ကမ္ဘာမြေကြီးနှင့်ဝင်တိုက်မိပြီး ဒိုင်နိုဆောသတ္တဝါများကို သေကြေစေခဲ့သည့်ကျောက်တုံးကြီးမှာ ကြယ်တံခွန်တစ်စင်းဖြစ်ကြောင်း ပညာရှင်များကဖော်ထုတ်ခဲ့ခြင်း

Mr WorldWideApril 2, 20131min833

လွန်ခဲ့သောနှစ်သန်းပေါင်း ၆၅ သန်းခန့်က ကမ္ဘာမြေနှင့်ကြယ်တံခွန်တစ်စင်း ဝင်တိုက်မိသောကြောင့် ဒိုင်နိုဆော သတ္တဝါများ အပါအဝင် သက်ရှိမျိုးစိတ် စုစုပေါင်း၏ ၇ဝ ရာခိုင်နှုန်းခန့် သေကြေပျက်စီးခဲ့ကြောင်း သိရှိရပါသည်။    မက္ကဆီကိုရှိ  ချီခဇူလက်  (Chicxulub) ချိုင့်ကြီးသည် ယခင်ကထင်မှတ်ထားသည် ထက် ပိုမိုသေးငယ်သော အရာဝတ္ထုတစ်ခုနှင့် ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း နယူးဟမ်ရှိုင်းယားမှ သုတေသန ပညာရှင်များက ပြောကြားခဲ့ပါသည်။ အာကာသဥက္ကာခဲနှင့် ဝင်တိုက်မိခဲ့ခြင်းကြောင့် ကမ္ဘာ့မြေလွှာထဲတွင် ဒြပ်စင်များဖြစ်သော Iridium  နှင့် Osmium တို့ကို သဘာဝထက် ပိုမိုလွန်ကဲစွာ  တွေ့ရှိလာရပါသည်။

A

၎င်းဒြပ်စင်များသည် အာကာသထဲမှ ရောက်ရှိလာကြခြင်းပင် ဖြစ်ပေသည်။
အဆိုပါဒြပ်စင်များ၏ ပါဝင်မှုကို လေ့လာခြင်းအားဖြင့် ကမ္ဘာမြေကို  ၅ ကီလိုမီတာ အချင်းရှိ ဂြိုဟ်သိမ် ဂြိုဟ်မွှားတစ်ခု တိုက်မိခဲ့ဟန်ရှိသည်ဟု ယခင်က ယူဆခဲ့ကြပါသည်။ သို့သော်  ၅ ကီလိုမီတာ အရွယ်ရှိ ဂြိုဟ်ပဲ့တစ်ခုဖြင့် တိုက်မိရုံမျဖြင့် ၁၈ဝ ကီလိုမီတာ အချင်းရှိသော ချိုင့်ကြီး ဖြစ်မလာနိုင်ကြောင်း ပညာရှင်များက သုံးသပ်ကြပေသည်။ သို့ဖြစ်ပါ၍ ကမ္ဘာမြေကြီးနှင့် ဝင်ရောက် တိုက်မိခဲ့သော အရာတု္ထမှာ ၁၈ဝ ကီလိုမီတာအချင်းရှိ ချိုင့်ကြီးဖြစ်ပေါ်လာစေရန် စွမ်းအင်ပေးနိုင်သော အလွန်လျင်မြန်သည့်အရှိန်ဖြင့် ပျံသန်းဝင်ရောက်လာသော ကြယ်တံခွန်တစ်စင်း ဖြစ်ရမည်ဟု အာကာသ ပညာရှင်များမှ ထုတ်ဖော် ပြောကြားခဲ့ပါသည်။
အဆိုပါ တိုက်မိခဲ့မှုကြောင့် မီးများပြင်းထန်စွာ လောင်ကျွမ်းခြင်း၊ မြေငလျင်လှုပ်ခတ်ခြင်းနှင့် ကြီးမား သည့် ဆူနာမီရေလှိုင်းများ ဖြစ်ပေါ်ခဲ့ရပါသည်။ ဖုန်မှုန့်များနှင့် ဓာတ်ငွေ့တိမ်တိုက်များ ကမ္ဘာ့လေထုထဲသို့ ရောက်ရှိသွားမှုကြောင့် နှစ်ပေါင်းများစွာ ကမ္ဘာ့အပူချိန် ကျဆင်းခဲ့ရကြောင်း သိရှိရပေသည်။
ယခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ၁ရ မီတာအရွယ် ဥက္ကာပျံတစ်စင်းသည် ရုရှားနိုင်ငံ ယူရယ် တောင်တန်းများပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ ၎င်း၏စွမ်းအင်သည် ၄၄ဝ ကီလိုတန် (တီအင်တီယမ်း) ပြင်းအားရှိခဲ့ပြီး လူပေါင်း ၁၀၀ဝ ကျော်ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ အဆောက်အဦပြတင်းပေါက်များ ကွဲကြေခဲ့ကြောင်း သိရှိရပါသည်။

Source:bbc

3 comments

  • ကိုမိုက်ကယ်ဂျော်နီအောင်ပု

    April 2, 2013 at 10:03 am

    လူ့သက်တမ်းကို ဇာတ်တော်ထဲပါတဲ့ တစ်သောင်းတန်းနဲ့တွက်
    ငါးထောင်တန်းနဲ့တွက်
    တစ်ထောင်တန်းနဲ့တွက်
    တစ်ရာတန်းနဲ့တွက်
    ငါးဆယ်တန်းနဲ့တွက်
    ဆယ်နှစ်တန်းနဲ့တွက်
    ငါးနှစ်တန်းနဲ့တွက်
    ပြန်စ တစ်သောင်းတန်းနဲ့တွက် ဒီနေရာမှာ အီထက်ထရိုတွေမစိတော့ဘူး
    တွက်
    တွက်

  • လွန်ခဲ့တဲ့ (၆၅) သန်းကဆို …
    ကျုပ် ဘယ်ဆီမှာများ ပါလိမ့်နော် … 🙄
    ဒီပညာရှင်ကြီးတွေလည်း ပေါ့သေးသေး မဟုတ်ဘူးနော် …
    လွန်ခဲ့တဲ့ နှစ်သန်းပေါင်း များစွာက ကိစ္စကိုတောင်မှ သိကြတယ် …
    ကျုပ်လို နလပိန်းတုံးဆို ..
    လွန်ခဲ့တဲ့ နှစ် ၂၀၀ဝ လောက်က ဘာတွေ ဖြစ်ခဲ့လဲမေးရင်တောင်
    “ဟ .. ဘယ်သိမလဲကွ” လို့ ပြန်ဖြေမိမှာ .. ဟဲဟဲ …

  • kyeemite

    April 3, 2013 at 1:50 pm

    ကမာ္ဘကြီးကအံ့ဩစရာတွေနဲ့ပြည့်နှက်နေပြီး…
    အဖြေမရှာနိုင်သေးတာတွေလည်းများသားနော်.. 🙄

Leave a Reply