အတိတ်ဆီမှ မြင်ကွင်းများ

+++++++++++++++++++++++++++++++++

 

မြင်ကွင်း (၁)

 

“ဒို့အရေး” ကို အားကြိုးမာန်တက် အော်ဟစ်လိုက်သလိုမျိုးပေါ့ …….။

 

“ကျွတ် ဆို ကျွတ် ….. သီတင်းကျွတ်”

“ကျွတ် ဆို ကျွတ် ….. သီတင်းကျွတ်”

 

— ဆိုပြီး လက်သီး လက်မောင်းတွေ ဆန့်တန်းလို့ အော်ဟစ်နေတဲ့ လူတစ်ယောက် …..။

သူ ….. ယောက်ျားတစ်ယောက် မဟုတ်ပါဘူး …..။

သူ ….. ရုပ်ရည်လေး သနားကမားနဲ့ (၂၀) ကျော်အရွယ် မိန်းကလေး တစ်ယောက်ရယ်ပါ …..။

 

သူမရဲ့ အော်ဟစ်သံတွေမှာ ရင်ခေါင်းသံတွေ ပါနေသလိုပဲ ….။

စူးရှတယ် …၊ ကျယ်လောင်တယ် …၊ အင်းအားတွေလည်း ပြည့်ဝနေတယ် …။

ဒါပေမယ့် …..

အဲ့ဒီ အော်ဟစ်သံ ကြေကွဲမှုဟန်တွေနဲ့ ဖုံးလွှမ်းနေမှန်း သိသာနေပြန်တယ် ……။

 

သူမဟာ အနောက်အရပ်ဆီကို မျက်နှာမူထားတယ် …..။

သူမရဲ့ မျက်ဝန်းလဲ့များဆီမှာလည်း မျက်ရည်စတွေနဲ့ ပြည့်လျှံနေပြန်တယ် …..။

ကျနော် ထင်ပါတယ် …..

သူမ မျက်ဝန်းများဆီမှာ ပတ်ဝန်းကျင်ရဲ့ အရိပ်တွေ ထင်မနေဘူး …..

သူမ မျက်လုံးတွေ ဖွင့်ဟနေပေမယ့် ဘာဆို ဘာမှ မြင်ရမှာ မဟုတ်လောက်ဘူး …..

ကျနော် ပြောရဲပါတယ် …။ ခုများအချိန်မှာ သူမရဲ့ အမြင်အာရုံဆိုတာ သူမရဲ့ ရင်ထဲမှာ ရှိနေမှာပါ …..။

 

+++++++++++++++++++++++++++++++++

 

မြင်ကွင်း (၂)

 

“မမပိုက် ….. ဘာဖြစ်တာလဲ”

“မမပိုက် ….. ဘာဖြစ်တာလဲ”

 

အလန့်တကြား မေးမြန်းသံတွေ ပွတ်လောရိုက်ကုန်တယ် …..။

အသံက တစ်သံတည်း မဟုတ်၊ မြောက်မြားစွာလို့ ဆိုရလောက်တယ် …..။

စောစောက အော်ဟစ်နေတယ်ဆိုတဲ့ မိန်းကလေးရဲ့ လက်မောင်းတွေ၊ ပုခုံးတွေကို ကိုင်ဆုပ်၊ ကိုင်လှုပ်လို့

အလန့်တကြား မေးမြန်းနေကြတဲ့ အသံတွေ …..။

 

သူတို့ရဲ့ မျက်ဝန်းများဆီမှာလည်း မျက်ရည်စ အနည်းငယ်ကို တွေ့နေရတယ် ….။

သူတို့ရဲ့ အမ ဖြစ်သူ …..တစ်နည်းအားဖြင့် ……

ဣန္ဒြေကောင်းလှတဲ့ (အခုတော့ အရှက်မဲ့ အော်ဟစ်နေတဲ့) မိန်းကလေးရဲ့

ရုတ်တရက် ပြောင်းလဲသွားတဲ့ အပြုအမှု၊ အဖြစ်အပျက်ကြောင့်

သူတို့တတွေ အံ့ဩတကြီး ဖြစ်သွားကြရပေမယ့် ….

ဒါ …….. ဘာကြောင့်လဲ ဆိုတာ …

သူတို့တွေ ရိပ်မိနေကြပုံ ရှိကြောင်းကို သူတို့ရဲ့ မျက်ဝန်းများဆီက မျက်ရည်စများက သက်သေခံနေကြပါတယ် …..။

 

+++++++++++++++++++++++++++++++++

နောက်ထပ် မြင်ကွင်းတွေကိုတော့ နောက်မှပေါ့ဗျာ … အဟဲ ….။ :mrgreen:

ခုဒေါ့ …. ဂလောက်ပါပဲလို့ ……။

+++++++++++++++++++++++++++++++++

by – မဟာရာဇာ အံစာတုံး

+++++++++++++++++++++++++++++++++

21 comments

  • ကြောင်ဝတုတ်

    April 2, 2013 at 10:59 am

    သေချာပြီ… လင်လိုချင်လို့ သီတင်းအတင်းကျွတ်ခိုင်းနေတာပဲဖြစ်ရမယ်…ခိခိ

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • ခင်ခ

    April 2, 2013 at 11:09 am

    မြင်ကွင်းများဆိုလို့ အများကြီးလားမှတ်တယ်
    မြင်ကွင်း (၁)
    မြင်ကွင်း (၂)
    နောက်ထပ် မြင်ကွင်းတွေကိုတော့ နောက်မှပေါ့ဗျာ … အဟဲ ….။
    ခုဒေါ့ …. ဂလောက်ပါပဲလို့ ……။
    တဲ့။
    ဘာလဲကွာ
    မကျေနပ်ဘူးနော် ဒါဘဲ။

    • မကျေနပ်လည်း …
      အသေသာ သတ်သွားတော့ဗျာ ..
      တကယ်ပါ …
      ခညား သတ်မယ်ဆို လည်ပင်းကို ဟောဒီလို စင်းပေးလိုက်မယ် ..
      ကိုင်း … ခုတ်ပေရော့ .. :mrgreen:

      • ခင်ခ

        April 2, 2013 at 11:48 am

        လည်ပင်းကို ဟောဒီလို စင်းပေးပြီး သတ်ခိုင်းတော့
        ကျုပ်က အဲဒီပုံစံအတိုင်း သတ်တယ်ဆိုရင်လည်း ဟိုဟာလား ဘာလား ဖြစ်အုံးမယ်။
        မောင်အံစာတုံးရေ ပညာရှိပါပေတယ်နော်။

        • အောက်မက်ငီးးး ဥခင်ခဂျီးရယ် …
          ကျုပ်ပေါဒါ အိုက်ဒီလိုဂျီး ဖစ်တွားဒလား .. ဟီးး
          ဂယ်ဒေါ့ .. ဘာမှ မီဟုတ်ပါဝူးးရယ် ..
          ဥခင်ခဂျီး ကို စနောက်ပြီး ပြောလိုက်ဒါရယ်ပါရို့ …

  • KZ

    April 2, 2013 at 11:19 am

    မုန်း ဆို မုန်း ၊ တန်ဆောင်မုန်း။
    မုန်း ဆို မုန်း ၊ တန်ဆောင်မုန်း။

    ဆို ဆို ဆို၊ ဝါဆို။
    ဆို ဆို ဆို၊ ဝါဆို။

    အဲလိုမျိုးတွေရော ပါဦးမှာလားဟင်။ 🙄

    :mrgreen:

    • ပါဝူးးး ပါဝူးးး
      အိုက်ဒါဒွေ ပါဝူးးး

      အိုက်ဒါဒွေက မမခိုင်ဇာရဲ့
      ရင်တွင်းဖြစ်တွေပဲ နေမှာ … ဟီးဟီး
      :kwi:
      တားထဲမှာဒေါ့ …
      “ကျွတ် ဆို ကျွတ် … သီတင်းကျွတ်” ဘဲ ပါဒါနော် ..

    • Good™

      April 2, 2013 at 5:27 pm

      မဟုတ်ဖူး KZ ရဲ့

      မုန်း ဆို မုန်း ၊ တန်ဆောင်မုန်း။
      ပြီးရင်
      ပျော် အံစာတုံး ပျော် နတ်တော် ( ပွပေါက် တခွင် ရပြီး စင်တင် ဘီယာဆိုင်မှာ ပျော်နေတာပါ )
      ဝဲ အံစာတုံး ဝဲ တပို့တွဲ ( မူးစ ပြုလာ လို့စင်တင် ကောင်မလေး အဆို အငြု မှာ ဝေ့ ဝဲ လာပါပြီ )
      တောင်း အံစာတုံး တောင်း တပေါင်း ( မနေနိုင် တော့ ပဲ သီချင်း တောင်းပါတယ် )
      ရူး အံစာတုံး ရူး တန်ခူး ( ကောင်မလေးနဲ့ အတူ တွဲ ဆိုချင်တဲ့ ရူးမတတ် ဖြစ် နေပါပြီ )
      ခုံ အံစာတုံး ခုံ ကဆုန် ( အလှည့် ရောက် လို့ ထ ခုန်တာပါ )
      ပုံ အံစာတုံး ပုံ နယုန် ( သီချင်း ဆိုဖို့ တက်ကြွ နေပုံ ကတော့ အံ့ဩ လောက်စရာ ပါ။ )
      ဆို အံစာတုံး ဆို ဝါဆို ( ဘယ်သူမှာ နားမလည် အောင် သီချင်း ဆိုပါတယ် )
      ပြောင် အံစာတုံး ပြောင် ဝါခေါင် ( သောက် မူး ဘူး လို့ ပါလာတဲ့ ပိုက်ဆံ ပြောင် မတတ် ဖြစ်နေပါပြီ ။ )
      ခင် အံစာတုံး ခင်း တော်သလင်း ( အမ်ပြန်အရောက် မူး ရူး ကဲ ပြီး မှ ကုန်သွားတဲ့ ပိုက်ဆံ တွေ နှမျှော တသ စွာ နဲ့ နောင်တရရင်း ဖျာခင်း အိပ်ပါတော့တယ်။
      ယခု ကျနုပ် ကွန်မန့် တွင် ပါဝင်သော အံစာတုံး သည် မဟာရာဇာ အံစာတုံး နှင့် မည်သို့ မျှ မသက်ဆိုင်ကြောင်း ရဲဝံ့ စွာ အာမခံပါသည်။

      • မိုက်ဒယ် .. မိုက်ဒယ် ..
        လိမ်မာဘူးးး .. လိမ်မာဘူး …
        အဲ့ဒီ အံစာတုံး .. ကျုပ် မဟာ အံစာတုံး နဲ့ မဆိုင်ဝူးဆိုလို့ ..
        ခွေးလွှတ်လိုက်ဒယ်လို မှတ်ဘာ ..
        သို့မဟုတ်လို့ဂဒေါ့ .. လွယ်ဝူးးနော့ .. ငွင်းး ငွင်းးး :mrgreen:

  • kyeemite

    April 2, 2013 at 3:03 pm

    အိုက်ဒါ..လင်တရူးသွားတာလေ… :kwi:

    • အောင်မာ ..
      ဒီလူဂျီး သိဒလိုလို၊ ဘာလိုလို၊ ညာလိုလိုနဲ့
      တင်တ ရူးသွားတာလေ … တဲ့ ..
      ဟုတ်ဘူးဂျ .. ဟုတ်ဘူး ..
      မသိ အေးချေးနေ .. ဒါဗျဲ .. ဟီးဟီး .. :mrgreen:

  • ဗုံ ဗုံ

    April 2, 2013 at 3:42 pm

    ဒင်း ကလည်း ကပေနဲ့ အမျိုးများတော်လေသလား မသိ ဟိုနားတစ်တို့ ဒီနားတစ်တို့နဲ့ ရေးမယ့်ရေး အပြီးရေးတာမဟုတ်ဘူး ရူးရမယ့်သူကတို့လို့တန်းလန်းနဲ့ စောင့်နေရရှာပေါ့ …… ဒါနဲ့အိုက်ဒါ နင်ဒေါ့ ဟုတ်ပါဘူးနော် :mrgreen: :mrgreen:

    • အယ် …
      ဒီဗုံကတော့ ငါ တီးထည့်လိုက်ရ ..
      မြည်သွားတော့မှာဗျဲ … :mrgreen:
      အခု ရေးထားတာ မတွေ့ဘူးလား .. မိန်းကလေး လေ …
      ငါက ကျားဘဲ .. မ မှ မဟုတ်တာ ..
      ရွှေဉာဏ်တော် စူးရောက်ပါပေရဲ့ ……
      တစ်တို့စ တစ်တို့စ ရေးတတ်တာ နာ့ အကျင့်ဘဲ ..
      မတိ ရွာထဲက လူဒွေကို မေးကျိ .. ဒါဗျဲ …

  • MaMa

    April 2, 2013 at 5:53 pm

    ကြည့်ရတာတော့ ဇာတ်ဆရာ မဟာရာဇာက ဇာတ်လမ်းတစ်ခုတင်ဆက်ဖို့အတွက် ဇာတ်တိုက်နေကြတာဖြစ်မယ်။ :harr:

    • အန်တီ မမဂလည်း …
      ဟုတ်ဘာဘူးဂျာ ….. ဟီးးး :mrgreen:
      ဇာတ်တိုက်တာ ဟုတ်ဘာဘူးလို့ …
      တကယ့် ဖြစ်ရပ်မှန် ရီးယဲလ် … ရီးယဲလ် စတိုရီ ကို အခြေခံထားတဲ့ ဇာတ်ပါဂျ ..
      ဇာတ်ကတော့ ကြေကွဲစရာ …
      ရေးသူက ငကြောင်ဆိုတော့ တစ်ဝက်တစ်ပြတ်နဲ့ပဲ ရပ်သွားတော့မှာ .. :mrgreen:

  • uncle gyi

    April 2, 2013 at 10:37 pm

    တန်းလန်းထားတာဝါသနာပါတဲ့မောင်အံရေးဟန်
    အမှန်မို့ရှဲဒိုးရေးတာမဟုတ်လောက်ဖူး
    ဖတ်မိမှဆက်ရန်ပေါ့ကွယ်

  • GaviaGirl

    April 2, 2013 at 10:55 pm

    လာပြန်ပြီ တန်းလန်း.. နာမကြိုက်တာ အိုက်ဒါတွေ.. (ဟိဟိ.. ကြုံတုန်း ဟောက်ထားမှ.. နို့မို့ သဂျားလာရင် သူတို့ရန်ပွဲထဲ နာဝင်လို့ရမှာမဟုတ်တော့ဝူး…)

    မမဗိုက်ဆိုတော့ သူက ဟို.. ကိုဝင်းကြည်နဲ့လား… တစ်ခုခုကို အရမ်းခံစားရပြီး စိတ်လွတ်သွားပုံပဲ..ဘာဖြစ်တာပါလိမ့်နော်..

  • ဦးကြောင်ကြီး

    April 3, 2013 at 10:32 am

    မမပိုက်
    ဘစကြိုက်
    ညကငိုက်
    အပါ့မိုက်
    ချကွဖိုက်
    တသခိုက်
    လခဝိုက်
    ကြွလှသိုက်..။

  • Mr. MarGa

    April 3, 2013 at 8:10 pm

    အတိတ်က မြင်ကွင်း
    စုစုပေါင်း နှစ်ခု
    သေချာတယ် ဒါ အခန်းဆက်ပဲ
    နောက်တစ်ခါဆို ဟိုတစ်ယောက်လို အမှတ်စဉ်တပ်
    ဒါပဲ

  • မောင် ပေ

    April 4, 2013 at 11:46 am

    မမဗိုက်တစ်ဗွေနဲ ့ဇါတ်လမ်းများ ဖြစ်နေသလားလို ့အောက်မေ့မိတယ် ငါ့ရောင်ရေ

Leave a Reply