေါသသင့်အောင် မုန်းတီးလာအောင် သွေးထိုးလှုံ့ဆော်နေသော Account များ၊ Page များတွင် ကြိုတင်ကြံစည်ထားသကဲ့သို့ .မည်သူမှ မရနိုင်သော ဓါတ်ပုံများ၊ အခြား အထောက်အထားများ၊ … စုံလင်စွာရှိနေခြင်းပင်တည်း….။

    မိတ္ထီလာ အရေးအခင်းမဖြစ်ခင် …တူရကီ စစ်သချိုင်းပုံကြမ်း …… online တွင်တင်ရန် ဘယ်ကနေ Scan ဖတ်လာသနည်း…။ data ဘယ်သူ့ဆီက ရသနည်း..။

    အဲဒီအတွက် မည်သူတွေ စသနည်း …..ဟူသော အထောက်အထားရှိသူ မည်သူမဆို .. ပထမဆုံး တင်ထားသူရဲ့ link တွေ page တွေကို ပြန်လည်လေ့လာ စုဆောင်းပေးကြပါလို့ …. တောင်းဆိုလိုပါကြောင်း…။

    အရေးကြီးသော ဓါတ်ပုံအထောက်အထားကိုမဆို ပထမဆုံး facebook နှင့် online စာမျက်နှာများအပေါ် တင်သည့် သူများအနေဖြင့်လည်း..။ မိမိတို့ မည်သည့် link မည်သည့် page က ရသည်ကို .. ပွင့်လင်းစွာ ရေးသားသင့်ပါသည်…။ အပေါ်မှ တင်ပြသော ပုံများကိုလည်း မည်သူတွေက ပထမဆုံး online ပေါ် ပို့ဆောင်ခဲ့သည်ကိုလည်း .။ သိသူများ ဖြေပေးကြပါရန်….။

    လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်…။

  • kai

    April 10, 2013 at 1:30 am

    ၂၀၁ဝ ပြည့်နှစ်က ပြည်ထဲရေးဝန်ကြီးဌာနမှ ကောက်ယူခဲ့တဲ့ စာရင်းအင်း တွေအရ ရန်ကုန်တိုင်း အတွင်းမှာ အသိအမှတ်ပြုထားတဲ့ ဘာသာရေး အဆောက်အဦး (၅၅၀၄) ခု ရှိပါတယ်။ အဲတာတွေကတော့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း (၄၈၅၃) ခု၊ ခရစ်ယာန်ဘုရားကျောင်း (၂၇၄) ခု၊ ဟိန္ဒူဘုရားကျောင်း (၁၅၉) ခု၊ အစ္စလာမ်ဗလီ (၁၁၉) ခု၊ တရုတ် ဘုံကျောင်း (၉၉) ခုတို့ပဲဖြစ်ပါတယ်။

    တိုင်းဒေသကြီးအတွင်း နေထိုင်သူ လူဦးရေ (၅၄၂၉၀၁၃) ဦးရှိပြီး လူမျိုးအရ ပြန်လည်ခွဲခြားရရင်တော့ ကချင် (၁၀၉၂၁) ဦး (၀.၂%)၊ ကယား (၆၅၀၁) ဦး (၀.၁၂%)၊ ကရင် (၂၁၆၇၃၇) ဦး (၃.၉၉%)၊ ချင်း (၃၂၄၃၃) ဦး (၀.၆%)၊ မွန် (၃၀၄၂၉) ဦး (၀.၅၆%)၊ ဗမာ (၄၉၃၂၄၅၀) ဦး (၉၀.၈၅%)၊ ရခိုင် (၆၇၂၃၀) ဦး (၁.၂၄%)၊ ရှမ်း (၃၄၂၄၈) ဦး (၀.၆၃%)၊ အခြား (၉၈၀၆၄) ဦး (၁.၈၁%) တို့ဖြစ်ပါတယ်။ ကိုးကွယ်မှုဘာသာအလိုက် ခွဲခြားဖော်ပြရမယ်ဆိုရင်တော့ ဗုဒ္ဓဘာသာဝင် (၄၈၂၈၉၅၉) ဦး (၈၈.၉၅%)၊ အစ္စလာမ်ဘာသာဝင် (၂၄၆၉၀၇) ဦး (၄.၅၅%)၊ ခရစ်ယာန်ဘာသာဝင် (၁၈၃၉၀၂) ဦး (၃.၃၉%)၊ ဟိန္ဒူဘာသာဝင် (၁၅၃၃၆၉) ဦး (၂.၈၂%)၊ အခြားဘာသာဝင် (၁၅၈၇၆) ဦး (၀.၂၉%) တို့ပဲဖြစ်ပါတယ်။

    (Credit – Moe Zay Nyein – ရန်ကုန်မြို့ လုံခြုံရေးစီမံချက်)

  • အဂျစ်

    April 10, 2013 at 1:05 pm

    ဘယ်အပေါ်ထောင့်က ဘာပုံကြီးလဲ သဂျီးရ….

  • kai

    April 11, 2013 at 2:36 pm

    11 things to know before visiting Myanmar

    World-renowned chef, best-selling author and Emmy winning television personality Anthony Bourdain is the host of CNN’s new showcase for coverage of food and travel. “Anthony Bourdain: Parts Unknown” is shot entirely on location and premieres Sunday, April 14, at 9 p.m. ET. Bourdain’s first stop: Myanmar.

    1. New Year celebrations last four days
    2. Myanmar has fantastic beaches
    3. The Internet isn’t censored anymore, but it’s still slow
    4. You’ll need plenty of cash — and make sure it’s clean
    5. A kissing sound gets you a beer: When the Burmese want to get a waiter’s attention they make a kissing sound, usually two or three short kisses. It’s the sort of sound you might make if calling a cat.
    6. Hotels are expensive
    7. The men wear skirts
    8. The food is exceptional
    9. The trains are seriously bumpy
    10. Yangon has a newspaper vendor on every street corner
    11. The people with red teeth aren’t vampires: Chewing betel nut is a national pastime. Small street stalls selling the palm-sized green leaves are everywhere.

  • Ma Ei

    April 11, 2013 at 3:45 pm

    7Day News Journal မှာလဲရေးထားပါတယ်နော်…
    Credit: 7Day News Journal
    စီအင်န်အင်န်ကပြောသော မြန်မာပြည်မလာမီ သင်သိထားရန်များ
    ရဲမင်း ဘာသာပြန်ဆိုသည်

    မြန်မာနိုင်ငံသို့ မလာရောက်မီ သိထားသင့်သော အချက်(၁၁)ချက်ဟူ၍ နိုင်ငံတကာသတင်းဌာန စီအင်န်အင်န်က တင်ပြထားပုံမှာ ဆန်းသစ်သွက်လက်လှသည်။ မြန်မာနိုင်ငံမှ ပန့်လူငယ်များ သူတို့ ဆံပင်အမောက်ထောင်နေအောင် မည်သို့လုပ်ဆောင်ခဲ့သနည်း အစချီကာ ၂၀၁၃ ခုနှစ်တွင် ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံသို့ အမြန်သွားရောက် သင့်သည်ဟုဆိုကာ မြန်မာနိုင်ငံအကြောင်း ပေါ့ပေါ့ပါးပါး မိတ်ဆက်သည်။

    ပထမတစ်ချက်တွင် မြန်မာနှစ်သစ်ကူး ရေသဘင်သင်္ကြန်ပွဲတော် ဧပြီ ၁၃ မှ ၁၆ ရက်အထိ လေးရက် ကြာမြင့်ပုံပြောသည်။ နှစ်သစ်ကူးလေးရက်တွင် ဘဏ်၊ စားသောက်ဆိုင်၊ ဈေးဆိုင်များအားလုံးပိတ်သည်။ အစည်ကားဆုံးမှာ ရန်ကုန်နှင့် မန္တလေး။ လူတိုင်းရေပက်ကစားကြ၍ ခြောက်သွေ့နေရန် လုံးဝမဖြစ်နိုင်။ သင်္ကြန်ရေမှာ နှစ်ဟောင်းက အညစ်အကြေးများ ဆေးကြောခြင်းအထိမ်းအမှတ်။ နှစ်ဆန်းတစ်ရက်နေ့တွင် ငါး၊ ငှက်လွှတ်၍ဇီဝိတဒါန၊ အလှူဒါနပြုကြသည်။ မကြာမီနှစ်များအတွင်း ဆံပင်ကိုပန့်ထောင်ခြင်း ခေတ်စားလာရာ သားရေလုပ်ငန်းသုံး ကော်များအသုံးပြု၍ သင်္ကြန်ပြီးလျှင် ခေါင်းတုံးရိတ်ပစ်သည်။ ယခုတော့ ပန့်များက Hairspray အသုံးပြုနေကြပြီဖြစ်သည်။

    ဒုတိယတစ်ချက်တွင် အပန်းဖြေစရာကမ်းခြေသာများရှိကြောင်းပြောသည်။ မြန်မာနိုင်ငံမှာ ပင်လယ်ကမ်းရိုးတန်းမိုင်ပေါင်း ၁၂၅ဝ ပိုင်ဆိုင်သည်။ ဘင်္ဂလားပင်လယ်အော်နှင့် အန်ဒါမန်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ကမ္ဘာလှည့် ခရီးသွားများ မသိသေးသော ဖွံ့ဖြိုးမှုကြောင့် ပျက်စီးခြင်းမရှိသေးသည့် ကမ်းခြေများရှိသည်။ ကမ်းခြေအများစုမှာ အနောက်အရပ်သို့ မျက်နှာမူနေ၍ နေဝင်ချိန်များမှာ အဖိုးမဖြတ်နိုင်။ လူသိအများဆုံးမှာ ငပလီ။ ရန်ကုန်မှ ၄၅ မိနစ်လေယာဉ်ခရီး။ သဲဖြူလွသောင်ပြင် အရှည်နှစ်မိုင်ကျော်နှင့် အုန်းပင်များ အန်ဒါမန်ပင်လယ်ကို လှမ်းမျှော်ကြည့်နေ။ အပန်းဖြေစရာ စခန်းသာကြီးများစွာ။

    အလွန်မဖွံ့ဖြိုးသေးသည်က ငွေဆောင်။ ရန်ကုန်မှကားဖြင့်သွားလျှင် ငါးနာရီခရီး။ လှလှပပ မပျက်စီးသေးသော၊ ကမ်းခြေ။ Silver Beach ဟု ခေါ်ဆိုပြီး ၁၃မိုင်ရှည်သော ငွေဆောင်မှာ အာရှမှ အရှည်လျားဆုံး ပင်လယ်ကမ်းခြေတစ်ခု။

    တတိယတစ်ချက်တွင် အင်တာနက်ဆင်ဆာမရှိတော့သော်လည်း နှေးကွေးကြောင်းပြောသည်။

    ၂၀၀ဝ ပြည့်နှစ်တွင် အင်တာနက်မြန်မာနိုင်ငံသို့ ဆိုက်ရောက်။ ဈေးနှုန်းမြင့်၊ ဆက်သွယ်မှုနှေး၍ အသုံးမတွင်ကျယ်။အစိုးရဟောင်းလက်ထက် You Tube နှင့် Gmail ကြားဖြတ်ပိတ်ဆို့ထားခဲ့။ ကန့်သတ်မှုများ အများအားဖြင့် ဖယ်ရှားပြီးဖြစ်ကာ ပြီးခဲ့သည့်လက ဂူးဂဲလ်ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံသို့ လည်ပတ်ခဲ့။

    စီအင်န်အင်န်သတင်း ထောက်က စတုတ္ထအချက်တွင် ငွေသားများများ ဆောင်လာပါ။ သန့်သန့်လေးဖြစ်ပါစေဟု ဆိုထားသည်။ မြန်မာနိုင်ငံမှာ ATM (ငွေထုတ်စက်)ရှားပါး။ အလည်အပတ်လာသူများ အမေရိကန်ဒေါ်လာများ တစ်ပွေ့တစ်ပိုက်
    သယ်လာပါ။ အရွက်ကြီးလေ လဲလှယ်နှုန်းကောင်းလေ။ ဒေါ်လာစိမ်းစိမ်းများ သန့်ရှင်းပါစေ။ တွန့်ကြေ၊ စွန်းထင်း၊ အမှတ်အသား၊ ပြဲရာစုတ်ရာ မရှိရ။ ခေါက်ထားလျှင်ဖြစ်စေ၊ နွမ်းနေလျှင်ဖြစ်စေ မြန်မာနိုင်ငံတွင် သုံးမရ။

    ခရက်ဒစ်ကတ်(ကြွေးဝယ်ကတ်) များကို လောလောဆယ်တွင် ကြယ်ငါးပွင့်ဟိုတယ်များ၊ အဆင့်မြင့်စားသောက်ဆိုင်များ၊ ဈေးဆိုင်များတွင်သာ လက်ခံသည်။ ထုံးစံအားဖြင့် ကျသင့်ငွေထက် ၂-၃ ရာခိုင်နှုန်း အပိုဆောင်းပါဝင်။ သို့သော် ပြောင်းလဲလာတော့မည်။ နှစ်ကုန်ပိုင်းတွင် ကြွေးဝယ်ကတ်များ ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာလိမ့်မည်။

    မြန်မာနိုင်ငံတွင် သုံးသောငွေကြေး ကျပ်(Chat ဟု အသံထွက်) ကန်ဒေါ်လာ တစ်ဒေါ်လာလဲလျှင် ၈၈၂ ကျပ်။ ငွေသားများများ သယ်ဆောင်ရခြင်းအတွက် စိတ်ပူစရာမရှိ။ နိုင်ငံခြားသားအပေါ် ကျူးလွန်သော ပြစ်မှုရှားပါး။ ဗုဒ္ဓဘာသာအများစုဖြစ်သော မြန်မာနိုင်ငံသားများမှာ အများအားဖြင့် ရိုးသား။ နောက်တစ်ချက်တွင် မြန်မာနိုင်ငံ၌ အနမ်းခြွေသံဖြင့် ဘီယာမှာနိုင်ပုံကို စီအင်န်အင်န် သတင်းထောက်က ဆက်လက်တင်ပြသည်။ မြန်မာလူမျိုးတစ်ဦး စားပွဲထိုးခေါ်လိုပါက အနမ်းခြွေသံပြုသည်။

    ထုံးစံအားဖြင့် အနမ်းခြွေသံ နှစ်ချက် သုံးချက်။ ကြောင်လေးတစ်ကောင်ကို ခေါ်သောအသံမျိုး။ ရန်ကုန်က တရုတ်တန်း ၁၉ လမ်းမှာ အနမ်းခြွေသံ တပြွတ်ပြွတ်။ လမ်းလျှောက်သူများအတွက် သီးသန့်လမ်းမှာ မြန်မာလူများများ သောက်စားရာနေရာ။ ဒေသကုတ်မှာ မြန်မာဘီယာတစ်ခွက် ၆ဝ ဆင့် ဆိုတော့ ဈေးပေါသည်။ ဖြတ်သွား ဖြတ်လာသူများကြည့်ဖို့ရာ အကောင်းဆုံးနေရာ။ နား၊ မျက်စိ ဖွင့်ထားလျှင် ရန်ကုန်ကဟစ်ဟော့ပ်သစ္စာခံတွေကိုတွေ့ရလိမ့်မည်။

    ညပိုင်းအမျိုးသမီးများ တွေ့ရဖို့မမျှော်လင့်ပါနှင့်။ မြန်မာအမျိုးသမီးအများစု အိမ်ထောင်သည် ဖြစ်ဖြစ်၊ အပျိုဖြစ်ဖြစ် ညပိုင်းအိမ် မှာနေတာများသည်။ အနောက် တိုင်းအမျိုးသမီးများကို မကြိုဆိုဟု မဆိုလိုပါ။ နိုင်ငံခြားသားများတွင် မတူညီသော ဓလေ့ထုံးတမ်းရှိ သည်ကို နားလည်သည်။

    နောက်တစ်ချက်မှာ ဟိုတယ်များ ဈေးကြီးခြင်းဖြစ်သည်။
    ပြီးခဲ့သည့်နှစ်က ဟိုတယ်အခန်းခများ ၃၅ ရာခိုင်နှုန်းထိုးတက်သွားသည်။ ယင်းမှာ ၂၀၁၁ ခုနှစ်က တစ်ည ၂၅ ဒေါ်လာအခန်း မှာ ယခုအခါ ဒေါ်လာ ၁၀ဝ ကျသင့်သည်ဟူသော အဓိပ္ပာယ်ဖြစ်သည်။ ရောင်းလိုအားနှင့် ဝယ်လိုအားသဘောပင်ဖြစ်သည်။ နိုင်ငံပွင့်လင်းလာကတည်းက စီးပွားရေး ခရီးသွားများနှင့် ကမ္ဘာလှည့် ခရီးသည်များ မြန်မာနိုင်ငံသို့ လေယာဉ်စင်းလုံးပြည့် လာရောက်နေကြသည်။လည်ပတ်သူများ အဆမတန်များလာသည်။ ယမန်နှစ်က လူပေါင်းတစ်သန်းကျော် လည်ကြသည်။ သို့သော် ဟိုတယ်အရေအတွက်က အကြမ်းအားဖြင့်မူလအတိုင်း။

    ဟိုတယ်များ ပိုများလာပါမည်။ သို့သော် အချိန်ယူတည်ဆောက်ရမည်ဖြစ်ရာ ဟိုတယ်မလုံလောက်မှုမှာ နောက်ထပ် ငါးနှစ်တန်သည်၊ ဆယ်နှစ်တန်သည် ကြာမြင့်နေဦးမည်။ နေစရာအတွက် ကြိုတင်စီစဉ်ဘွတ်ခ်ကင် ယူလာပါ။ ခရီးသွားများ တစ်ဟုန်ထိုး တိုးတက်လာရခြင်းကို လက်မလွှတ်လို၍ ဟိုတယ်အများစုမှာ ပြင်ဆင်မွမ်းမံနေသည်။ ထိုအတောအတွင်း ဟိုတယ်များကို ဖွင့်ထားသည်။အခန်းကြိုတင်မှာ ယူလျှင် ပြင်ဆင်မွမ်းမံရေးလုပ်ငန်းများ ရှိ၊ မရှိ စူးစမ်းသင့်သည်။ ရှိလျှင် ဆူညံမှုများနှင့် ဝေးရာမှ အခန်းကို တောင်းဆိုပါ။

    သတ္တမအချက်မှာ ယောက်ျားများ စကတ်ဝတ်ခြင်းကိစ္စ။ မြန်မာရိုးရာအဝတ်အစားမှာ လုံချည်။ ယောက်ျားများက ရှေ့တွင် ထုံး၍မိန်းမများက ပတ်ချာလည်ခေါက်ကာ နံဘေးတွင် စည်းသည်။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ လှလှပပ လုံချည်များနှင့် ချုပ်ထည်အပေါ်အင်္ကျီများ ဝတ်ဆင်ကြောင်း လူသိများသည်။ ရပ်တည်ချက်မြင့်မားသော ၎င်းကြောင့်ပင် မြန်မာ အမျိုးသမီးငယ်များအကြား ရိုးရာဝတ်စားဆင်ယင်မှု လူကြိုက်များလာစေသည်။

    မြို့ကြီးများတွင် မြန်မာအမျိုးသားများမှာ အပြင်ထွက်လျှင် လုံချည်အောက်တွင် အတွင်းခံများဝတ်ဆင်ကြသည်။ အိမ်မှာ
    ဆိုလျှင်မူ စကော့လူမျိုးများ ဒူးတိုက်ဝတ်စုံများ ဝတ်သလို ဝတ်ဆင်ကြသည်။ ကျေးလက်တွင်မူ အမျိုးသားရော အမျိုးသမီးများ အတွက်ပါ အတွင်းခံအဝတ်အစား ပို၍အသုံးပြုမှုနည်းပါသည်။ အမျိုးသားတစ်ဦး နောက်နောက်ပြောင်ပြောင်ပြောသလိုပင် “လုံချည်ဝတ်ရတာ မိုက်တယ် လေအေးပေးစက် အလကားတပ်ထားသလိုပဲ” ။

    ဒါလည်း ကောင်းကွက်ပင်ဖြစ်သည်။ အထူးသဖြင့် နွေရာသီအပူ ချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက် ရောက်ချိန်မျိုး၌ဖြစ်သည်။ နိုင်ငံခြားသားတစ်ဦး လုံချည်ဝတ်သွားမည်ဆိုလျှင် စကားမမြည်ပြောဖို့အခွင့်အလမ်းတစ်ခု ဖြစ်သွားနိုင်သည်။

    အဋ္ဌမအချက်မှာ အစားအသောက်ထူးထူးခြားခြားကောင်းခြင်း ဖြစ်သည်။ ဘယ်ဘက်လက်ဖြင့် စားသောက်ခြင်းမှာ ရိုင်းသည်ဟု မှတ်ယူကြသည်။ အကြောင်းမှာ ဘယ်ဘက်လက်မှာ တစ်ကိုယ်ရေသန့်စင်မှုအတွက် သုံးသောလက်ဖြစ်သည်။ ရှင်းရှင်းလင်းလင်းပြောရလျှင် ဘယ်ဘက်လက်က ရေအိမ်သုံးစက္ကူအလုပ်ကို လုပ်သည်။

    မြန်မာ ထမင်းဟင်းတစ်ပွဲတွင် ထုံးစံအားဖြင့် ထမင်းပူပူနွေး နွေး၊ ငါး၊ အသား၊ ဟင်းသီးဟင်းရွက်နှင့် ဟင်းချိုတို့ပါဝင်ပြီး ထမင်းဟင်းပွဲများ တစ်ပြိုင်နက်တည်း ရောက်လာသည်။ ထုံးစံဖြစ်၍ ဗုဒ္ဓဘာသာများက အမဲသားကိုရှောင်ကြဉ်ပြီး အစ္စလာမ်ဘာသာဝင်များက ဝက်သားမစား။ ထမင်းဟင်းကိုချိုမြသောအရသာမှာ ဟင်းခတ်အမွှေးအကြိုင်များများအထိ အမျိုးမျိုးအဖုံဖုံစားသုံးပြီး လူတိုင်းက မိမိကြိုက်နှစ်သက်သလို ချက်ပြုတ်စားသုံးကြသည်။

    နဝမအချက်တွင် ခုန်ဆွ ခုန်ဆွ ရထားများ အကြောင်းပြောသည်။
    ရထားလမ်းများ ညံ့ဖျင်း၍ ရထားတွဲများမှာ ယိမ်းထိုးလှုပ်ရမ်း နေတတ်သည်။ ဖင်တကြွကြွ စီးရသော်လည်း ရထားများမှာနိုင်ငံကို ကြည့်ရှုရန် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံမှ ရထားများမှာ နှေးကွေးပြီး နောက်ကျတတ်သည်ဟု နာမည်ကြီးသည်။ စိတ်အချဆုံးလမ်း ရန်ကုန်-မန္တလေး ခရီးစဉ်မှာ ၁၆ နာရီကြာပြီ။ နောက်ကျမှုှု မရှိဟု ယူဆလျင်ပေါ့။

    ဘတ်စ်ကားများမှာ ပိုမြန်သောလည်း မကြာခဏဆိုသလို လူများပြည့်ကျပ်နေတတ်သည်။
    ပြည်တွင်း လေကြောင်း ခရီးစဉ်များမှာ ခရီးဝေးအတွက် သက်သောင့်သက်သာ အရှိဆုံးဖြစ်ပြီး အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဈေးချိုသည်။

    ဒသမအချက်တွင် စီအင်န်အင်န်သတင်းထောက်က သတင်းမီဒီယာအကြောင်း ပြောသည်။
    ဖိနှိပ်ချုပ်ချယ်သော စစ်အစိုးရအောက် နှစ်ပေါင်း ၅ဝ ကြာနေခဲ့ရပြီးနောက် မြန်မာလူမျိုးမှာ သတင်းလွတ်လပ်ခွင့် အရသာသစ်ကို မြိန်ယှက်စွာခံစားရင် သတင်းများအတွက် အာသီသ ပြင်းပြနေကြသည်။ ယခင်ကဆိုလျှင် ပုံနှိပ်စာစောင်မှန်သမျှ ၎င်းတို့ သတင်းများကို စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသို့ တင်သွင်းအတည်ပြုချက်ရယူရသည်။ ၂၀၁၂ ခုနှစ်အတွင်း ဆင်ဆာဖြတ်ခြင်းကို တဖြည်းဖြည်းချင်း ဖြေလျှော့လာခဲ့ပြီး ယခုနှစ်ဆန်းပိုင်းတွင် ယင်းဌာနကို တရားဝင်ဖျက်သိမ်းလိုက်သည်။

    ၂၀၁၂ ခုနှစ်မှ ၁၉၉၆ ခုနှစ်နောက်ပိုင်း ဂျာနယ်လစ်များ ထောင်ချမခံရသည့် ပထမဆုံးနှစ်ဖြစ်သည်။ နိုင်ငံမှ ထွက်ပြေး
    သွားပြီး ပြည်ပတွင် နေထိုင်ခဲ့ရသော မြန်မာဂျာနယ်လစ်များလည်း တဖြည်းဖြည်း နိုင်ငံသို့ ပြန်လာနေကြသည်။

    ဧပြီလ ၁ ရက်နေ့မှာ မြန်မာမီဒီယာလောကအတွက် အထင်ကရနေ့ဖြစ်သည်။ ၁၉၆၄ ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် နေ့စဉ်သတင်းစာများ ထုတ်ဝေခွင့်ပြုခဲ့သည်။ သတင်းလွတ်လပ်ခွင့်အတွက် ကြီးမားသောခြေလှမ်းဖြစ်သော်လည်း လူကြိုက်များသော အပတ်စဉ်ထုတ် စာစောင်များမှာ နေ့စဉ် သတင်းစာသို့ ကူးပြောင်းရာတွင် ရုန်းကန်ရလိမ့်မည်ဟူသော စိုးရိမ်မှုများ ရှိနေပါသည်။

    ဧကဒသမနှင့်နောက်ဆုံးအချက်တွင် စီအင်န်အင်န်သတင်းထောက်က “သွားများနီရဲနေသူများမှာ သွေးစုတ်ဖုပ်ကောင်များ မဟုတ်ပါ” ဟု ခပ်သောသောလေး ဆေးရောင်ခြယ်သည်။

    ကွမ်းစားခြင်းမှာ တစ်မျိုးသားလုံးအကြိုက် ဖြစ်သည်။ လက်ဝါးအရွယ် အစိမ်းရောင်အရွက်များရောင်းနေသော ဆိုင်သေးသေးလေးများကို နေရာတကာ တွေ့ရသည်။ ကွမ်းရွက်များတွင် လေးထောင့်ကွမ်းသီးစိတ်များ၊ အမွေးအကြိုင်များ၊ တစ်ခါတစ်ရံ ဗမာဆေးရည်တစ်စက်နှစ်စက်ထည့်၍ လုံးထုပ်ကာ ပါးစပ်ထဲပစ်ထည့်၍ ဝါးကြသည်။

    ကွမ်းသီး၏ မူးယစ်ဆေး ပျော့ပျော့ခံစားမှုရရှိရန် အတန်ကြာဝါးရသည်။ ကွမ်းတစ်ရာလျှင် ၆ ဆင့်မျှသာကျသင့်ရာ လူကြိုက်များလှသည်။ သို့သော် မကောင်းသောအချက်လည်းရှိပါသည်။ကွမ်းစားခြင်းကြောင့် သွားများကို နီညိုရောင်စွန်းထင်းစေသည်သာမက ကွမ်းသွေးနှင့် ဝါးကျန်ကွမ်းဖတ်အစအနများကို ကြမ်းပြင်ပေါ် တွေ့ကရာထွေးထုတ်ကြရာ လမ်းဘေးလူသွားလမ်းများ ညစ်ပတ်ပေရေနေပါတော့သည်။ မူးယစ်ဆေးကဲသို့လည်း စွဲလန်းစေနိုင်ပါသည်။ ။

  • kai

    April 12, 2013 at 11:12 am

    Myanmar qualifies 12 bidders for telecom licences
    Thursday 11 April 2013 | 16:14 CET | News
    The Myanmar government has narrowed the field further for the two new operator licences on offer in the country, announcing a short-list of 12 bidders. This is down from the 22 companies and consortia that initially expressed interest in the licences.

    The pre-qualified bidders are India-based Airtel, Malaysia’s Axiata, Digicel, Vodafone/China Mobile, Millicom, Qatar’s Ooredoo, France Telecom-Orange with Marubeni, Vietnam’s Viettel, Singtel in a consortium with local operator M-Tel, MTN, Telenor and a consortium led by Japan’s KDDI and Sumitomo. To qualify for the bidding, operators needed to show they had the necessary financial resources and technical expertise to roll out networks and services.

    In the third and final stage of the process, they must submit detailed bids to the special committee at the Ministry of Communications and IT by 03 June. The ministry said it expects to announce the winners by 27 June.
    http://www.telecompaper.com/news/myanmar-qualifies-12-bidders-for-telecom-licences–936792

  • kai

    April 13, 2013 at 1:37 pm

    စီအန်အန်ကနေ… မနက်ဖြန်(ဧပြီ၁၄ ည ၉နာရီ ET) မှာ မြန်မာပြည်အကြောင်းလာမယ်တဲ့..
    လို့ဆိုပါတယ်..
    အခုတင် စီအန်အန်မှာ ကြော်ငြာသဘောလွှင့်နေတာ.. ဓါတ်ပုံရိုက်တင်လိုက်ကြောင်း..
    =

    Anthony Bourdain Parts Unknown, hosted by the world-renowned chef, bestselling author and Emmy winning television personality, premieres on Sunday, April 14, at 9pm, ET.
    The premiere episode of the Anthony Bourdain Parts Unknown offers an inside look at Myanmar. In his maiden voyage to the country formerly known as Burma, Bourdain and his crew discover the fabled beauty and local cuisines of a country that had been, up until recently, off-limits to outsiders.

  • kai

    April 13, 2013 at 1:46 pm

    Thingyan Celebrations
    —————————
    Press Statement
    John Kerry
    Secretary of State
    Washington, DC
    April 12, 2013

    On behalf of President Obama and the people of the United States, I am delighted to congratulate the people of Burma on the occasion of Thingyan, the Water Festival. 

    At this time of family, prayer, celebration, and renewal, know that the people of the United States send their best wishes for a peaceful, secure, and happy New Year.  

    PRN: 2013/0406

    Read More : http://www.state.gov/secretary/remarks/2013/04/207445.htm

  • kai

    April 16, 2013 at 4:55 am

    အခုနှစ် မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်ဟာ သင်္ကြန်စာအလိုအရ လူထုအတွက် ကောင်းတဲ့နှစ်ဖြစ်တယ်လို့ ဝေဒပညာရှင် ဆရာ စံဇာဏီဘိုက ပြောပါတယ်။ ဒီနှစ်မှာ သကြားမင်းက လေးနဲ့မြားရယ် ဒိုင်းရယ်ကိုကိုင်ပြီး နဂါးမင်းစီးဆင်းမှာဖြစ်တဲ့အတွက် ရန်တွေအားလုံး ချုပ်ငြိမ်းမယ့် သဘောဖြစ်ပေမယ့် အုပ်ချုပ်သူတွေတော့ ပြောင်းလဲမှု ရှိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

    နှစ်စဉ် သင်္ကြန်ကာလရောက်တိုင်း မြန်မာလူမျိုးတွေ သင်္ကြန်စာ၊ သင်္ကြန်ဟော စာတမ်းတွေကို ယုံယုံကြည်ကြည်နဲ့ အပြေးအလွှား ဝယ်ဖတ်လေ့ရှိကြတာပါ။ အထူးသဖြင့်တော့ တိုင်းပြည်မှာ နိုင်ငံရေးအရ အခက်အခဲ အကြပ် အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်တွေမှာ သင်္ကြန်မှာ သကြားမင်း ဒီနှစ်အတွက် ဘာစီးဆင်းမလဲ၊ ဟောစာတမ်းမှာ ဘာတွေ ပါမလဲဆိုတာကို လူထုက သိချင်နေကြတာဖြစ်ပါတယ်။ အခုလာမယ့်နှစ်ကတော့ မြန်မာ ပြည်သူ လူထုရဲ့ တောင်းဆိုချက် အတော်များများ ပြည့်ဝပြီး ကောင်းမွန် တဲ့ နှစ်တနှစ် ဖြစ်နိုင်တယ်လို့ ဝေဒပညာရှင် ဆရာ စံဇာဏီဘိုက ဟောကိန်း ထုတ်ပါတယ်။

    မြန်မာနိုင်ငံမှာ အခုဒီနှစ် ၁၃၇၅ခုနှစ်မှာတော့ လူတွေ၊ ပြည်သူလူထုတွေ အတွက်တော့ ရသေ့ကျော်တို့ ရက်ရာဇာတို့နဲ့ ကိုက်တော့ ပြည်သူလူထု အတွက်ကတော့ ကောင်းတဲ့အနေအထားနဲ့ တောင်းဆိုတဲ့ အနေအထားလေးတွေ ပြည့်စေတဲ့အနေအထားမျိုးတွေ ရောက်လာမှာပေါ့။
    အောက်ခြေ လူတန်းစားတွေမှာတော့ ခါတိုင်းနဲ့စာရင် ပိုပြီးတော့ အဆင်ပြေစရာ အကြောင်းလေးတွေ ရှိလာနိုင်တယ်။ အုပ်ချုပ်သူမင်းအနေနဲ့ အနှောင့်အယှက်လေးတွေ ရှိဦးမှာပေါ့။ ဘာလဲဆိုတော့ ကျနော်တို့ ၁၃၇၅ခုနှစ်ရဲ့ သင်္ကြန်စာ အလိုအရ နဂါးစီးပြီး ဆင်းမှာရယ်၊ လက်တဘက် က လေးနဲ့မြှားရယ်။ နောက်လက်တဘက်က ဒိုင်းကိုင်ပြီးဆင်းမယ့် သဘောကတော့ ကျနော်တို့ ရန်တွေ အားလုံးကို ချုပ်ငြိမ်းတဲ့သဘော။”

    သီကြားမင်းက အခုနှစ်မှာ ဒိုင်းရယ်၊ လေးမြားရယ် ကု်ိင်ပြီး ဆင်းမှာ ဖြစ်တဲ့အတွက် ရန်တွေအားလုံးကို ချုပ်ငြိမ်းမှာ ဖြစ်တဲ့အပြင် နဂါးစီး ဆင်းမှာ ဖြစ်တဲ့အတွက်ကြောင့်လည်း ဥပဒေကြောင်း အရ ပြောင်းလဲမှုတွေ ဖြစ်နိုင်ပေမယ့် အုပ်ချုပ်သူတွေ ကတော့ ပြောင်းမှာမဟုတ်ဘူးလို့ ဆရာ စံဇာဏီဘိုက ပြောပါတယ်။

    “နဂါးစီး ဆင်းတဲ့ နှစ်တိုင်းမှာ နဂါးစီးခြင်းရဲ့ သဘာဝရဲ့ နောက်ကွယ်မှာ အုပ်ချုပ်မှု ယန္တရားမှာ ဥပဒေကြောင်း အပြောင်းအလဲရှိတယ်ဗျ။ ဥပဒေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေမှာတော့ ဒီနှစ်အတွင်းမှာ အပြောင်းအလဲတွေဖြစ်နိုင်တယ်။ ဒီလွှတ်တော်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ အခြေခံဥပဒေနဲ့ပတ်သက်တဲ့ အပြောင်းအလဲမှာတော့ ဒီနှစ်ထဲမှာ တန်ခူးလ ဒီနှစ်ဆန်းတစ်ရက်နေ့ကနေ စလို့ ရေတွက်လိုက်ရင် ရက်ပေါင်း ၁၈ဝအတွင်းမှာ အပြောင်းအလဲတွေဖြစ် မယ်လို့ ကျနော်တို့က ယုံကြည်ထားတယ်။ ကျနော် အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ ဥပဒေကြောင်းရယ်၊ စီရင်မှုဥပဒေတွေ နောက် အခြေခံ ဥပဒေတွေကို ပြောင်းလဲပစ်မှာလည်း ရှိတယ်။ အုပ်ချုပ်သူမင်းတွေကတော့ အပြောင်းအလဲဖြစ်မှာမဟုတ်ဘူးဗျ။ ဒီမင်းအတိုင်းပဲ ဒီအတိုင်းပဲ အုပ်ချုပ်မယ်။”

    ယေဘုယျအားဖြင့် နှစ်ဆန်းတရက်နေ့ကစပြီး ပြည်သူ လူထုအတွက် ကောင်းမွန်တဲ့ဘက်ကို ဦးတည်တဲ့ နှစ်ဖြစ်နိုင်ပေမယ့်လည်း လက်ရှိရောက်နေတဲ့ ဂြိုလ်ခွင် အနေအထားတွေ အရ မြန်မာပြည် အပါအဝင် နိုင်ငံတကာမှာ သွေးထွက်သံယိုမှုတွေကတော့ ရှိနိုင်သေးတယ်လို့ ဆိုပါတယ်။

    “ဒီနှစ်ကတော့ ကောင်းတယ်။ နှစ်ဆန်းတဲ့ရက်က နှစ်ဆန်းတစ်ရက်နေ့က ရက်ရာဇာကျတယ်။ ရသေ့ကျော်နဲ့စထားတော့ မင်္ဂလာရှိတဲ့ရက်နဲ့ စတာဖြစ်ပါတယ်။ ဒါပေမဲ့ လာမယ့် နှစ်တခုလုံးထဲမှာ ဂြိုလ်အနေအထားကတော့ ရာဟုဂြိုလ်က တူရာသီထဲမှာ ရှိနေတာနဲ့ တနင်္လာဂြိုလ်က ၁ဝ ဒီဂရီစောင်းနေ တာကတော့ မကောင်းလှဘူးလေ။ အဲ့တာကြောင့် မြန်မာပြည်တင်မကပါဘူး။ ကမ္ဘာအဝှမ်းမှာ အဲ့ဒီ့ဘာသာရေးကို အခြေခံတဲ့ သွေးထွက် သံယို ပြဿနာတွေဖြစ်နိုင်တယ်။”

    မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေ၊ ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေကြောင့် သွေးထွက်သံယိုမှုတွေ၊ အသက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တဲ့ အတွက်လည်း သင်္ကြန်ကာလမှာ အလားတူ သွေးထွက် သံယိုမှုတွေ ထပ်မံဖြစ်ပွားမှာကို လူထုအကြား စိုးရိမ်မှုတွေ ထွက်ပေါ်နေတာပါ။ ဒါကြောင့် အခုနှစ် ရန်ကုန်သင်္ကြန်ဟာ ထင်ထားတာထက် စည်ကားမယ့် အရိပ်လက္ခဏာ မတွေ့ရဘူးလို့ ရန်ကုန် မြို့ခံတွေက ပြောကြပါတယ်။

    ကိုဇော်ဝင်းလှိုင် (ဗွီအိုအေ)

  • အရီးခင်လတ်

    April 17, 2013 at 6:31 pm

    TIME 100 Face-Off: The Decade’s Most Influential People
    http://time100.time.com/2013/04/11/face-off-whos-the-most-influential/?iid=time100-main-featured-content-widget

    မြန်မာ clicker တွေရဲ့ တန်ခိုး နဲ့ ဒေါ်အောင်ဆန်းစုကြည် winner ဖြစ် သွားပါတယ်။
    အခုမှတွေ့တယ်။ သူ့ကို icons group ထဲထည့်ထားတာ မဟုတ်သေးဘူး။
    She is not an icon anymore.
    She is a great Politician now.
    She should be in Politics group in next year.
    😛

    • S@i S@i Fin K@i

      April 17, 2013 at 6:57 pm

      သခင်မျိုးဟေ့ ဒို့ဘာမန်

      အာ
      အာ. အာ
      အာ. အာ အာ. ဟိ

      :kwi:

  • kai

    April 18, 2013 at 3:11 am

    အမှတ်မမှားရင် ပန်ဒါအိပ်စ်ပရက်စ်က မြန်မာဇာတိနွယ်ပိုင်မို့ နှစ်ဆန်းတရက်နေ့မှာ အလှူလုပ်တယ်မှတ်ပါတယ်..
    မနှစ်ကလည်း အခုလိုလုပ်ပါကြောင်း..နဲ့သွားစားခဲ့ပါကြောင်း..
    =
    Panda Express Printable Coupon: Single Serving of Samurai Surf & Turf FREE.
    http://www.pandaexpress.com/coupon/full/Free-SST-Coupon
    Panda Express is offering a Single Serving of their Samurai Surf & Turf for Free with this Printable Coupon valid only on Wednesday, April 17, 2013.

    Note, you may also present this coupon via Mobile Phone. No purchase necessary. Limit one coupon per person.

  • S@i S@i Fin K@i

    April 18, 2013 at 9:05 am

    APR. 18, 2013 – 07:00AM JST
    ကြီးမေကတော့ ဂလို ပြောသွားသဗျ..

    “In fact, I have been speaking all the time about ethnic nationalities. But the point was that my statements were not colorful enough to please everybody,” she told a press conference.

    “Actually I am not very keen on colorful statements. I am sorry if people do not find my comments interesting enough to acknowledge them.

    “But I have been speaking a lot about ethnic nationalities and problems of national reconciliation in our country, except that I speak in a way in which, I suppose, most people consider slightly boring.”

    ကျန်တဲ့ဟာဒွေတော့ ကွကိုယ် ဘာ သာပြန်ပီး ဖတ်ကျိကြဘာဂုန်…
    ကျုပ် ဉာဏ်မမီတော့လို့ဘာ..
    အင့် အင့်..

    http://www.japantoday.com/category/politics/view/suu-kyi-defends-her-conciliatory-style

  • kai

    April 19, 2013 at 3:11 pm


    Discovered! Most Earth-Like Alien Planet & 2 Other Possibly Habitable Worlds
    Space.com
    14 hours ago
    Written by Michael Wall
    NASA’s Kepler space telescope has discovered three exoplanets that may be capable of supporting life, and one of them is perhaps the most Earth-like alien world spotted to date, scientists announced today (April 18).

  • အရီးခင်လတ်

    April 19, 2013 at 8:08 pm

    မားစ် ကို သွားလို သူများ စာရင်းပေးနိုင်ပြီ။
    ဒါပေမဲ့ အပြန်လက်မှတ်မပါ။
    နောက်တာမဟုတ်။ အတည် သတင်း။

    Applicants wanted for a one-way ticket to Mars
    By Melissa Hogenboom BBC News
    17 April 2013 Last updated at 01:12

    Want to go to Mars? Dutch organisation Mars One says it will open applications imminently. It would be a one-way trip, and the company hopes to build a community of settlers on the planet.
    Uncharted waters, mountains or far away lands have always drawn explorers. History books show that desire for adventure, even in the face of extreme danger, did not deter the likes of Columbus or Magellan.
    So it is perhaps not surprising that Mars One has already received thousands of prospective applicants. But there is no return – unlike the mission which hopes to fly to Mars and back in 2018.

    http://www.bbc.co.uk/news/science-environment-22146456

  • kai

    May 1, 2013 at 1:48 am

    WWW opened to all 20 years ago today; world’s first website restored

    By Salvador Rodriguez

    April 30, 2013, 11:48 a.m.

    It was 20 years ago today that the World Wide Web was opened to all, setting off one of the biggest transformations in technology and altering the way we communicate. To celebrate the occasion, the creator has brought the world’s first website back to life.

    Tim Berners-Lee, a British computer scientist, launched the world’s first website in the early 1990s. The site only included text and instructions on how to use the World Wide Web, an Internet network that was designed for universities to share research.

Leave a Reply